New Skiin Myingyan
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New Skiin Myingyan, Yeik Thar Street, Yangon.
15/01/2023
ဒီ နှစ်နှစ်တာ အတွင်းမှာလေ ....
ကိုယ့်နားကနေ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့ သေကွဲကွဲရတာတွေ ၊ ပြန်တွေ့ရင်တောင် အရင်လိုဆက်ဆံရေးမရှိတော့တဲ့ ရှင်ကွဲကွဲရတာတွေက အများကြီးပဲ ။
သေကွဲကတော့ ...
မိသားစုနဲ့ သူငယ်ချင်းတွေပေါ့ ။
သူတို့ကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာက ခုထိကို ကိုယ့်ဆီမှာ ကျန်ခဲ့သေးတယ်။ ကိုယ့်စိတ်ကိုယ်ပြန်ဖြေရင်း တော်တော်လည်း နေသားကျအောင်နေရတယ် ။ ပုံမှန်ဘဝလေးမှာ နေထိုင်ရယ်မောပြနေပေမယ့် တကယ်တော့ ခံစားရတာတွေကို ဇွတ်သိမ်းဆည်းရင်း စိတ်ပြောင်းယူနေရတယ်။ ဒါပေမယ့် အစဖေါ်မိရင် မျက်ရည်က ကျနေမိတုန်း ။
အရင်က ငွေရှာနေတုန်း ရုန်းကန်နေတုန်း သူတို့တွေအတွက် ငွေကိုလိုသလောက်မပေးနိုင်ခဲ့ဘူး အချိန်မပေးနိုင်ဘူး လူမမာတွေတွက် လုပ်ပေးချင်တာများတော့ ပိုက်ဆံနောက်ကိုပဲ လိုက်နေရတာ ။ ခုချိန်ကျတော့လည်း ငွေတွေပုံအောပေးပြီး အသက်ဆက်ချင်ရင်တောင် ပြန်ကိုမရနိုင်တော့ဘူးဆိုတဲ့ နောင်တကလည်း တဆစ်ဆစ်နဲ့ ။ ဒီတော့ လက်ရှိကျန်တဲ့သူတွေအပေါ် ပိုဖြည့်ဆည်းနိုင်အောင် ပိုပြီးသည်းခံနေဖို့နဲ့ ပိုစိတ်ရှည်ဖို့ ကြိုးစားရတယ် ။
ဒီနှစ်ထဲမှာ ဆုံးသွားတဲ့ သူငယ်ချင်းဆိုလည်း အသက်ရှင်နေတုန်းမှာ ငြင်းကြခုန်ကြရင်း ကိစ္စတစ်ခုနဲ့ အထနကောက်ပြီး စကားတွေမပြောဖြစ်တော့ဘူး။ ရောဂါဆိုးကြီးကပ်တော့မှ ကိုယ့်မှာ အူယားဖါးယားပြေးကူရတယ် ။ ကိုယ့်ဖုန်းဆက်သံတွေကြားတော့ သူတော်တော်ပျော်သွားပြီး အားတက်သွားရှာပေမယ့် ကိုယ်ကူတာနောက်ကျတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း နောင်တတွေရတယ် ။
ရှင်ကွဲတွေမှာတော့ ကိုယ့်ဘက်ကအမှားတွေရှိလို့ ခွဲခွာကြတာရှိသလို ကိုယ့်ဘက်ကမမှားပဲနဲ့ စေတနာစော်ကားလို့ စကားတွေဆက်မပြောတော့ပဲ ပြန်မတွေ့ချင်တော့တဲ့အထိကို ဖြစ်သွားသူတွေလည်းရှိတာပါပဲ ။
တချို့ဆက်ဆံရေးတွေက အဆုံးသတ်သွားတာက ကိုယ့်အတွက်ကောင်းတာရှိသလို တချို့တွေကတော့ နှမြောစရာတော်တော်ကောင်းတယ် ။ ဒီတော့လည်း နောင်တမရစေဖို့အတွက် စကားအပြောအဆိုတွေ အပြုအမူတွေက သူများအတွက် ထိခိုက်အောင် မလုပ်မိဖို့ ပြန်ထိန်းရတယ် ။ ကိုယ့်ကိုစိတ်ထိခိုက်စေ နာကျင်စေတဲ့ ဆက်ဆံရေးတွေကိုလည်း ကိုယ်ကစပြီး ဖြတ်ချဖို့ ဝန်မလေးတော့ဘူး ။
ဒီဘဝခရီးကြမ်းကြီးမှာ တွေ့ရမှာလူတွေကလည်း ရှိနေဦးမှာ လူဟောင်းတွေကရော ကိုယ်နဲ့ ဘယ်လောက်ထိ ခရီးဖေါ်အဖြစ်ဆက်ရှိနေမလဲ ၊ လူသစ်တွေဘယ်လောက်ထပ်ဆုံရဦးမလဲဆိုတာက မှန်းထားလို့မရဘူးလေ ။
ကိုယ့်ဘက်ကလုပ်ရမယ့်အလုပ်ကတော့ ဆက်ဆံရေးတိုင်းမှာ လိပ်ပြာလုံဖို့နဲ့ သူများအကျိုးစီးပွားထိခိုက်အောင် မလုပ်မိဖို့ပဲ ...
—— မာရင်ရင်
15/01/2023
တကယ့်ခေါင်းဆောင်ကောင်းတွေက
သူ့လူတွေကို စိတ်ရင်းနဲ့ ချစ်တတ်ကြတယ်။
လိုအပ်ချိန်တိုင်း ရှေ့ကနေ
မားမားမတ်မတ် ရပ်တည်ပေးကြတယ်။
လူတွေကို ထိထိရောက်ရောက်ဦးဆောင်ဖို့
လူတွေကို ချစ်တတ်ဖို့ လိုပါတယ်။
15/01/2023
မြင်းတွေသောက်တဲ့
စမ်းချောင်းက ရေကို သောက်ပါ။
မြင်းက ဘယ်တော့မှ ရေဆိုးကို မသောက်ပါဘူး။
ကြောင်အိပ်တဲ့ နေရာမှာ
သင့်အိပ်ယာကို ခင်းပါ။
ပိုးကောင် တစ်ကောင် ထိခံထားရတဲ့
သစ်သီးကို စားပါ။
အင်းဆက် နားတဲ့ မှိုကို
ရဲရဲ နှုတ်ပါ။
ပွေး တွင်းတူးတဲ့ နေရာမှာ
သစ်ပင်စိုက်ပါ ။
မြွေက သူ့ကိုယ်သူ နွေးစေဖို့ ခွေတဲ့ နေရာမှာ
သင်ရဲ့အိမ်ကို ဆောက်ပါ ။
ငှက်တွေ အပူရှောင် ပုန်းခိုတဲ့ နေရာမှာ
သင့်ရဲ့ရေပန်းကို တူးပါ။
ငှက်တွေနဲ့ တစ်ချိန်တည်း
အိပ်ယာဝင် အိပ်ယာထပါ ။
သင့်ရဲ့ နေ့အားလုံးမှာ
ရွှေဝါရောင် ကောက်နှံစေ့တွေ
ရိတ်သိမ်းရပါလိမ့်မယ် ။
ဟင်းရွက်စိမ်းတွေ ပိုစားပါ ။
သစ်တောထဲက သတ္တဝါတွေလို
သင့်မှာ သန်မာတဲ့ ခြေထောက်တွေနဲ့
ခုခံအားရှိတဲ့ နှလုံးတစ်ခုကို
ပိုင်ဆိုင်လာပါလိမ့်မယ် ။
မကြာမကြာ ရေကူးပါ ။
ရေထဲက ငါးလို
သင် မြေပြင်ပေါ်မှာ ခံစားရပါလိမ့်မယ် ။
ဖြစ်နိုင်သမျှ မကြာမကြာ
ကောင်းကင်ကို ကြည့်ပါ ။
သင့်အတွေးတွေ
ပေါ့ပါး ကြည်လင်လာပါလိမ့်မယ် ။
ကောင်းစွာ ဆိတ်ဆိတ်နေပါ ။
စကားမပြောမိသလောက် နေပါ ။
ထိုအခါ ဆိတ်ငြိမ်ခြင်းဟာ
သင့်နှလုံးအိမ်ထဲ ဝင်လာပြီး
သင့်စိတ်ဟာ တည်ငြိမ်ပြီး
သာယာ အေးချမ်းမှုတွေ ပြည့်လာပါလိမ့်မယ်။
Credit
ကဲ မျက်နှာသစ်လေးပဲ ဝယ်ဝယ်
ခရု50g ဗူးလေးပဲဝယ်ဝယ် ချောကလက် လှလှလေးတစ်ဗူးလက်ဆောင်ပေးမယ် ဘယ်သူတွေ ရသွားမလဲ မျှော်နေတယ်နော် ကာကာလေးကို
ပထမဆုံးဝယ်တဲ့ သူကို လက်ဆောင်လှလှလေး တစ်ခု ထည့်ပေးမယ်နော် ဘာလိုချင်လဲ ပြောကြည့်
14/01/2023
New skiin လေးနဲ့ Ro လိုက်ပါအသည်းတို့
ချစ်သူများနေ့မှာ ချစ်သူကို လှပခြင်းတွေ လက်ဆောင်ပေးလိုက်ပါ
ယောကျ်ားလေး မိန်းကလေး အကုန်သုံးလို့ရတယ်နော်
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 15:00 |
| Tuesday | 09:00 - 15:00 |
| Wednesday | 09:00 - 15:00 |
| Thursday | 09:00 - 15:00 |
| Friday | 09:00 - 15:00 |