Doc Doc - Krafted Meal

Doc Doc - Krafted Meal

Share

Specializing in NUTRITION needed for the patients with Underlying Disease(s)

Photos from KBZ LIFE Insurance's post 04/09/2026

Doc Doc ရဲ့ Lucky Draw ကတော့
Premium Office Lunch x 1Day Ticket x5ခု ပါ

Register now
https://forms.gle/M28iaVBJqDTpqaRn7

04/09/2026

𝐂𝐨𝐧𝐭𝐢𝐧𝐮𝐞 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 (𝐂𝐌𝐄) ဆိုတာ ဘာလဲ?
ဆေးရုံတွေမှာ ဆရာဝန်ကြီးများ၊ ဆရာဝန်များနဲ့ ကုသရေးဝန်ထမ်းများအနေဖြင့် မိမိတို့ရဲ့ Medical Knowledge တွေကို အမြဲမပြတ် Update ဖြစ်နေစေဖို့ CME (Continue Medical Education) ကို ပုံမှန်ပြုလုပ်ကြပါတယ်။

CME တွေမှာ
• Case Presentation
• Journal Reading
• Clinical Experience Sharing
• Latest Medical Trends & Updates
စတာတွေကို အချင်းချင်း ဆွေးနွေးဖလှယ်ပြီး လေ့လာသင်ယူကြပါတယ်။

ဒီတစ်ကြိမ် CME မှာတော့ Doc Doc ရဲ့ Nutrition Products များနဲ့ Cancer Nutrition အကြောင်း ကို ဆရာဝန်များနှင့် ကုသရေးဝန်ထမ်းများအကြား စိတ်ဝင်စားစွာ ဆွေးနွေးခဲ့ကြပါတယ်။
Cancer ဖြစ်နေချိန်မှာ ကုသမှုတစ်ခုတည်းသာမက လူနာရဲ့ အာဟာရအခြေအနေကို မှန်ကန်စွာ ထိန်းသိမ်းပေးနိုင်ခြင်း ကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် လူနာတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Nutrition Support တွေကို ဘယ်လိုပေးသင့်လဲ၊ ဘယ်လို Product Formulation မျိုးက ပိုမိုအဆင်ပြေမလဲဆိုတာတွေကို Healthcare Professionals တွေနဲ့အတူ ဆက်လက်လေ့လာ၊ ဆွေးနွေး၊ တိုးတက်အောင်လုပ်ဆောင်နေပါတယ်။

Doc Doc Office တွင် Reservation ပြုလုပ်ပြီး Founder ဆရာဝန်များနှင့် Nutrition Consultation ဆွေးနွေးနိုင်သလို Food Tasting Experience ကိုလည်း ရယူနိုင်ပါသည်။

📍 Doc Doc Office
A2(001), Ground Floor,
Time Square Condo,
59th Street × Strand Road,
ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်

Google Map
https://maps.app.goo.gl/rhTJQt8jGM4P8LVn8
Reservation
☎️ 09-785229659
☎️ 09-5092457

𝐃𝐨𝐜 𝐃𝐨𝐜 - 𝐒𝐭𝐫𝐨𝐤𝐞 & 𝐂𝐚𝐧𝐜𝐞𝐫 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧

#𝐨𝐟𝐟𝐢𝐜𝐞𝐥𝐮𝐧𝐜𝐡 #𝐩𝐚𝐭𝐢𝐞𝐧𝐭𝐬 #𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐳𝐞𝐝 #𝐂𝐚𝐧𝐜𝐞𝐫 #𝐰𝐞𝐢𝐠𝐡𝐭𝐥𝐨𝐬𝐬 #𝐰𝐞𝐢𝐠𝐡𝐭𝐠𝐚𝐢𝐧 #𝐡𝐞𝐚𝐥𝐭𝐡𝐲𝐟𝐨𝐨𝐝 #𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 #𝐥𝐚𝐜𝐭𝐚𝐭𝐢𝐨𝐧 #𝐠𝐲𝐦 #𝐞𝐥𝐝𝐞𝐫𝐬 #𝐡𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 #𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 #𝐡𝐞𝐚𝐫𝐭𝐡𝐞𝐚𝐥𝐭𝐡 #𝐊𝐢𝐝𝐧𝐞𝐲𝐃𝐢𝐬𝐞𝐚𝐬𝐞 #𝐬𝐭𝐨𝐦𝐚𝐜𝐡 #𝐠𝐚𝐬𝐭𝐫𝐢𝐭𝐢𝐬 #𝐛𝐨𝐰𝐞𝐥𝐡𝐞𝐚𝐥𝐭𝐡 #𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬𝐁 #𝐥𝐢𝐯𝐞𝐫𝐡𝐞𝐚𝐥𝐭𝐡 #𝐧𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 #𝐧𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧𝐢𝐬𝐭 #𝐰𝐨𝐫𝐤𝐩𝐥𝐚𝐜𝐞𝐦𝐞𝐚𝐥𝐬 #𝐇𝐞𝐚𝐥𝐭𝐡𝐲𝐎𝐟𝐟𝐢𝐜𝐞𝐌𝐞𝐚𝐥𝐬 #𝐒𝐜𝐡𝐨𝐨𝐥 #𝐄𝐮𝐫𝐨𝐩𝐞𝐧𝐂𝐡𝐞𝐟 #𝐁𝐥𝐞𝐧𝐝𝐞𝐫𝐢𝐳𝐞𝐝𝐃𝐢𝐞𝐭 #𝐁𝐥𝐞𝐧𝐝𝐞𝐫𝐢𝐳𝐞𝐝

01/09/2026

“အစာတစ်နပ်က လူတစ်ယောက်ရဲ့ ပြန်လည်နာလန်ထူမှုလမ်းကြောင်းထဲက အစိတ်အပိုင်းတစ်ခုပါ။ ❤️”

ဒေါက်ဒေါက်က
Stroke လူနာတွေနဲ့ မိသားစုတွေအတွက်
‘ဘာကျွေးရမလဲ’ ဆိုတဲ့ စိုးရိမ်မှုကို
‘ဘယ်လိုကျွေးရမလဲ’ ဆိုတဲ့ အသိပညာအဖြစ် ပြောင်းလဲပေးချင်ပါတယ်။

ဒေါက်ဒေါက် – နှာခေါင်းပိုက် အာဟာရဆန်ပြုတ်
အိမ်မှာ လက်တွေ့လုပ်နိုင်အောင် တစ်ဆင့်ချင်း မျှဝေပေးထားပါတယ်။

Photos from Doc Doc - Krafted Meal's post 01/09/2026

“ဒီနေ့ ဘာကျွေးရမလဲ…”
နှာခေါင်းပိုက်နဲ့ အစာကျွေးနေရတဲ့ လူနာတစ်ယောက်ရဲ့ မိသားစုတွေ နေ့တိုင်းလိုလို စဉ်းစားနေရတဲ့ မေးခွန်းတစ်ခုပါ။

လူနာက မစားနိုင်တော့တဲ့အခါ

အစာတစ်နပ်ဟာ “ဗိုက်ပြည့်ဖို့” သက်သက် မဟုတ်တော့ပါဘူး။
အာဟာရရဖို့၊ ခွန်အားမလျော့ဖို့၊ ခန္ဓာကိုယ်က လိုအပ်တာတွေ ရရှိဖို့ အရေးကြီးလာပါတယ်။

ဒါကြောင့် ဒေါက်ဒေါက်က

နှာခေါင်းပိုက်ကနေ အစာကျွေးနေရတဲ့ လူနာတွေအတွက် အိမ်မှာ ကိုယ်တိုင်ပြင်ဆင်နိုင်တဲ့ အာဟာရဆန်ပြုတ် ကို တစ်ဆင့်ချင်း မျှဝေပေးထားပါတယ်။
ဆန်တစ်မျိုးတည်းနဲ့ ဆန်ပြုတ်လုပ်တာထက်

လူနာလိုအပ်တဲ့ Protein, Calories, Fluid နဲ့ အခြားအာဟာရတွေ ကို ထည့်စဉ်းစားပြီး ပြင်ဆင်ပေးဖို့ လိုပါတယ်။

❤️ လူနာက မပြောနိုင်တော့ပေမယ့်…
သူ့ခန္ဓာကိုယ်ကတော့ အာဟာရလိုအပ်နေဆဲပါ။
ကျွေးတဲ့အစားအစာ တစ်ဇွန်းချင်းစီမှာ
မိသားစုရဲ့ ဂရုစိုက်မှုတွေ ပါနေပါတယ်။

ဒီ Post ထဲမှာ
ဒေါက်ဒေါက် – နှာခေါင်းပိုက် အာဟာရဆန်ပြုတ်ကို အိမ်မှာ ဘယ်လိုလုပ်ရမလဲ ဆိုတာ ပုံ ၁၁ ပုံနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ်။
လူနာတစ်ယောက်အတွက် အသုံးဝင်မယ်ထင်ရင် သူ့မိသားစုဆီကိုလည်း Share ပေးပါ။ ❤️

မှတ်ချက် — လူနာတစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေ၊ အာဟာရလိုအပ်ချက်နဲ့ အစာကျွေးနိုင်မှု မတူနိုင်တာကြောင့် သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်/အာဟာရပညာရှင်ရဲ့ အကြံပြုချက်ကို ဦးစားပေးပါ။

Doc Doc Office တွင် Reservation ပြုလုပ်ပြီး Founder ဆရာဝန်များနှင့် Nutrition Consultation ဆွေးနွေးနိုင်သလို Food Tasting Experience ကိုလည်း ရယူနိုင်ပါသည်။

📍 Doc Doc Office
A2(001), Ground Floor,
Time Square Condo,
59th Street × Strand Road,
ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်

Google Map
https://maps.app.goo.gl/rhTJQt8jGM4P8LVn8

Reservation
☎️ 09-785229659
☎️ 09-5092457

𝐃𝐨𝐜 𝐃𝐨𝐜 - 𝐒𝐭𝐫𝐨𝐤𝐞 & 𝐂𝐚𝐧𝐜𝐞𝐫 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧

#𝐨𝐟𝐟𝐢𝐜𝐞𝐥𝐮𝐧𝐜𝐡 #𝐩𝐚𝐭𝐢𝐞𝐧𝐭𝐬 #𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐳𝐞𝐝 #𝐂𝐚𝐧𝐜𝐞𝐫 #𝐰𝐞𝐢𝐠𝐡𝐭𝐥𝐨𝐬𝐬 #𝐰𝐞𝐢𝐠𝐡𝐭𝐠𝐚𝐢𝐧 #𝐡𝐞𝐚𝐥𝐭𝐡𝐲𝐟𝐨𝐨𝐝 #𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 #𝐥𝐚𝐜𝐭𝐚𝐭𝐢𝐨𝐧 #𝐠𝐲𝐦 #𝐞𝐥𝐝𝐞𝐫𝐬 #𝐡𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 #𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 #𝐡𝐞𝐚𝐫𝐭𝐡𝐞𝐚𝐥𝐭𝐡 #𝐊𝐢𝐝𝐧𝐞𝐲𝐃𝐢𝐬𝐞𝐚𝐬𝐞 #𝐬𝐭𝐨𝐦𝐚𝐜𝐡 #𝐠𝐚𝐬𝐭𝐫𝐢𝐭𝐢𝐬 #𝐛𝐨𝐰𝐞𝐥𝐡𝐞𝐚𝐥𝐭𝐡 #𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬𝐁 #𝐥𝐢𝐯𝐞𝐫𝐡𝐞𝐚𝐥𝐭𝐡 #𝐧𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 #𝐧𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧𝐢𝐬𝐭 #𝐰𝐨𝐫𝐤𝐩𝐥𝐚𝐜𝐞𝐦𝐞𝐚𝐥𝐬 #𝐇𝐞𝐚𝐥𝐭𝐡𝐲𝐎𝐟𝐟𝐢𝐜𝐞𝐌𝐞𝐚𝐥𝐬 #𝐒𝐜𝐡𝐨𝐨𝐥 #𝐄𝐮𝐫𝐨𝐩𝐞𝐧𝐂𝐡𝐞𝐟 #𝐁𝐥𝐞𝐧𝐝𝐞𝐫𝐢𝐳𝐞𝐝𝐃𝐢𝐞𝐭 #𝐁𝐥𝐞𝐧𝐝𝐞𝐫𝐢𝐳𝐞𝐝

Photos from Doc Doc - Krafted Meal's post 28/08/2026

Our New Product For You 🐻🤎

24/08/2026

ဒေါက်ဒေါက် မှ လိုအပ်နေတဲ့ လေဖြတ်လူနာများသို့ ,,,,

အခြေခံလိုအပ်တဲ့ မေးခွန်းလေးတွေပဲ မေးထားပါတယ်၊၊ အချိန် 5-10 မိနစ်လောက်ပေးပြီး ဖောင်တင်ထားရင်

အာဟာရ ဆရာဝန်မှလဲ အချိန်ပေးပြီး လူနာအတွက်လိုအပ်သည်များ မေတ္တာဖြင့် Viber တွင် ရေးပေး ပြောပေးသွား ပါမည်၊၊

Doc Doc မှ အာဟာရ ဆန်ပြုတ် ဝယ်ရန်မလိုပါ၊၊ မိမိအိမ်တွင် မိမိလူနာအတွက် အာဟာရ ပြုလုပ်နည်းပါ ပါဝင်ပါတယ်၊၊

https://forms.gle/Rz23iBqQB3n48uAa7?fbclid=IwcGRvZgNleHRuA2FlbQIxMQBzcnRjBmFwcF9pZA80Mzc2MjYzMTY5NzM3ODgAAR78Y9vn-8h4EMgWWyFni0TQGGiOEeCuFEmynLlsi4K0jsj9ygaeCIRz1QduVw_aem_Ss4JZMzxEAezrEicELPGvA

24/08/2026

📞 **ဖုန်း 𝟏 𝐂𝐚𝐥𝐥 ပဲ ဆက်လိုက်ပါ — 𝐃𝐨𝐜 𝐃𝐨𝐜 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 က သင့်အား နွေးထွေးစွာ ကြိုဆိုလျက်ပါ။** ❤️

💭 **ကုန်ကျစရိတ်၊ ပင်ပန်းမှုတွေနဲ့ မတန်လောက်အောင် အကြောင်းမထူး၊ အရာမထင် ဖြစ်နေသလား?**

လူနာတစ်ယောက်ကို အစအဆုံး ပြုစုရတာဟာ ကိုယ်ရော၊ စိတ်ပါ အသုံးပြုရတာကြောင့် အရမ်းကို ပင်ပန်းပါတယ်။ 😔

ထို့အပြင် ငွေကြေးကိုပါ စီမံပေးရသူအတွက် အခုခေတ် ကျန်းမာရေးစရိတ်နဲ့ အလွန်ကို ဝန်ထမ်းရပါတယ်။ 💸

**ရောဂါကြီးလေ — ကုန်ကျစရိတ်များလေ** ဆိုတာ ငြင်းမရပါဘူး။

ဒါပေမဲ့ တော်ပါသေးတယ်… **ဒေါက်ဒေါက် ရှိနေလို့။** 😊

🩺 **လူနာ ထူထူထောင်ထောင် ဖြစ်လာဖို့၊ ပြန်လည်သန်စွမ်းလာနိုင်စေဖို့ဆိုတာ**

💊 ဆေးအချိန်မှန်မှန်တိုက်ပေးရုံ၊
🩸 သွေးပေါင်ချိန်၊
🩸 ဆီးချိုစစ်နေရုံ စတာတွေနဲ့ မပြီးပါဘူး။

🥗 **လူနာအတွက် မှန်ကန်တဲ့ အာဟာရကို ထည့်သွင်းပေးနိုင်ဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။**

---

# # # 🩺 လူနာတစ်ယောက်ရဲ့ Nutrition ကို ဘယ်လိုစီမံမလဲ?

🫘 **ကျောက်ကပ်ရှိလို့** Sodium၊ Potassium၊ Phosphorus စတာတွေကို ချိန်ညှိရမှာလား?

🩸 **ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ** ရှိလို့ Carbohydrate၊ Protein၊ Fat တွေရဲ့ အချိုးအစားကို သောက်နေတဲ့ဆေးတွေနဲ့အလိုက် အာဟာရ ဘယ်လိုထည့်မလဲ?

🥤 နိုင်ငံခြား အာဟာရအမှုန့်တွေ ဝယ်တိုက်ပေမဲ့—

🤧 ချွဲထတာ၊
⚖️ ထည့်ရမယ့်ပမာဏ မှားတာ၊
📉 လူနာက တစ်နေ့တခြား ပိန်ပိန်လာတာ…

💭 **ကုန်ကျစရိတ်၊ ပင်ပန်းမှုတွေနဲ့ မတန်လောက်အောင် အကြောင်းမထူး၊ အရာမထင် ဖြစ်နေသလား?**

ဒီလို စိန်ခေါ်မှုတွေကို **အေးအေးဆေးဆေး ကျော်ဖြတ်လို့ရအောင် ဒေါက်ဒေါက်က စီစဉ်ပေးထားပါတယ်။** ❤️

---

# # # 🥣 Doctor ညွှန်ကြားတဲ့ Nutrition Formula ကို စီစဉ်ပေးပါတယ်

👨‍⚕️ **မည်သည့် ဆရာဝန်ကြီးက ညွှန်ကြားတဲ့ ဘယ်လို Nutrition Formula ဖြစ်ဖြစ် စီစဉ်ပေးပါတယ်။**

📋 တစ်နေ့စာ တစ်နေ့ လာပို့တဲ့ **နှာခေါင်းပိုက် အာဟာရဆန်ပြုတ်** မှာ—

📊 အာဟာရတန်ဖိုး ဘယ်လောက်ပါသလဲဆိုတဲ့ **Patient Nutrition Data Sheet** (ပြောရရင် Product Label ပေါ့) ပါ ထည့်ပေးလို့ Medical Record နဲ့အတူ သိမ်းထားလို့ရပါတယ်။

---

# # # 👩‍⚕️ Nutritionist Dr. Wyne ရဲ့ Special & Customized Formula

⭐ ဒေါက်ဒေါက်ရဲ့ **Nutritionist Dr. Wyne** ရဲ့ လူထောင်ကျော် အသုံးပြုခဲ့ပြီးဖြစ်တဲ့—

🥣 **Special Nutrition Formula** တွေ
🧬 **Customized Nutrition Formula** တွေကို ရရှိနိုင်ပါတယ်။

---

# # # 🏠 လူနာအာဟာရပိုင်းအလုံးစုံကို Doc Doc ဖက်ကပဲ စီစဉ်ပေးမယ်ဆိုရင်?

💰 **ကုန်ကျငွေ အကြမ်းဖျင်း တွက်ချက်ပေးပါတယ်။**

**① 👩‍⚕️ သီးသန့် Viber Group**

Nutritionist က လူနာမှတ်တမ်းကို ကြည့်ပြီး **Feeding Plan** စီမံပေးခြင်း။

**② 🥣 နေ့စဉ် အိမ်တိုင်ရာရောက် ပို့ဆောင်ခြင်း**

လိုအပ်တဲ့ အာဟာရအမျိုးအစား **(အရည် / အပျော့)** ကို နေ့စဉ်မနက် အချိန်မီ အိမ်တိုင်ရာရောက် ပို့ပေးခြင်း။

**③ 🏥 Home Visit & Tele Consultation**

အာဟာရဆရာဝန် အိမ်ပင့်ကုသခြင်းနှင့် **Tele Consultation — Video Call** ဖြင့် သီးသန့် ပြသနိုင်ခြင်း။

**④ 🚚 နယ်ဝေးလူနာများအတွက်**

Doc Doc ထုတ်လုပ်ထားသော **နှာခေါင်းပိုက် အာဟာရဆန်ပြုတ်အမှုန့်** နှင့် Viber Group မှတစ်ဆင့် လူနာအတွက် **အာဟာရနှင့် ကျန်းမာရေးအကြံပေးမှုများ** ပေးခြင်း။

✨ ဒီလို **တန်ဖိုးရှိတဲ့ Medical Services** တွေနဲ့ **တိကျတဲ့ Formula အာဟာရတွေကို အိမ်အရောက် ပို့ပေးနေပါတယ်။**

---

# # # 👨‍⚕️ ဘယ်သူတွေက တာဝန်ခံ လုပ်ပေးနေတာလဲ?

👨‍⚕️ **Dr. Pyae Phone Nyunt (Founder)**
Admin Doctor, M.B.,B.S. (Ygn)၊ MBA (Union of Thai Chamber of Commerce)
📜 Sama - 38558

👩‍⚕️ **Dr. Wyne Myat Noe (Co-Founder)**
Clinical Nutritionist, M.B.,B.S. (Ygn)၊ M.Sc (Nutrition and Dietetics) (UK)၊ Member of SNDA (Singapore)

👩‍⚕️ **Dr. Toe Lynn Nyunt (Co-Founder)**
Consultant Surgeon, M.B.,B.S, M.Med.Sc [Surgery], F.R.C.S (Edin)

---

📞 **ဖုန်း 𝟏 𝐂𝐚𝐥𝐥 ပဲ ဆက်လိုက်ပါ။**
❤️ **Doc Doc Customer Service က သင့်အား နွေးထွေးစွာ ကြိုဆိုလျက်ပါ။**

🏢 **Doc Doc Office တွင် Reservation ပြုလုပ်ပြီး Founder ဆရာဝန်များနှင့် Nutrition Consultation ဆွေးနွေးနိုင်သလို Food Tasting Experience ကိုလည်း ရယူနိုင်ပါသည်။**

📍 **Doc Doc Office**
A2(001), Ground Floor,
Time Square Condo,
59th Street × Strand Road,
ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်

🗺️ **Google Map**
[https://share.google/XSXQBK28UvPiF1VnK)

📞 **Reservation**
☎️ 09-785229659
☎️ 09-5092457

# # # 🩺 **Doc Doc — Stroke & Cancer Nutrition**

#𝐨𝐟𝐟𝐢𝐜𝐞𝐥𝐮𝐧𝐜𝐡 #𝐩𝐚𝐭𝐢𝐞𝐧𝐭𝐬 #𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐳𝐞𝐝 #𝐂𝐚𝐧𝐜𝐞𝐫 #𝐰𝐞𝐢𝐠𝐡𝐭𝐥𝐨𝐬𝐬 #𝐰𝐞𝐢𝐠𝐡𝐭𝐠𝐚𝐢𝐧 #𝐡𝐞𝐚𝐥𝐭𝐡𝐲𝐟𝐨𝐨𝐝 #𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 #𝐥𝐚𝐜𝐭𝐚𝐭𝐢𝐨𝐧 #𝐠𝐲𝐦 #𝐞𝐥𝐝𝐞𝐫𝐬 #𝐡𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 #𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 #𝐡𝐞𝐚𝐫𝐭𝐡𝐞𝐚𝐥𝐭𝐡 #𝐊𝐢𝐝𝐧𝐞𝐲𝐃𝐢𝐬𝐞𝐚𝐬𝐞 #𝐬𝐭𝐨𝐦𝐚𝐜𝐡 #𝐠𝐚𝐬𝐭𝐫𝐢𝐭𝐢𝐬 #𝐛𝐨𝐰𝐞𝐥𝐡𝐞𝐚𝐥𝐭𝐡 #𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬𝐁 #𝐥𝐢𝐯𝐞𝐫𝐡𝐞𝐚𝐥𝐭𝐡 #𝐧𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 #𝐧𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧𝐢𝐬𝐭 #𝐰𝐨𝐫𝐤𝐩𝐥𝐚𝐜𝐞𝐦𝐞𝐚𝐥𝐬 #𝐇𝐞𝐚𝐥𝐭𝐡𝐲𝐎𝐟𝐟𝐢𝐜𝐞𝐌𝐞𝐚𝐥𝐬 #𝐒𝐜𝐡𝐨𝐨𝐥 #𝐄𝐮𝐫𝐨𝐩𝐞𝐧𝐂𝐡𝐞𝐟 #𝐁𝐥𝐞𝐧𝐝𝐞𝐫𝐢𝐳𝐞𝐝𝐃𝐢𝐞𝐭 #𝐁𝐥𝐞𝐧𝐝𝐞𝐫𝐢𝐳𝐞𝐝

Photos from Doc Doc - Krafted Meal's post 18/08/2026

ဒေါက်ဒေါက်က လူနာတွေအားလုံးအတွက် ကြိုးစားပေးလျက်ပါ ☺️

ခုဆို ဒေါက်ဒေါက်ကို ရှာရတာ မခက်တော့ပါဘူးနော် 😅

11/08/2026

🧠 လေဖြတ်လူနာကို ကြက်စွပ်ပြုတ်ပဲ တိုက်နေရင်… လူနာက ဘာကြောင့် တဖြည်းဖြည်း ပိန်လာတာလဲ?

“ကြက်စွပ်ပြုတ်က အားရှိတယ်…”
“ကြက်ပေါင်းရည်လေး သောက်ရင် လူနာအားပြန်ရှိလာမယ်…”
“ထမင်းမစားနိုင်တော့ ဒီအရည်လေးပဲ တိုက်ထားတာ…”

ဒါတွေဟာ လူနာရှင်တွေက မေတ္တာနဲ့၊ စိုးရိမ်စိတ်နဲ့ လုပ်ပေးနေကြတာ ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ❤️
ဒါပေမယ့်…

လူနာခန္ဓာကိုယ်က “အရည်” တစ်ခုတည်း မလိုပါဘူး။
“အာဟာရ” လိုပါတယ်။

🍗 ကြက်စွပ်ပြုတ်မှာ ဘာရှိလဲ?

ကြက်သား၊ အရိုး၊ ဟင်းသီးဟင်းရွက်တွေကို ပြုတ်ထားတဲ့အရည်မှာ
Vitamin နဲ့ Mineral တချို့လို Micronutrients ရနိုင်ပါတယ်။

ဒါပေမယ့်…
လူနာခန္ဓာကိုယ်က နေ့တိုင်းလိုအပ်တဲ့
Carbohydrate 🍚
Protein 🍗
Fat 🥑
လို Macronutrients တွေကို လုံလောက်တဲ့ပမာဏနဲ့ မရနိုင်တာများပါတယ်။

အထူးသဖြင့် ကြက်သားကို မစားဘဲ အရည်ကိုပဲ သောက်နေမယ်ဆိုရင် Protein နဲ့ Calories ရရှိမှုက အလွန်နည်းသွားနိုင်ပါတယ်။ မယုံလျှင် လူနာ ကျွေးသလို မိမိစားပြီး ဝိတ်ကျမကျ ကြည့်စမ်းကြည့်ပါ၊၊

⚠️ ဒါဆို ဘာဖြစ်လာနိုင်လဲ?

လေဖြတ်ပြီးတဲ့နောက်မှာ လူနာတချို့က စားနိုင်တဲ့ပမာဏ လျော့သွားတတ်ပါတယ်။

အဲ့ဒီအပေါ်မှာ—
“မစားနိုင်ဘူး… အရည်ပဲ တိုက်မယ်”
ဆိုပြီး ရက်တွေ၊ အပတ်တွေ ကြာလာရင်…
ခန္ဓာကိုယ်က လိုအပ်တဲ့ Energy နဲ့ Protein မရတော့

ကိုယ်အလေးချိန်ကျလာနိုင်တယ်။
ကြွက်သားတွေ လျော့လာနိုင်တယ်။
အားနည်းလာနိုင်တယ်။
နေ့စဉ်လှုပ်ရှားမှု ပိုခက်လာနိုင်တယ်။

အဲ့ဒီအချိန်မှာ လူနာရှင်က—
“ကြက်ပေါင်းရည်လည်း တိုက်တယ်၊ စွပ်ပြုတ်လည်း တိုက်တယ်… ဘာလို့ ဒီလောက်ပိန်လာတာလဲလို့ တွေးမိနိုင်ပါတယ်။

တကယ်တော့…
တိုက်တာ မနည်းဘူး။
လူနာရတဲ့ အာဟာရက မလုံလောက်တာ ဖြစ်နိုင်ပါတယ်။

❤️ လူနာရှင်တွေကို အပြစ်မတင်ချင်ပါဘူး။

လူနာမစားနိုင်တော့ရင်
“တစ်ခုခုတော့ ဝင်အောင် တိုက်ပေးရမယ်” ဆိုတဲ့စိတ်နဲ့
ကြက်စွပ်ပြုတ်၊ ကြက်ပေါင်းရည်၊ ဆန်ပြုတ်ရည်…
ကိုယ်သိသလောက်၊ ကိုယ်တတ်သလောက် လုပ်ပေးကြတာပါ။

အဲ့ဒီစေတနာက မှားတာမဟုတ်ပါဘူး။
ဒါပေမယ့်…
စေတနာကို မှန်ကန်တဲ့ Nutrition နဲ့ ပေါင်းပေးဖို့လိုပါတယ်။

လူနာတစ်ယောက်အတွက်
“ဗိုက်ထဲ အရည်ဝင်သွားတာ” နဲ့
“ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရ ရသွားတာ”
ဟာ တူတာမဟုတ်ပါဘူး။

🧠 လေဖြတ်လူနာအတွက် အရေးကြီးတာက…
စားနိုင်တာကိုပဲ တိုက်ဖို့မဟုတ်ပါဘူး။

လူနာရဲ့အခြေအနေအရ—
✅ လိုအပ်တဲ့ Calories
✅ လိုအပ်တဲ့ Protein
✅ Carbohydrate
✅ Fat
✅ Vitamins & Minerals
✅ ရေဓာတ်
စတာတွေကို လုံလောက်အောင် ရရှိနိုင်ဖို့ အရေးကြီးပါတယ်။

ပြီးတော့ မျိုချရခက်တဲ့ Stroke လူနာတွေမှာ အစာအရည်အထူအပါး (texture/consistency) နဲ့ မျိုချနိုင်မှု ကလည်း အရေးကြီးတာကြောင့် လူနာတစ်ယောက်ချင်းစီအလိုက် သင့်တော်တဲ့နည်းလမ်းကို ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။

“ကြက်စွပ်ပြုတ် မတိုက်ရဘူး” ဆိုတာ မဟုတ်ပါဘူး။

👉 ကြက်စွပ်ပြုတ်က အစားအစာတစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်…

လူနာရဲ့ တစ်နေ့တာအာဟာရလိုအပ်ချက်ကို
ကြက်စွပ်ပြုတ်အရည်တစ်မျိုးတည်းနဲ့ မဖြည့်နိုင်ပါဘူး။
လူနာကို ပိုကောင်းလာစေချင်လို့
တိုက်ပေးနေတဲ့ အစားအစာက…

လူနာကို တကယ် “ကျွေး” ပေးနေတာလား၊
ဒါမှမဟုတ် “ဗိုက်ထဲ တစ်ခုခုဝင်အောင်” လုပ်ပေးနေတာလား?

ဒီမေးခွန်းလေးကို လူနာရှင်တိုင်း စဉ်းစားကြည့်စေချင်ပါတယ်။ ❤️
Stroke Nutrition ကို မှန်မှန်ကန်ကန် သိထားခြင်းက
လူနာကို စောင့်ရှောက်ခြင်းရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။

လူနာများ အာဟာရပြည့်ဝဖို့ “ဒေါက်ဒေါက်” ရှိပါတယ်၊၊

Office Address: A2(001), Ground Floor, Wah Wah Win Condo, Corner of 59th St & Strand Rd, Botahtaung Township, Yangon 11162

https://maps.app.goo.gl/rhTJQt8jGM4P8LVn8?g_st=com.google.maps.preview

Reservation နဲ့ Doc Doc Services & Products အကြောင်းတွေကို 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ အားမနာတမ်း ဆက်သွယ်စုံစမ်းလို့ရသလို

☎️ 𝟎𝟗-𝟕𝟖𝟓𝟐𝟐𝟗𝟔𝟓𝟗, 𝟎𝟗-𝟓𝟎𝟗𝟐𝟒𝟓𝟕 ကိုလည်း 𝐕𝐢𝐛𝐞𝐫 မှဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ မေးမြန်းနိုင်ပါတယ်။

𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐀𝐫𝐞𝐚 - 𝐘𝐚𝐧𝐠𝐨𝐧
#𝐨𝐟𝐟𝐢𝐜𝐞𝐥𝐮𝐧𝐜𝐡 #𝐩𝐚𝐭𝐢𝐞𝐧𝐭𝐬 #𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐳𝐞𝐝 #𝐂𝐚𝐧𝐜𝐞𝐫 #𝐰𝐞𝐢𝐠𝐡𝐭𝐥𝐨𝐬𝐬 #𝐰𝐞𝐢𝐠𝐡𝐭𝐠𝐚𝐢𝐧 #𝐡𝐞𝐚𝐥𝐭𝐡𝐲𝐟𝐨𝐨𝐝 #𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 #𝐥𝐚𝐜𝐭𝐚𝐭𝐢𝐨𝐧 #𝐠𝐲𝐦 #𝐞𝐥𝐝𝐞𝐫𝐬 #𝐡𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 #𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 #𝐡𝐞𝐚𝐫𝐭𝐡𝐞𝐚𝐥𝐭𝐡 #𝐊𝐢𝐝𝐧𝐞𝐲𝐃𝐢𝐬𝐞𝐚𝐬𝐞 #𝐬𝐭𝐨𝐦𝐚𝐜𝐡 #𝐠𝐚𝐬𝐭𝐫𝐢𝐭𝐢𝐬 #𝐛𝐨𝐰𝐞𝐥𝐡𝐞𝐚𝐥𝐭𝐡 #𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬𝐁 #𝐥𝐢𝐯𝐞𝐫𝐡𝐞𝐚𝐥𝐭𝐡 #𝐧𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 #𝐧𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧𝐢𝐬𝐭 #𝐰𝐨𝐫𝐤𝐩𝐥𝐚𝐜𝐞𝐦𝐞𝐚𝐥𝐬 #𝐇𝐞𝐚𝐥𝐭𝐡𝐲𝐎𝐟𝐟𝐢𝐜𝐞𝐌𝐞𝐚𝐥𝐬 #𝐒𝐜𝐡𝐨𝐨𝐥 #𝐄𝐮𝐫𝐨𝐩𝐞𝐧𝐂𝐡𝐞𝐟 #𝐁𝐥𝐞𝐧𝐝𝐞𝐫𝐢𝐳𝐞𝐝𝐃𝐢𝐞𝐭 #𝐁𝐥𝐞𝐧𝐝𝐞𝐫𝐢𝐳𝐞𝐝

31/07/2026

🎉🎂 Happy Birthday to our amazing Nutritionist! 🥗

Dr.Wyne Myat Noe

ပျော်ရွှင်မှုတွေ၊ ကျန်းမာရေးကောင်းခြင်းတွေနဲ့ အောင်မြင်မှုအသစ်တွေ အမြဲပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ 💐

လူတိုင်းကို ကျန်းမာတဲ့ဘဝပုံစံနဲ့ အစားအသောက်ကောင်းတွေ မျှဝေပေးနေတဲ့ စေတနာအတွက်လည်း အမြဲကျေးဇူးတင်ပါတယ်။ 💗

မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်ချမ်းမြေ့ပြီး အိပ်မက်အားလုံး အကောင်အထည်ဖော်နိုင်ပါစေ။ 🎈

Happy Birthday! Wishing you happiness, good health, and continued success. 💚

With love, Doc Doc - Krafted Meal 🌿

Telephone

Website

Address

Botahtaung
Yangon
11162