I&U
The I&U Health and Beauty products page offers your daily essentials such as beauty accessories, clo
Cancellation won’t be accepted once the order is placed.
မှာယူပြီးသော ပစ္စည်းများကို ဖျက်သိမ်းခြင်း ပြုလုပ်လို့မရပါဘူးရှင့်။ အကြောင်းအမျိုးမျိုးကြောင့် မယူဖြစ်ပါက ဝယ်သူမှ ပစ္စည်းတန်ဖိုး အပြင် ပို့ဆောင်ခအားလုံးကို ကျခံရပါမည်။
04/11/2021
🙏🙏🙏 အားလုံးကို မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ အဆင်မပြေမှုတွေရှိကြပေမယ့် လှုပ်ရှားရုန်းကန်ရမှာကတော့ ဘဝရဲ့နိယာမတစ်ခုပါပဲ။ ဒါမှလဲ ဘဝကိုလှပအောင် ကိုယ်စီပုံဖော်နိုင်ကြမှာပါ။ ဒါကြောင့် ကျတော်၊ကျမတို့ရဲ့ I&U Health and Beauty page ကို ပြန်လည်စတင်ချင်ပါတယ်။ ဆက်လက်အားပေး ကြမယ်လို့လဲ အထူးမျှော်လင့်ပါတယ်။ ❤️❤️❤️
💲 ငွေလဲလှယ်မှု မြင့်တက်နေတဲ့ အချိန်ကာလလဲဖြစ်လို့ အဘက်ဘက်က စဉ်းစားပြီး သင့်တင့်မှန်ကန်တဲ့ ဈေးနှုန်းများဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးသွားပါမယ်။
📢📢 အခုဆိုရင် UK မှာ ဆောင်းတွင်းဝင်စပြုလာပြီဖြစ်လို့ ရာသီဥတုက သိသိသာသာအေးလာပြီး နေ့တာတိုလာပါတယ်။ နောက်ပြီး ဒီဇင်ဘာလ ရောက်တော့မှာဆိုတော့ ပစ္စည်းတွေ ဈေးလျော့ရောင်းတာ၊ clearance sale၊ Boxing dayတို့ ရှိလာတော့မှာပါ။ New year sale တွေလဲ အများကြီးရှိအုံးမှာ။ အဲ့ဒါကြောင့် လိုအပ်တဲ့ ပစ္စည်းများကို ဝယ်ယူရရှိနိုင်စေဖို့ သတင်းကောင်းလေးပေးလိုက်ပါတယ်။
👍👍👍 ဝန်ဆောင်မှုအသစ်လေးတွေကိုလဲ ပြောပြချင်ပါတယ်။
👉 မိမိလိုချင်တဲ့ ကုန်ပစ္စည်းကို ကိုယ်တိုင် UK website တွေကနေရှာပြီး မှာယူခြင်း ဝန်ဆောင်မှု
👉 UK မှ Yangon သို့ ကုန်ပစ္စည်းပို့ဆောင်ပေးခြင်းများကို သင့်တင့်သောဈေးနှုန်းဖြင့် တိကျမြန်ဆန်စွာပို့ဆောင်ခြင်း ဝန်ဆောင်မှု
👉 Yangon မှ UK သို့ ပို့ဆောင်ချင်သော မြန်မာ့ရိုးရာ အစားအစာများ၊ မြန်မာ့ရိုးရာ အဝတ်အထည်များ စသည့်အသုံးအဆောင်ပစ္စည်းများကိုလဲ တိကျမြန်ဆန်စွာ ပို့ဆောင်ပေးခြင်းတို့ဖြစ်ပါတယ်။
💸💸 ဝန်ဆောင်ခ ဈေးနှုန်း အမျိူးမျိုးရှိလို့ chat box မှတဆင့် လွယ်ကူစွာ မေးမြန်းနိုင်ပါတယ်။
❔❓ ဒါ့အပြင် နာမည်ကြီး brand website များ၊ Sale website များ နှင့် အခြား သိလိုတာများကိုလဲ မေးမြန်းစုံစမ်းနိုင်ပါတယ်။
လူကြီးမင်းတို့ရဲ့အားပေးမှုကို အစဉ်ကြိုဆိုလေးစားလျက်
I&U Health and Beauty Family 🙏❤️
🔴🔴🔴 အားလုံးကို မင်္ဂလာပါ လို့ပဲ နှုတ်ဆက်ရမှာပါဘဲ။ 🔴🔴🔴
🔴🔴🔴 လတ်တလော အခြေအနေဟာ မြန်မာနိုင်ငံသားအားလုံးနီးပါးအတွက် စိတ်ဓါတ်ကျဆင်းပီး မခံမရပ်နိုင်ဖြစ်နေသော အချိန်ကာလတစ်ခုဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ I&U online shopping ကို post တင်ခြင်း ခေတ္တရပ်နားထားပါမယ်။ လေယာဉ်ကွင်းတွေပိတ်ပီး အစစအရာရာ ဘာမှမသေချာသေးတဲ့ အချိန်မှာ Admin အနေနဲ့ ပစ္စည်းရောက်မယ့်ရက်ကို တိကျစွာ ပြောဆိုဆောင်ရွက်နိုင်ရန် လွန်စွာမှခက်ခဲသောကြောင့် ခေတ္တ ရပ်နားထားရခြင်းဖြစ်ပါတယ်။ 🔴🔴🔴
🔴🔴🔴 သို့ရာတွင် လွန်ခဲ့သော ၂၀၂၁ ဇန်နဝါရီလကုန်ထိ မှာယူထားသော ပစ္စည်းများနှင့် ပေးချေထားသောပစ္စည်းတန်ဖိုးငွေကြေးများကို စိုးရိမ်ကြောင့်ကြမှု မရှိစေလိုပါ။ ငွေကြေးများ ဆုံးရှုံးမှုမဖြစ်ပါကြောင်း Admin မှ ရာနှုန်းပြည့်အာမခံပါတယ်။ 🔴🔴🔴
🔴🔴🔴 မှာယူထားသော ပစ္စည်းများ ရန်ကုန်သို့ ရောက်ရှိမည့်အချိန်သည် ပုံမှန်ထက် ကြာမြင့်မည်ဟုခန့်မှန်းရပီး ရောက်သည်နှင့်တပြိုင်နက် မှာယူသူ အသီးသီးထံသို့ ပို့ဆောင်ပေးမည်ဖြစ်ပီး I&U page တွင် post အသစ်မတင်သည်မှတပါး Admin များမှ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း မိဘ ပြည်သူအပေါင်းကို အသိပေးအပ်ပါသည်။ 🔴🔴🔴
🔴🔴 မေးမြန်းဆက်သွယ်လိုပါက chat box မှတဆင့် ဆက်သွယ်နိုင်ပါတယ်။ 🔴🔴
🔴🔴 မြန်မာပြည်သူပြည်သားများရဲ့ လိုအပ်ဆန္ဒများပြည့်စုံကြပီး တရားမဲ့အနိုင်ကျင့်ဖိနှိပ်ခြင်းမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အားတင်းပီး ရှေ့ဆက်ကြမယ်နော်။ 🔴🔴
01/02/2021
Direct from London, UK 🇬🇧🇬🇧
👴👵 ဖိုးဖိုး၊ဖွားဖွားတို့အတွက် အလွန်ကို အသုံးဝင်တဲ့ တွန်းလှည်းကလေးပါ။ လမ်းလျှောက်ရင်လဲ အထိန်းလေးရှိသလို ဘရိတ်လေးလဲ ပါပါတယ်။ လမ်းလျှောက်ရင်း ခြေထောက်ညောင်းလို့ဖြစ်ဖြစ် မောလို့ဖြစ်ဖြစ် ခဏထိုင်မယ်ဆိုလဲရလို့ အရမ်းကို အဆင်ပြေတဲ့ တွန်းလှည်းကလေးပါနော်။ ပိုက်ဆံအိတ်တို့ တယ်လီဖုန်းတို့ ထည့်လို့ရတဲ့ အိတ်ကလေးလဲ ခုံအောက်မှာပါပါတယ်။ ဒ့ါအပြင် လိုအပ်တဲ့ အချက်အလက်လေးများကိုလဲ ပုံမှာထည့်ပေးထားပါတယ်။ တွန်းလှည်းလေးရဲ့ အမြင့်၊ အကျယ်၊ ထမ်းဆောင်နိုင်တဲ့ ကိုယ်အလေးချိန်အကုန်ပါပါတယ်နော်။ 💚♥️💚♥️
👍👍 လက်ရှိအိမ်မှာ ဖိုးဖိုးသုံးနေတာ သိပ်အဆင်ပြေလို့ လိုချင်တဲ့သူများသိရှိအောင် တင်ပေးလိုက်ပါတယ်။ UK ကနေတိုက်ရိုက်ဝယ်ပို့ပေးမှာပါ။ 🙂🙂
🌟🌟 ဈေးနှုန်းက နည်းနည်းများသလိုရှိပေမယ့် နှစ်အတော်ကြာသုံးလို့ ရပါတယ်။ Quality သိပ်ကောင်းပါတယ်။
🛒🛍️ မှာယူလိုပါက Chat Box မှတဆင့် ဆက်သွယ်ပေးပါနော်။ Preorder စနစ်ဖြစ်လို့ မှာယူလိုရင် တန်ဖိုးတဝက်အရင်ပေးချေရမှာပါနော်။ အားပေးမှုများကို ကျေးဇူးတင်လျက်
🚛🚛 Delivery time 3/4 weeks
30/01/2021
✈️ Direct from UK 🇬🇧🇬🇧
💡💡 အိမ်သာမှာ အနံအသက်ကောင်းအောင် သုံးတဲ့ပစ္စည်းလေးပါ။ အိမ်မှာသုံးနေတဲ့ ပစ္စည်းပါ။ ကောင်းလို့ ရောင်းပေးတာပါ။ UK မှာ အသုံးများပါတယ်။ 👍👍💚💚
👉👉 ဒီတစ်ထုပ်မှာ ဂျယ်အပြားလေး ၆ခုပါတယ်။ ဂျယ်ဝိုင်းလေး တစ်ပြားကို အိမ်သာကြွေအိုး အတွင်းဘက်မှာ installer နဲ့ဖိကပ်ထားပေးရမယ်။ အဲ့လိုကပ်ထားတဲ့အတွက် ရေဆွဲချတဲ့ အခါ ရေတွေက ဂျယ်ပြားလေးကိုထိရင် သူ့မှာပါတဲ့ ဂျီးချွတ်ဆေးနဲ့ အိမ်သာကြွေအိုး အတွင်းပိုင်းကို သန့်ရှင်းစေတဲ့ အပြင် အမွှေးရနံ့လေးလဲ ထွက်လာတာကြောင့် အရမ်းအဆင်ပြေတယ်။ ဂျယ်ပြားကလဲ တစ်ခုကပ်ထားရင်လုံလောက်တယ်။ နောက်ကျန်တဲ့ ဂျယ်ပြားလေးတွေ သိမ်းထားပေါ့၊ သုံးလို့ ကုန်သွားရင် နောက်တစ်ခု ထပ်ကပ်ပေါ့။ ♥️♥️
🌟🌟 ခုပြထားတာက lavender, lime, marine, fruitopia, floral fantasy, tropical sunshine အနံ့တွေပါ။ 🚽🚽
🛒🛍️ နှစ်သက်လို့ မှာယူလိုပါက Chat box ကိုလာခဲ့လိုက်ပါနော်။ စိတ်ဝင်စားလို့ သိချင်တာရှိလဲ မေးလို့ရပါတယ်။ လုပ်ပုံလုပ်နည်းကို video ကြည့်ချင်ပါက link ပေးပါမယ်။ 📺📺
👍👍 ကိုယ်တိုင်သုံးကြည့်ပြီး အဆင်ပြေလို့ ရောင်းပေးတာပါနော်။ ကျေးဇူးတင်ပါတယ်။ 👍👍
In stock - Lime, Marine, Fruitopia
🚚 🚛 Delivery period - 3 to 4 weeks
29/01/2021
💚💚💐💐 မင်္ဂလာပါ💐💐💚💚
👔👔 UK ရဲ့နာမည်ကြီး Next brand ရဲ့ ရှပ်လက်တို လက်ရှည်လေးတွေပါ။ ဈေးတန်တယ်နော်။
အပြင်ပေါ့ပေါ့ပါးပါးထွက်တာဖြစ်ဖြစ်၊ ရုံးကို စမတ်ကျကျ သွားဖို့ပဲဝတ်ဝတ် လိုချင်တဲ့ အဆင်ဒီဇိုင်းတွေ ရွေးလိုက်ကြပါအုံး။ ♥️♥️♥️
👉👉 ပုံထဲမှာ ဆိုဒ်တွေနဲ့ ဈေးနှုန်းအပြင် နောက်ဆုံးမှာ size guide ကို ထည့်ပေးထားပါတယ်။ မိမိလိုချင်တဲ့ ဆိုဒ်ကို ကြည့်ရှုရွေးချယ်ဖို့ သိပ်လွယ်ကူပါတယ်။ တည်ငြိမ်ခန့်ညားမှုကို ရရှိစေမှာသေချာပါတယ်။ 💚💚
📣📣📣 အခြားမိမိတို့လိုအပ်သော ကုန်ပစ္စည်းများကို London မှတဆင့် မှာလိုပါကလည်း ဝန်ဆောင်မှုများရှိပါတယ်နော်။ အသေးစိတ်အချက်အလက်များကိုလည်း chat box မှာမေးမြန်းနိုင်ပါတယ်။ 💙💚
🛒🛍️🛒 ဒီရှပ်အင်္ကျီလေးတွေ မှာယူချင်တယ် ဆိုရင်တော့ chat box မှဆက်သွယ်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ 🙏🙏🙏
🚛🚛🚛 Delivery time 3/4 weeks
✈️✈️ Direct from UK 💚💚💚
28/01/2021
🤱👨🍼 ရင်သွေးလေးတွေကို တုန်နေအောင်ချစ်ကြတဲ့ မိဘ၊ အဖိုး၊ အဖွား နဲ့ ဦးဦး၊ ဒေါ်ဒေါ်တို့ရေ..........
ချစ်စရာ ကလေးအင်္ကျီလေးတွေတင်ပေးလိုက်ပါတယ်နော်။ 👩🍼🧑🍼
👍👍 ဈေးနှုန်းကတော့ ပုံမှာပါတဲ့ အတွဲလေးတွေ အလိုက်ဖြစ်ပါတယ် တချို့ ၃ ထည်၊ တချို့ ၅ ထည်ပါပါတယ်။ နောက်ပီး ဝတ်လို့ရတဲ့ အသက်ရွယ်အပိုင်းအခြားလေးကိုလည်း ထည့်ပေးထားပါတယ်နော်။ 👌👌
🌹🌹 ဒီဇိုင်းလှလှ ချစ်စရာလေးတွေ အများကြီးပါတာမို့ ရွေးလိုက်ကြပါအုံး။ 💚♥️💚🧡💚💙
💚💚 နှစ်သက်တာ တွေ့ရင်တော့ chat box မှတတင့် မှာယူနိုင်ပါတယ်။ 💚💚
🚛🚛 Delivery time 3/4 weeks
✈️ Direct from UK 🇬🇧🇬🇧
27/01/2021
🙂🙂 In Stock 🙂🙂 Direct from UK 🇬🇧🇲🇲
💐💐 မင်္ဂလာပါရှင့်။
အရင်တစ်ခေါက်က ရောင်းအားကောင်းခဲ့တဲ့ Omega 3 1000 mg 250 capsules ဖြည့်စွက်စာ ဆေးဗူးလေးတွေ ထပ်ရောက်လာပါပီနော်။
👉👉 Holland & Barrett ၏ Omega 3 Fish Oil Concentrate ၁၀၀၀ မီလီဂရမ် ဆေးတောင့်များသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော fatty acids များကိုရရှိနိုင်စေသော ဖြည့်စွက်ဆေးဝါးဖြစ်ပါတယ်။
👉👉 Mackerel နှင့် Herring စသည့် အဆီများသော ငါးများ၏ အသားအလွှာများတွင် တွေ့ရှိရသော အဆီများဖြင့် စီမံထုတ်လုပ်ထားခြင်းကြောင့် Omega 3 fatty acid တွင် အဓိကကျသော eicosapentaenoic acid (EPA) နှင့် docosahexaenoic acid (DHA) တို့ပိုမိုမြင့်မားစွာ ပါဝင်ပါတယ်။ 👍👍
📣📣 မရှိမဖြစ်လိုအပ်သော fatty acids များသည် လူ့ခန္ဓာကိုယ်မှ သဘာဝအားဖြင့် မထုတ်လုပ်နိုင်သဖြင့် ဖြည့်စွက်စားသုံးရန်လိုအပ်ပါသည်။ 👌👌
🛒🛍️ လိုအပ်လို့ မှာယူလိုပါက chat box မှတဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်။ အားပေးမှုကို အစဉ်ကျေးဇူးတင်ပါတယ်ရှင့်။ ♥️♥️♥️
26/01/2021
✈️✈️ Direct from UK 🇬🇧🇬🇧
💡💡💡 အိမ်ရှင်မတို့ အတွက် သတင်းကောင်း တစ်ခုပါးချင်ပါတယ်။
👉👉 Croc Odor Fridge Deodorizer ကရေခဲသေတ္တာအတွင်းရှိအနံ့အသက်ဆိုးများကိုစုပ်ယူနိုင်ပြီး အစားအစာတစ်ခုမှ အခြားတစ်ခုဆီသို့ အနံ့ကူးစက်ခြင်းကိုလည်း တားဆီးကာ အစားအစာများကို လတ်ဆတ်သန့်ရှင်းစေပါတယ်။ ဂျယ်လ်ကို သဘာဝပင်လယ်ရေမှော်များဖြင့်ပါဝင်ထုတ်လုပ်ထားခြင်းကြောင့် အစားအစာများကို ဘေးဥပါဒ်ကင်းရှင်းစေပြီး ရေခဲသေတ္တာအတွင်းမှအနံ့အသက်ဆိုးများကိုလဲ ပျောက်ကင်းစေပါတယ်။ 👍👍👍
🧡💚🤎 UK မှာတော့ review တွေကောင်းသလို လူကြိုက်များကြလို့ မြန်မာပြည်မှာ လိုချင်တဲ့သူရှိရင် chat box မှတဆင့် ဆက်သွယ် မှာယူနိုင်ပါတယ်။ 💙💜♥️
🚛 Delivery time 3/4 Weeks
25/01/2021
🇬🇧🇬🇧 Direct from UK 🇬🇧🇬🇧
♥️♥️♥️ အမျိုးသမီးဝတ် အတွင်းခံလှလှလေးတွေပါ။ Matalan brand ဖြစ်ပါတယ်။ Review လေးတွေလဲကောင်းတယ် နောက်ပီး ပုံစံမျိူးစုံရှိတယ်။ 💐💐💐
👍👍 Lace Trim High, Trim Full, Trim Thongs, Trim Short, Trim Mini ဆိုပြီးတော့ ပုံစံ အမျိူးမျိူးရနိုင်ပါတယ်။ မိမိ စိတ်ကြိုက်ကိုရွေးချယ်နိုင်တာပေါ့။ ဇာပါးလေးတွေလဲပါတော့ လှမှလှ။ ဇာလို့ဆိုပေမယ့် လွယ်လွယ်ပြဲတဲ့ ဇာမျိူးမဟုတ်ပါဘူး။ နာမည်ရပီးသား ကုန်ပစ္စည်းဖြစ်တဲ့အတွက် ပေးရတဲ့ဈေးနဲ့တန်မှာပါ။ 🌹🌹
💝💗 နောက်ပီး အတွဲလိုက် ရောင်စုံလေးတွေရဲ့ ဈေးနှုန်းပါနော်။ ရနိုင်တဲ့ဆိုဒ်လေးတွေနဲ့ ဈေးနှုန်းကို ပုံတိုင်းမှာ ရေးပေးထားပါတယ်။ 🧡💙
🛒🛍️ လိုအပ်လို့ မှာယူချင်ရင်တော့ chat box မှတဆင့် မှာယူနိုင်ပါတယ်နော်။ မှန်ကန်သော ကုန်ပစ္စည်းများကိုသာ ရောင်းချပေးပါတယ်။ 💚💚
🚛🚛 Delivery time 3/4 weeks
24/01/2021
🤍🤍 အခု London မှာ နှင်းတွေ အများကြီးကျနေတယ်။ အကုန်လုံးကို ဖွေးဖွေးဖြူနေတာပဲ။ အိမ်ခေါင်မိုးတွေ သစ်ပင်လေးတွေမှာ နှင်းတွေနဲ့ ကြည့်လို့ကြိုက်တယ် ချစ်စရာလေးတွေ လှတယ်။ ☃️☃️
❄️❄️ နှင်းကျတာကို ရာသီဥတု ဆိုးတယ်လို့ ပြောကြပေမယ့် ကျကျချင်း အချိန်တွေမှာတော့ လှတယ်လို့ ခံစားရတယ်။ ⛷️🏂⚪⚪
📸📸 နောက်ပီး နှင်းမကျတာလဲ ကြာပီဆိုတော့ အထူးအဆန်းလိုဖြစ်ပီး ဓါတ်ပုံရိုက်ထားလိုက်တယ်။ ရိုက်ထားတဲ့ ပုံတွေထည့်ပေးလိုက်တယ်။ ဆိုဒ် နဲ့ ဈေးနှုန်းမပါဘူး။ ရောင်းဖို့မဟုတ်ပါ။ 😂😂🧤🧣
🤍♥️🤍 ဆိုင်လား မဆိုင်လားတော့ မသိဘူး ရန်ကုန်ကိုတော့ လွမ်းနေတယ် 😭😭 အားတင်းထားတယ် 💪💪
🙏🙏 ကမ္ဘာကြီး မြန်မြန်ကျန်းမာပါစေ။ 🙏🙏
Category
Contact the business
Telephone
Website
Address
Yangon
11181
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when I&U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.