Pann Myintzu
စေတနာကောင်းရင်
ကံကောင်းတယ် �
15/05/2022
ရန်ကုန်ကျင်းပတဲ့ Fairy Meeting 🥰🤩
04/05/2022
Little Fairy Skin 🧚♀️
Shampoo (or)Conditioner နဲ့
White Moisturizing Body Serum
လေးဝယ်ပြီး
Hair Conditioner Spray ဗူးလေး လက်ဆောင် ယူပါနော် 😍🤗
04/05/2022
ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်များအတွက် အသားအရေ ထိန်းသိမ်းနည်းများ
(၁) သံလွင်ဆီဟာ Antioxidant ကြွယ်ဝတာကြောင့် ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်တွေနဲ့ အထူးပဲ သင့်တော် လှပါတယ်။ ရေမချိုးခင် သံလွင်ဆီကို ခန္ဓာကိုယ် အသားအရေအနှံ့ လိမ်းကျံပေးခြင်းက ခြောက်သွေ့နေတဲ့ အသားအရေ တွေကို ချောမွေ့ကြည်လင်စေမှာ ဖြစ်ပါတယ်။ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၊ သကြား လက်ဖက်ရည်ဇွန်း ၄ ဇွန်းနဲ့ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောစပ်ပြီး Scrub လုပ်ပေးခြင်းကလည်း ခြောက်သွေ့တဲ့ အသားအရေကို စိုပြည်စေမှာ ဖြစ်ပါတယ်။
(၂) နွားနို့ကို အသားအရေ ထိန်းသိမ်းတဲ့ နေရာမှာ အသုံးပြုခဲ့ကြတာဟာ ရှေးခေတ်ကတည်းက ဖြစ်ပါတယ်။ အသားအရေ ခြောက်သွေ့ ကြမ်းတမ်းနေသူတွေအနေနဲ့ နွားနို့နဲ့ မျက်နှာသစ်ခြင်းကို ပုံမှန်ပြုလုပ်ပေးခြင်း အားဖြင့် ထူးခြားတဲ့ ရလဒ် ကောင်းတွေ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၃) ပျားရည်ဟာ အသားအရေကို အစိုဓာတ် ဖြည့်တင်းပေးနိုင်တဲ့ သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ်။ ပျားရည်ဟာ ခြောက်သွေ့ပျက်စီးနေတဲ့ အသားအရေတွေကို ပြန်လည်ကောင်းမွန်စေနိုင်တဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိရှိတာကြောင့် မျက်နှာအသားအရေပေါ်မှာ ပျားရည် သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးခြင်းအားဖြင့် ကျန်းမာစိုပြည်တဲ့ အသားအရေကို ရရှိစေမှာ ဖြစ်ပါတယ်။
(၄) ဒိန်ချဉ်ဟာ အသားအရေ ခြောက်သွေ့ပြီး ယားယံခြင်းကို ပျောက်ကင်းစေနိုင်တာကြောင့် ဒိန်ချဉ်နဲ့ ပျားရည် အနည်းငယ်ကို ရောစပ်ပြီး ခြောက်သွေ့ ကြမ်းတမ်းနေတဲ့ အသားအရေပေါ်မှာ လိမ်းပေးနိုင်ပါတယ်။
(၅) ထောပတ်သီးမှာ ဗီတာမင်အေနဲ့ Fatty အက်ဆစ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေကို အစိုဓာတ် အပြည့်အဝ ဖြည့်တင်းပေးနိုင်ပါတယ်။ ထောပတ်သီးကို ကြိတ်ချေပြီး ပျားရည် အနည်းငယ်နဲ့ ရောစပ်ကာ လိမ်းကျံပေးခြင်းအားဖြင့် အချိန် အတော်ကြာတဲ့အထိ အသားအရေကို စိုပြည်စေမှာ ဖြစ်ပါတယ်။
03/05/2022
ကိုယ့်ရဲ့ မွေးလလေးမှာ
Page အသစ်ဖွင့်တာပါ
like လေးနဲ့ အားပေးကြပါဉီး
သူငယ်ချင်းတို့ရေ 🤗🤗
Category
Contact the business
Telephone
Website
Address
Yangon