Eaint ThinZar Phoo

Eaint ThinZar Phoo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eaint ThinZar Phoo, Dawei.

Skincare,Cosmeticsများကို စျေးနှုန်းအချိုသာဆုံး နှင့် Qualityအစစ်မှန်ဆုံးသာ ရောင်းချပေးပါတယ်ရှင့်
စာဖြေချိန် - မနက်၈နာရီခွဲမှ ညနေ၅နာရီခွဲထိ ( ဆိုင်ဖွင့်ချိန်အတွင်းသာ ) ညဘက်စာဖြေဝန်ထမ်းမရှိပါရှင်🙏🏻

02/10/2026

- TEES - 2သိန်း✨
- Treza kyaw -2 သိန်း ✨
- Thwe Thwe Moe -1သိန်း”✨
-Nann Thuzar Linlin Htet - 1သိန်း”✨
-Myat Myat -1 သိန်း”✨
- Pyae Zar Chi Linn - -1 သိန်း”✨
- Htoo Htoo Zan -7သောင်း”✨
- July Htun - 3သောင်း”✨

Sunday မြေပြို ရေဘေးသင့်ရွာတွေဘက်ကို ရေချယ်ကိုယ်တိုင် သွားလှူပါမယ် ..
( တီဇစ်ဘက်လို့ လတ်တလောသတ်မှတ်ထားပါတယ် )

ဓာတ်မီးတလက် ကစပြီး ကိုယ်နိုင်သလောက် ပါဝင်လှူဒါန်းလို့ရပါတယ် ။

အစက အလှူငွေလုံးဝလက်မခံပါဘူး .. ငွေအရှုပ်အရှင်းမကြိုက်လို့ပါ .. ခု cb မှာ လာလာလွှဲကြတဲ့ညီမလေးတွေ ရှိလို့ တလက်စတည်း ၂ရက်တိတိ လက်ခံပါမယ်ရှင်

‼️ထားဝယ် - လောင်းလုံ - သရက်ချောင်း - ရေဖြူ စတဲ့ ထားဝယ်ခရိုင်အတွင်းမှာ ကျေးရွာပေါင်းများစွာ ရေကြီး မြေပြို ကျေးရွာအလိုက် မြေအောက်ထဲရောက်သွားတာ အများကြီးပါရှင် ‼️

‼️ခန့်မှန်းချေ လူရာကျော် DB ဖြစ်ပြီး လူဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲပါ ‼️

‼️ဒီရွာတွေက ရွာလုံးကျွတ် အိမ်ပြိုသွားတဲ့အပြင် သူတို့တွေရဲ့ ကွမ်းသီးခြံတွေပါ ပျက်စီးသွားတာကြောင့် နေထိုင်ရေးရော စားဝတ်နေရေးရော အလုပ်အကိုင်ပါ အကုန်ပျက်စီးသွားတာပါ ‼️

‼️ပြန်လည်ထူထောင်ရေးမဟုတ်သေးတဲ့ စားနပ်ရိက္ခာ အရင်ထောက်ပံ့တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်ရှင် ‼️

#အားလုံးလက်တွဲကူပြီးလှူကြမယ်
#ရေဘေးအလှု
#လောင်းလုံရေဘေး
#ထားဝယ်ရေဘေး
#ရေကြီး #မြေပြို

Photos from Eaint ThinZar Phoo's post 01/10/2026

ခုရေမြုပ်နေတဲ့ ရွာလေးတွေ တောင်တန်းတွေပြိုလို့ သောကဝေနေတဲ့ ရွာလေးတွေက တချိန်က tourists တွေ အကြိုက်ဆုံး တောင်တန်းနဲ့ပင်လယ်ကြားက အဖိုးဖြတ်မရတဲ့ နိုင်ငံ့ကမ်းခြေတွေပါ 🌊💔

လမ်းဘေးအိမ်တွေက နွေးထွေးတဲ့ အပြုံးတွေ၊ ရင်းနှီးတဲ့ ထားဝယ်သံဝဲဝဲတွေနဲ့ တစ်ချိန်က ဆွဲဆောင်ခဲ့တဲ့ ဒီလမ်းဟာ... အခုတော့ ရင်နာစရာအလွမ်းတွေနဲ့ အဝေးမှာ ကျန်ခဲ့ပါပြီ။ 💧🏡

ထားဝယ်ခရိုင် အမြန်ဆုံးပြန်လည်ထူထောင်နိုင်ဖို့ ဝိုင်းဝန်းကူညီကြပါစို့ရှင်။ 🙏✨

01/10/2026

📣🚨ပရဟိတအဖွဲ့များနှင့်လှုဒါန်းရေးအဖွဲ့များခင်ဗျာ📣🚨

ထားဝယ်သဘာဝဘေးသို့သွားမည့်အဖွဲ့များ
🚌🚌ကားအမြင့် 4×4...SURF..
Land cruiser.... Prado... Pajero... နှင့် လာရင်ပိုသင့်တော်ပါသည်
🚙ကားငယ် Probox....Van ....ကားများက ထားဝယ်မြို့နှင့် သရက်ချောင်းမြို့များအထိ သွားလာလို့ရသည်။ ထိခိုက်မှုအများဆုံး လောင်းလုံကားလမ်းမများတွင် လမ်းပေါ် တောင်ပြိုနေရာများဖြတ်ရမည်(လက်ရှိနေရာအတော်များများ မြေသားများဖယ်ရှားပီးပါပီ) ဖြစ်၍ လမ်းချော်တတ်ပါ၍ သတိထားမောင်းနှင်ရပါမည်။ကားအမြင့်များသာ သွားလာနိုင်ပါမည်။

📟ရန်ကုန်-ထားဝယ် မိုင် ၄၀၀ နီးပါးရှိပါ၍ (လမ်းကောင်းပါသည်။)မောင်းချိန် ၁၂ နာရီရှိပါသည်။

🕹️လမ်းတစ်လျှောက် မိုးမရွာပါက လုံခြုံရေးအရ ကားကို မှန်ချပီးမောင်းပါ။ စစ်ဆေးရေးဂိတ်များတွင် ကြည်ဖြူစွာစစ်ဆေးခံပါ။
📉သံဖြူဇရပ်နှင့် ထားဝယ်ကြား(မိုင် ၁၅၀ နီးပါး) လက်နက်ကိုင်အဖွဲ့အစည်းများ။စစ်တပ်ဂိတ်များ။လက်တားအဖွဲ့များစွာရှိပါ၍ လက်တားပါက ကြည်ဖြူစွာစစ်ဆေးခံပါ။

🙎မှတ်ပုံတင်များ ယူဆောင်သွားပါရန်။ ကားတွင် ထားဝယ်ဒေသ ရေဘေးအလှူ ဆိုင်းဘုတ်ဆွဲပါ။

🏳️🏳️အလံဖြူထောင်သွားပါ။ လမ်းကျွမ်းကျင်သူ၊လမ်းအခြေအနေနားလည်သူ ထားဝယ်သား ယာဉ်မောင်းများ အခမဲ့ ယာဉ်လိုက်မောင်းပေးရန် မေတ္တာရပ်ခံပါသည် ခင်ဗျား။

🚨စစ်တောင်းဂိတ် မနက် ၅နာရီခွဲမှ ည၈ နာရီအတွင်း
🚨ထားဝယ်အိမ်ရှေ့ပြင်ဂိတ် မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းဖွင့်ထားပါသည်။

⏰ ရန်ကုန်မှ စတင်ထွက်ခွာချိန် နံနက် ၅ နာရီထက် နောက်မကျဘဲ ထွက်ခွာမှာသာ ထားဝယ် မြို့ဝင်ဂိတ် အမီမောင်းနိုင်ပါမည်။

#၇ရက်သားသမီးများပရဟိတအဖွဲ့

#တနင်္သာရီသဘာဝဘေး
#ကယ်ဆယ်ရေး
#ပြန်လည်ထူထောင်ရေး
#ကရုဏာကမ်းလက်လူမှု့ကူညီရေးအသင်း
#ထားဝယ်လောင်းလုံရေဘေးကူညီရေး

01/10/2026

‼️‼️ကယ်ဆယ်ရေးသမားတွေ သိစေဖို့ပါ ‼️‼️

Sep 30မှာ ထားဝယ်ရေဘေးဒုက္ခရောက်နေတဲ့နေရာ (၃) နေရာကို မြေပြင်အထိရောက်ခဲ့ပါတဲ့ အမရဲ့ အတွေ့အကြုံပါ ။


#သဗျာရွာ
လောင်းလုံးမရောက်ခင်ရွာပါ။ သဗျာရွာမှာ အိမ်ခြေ (၄၃) အိမ် ရေဘေးသင့်ပြီး (၁၆) အိမ်က မြေကြီးမှာ ပြားပြားဝပ်ပြိုသွားပါတယ်။ လူအသေအပျောက်ရှိပြီး လက်ရှိ အလောင်းတစ်လောင်းပဲ ရွာကလူငယ်တွေ ပေါက်ပြားနဲ့တူးဖော်ရရှိထားပြီး #မည်သည့်ပရဟိတအကူအညီမျှ မရရှိသေးပါ။ ရွာသားတွေ လက်မောင်းအား ပေါက်တူးနဲ့ပဲတူးနေလို့မရပါ။ စက်ယန္တရားအကြီး အကူအညီ လုံးဝလိုအပ်နေပါတယ်။ Backhoe လိုမျိုး လိုအပ်ပါတယ်။

မိန်းလမ်းမကြီးပေါ်ရှိတဲ့ သဗျာရွာ တံတားပျက်နေတာမို့ လောင်းလုံးအောက်ဘက်သွားချင်လျှင် လမ်းလွှဲမှသွားရပါတယ်။

လမ်းလွှဲမှသွားပြီး ဂေါ့အင်းရွာ မှာ လမ်းမပေါ်ပြန်ရောက်ပါတယ်။ အောက်ဘက်ဆက်သွားတဲ့အခါ အောက်ရေဖြူရွာရွာလည်ဈေးနံဘေးလမ်းကဝင်ရင်
ကဒက်ငယ်ထိန်ရွာကို ရောက်ပါတယ်။

#ကဒက်ငယ်ထိန်ရွာ

ရေရုတ်တရက်ကြီးညဘက်အိပ်ချိန်ကြီးတက်လာလို့ လူအသေအပျောက်အများဆုံးနဲ့ ဆုံးရှုံးမှုအများဆုံးပါ။ အိမ်ခြေ (၂၄) အိမ်လုံးလုံး မြေအောက်မှာပြားပြားဝပ်နစ်မြုပ်သွားပါတယ်။ လက်ရှိအလောင်းတွေ ဖော်ထုတ်နေရတုန်း။ လဲကျတဲ့သစ်ပင်တွေကိုချိန်းစောတွေနဲ့ဖြတ်တောက်ရှင်းလင်းနေရတုန်းပါ။

ရွာမှာ ဇမ္ဗူသီရိအဖွဲ့မှ လူဦးရေ ၃၀ ခန့် ရှင်းလင်းလုပ်ဆောင်နေတာတွေ့ရပါတယ်။ Backhoe တစ်စီးတွေ့ရပါတယ်။ ဘားအံတံဆိပ်နဲ့ မီးသတ်ကား(၂)စီးတွေ့ရပါတယ်။ ရေသန့်တွေလာပို့တယ်လို့ယူဆရပါတယ်။

အခုအချ်န်အထိ DB တွေ ရှင်းလင်းရဦးမှာမို့ Backhoe တစ်စီးတည်းရှိနေတာ မြေပြင်လိုအပ်ချက်အရ ဆင်ပါးစပ်နှမ်းပက်အနေအထားပါ။
အစားအသောက်တွေထက် ပိုအရေးကြီးတာ စက်ယန္တယားကြီးများအကူအညီ အထူးလိုအပ်ပါတယ်။ ပရဟိတအဖွဲ့များက အဖွဲ့တိုင်းနီးပါးက လွယ်ကူစွာလုပ်လို့ရသော အစားအသောက်/ သောက်ရေ အကူအညီတွေပဲ အဓိက ပံ့ပိုးကူညီကြကြီး ယန္တရားကြီးအကူအညီများ ကို လက်ရှောင်သွားကြပါတယ်။

#တောကျဲရွာ / ကျောက်နီမော်ရွာ/ ညောပြင်ရွာ

ဆက်သွားလိုက်တော့ ရေဘေးအကြီးအကျယ်ခံစားထားရသော တောကျဲရွာ မရောက်ခင် ရဘဲရွာကနေ စပြီး မြေပြိုပြီးလမ်းပိတ်နေတာမို့ရှေ့ဆက်သွားလို့မရတော့ပါ။ အထဲမှာ တောကျဲ အပြင် သကျက်တောရွာ ကျောက်နီမော်ရွာတွေအထိ အစားအသောက် အကူအညီရောက်အောင် ပို့ဆောင်ဖို့ ကြိုးစားသင့်ပါတယ်။ အထဲမှာ ရွာတွေအများကြီး မည်သည့်အကူအညီမျှမရသေးပါ။ အိမ်လောက်ရှိတဲ့ကျောက်လုံးကြီးတွေတောင် လမ်းမှာပိတ်နေတယ်လို့ကြားရပါတယ်။

ရဘဲရွာမရောက်ခင် သဗြေရှောင်ရွာက သိမ်တော်ရာတိုက်ကျောင်း ရှေ့မှာ ရှေ့ဆက်မသွားဖို့ လမ်းပိတ်နေတာမို့ အလှူပစ္စည်းများကို ဘုန်းကြီးကျောင်းတွင်လက်ခံထားပေးဖို့ ရွာမှလူများစီစဉ်ထားပါတယ်။ ကျနော့်အမြင်ကတော့ အမှန်တကယ် အတိဒုက္ခရောက်နေသော ရွာအထိ ရောက်အောင် ကြိုးစားပြီးရောက်အောင်သွားမှ ထိရောက်သော အကူအညီဖြစ်မယ်လို့ယုံကြည်ပါတယ်။ Organize လုပ်ဖို့တာဝန်ယူငွေကောက်ခံထားပြီးရင်းလည်း ထိရောက်သော အကူအညီဖြစ်စေချင်မိပါတယ်။

ရဘဲရွာမှာ လမ်းပေါ်မှာရေကျော်နေပြီး မြေသားတွေတင်နေတာ တူးထုတ်နေရပါတယ်။ Backhoe တစ်စီးပဲရှိပါတယ်။ ရဘဲရွာကနေ တောကျဲ သကျက်တော ရွာကနေ ကျောက်နီမော် ညောပြင် ရွာတွေအထိ မိုင်ပေါင်းများစွာလမ်းရှင်းသွားလာလို့ရအောင်အထိ Backhoe တစ်စီးတည်းနဲ့ဘယ်လိုမှ မလုပ်မဖြစ်ပါ။ စက်ယန္တရားကြီးများ အကူအညီများစွာလိုအပ်နေပါတယ်။

ဆိုတော့ကာ ပရဟိတအဖွဲ့များကို ထပ်မံနှိုးဆော်ပါရစေ။ အဓိက/ သာမည ခွဲတတ်ပါစေ။ အရေးပေါ်လိုအပ်ချက်က လမ်းတွေ ပွင့်သွားဖို့ပါ။ လမ်းတွေပွင့်သွားမှ အမှန်တကယ်ဒုက္ခရောက်နေတဲ့ ရွာသားတွေလက်ထဲကို ထိရောက်သောအကူအညီတိုက်ရိုက်ပေးနိုင်မှာဖြစ်ပါတယ်။ လမ်းမပွင့်သေးသရွေ့ကတော့ လမ်းခုလတ်ရွာတွေက အိမ်ထဲရေတစ်ညလောက်ဝင်ဖူးယုံနဲ့ ရေဘေးဒုက္ခသည်တန်းဖြစ်သွားသော သူများဆီကိုပဲ ထောက်ပံ့မှုရောက်ရှိနေမှာဖြစ်ပါတယ်။

ရေးသားသူ : Aye Win

များငှားရမ်းပြီးလုပ်ဆောင်နိုင်ရင်ဆောင်ရွက်နေပါတယ်။ အချိန်နဲ့တပြေးညီဆက်လက်တင်ပြပါမည်။

01/10/2026

တကယ်ထိရောက်စေချင်သော ပရဟိတအဖွဲ့များကို အမှန်တကယ် အကူအညီလိုအပ်နေသေးတဲ့နေရာတွေကိုဦးစားပေးစေချင်ပါတယ်။

အခုဆိုရင်

- သရက်ချောင်း ဘက်ခြမ်း အကူအညီလုံးဝနီးပါးမရသေးပါ။ ( ငွေအားလူအား ပရဟိတအား ပိုစိုက်ပေးစေချင်ပါတယ် အထဲက သဲချောင်းကြီးအထိ ရွာတန်းရှည်ကြီးက အကုန်လုံး ဒုက္ခရောက်ပါတယ် လောင်းလုံးဘက်ခြမ်းထက် မလျော့ပါဘူး)
အနည်းဆုံး ပစ္စည်းတွေ လမ်းမပေါ်ကစုံစင်ဖျားအထိ ကူညီပေးနိုင်မယ်ဆိုရင်တောင်မှ တော်တော်အဆင်ပြေလောက်ပါတယ်

- ကျောက်နီမော် ( လှေနဲ့ ခရီးတိုဝင်လို့ရပါတယ် သဗြေရှောင်ရွာမှာလှေဆိပ်ရှိပါတယ် လှေဆိပ်အထိ ပစ္စည်းတွေ ထော်လာဂျီနဲ့သယ်လို့ရပါတယ် )

- တီဇစ်ရွာ ( စမ်းလှမ်းကနေလှေနဲ့သယ်လို့ရပါတယ် )

- ညောပြင်ရွာ (ကျောက်နီမော်ဘက်ကနေ တဆင့်သယ်တာပိုလွယ်ပါတယ်)



( Aye Win )

Photos from Eaint ThinZar Phoo's post 01/10/2026

‼️ ထိုင်းနိုင်ငံရေကြီးတာလောက်တောင် မြန်မာတွေ ကိုယ့်လူမျိုးအချင်းချင်း စိတ်မဝင်စားပေးကြတာ ဝမ်းနည်းစရာကောင်းလှတဲ့ အဖြစ်အပျက်လေးပါ ‼️

“ tourists အဆွဲဆောင်နိုင်ဆုံးသော မြန်မာနိုင်ငံရဲ့ အလှပဆုံးသော ရေတံခွန်ရှိတဲ့ ပင်လယ်ကမ်းစပ်ရွာတွေဟာ

ခုတော့ မြေပြို တောင်ပြို ရေတွေကြီးပြီး ရွာလုံးကျွတ်
ဒုက္ခတွေရောက်နေကြရပါပြီ ။

Crd : Photos

01/10/2026

‼️‼️ ဒီနေ့အတွင်း ဓာတ်မီး ၊ ဖယောင်းတိုင်နဲ့ မီးခြစ်
အလှုခံနေပါတယ် ‼️‼️

မီးမရတဲ့ ဒေသတွေမို့ အလိုအပ်ဆုံးက အလင်းရောင်ပါ
ရေကြီးမြေပျို ညရေးညတာ မြွေပါးကင်းပါးကြောက်ရလို့ မီးထွန်းလို့လိုပါတယ် ဆိုလာများ လှူချင်ရင် ပိုကျေးဇူးတင်ရမှာပါ ။

မြတ်စွာဘုရားဟောခဲ့တယ် .. အလင်းကို လှူခြင်းက ဘဝမှာ အောင်မြင်မှုကို ဖြစ်စေတဲ့ အကြောင်းတရားပါတဲ့ရှင် ။

Telephone

Website

Address

Dawei

Opening Hours

Monday 06:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Alerts

Be the first to know and let us send you an email when Eaint ThinZar Phoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Dawei.