Sharing&caring by V-Phoenix

Sharing&caring by V-Phoenix

Share

Sharing is caring

Photos from Sharing&caring by V-Phoenix's post 27/12/2020

LTNSပါအသဲလေးတို့ဖူးpageမှာမတင်ဖြစ်တာတော်တော်ကြာနေပါပြီ။

အခုအကုန်လုံးစိတ်ဝင်စားနေတဲ့ Burmese Dreamရဲ့Pink Clay maskလေးကိုreviewပေးချင်ပါတယ်😘

ဖူးကface maskတွေအရမ်းဂျီးများတဲ့ထဲပါပါတယ်။maskတွေကပ်ရင် အနီစက်တွေဖုတွေထွက်တာယားတာဖြစ်တတ်လို့တော်ရုံ maskကပ်လို့မရပါဘူး။ပြီးတော့ Clay maskတွေဆိုလည်း မျက်နှာအရမ်းခြောက်သွားသလိုခံစားရလို့သိပ်မသုံးဖြစ်ပါဘူး။

Burmese Dreamရဲ့Pink Clay maskဗူးလေးကိုကချစ်စရာလေးရယ်။ဗူးလေးအပေါ်မှာအညစ်အကြေးတွေသန့်စင်ဖို့ရယ် Skin toneကိုbrightenဖြစ်ဖို့ရယ်ချွေးပေါက်အတွက်ရယ်ဆိုပြီးရေးထားပါတယ်

Ingredientsထဲမှာလည်းSkincareထဲမှာအရမ်းမိုက်တဲ့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ Japonica(Seaweed),Pomegranate extract,Kakadu Plum extractစတာတွေလည်းပါတာတွေ့ရပါတယ်။

Burmese Dreamရဲ့Pink Clay mask ဘူးလေးကို စဖွင့်တဲ့အချိန် သူ့အနံ့သင်းသင်းလေးက အရမ်းမိုက်ပါတယ်။
ပြီးတော့ Clay maskရဲ့textureက မျက်နှာကိုလိမ်းတဲ့အခါ creamလေးလိမ်းနေရသလိုပါပဲ။ပြီးတော့ထူပြစ်နေတာမျိုးမဟုတ်ပဲ မျက်နှာပေါ်မှာတင်းတင်းကြီးဖြစ်သွားတာမျိုးလည်းမရှိပါဘူး။လိမ်းထားမှန်းတောင်မသိသာဘူး။Clay maskတွေသုံးတဲ့အခါ မျက်နှာထူထူပြစ်ပြစ်ကြီးဖြစ်တာမျိုးခံစားဖူးမှာပါ။Burmese Dreamမှာ အဲ့လိုဖြစ်မနေပါဘူး။ခြောက်တာလည်းအရမ်းမြန်ပြီး ခြောက်သွားတာတောင်မျက်နှာမှာ powderလေးတွေလိမ်းထားသလိုပဲမှုန်မှုန်ညက်ညက်လေးပဲ ဖြစ်သွားတာအရမ်းမိုက်ပါတယ်။ ပြီးတော့ရေဆေးချလိုက်တဲ့အခါမှာလည်း မျက်နှာလေးကသိသိသာသာကို စိုစိုအိအိလေးကျန်ခဲ့တာကိုတော့ သဘောအကျဆုံးပဲ😁

Clay maskသုံးနေကြသူဆိုရင် Burmese Dreamရဲ့Pink Clay mask tryပြီးရင်အခြားmaskတိုးမယ်မထင်ဘူး😁

50gဗူးကို12900ကျပ်နဲ့5gအထုပ်လေးကို1750ကျပ်ပါတဲ့။အထုပ်လေးကလည်းတစ်ထုပ်ကိုနှစ်ခါလောက်သုံးလို့ရပါတယ်။တစ်လကိုနှစ်ထုပ်လောက်ပဲကုန်မှာရယ်။ဗူးဆိုအကြာကြီးသုံးရမှာမို့တော်တော်တန်တယ်ခံစားရပါတယ်။Tryကြည့်ပါအသဲလေးတို့😘

အဆုံးထိဖတ်ပေးလို့ကျေးဇူးပါရှင့်။
နှစ်သစ်ကိုလှလှလေးဖြတ်သန်းနိုင်ပါစေနော်😘

Photos from Sharing&caring by V-Phoenix's post 11/10/2020

Burmese Dreamရဲ့Game changing make-up remover review😘😘😘

ကိုယ်လည်း ကိုယ်တိုင်ကြိုက်လို့သုံးရင်းနဲ့မှagentဖြစ်လာတာမို့ productလေးကောင်းရင်ညွှန်းပေးချင်တယ်😁

မနေ့ကLiveမှာလွှင့်ပြီးဖျက်ပြတယ်ပြီးတော့Make-up remover wipeနဲ့ထပ်ဖျက်တော့လည်းဘာမှမပါလာတော့ဘူး ကိုယ့်ညီမကတောင်ပျက်မယ်မထင်ထားဘူးတဲ့

ညနေဘက်ကြ Make-up classထပ်joinတော့လည်းLookတစ်ခုပြီးတစ်ခုchangeတော့Micellor waterတော်တော်သုံးထားတယ်။အထူးသဖြင့်မျက်လုံးတစ်ဝိုက်ဆို တော်တော်စပ်ဖြင်းဖြင်းဖြစ်နေပြီ ခနခနဖျက်တော့(အရင်ကလိုတစ်ခါထဲဖျက်တောင်နီပြီးစပ်တတ်တဲ့သူဆိုတော့) 4pm to 7:44pmအထိသင်တော့လူလည်းတော်တော်ပင်ပန်းနေကော။မျက်နှာကမိတ်ကပ်တွေလည်းဖျက်ရမှာဆိုတော့ Micellorတွေမသုံးချင်တော့
Game changing removerလေးပဲပြန်သုံးဖြစ်တယ်။

ပင်ပန်းနေတဲ့အချိန်ဆိုမိတ်ကပ်ဖျက်ဖို့ပိုပျင်းတဲ့ထဲမှာဆို
ဖူးထိပ်ဆုံးကပါ။အဲ့တော့ ရေလေးစွပ်ပြီးအသာလေးဖျက်ရင်းမိတ်ကပ်တွေအလွယ်တကူပျက်တာကော မျက်နှာသစ်ရသလိုပဲမို့လူကfreshတော်တော်ဖြစ်သွားတယ် textureကြောင့်လည်းပါမယ်ထင်တယ်။eye areaဆိုလည်းအသာလေးပဲ။သုံးပြီးတော့ mild soapလေးနဲ့ပြန်ဆေးတော့လည်း အသစ်အတိုင်းပဲ😁

ပြောချင်တာကတော့အပြင်ကပြန်လာရင်မိတ်ကပ်ဖျက်ရမှာပျင်းတဲ့သူတွေအတွက်မျက်နှာတန်းသစ်ရသလိုလေးမို့တော်တော်အဆင်ပြေတယ်😁(အထူးသဖြင့်ကိုယ်လိုငပျင်းအတွက်🤣)

အထုပ်လေးမှာZip lineလေးပါလို့ ပြန်ထည့်ပြီးသိမ်းဖို့လည်းအဆင်ပြေတယ်😎(ဟိုနေရာထားဒီနေရာထားလို့မပျောက်တော့ဘူး🤣)

water proofတွေပါညင်ညင်သာသာလေးပျက်တော့
Micellorသုံးပြီးရင်စပ်ဖျင်းဖျင်းဖြစ်သလိုခံစားရတာကင်းဝေးသွားတယ်။

Eye areaပါအေးဆေးသုံးလို့ရတယ်။ကိုင်ရတာလည်းအားရတယ်(removerလေးကိုပြောပါတယ်😝)

အကြိမ် 300အထိပြန်သုံးနိုင်တယ်ဆိုတော့ တစ်နှစ်နီးပါးလောက်အသုံးပြုနိုင်တော့ Budgetတော်တော်သက်သာတယ်😁နောက်မို့ဆိုcotton padကုန်ရင်ကုန် မဟုတ်ရင် micellorကုန်လို့ ပိုက်ဆံနည်းတဲ့အချိန်ဆိုဗျာများနေရတာ🤣🤣🤣

ပြီးတော့Micro fibers techကြောင့် facial cleaning routeinမှာလည်းသုံးလို့ရတော့တော်တော်အဆင်ပြေတယ်။skincareလိမ်းရင် ပိုထိရောက်တာပေါ့😁

တစ်ထုပ်မှာလည်းနှစ်ခုတောင်ပါတယ်။ပြီးတော့ 7500ထဲဆိုတော့ တော်တော်သက်သာပြီးတွက်ချေကိုက်တယ်လို့ခံစားရတယ်😁

22/08/2020

Giveawayပေါက်တဲ့နှစ်ယောက်Cbကိုလာပေးပါရှင့်😘
ကျန်တဲ့သူတွေလည်း နောက်တစ်ခါGAတွေကြကံကောင်းပါစေ😘
Myo Myint Aung accပိုင်ရှင်နဲ့ Aung Khant Zin accပိုင်ရှင် cbကိုလာပေးပါနော်

Photos from Sharing&caring by V-Phoenix's post 06/08/2020

🚨Giveaway Time🚨

ဖူးအမြဲလည်းဆိုးပြီးReviewတွေလည်းရေးဖူးတဲ့Burmese Dreamနူတ်ခမ်းနီလေးတွေကိုGiveawayလုပ်ချင်ပါတယ်။

Burmese Dreamထဲကမှနောက်ဆုံးထွက်ထားတဲ့colourငါးရောင်ထဲက လူကြိုက်များရေပန်းစားတဲ့ အချစ်နဲ့သနပ်ခါး နှစ်ရောင်ကို Giveawayလုပ်ပေးမှာပါ။

အဲ့နှစ်ရောင်ထဲကမှကြိုက်နှစ်သက်ရာအရောင်ကိုရွေးလို့ရပါတယ်။

22.8.20ရက်ကြရင်ကံထူးရှင် နှစ်ဦးကို pageကနေကြေငြာပေးမှာပါ။

Giveawayမှာပါချင်တယ်ဆိုရင်တော့

1.Pageကိုlike&followလုပ်ပေးပါ။

2.ယခုpostကိုFriendသုံးယောက်ကိုtagလုပ်ပြီးpublicနဲ့shareပေးပါ။

3.Shareတဲ့Postမှာလည်း &caringbyV-phoenixလို့ရေးပေးပြီးshareထားကြောင်းScreenshotကိုpostအောက်မှာမန့်ပေးရပါမယ်။

အကုန်လုံးကံကောင်းကြပါစေနော်။

အောက်မှာGiveawayဖောက်ပေးမယ့်အရောင်လေးတွေပြပေးထားပါတယ်နော်😘

04/08/2020

For my Ladies😘

Photos from Sharing&caring by V-Phoenix's post 14/07/2020

Burmese Dreamရဲ့Nude SeriesလေးတွေကိုReviewရေးမယ်နော်😁😁

အရောင်လေးတွေဘယ်လောက်လှလဲပုံလေးတွေသာကြည့်တော့😁😁

Burmese Dreamကထပ်ထွက်လာတဲ့အရောင်5ရောင်ကတော့
1.သနပ်ခါး
2.ပဲပြုတ်
3.စွယ်တော်
4.အချစ်
5.လက်ဖက်ပါ

Textureကောအရောင်ထွက်အားကောပြောစရာမလိုအောင်ကောင်းပါတယ်။သနပ်ခါးတို့ပဲပြုတ်တို့ဆိုချောကလက်အနံ့သင်းသင်းလေးပါသလိုပဲ😋😋။Australia brandစစ်စစ်မို့Qualityကအထူးပြောစရာမလိုပါဘူး။ဖူးပထမထွက်ပြီးသားအရောင်လေးတွေလည်းReviewရေးပေးဖူးပါတယ်😁အခုအသစ်အရောင်လေးတွေကမိန်းကလေးတိုင်း ဆောင်ထားသင့်တဲ့အရောင်လေးတွေပါ အရမ်းအရမ်းလှပါတယ်။စျေးနူန်းကလည်းအရမ်းfairဖြစ်ပါတယ်။ပေးရတဲ့စျေးနဲ့ရတဲ့Qualityကမထင်ထားလောက်အောင်ပါပဲ။ပုံတစ်ပုံချင်းဆီအောက်မှာစာလေးတွေနဲ့ရှင်းပြပေးထားပါတယ်နော်😘

Dailyဆိုရင်အချစ် လက်ဖက် သနပ်ခါးလေးဆိုးပြီး
hangout /night outဆိုရင်ပဲပြုတ် စွယ်တော်လေးဆိုးမယ်😘
မှာယူချင်တယ်ဆိုရင်လည်းဒီအောက်ကaccမှာလာမှာလို့ရသလို Burmese Dream pageမှာလည်းမှာလို့ရပါတယ်ရှင့်😘

https://www.facebook.com/vphoenix.vphoenix

Photos from Sharing&caring by V-Phoenix's post 13/07/2020

ဖူး reviewမရေးဖြစ်တာကြာပြီ😁
Burmese Dreamရဲ့Nude seriesလေးအကြောင်းမကြာခင်လာမယ်နော်💄💄💄
အခုကအမြည်းလာပြတာ😝😝😝
အချစ်လေးလား သနပ်ခါးလေးလား🤔
ကျန်တဲ့အရောင်လေးတွေလည်းလာမယ်နော်😁😁

01/07/2020

ဒီနေ့ကတော့Homemade Rice maskလေးအကြောင်းပြောပြပေးချင်ပါတယ်။

အရင်ဆုံးRice powderရဲ့အကျိုးအာနိသင်လေးပြောပြပေးချင်ပါတယ်။Rice powderမှာ sun protectionအာနိသင်တွေပါဝင်တာမို့နေလောင်တာ အသားညိုသွားတာမျိုးသက်သာစေပါတယ်။မျက်နှာပေါ်ကအမဲစက်တွေကိုသက်သာစေသလို မျက်ကွင်းညိုတာတွေလည်းသက်သာစေပါတယ်။ကြေးချွတ်အာနိသင်ရှိတာမို့ ဆဲလ်သေတွေကိုလည်းဖယ်ရှားပေးပါတယ်။အသားအရည်ကြည်လင်စေပြီး အဆီပြန်ခြင်းကိုသက်သာစေပါတယ်။

Homemade Rice maskပြုလုပ်နည်း

1.ဆန်မှုန့် ထမင်းစားဇွန်း3ဇွန်း
2.ပျားရည် လက်ဖက်စားဇွန်း1ဇွန်း
3.သံပုရာရည် လက်ဖက်စားဇွန်း1ဇွန်း
4.ရေ သို့မဟုတ် Rosewater သို့မဟုတ် လက်ဖက်ရေကြမ်းအနည်း(အပျစ်အကြဲပေါ်လိုသလောက်ထည့်ပါ)

ဖူးကတော့ပြစ်ပြစ်ထူထူလေးလူးရတာကြိုက်ပါတယ်။
ခြောက်တဲ့အထိထားပြီး ရေနွေးနွေးလေးနဲ့ဆေးချပါ။ပြီးရင် ရေအေးနဲ့ပြန်ဆေးပါ။Tonerလိမ်းပါ။မျက်နှာပေါ်ကဝက်ခြံတွေသိသိသာသာပါးသွားပြီးအသားကြည်လာပါလိမ့်မယ်။အသားလေးလည်းချောလာပါလိမ့်မယ်။
တစ်ပတ်ကို နှစ်ခါမှသုံးခါအထိလုပ်နိုင်ပါတယ်။

Sharing is caringမို့လို့ ကိုယ်လည်းလှပြီးသူများလည်းလှနိုင်အောင်shareဖို့မမေ့ပါနဲ့နော်😘😘

Website

Address

Yangon

Alerts

Be the first to know and let us send you an email when Sharing&caring by V-Phoenix posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.