Madi
Madi 🤍
နေ့စဉ်ဝတ်ဖို့ သက်တောင့်သက်သာဖြစ်တဲ့ စပန့်နဲ့ ချည်ဝမ်းဆက်လေးများ.......
Simple • Soft • Stylish daily outfits 🤍
၂၂၀၀၀တန်ကို ၁၉၅၀၀လေးနဲ့ အရောင်းစဖွင့်ပေးပါ့မယ်ရှင့်။🎉🎉🎊🎊🎈🎈🥁🥁
Bkk ပိုက်ပင်ကြိုးထိုးစပန့် ကော်လံပါ**
Bkk ချည်သားအစင်းဖောင်းကြွ ကော်လံပါ**
လက်တို၊ ဘောင်းဘီရှည်ကြီးတွေပါ။🔔🔔
စပန့်ဝမ်းဆက်လေးဆိုတာ
ဝတ်လိုက်တာနဲ့ သက်တောင့်သက်သာ + လှပမှုကို တစ်ခါတည်းရစေတဲ့ outfit တစ်မျိုးပါ 💕
နေ့စဉ်ဝတ်ဖို့လည်း အဆင်ပြေပြီး
body shape ကိုလည်း natural လှလှလေးပေါ်စေတယ် ✨
အိမ်မှာပဲနေမလား / အပြင်သွားမလား
တစ်ထည်တည်းနဲ့ လုံလောက်တဲ့ comfortပဲနော် 💗
#အမျိုးသမီးတို့လှပဖို့
#ပေါ့ပေါ့ပါးပါးအဝတ်အထည်များ
#အဝတ်အစားဆိုတာစိတ်ချမ်းသာမှုကိုပေးစွမ်းတာပါ
29/06/2026
နေ့တိုင်းဝတ်ဖို့ အရမ်းသက်တောင့်သက်သာဖြစ်တဲ့ စပန့်နဲ့ ချည်ဝမ်းဆက်လေးတွေကို ရရှိနိုင်ပါတယ်။
ဝတ်လိုက်တာနဲ့ ပေါ့ပါးနူးညံ့ပြီး တစ်နေ့လုံးအဆင်ပြေစေတဲ့ အဝတ်အစားလေးတွေပါ။
ရိုးရိုးရှင်းရှင်းလှပြီး နေ့စဉ်အသုံးအတွက် အကောင်းဆုံး outfit လေးတွေကို ရွေးချယ်ချင်ရင် Madi မှာရှိပါတယ်ရှင့်။🤍
#အမျိုးသမီးတို့လှပဖို့
#ပေါ့ပေါ့ပါးပါးအဝတ်အထည်များ
#အဝတ်အစားဆိုတာစိတ်ချမ်းသာမှုကိုပေးစွမ်းတာပါ
29/06/2026
အပြင်ထွက်တဲ့အချိန်မှာတော့ အခြေအနေအရ စိတ်မလွတ်လပ်တဲ့အဝတ်အစားတွေ ဝတ်ရတတ်ပါတယ်။
ဒါပေမယ့် အိမ်ပြန်ရောက်တဲ့အချိန်ကတော့ ကိုယ့်ကိုယ်ကို သက်တောင့်သက်သာ ဖြစ်စေမယ့်အချိန်ပါ။ 💛
ပေါ့ပါးတဲ့ လက်တို၊ ဘောင်းဘီရှည် ဝမ်းဆက်လေးတစ်စုံ ဝတ်လိုက်ရုံနဲ့ တစ်နေ့လုံးပင်ပန်းထားတဲ့ ခန္ဓာကိုယ်လည်း သက်သာသွားသလို စိတ်ပါ လန်းဆန်းပေါ့ပါးသွားစေပါတယ်။
အိမ်မှာနေရင်း သက်တောင့်သက်သာနဲ့ လှလှပပနေချင်ရင်တော့ ဝမ်းဆက်လေးတစ်စုံတော့ မရှိမဖြစ်လိုပါတယ်။ 🤍
#အမျိုးသမီးတို့လှပဖို့
#ပေါ့ပေါ့ပါးပါးအဝတ်အထည်များ
#အဝတ်အစားဆိုတာစိတ်ချမ်းသာမှုကိုပေးစွမ်းတာပါ
22/05/2026
အိမ်တစ်အိမ်ရဲ့ စွမ်းအင်ဟာ
ထိုအိမ်ရဲ့ အိမ်ရှင်မဆီကနေ မြစ်ဖျားခံလေ့ရှိပါတယ်။
ဇနီးဖြစ်သူ စိတ်ချမ်းသာပြီး တပြုံးပြုံးရှိနေတဲ့ အိမ်ဟာ
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အေးချမ်းပြီး နွေး
ထွေးတဲ့ အိုအေစစ်တစ်ခုလိုပါပဲ။
အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ဓာတ်က ကမ္ဘာမြေလိုပဲ
အရာရာကို အားဖြည့်ပေးနိုင်စွမ်း ရှိပါတယ်။
သူ ပျော်ရွှင်နေတဲ့အခါ ယောက်ျားဖြစ်သူကို ပိုပြီး စိတ်အေးချမ်းသာစွာနဲ့ အလုပ်အကျွေးပြုနိုင်တယ်။
သားသမီးတွေကို စိတ်ရှည်လက်ရှည်နဲ့ မေတ္တာပေးပြုစုပျိုးထောင်နိုင်တယ်။
အိမ်ဦးနတ်တွေအနေနဲ့ အပြင်မှာ
ဘယ်လောက်ပဲ ပင်ပန်းပါစေ...
အိမ်ပြန်ရောက်တဲ့အခါ ဆီးကြိုနေတဲ့ ဇနီးသည်ရဲ့
ပျော်ရွှင်တဲ့အပြုံးကို မြင်ရတာဟာ အမောပြေရုံတင်မက
ဘဲ ရှေ့ဆက်ဖို့ ခွန်အားတွေပါ ရစေပါတယ်။
ဒါကြောင့် အိမ်တစ်အိမ်ရဲ့ စီးပွားရေး၊ ကျန်းမာရေးနဲ့
အဖက်ဖက်က တိုးတက်အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်
ဟာ တခြားမှာမဟုတ်ပါဘူး။
ကိုယ့်အိမ်က ဇနီးသည်ကို
စိတ်ချမ်းသာအောင် ထားခြင်းကစတာပါ။
ဇနီးသည် စိတ်အေးချမ်းတဲ့အခါ အိမ်တွင်းရေး သာယာ
ပြီး အမျိုးသားဖြစ်သူက အပြင်လုပ်ငန်းခွင်မှာ အာရုံ
အပြည့်အဝစိုက်ထုတ်နိုင်လို့ စီးပွားရေး ပိုမိုအောင်မြင်
တတ်ပါတယ်။
မိခင်တစ်ယောက်ရဲ့ စိတ်အခြေအနေဟာ
သားသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကြီးထွားမှုကို တိုက်ရိုက်
သ-က်ရောက်စေပါတယ်မိခင်ပျော်ရင် ကလေးတွေလည်း
နွေးထွေးတဲ့ ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်နဲ့
ကြည့်ရှုကြီးပြင်းခွင့်ရပါတယ်။
ဒါကြောင့် မိသားစုကို အဖက်ဖက်က တိုးတက်ချင်တယ်
ဆိုရင် ဇနီးသည်ကို လေးစားပါ၊
တန်ဖိုးထားပါ၊
စိတ်ချမ်းသာအောင် ထားပေးပါ ။
အိမ်ရှင်မ ပျော်တဲ့အိမ်ဟာ
ရေရှည်မှာ ဘုန်းကြီးပြီး လာဘ်ပွင့်မှာ အမှန်ပဲဖြစ်ပါတယ်။
#ပြန်လည်မျှဝေပါသည်
12/05/2026
#ဘုရားတရားမြဲတဲ့ဇနီး
အိမ်ထောင်တစ်ခုမှာ ဇနီးသည်က သီလ၊ သမာဓိနဲ့ ပြည့်စုံ
ပြီး ဘုရားတရား မြဲနေမယ်ဆိုရင် များသောအားဖြင့် အိမ်တွင်းရေးဟာ အမြဲ
အေးချမ်းနေတတ်ပါတယ်။
သာယာနေတဲ့စံအိမ်လေးသဖွယ်ဖြစ်နေတတ်ပါတယ်။
#မိန်းမကောင်းတို့ရဲ့မေတ္တာနဲ့ဆုတောင်းပေးမှုဟာ
#ခင်ပွန်းသည်ရဲ့လောကီစီးပွား
#ဘုန်းကံတွေကိုမြင့်မားစေတဲ့အထောက်အပံ့ကောင်းတစ်ခုပါ။
ခင်ပွန်းသည်ရဲ့ အောင်မြင်မှုတွေနောက်ကွယ်မှာ
ကြည်လင်တဲ့ စိတ်ထားရှိတဲ့ ဇနီးကောင်း တစ်ယောက်ရဲ့ ပံ့ပိုးမှု
တွေ အမြဲရှိနေတတ်ပါတယ်။
ဇနီးက ဘုရားတရားမြဲပြီး မေတ္တာ
ပွားများနေမယ်ဆိုရင် အိမ်ထောင်ဖက်ရဲ့ ဘုန်းကံက
လည်း သိသိသာသာ တောက်ပလာမှာ အမှန်ပါပဲ။ဒါက ကျမတို့ ဗုဒ္ဓဘာသာဝင်အများစုယုံကြည်ထားတဲ့အရာပါ။
ဇနီးကဘုရားတရားမြဲပြီးတော့ကိုယ်ကိုတိုင်က ကားယားကယား ဖြစ်နေလို့လည်းမရပြန်ဘူးပေါ့၊ဇနီးနဲ့အတူ ဘုရားတရားလေး နေ့စဉ်တည်မြဲနေရင်ပိုကောင်းတာပေါ့။
အိမ်ထောင်ရှင်မတွေအတွက် ဘုရားတရားမြဲခြင်းဟာ
ကိုယ့်ကိုကိုယ် စိတ်အေးချမ်းသာရှိရုံတင်မကဘဲ မိသားစုနဲ့
ခင်ပွန်းသည်ရဲ့ ကံဇာတာကိုပါ မြှင့်တင်ပေးရာ အထောက်အပံ့တစ်ခုအဖြစ် ရောက်ပါတယ်။
အိမ်ထောင်ရှင်မတိုင်း ဘုရားတရားနဲ့ မကင်းဘဲ
အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ကြပါစေ။လင်ယောက်ျားတိုင်းတန်ဖိုးထားရတဲ့ဇနီးကောင်း၊အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ပါစေ။
Credit
25/04/2026
မင်္ဂလာပါရှင့် 🌸🌸🌼🌼🌺🌺
Click here to claim your Sponsored Listing.