Htoo Thar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Thar, Health/Beauty, Yangon.
16/01/2025
မိမိပိုင်သမျှအားလုံး "ရွှေ" ပဲ အကုန် မဝယ်ကြပါနဲ့။
၄၀% - ၃၀% - ၂၀% - ၁၀% စည်းမျဉ်းကို ငှဲ့ကြည့်လှည့်ပါအုံး။
" အနာဂတ် ကြွယ်ဝချမ်းသာမှု "
#ပိုင်ဆိုင်မှုကို ငွေကြေးကိန်းဂဏန်းဖြင့်ဖော်ပြသည့်အခါ - အောက်ဖော်ပြပါ (၃) ချက်သည် အဓိက ထည့်သွင်းတွက်ချက်စဉ်းစားရသည့်အရာများဖြစ်လာပါသည်။
- အတိုးနှုန်း
- ငွေကြေးဖောင်းပွမှု (ငွေတန်ဖိုးကျဆင်းမှု)
- ငွေလဲနှုန်း
လုပ်ပုံလုပ်နည်း (နည်းဗျူဟာ) ထက် လုပ်သင့်သည့် မဟာဗျူဟာ (ရည်မှန်းချက်) နည်းလမ်းများသည် မိမိပိုင်ဆိုင်မှု၏
- ( ၁ ) ၄၀% ကို ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ဝယ်ယူစုဆောင်းထားသင့်ပါသည်။ ( ဥပမာ - စိန်၊ ရွှေ၊ နိုင်ငံခြားငွေကြေးနှင့် နိုင်ငံခြားအခြေစိုက် ဘဏ်နှင့် ဘဏ္ဌာရေးအဖွဲ့များတွင် _𝐔𝐒𝐃 , ထိုင်းဘတ်၊ 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐃𝐨𝐥𝐥𝐚𝐫 , တရုတ်ယွမ်၊ အင်္ဂလိပ်ပေါင်စတာလင်၊ စသည့်အရာများဖြင့် ငွေသိမ်းဆည်းခြင်း)
- ( ၂ ) ၃၀% ကို မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ကို ဝယ်ယူစုဆောင်းထားသင့်ပါသည်။ (ဥပမာ - မြေကွက်၊ အိမ်နှင့် ဈေးဆိုင်ခန်း၊ လူနေတိုက်ခန်း၊ ကွန်ဒိုမီနီယံ၊ စသည့်အရာများအတွက် ပြည်တွင်းနှင့် ပြည်ပ နိုင်ငံ အသီးအသီးတွင် )
- ( ၃ ) ၂၀% ကို လုပ်ငန်းပိုင်ဆိုင်ခြင်းတွင် ရင်းနှီးထားသင့်ပါသည်။ (ဥပမာ - နောက်လာမည့် ၅ နှစ် နှင့်အထက်၊ ၁၀ နှစ်၊ နှစ် ၂၀ အထိ ဝင်ငွေရှာရရှိနိုင်မည့် လုပ်ငန်းများတွင်ထည့်ထားခြင်း)
- ( ၄ ) ၁၀% ကို မြန်မာကျပ်ငွေဖြင့် ထားရှိသင့်ပါသည်။ (ဥပမာ - ယခုလတ်တလော တစ်လအတွင်း နှစ်လအတွင်း နေ့စဉ်သုံးစွဲရန်၊ ဝင်ငွေရရှိလည်ပတ်စေမည့် လုပ်ငန်းနှင့် ကျပ်ငွေဘဏ်စာရင်းနှင့် လက်ဝယ်တွင် ငွေသားဖြင့်ထားသင့်ပါသည်။
ဖြင့် လုပ်ဆောင်သင့်ကြောင်း အကြံပြုပါသည်။
Credit to original creator.
Category
Telephone
Website
Address
Alerts
Be the first to know and let us send you an email when Htoo Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
21/04/2025