Dae Wi
Wellness.Health.Beauty
🥰🍀 အသားအရေ လှပဖို့ ဘာတွေလိုအပ်မလဲ 🍀🥰
🏋️♀️🏋️♀️Gym ဆော့ရုံနဲ့ အဆီကျမယ်ထင်နေလား?🏋️♀️🏋️♀️
✨ Diet လုပ်ဖို့ အပြင်စာတွေကို ဝယ်စားနေရင် အကုန်အကျလည်းများသလို သန့်ရှင်းသပ်ရပ်မှု အားနည်းရင် ဘေးထွက်ကျန်းမာရေး ဆိုးကျိုးတွေကို ရနိုင်ပါတယ်ရှင်...✨ ဝီကတော့ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ Greek yogurt လေးကို ကိုယ်တိုင်ပဲ သဘာဝ နွားနို့ စစ်စစ်ကို စနစ်တကျ ဝယ်ယူပြီး အိမ်မှာ သန့်ရှင်းသပ်ရပ်စွာ လုပ်စားပါတယ်ရှင်...✨ Diet လုပ်နေချိန် snack time နဲ့ breakfast time အတွက် ပူစရာသိပ်မလိုတော့ဘူးပေါ့ရှင်🥰🥰🥰
28/06/2026
🤔"အစ်မ... ထမင်းလုံးဝမစားပဲ ဒီလိုပဲစားနေတာ နေနိုင်ရဲ့လား?အာသာရောပြေရဲ့လား??" လို့ အသိမိတ်ဆွေတွေက မေးကြပါတယ်🤔
🥰ဒီမေးခွန်းကို မကြာခဏဆိုသလို မေးကြလွန်းလို့ အခု သေသေချာချာ ဖြေပေးလိုက်ပါပြီနော်! ❤️
(ပုံလေးကို အရင်ကြည့်ပေးပါ 👆)
🥗ဝီ့ရဲ့ နေ့စဥ်စားသောက်မှုပုံစံက "ထမင်းမပါ၊ အသားနဲ့ အသီးအရွက်အဓိက" စားတာပါ... အခု ပုံထဲကလို အရောင်အသွေးစုံလင်ပြီး အာဟာရပြည့်ဝတဲ့ စားစရာလေးတွေကို စားပါတယ်🥗
🍠 ခရမ်းရောင် sweet potato ကစွမ်းအင်ပေးတဲ့ Carbohydrate အဖြစ် စားတာပါ...(ထမင်းထက် အမျှင်ဓာတ်ပိုများပြီး ပိုကျန်းမာစေပါတယ်!)
🍗 ကင်ထားတဲ့ ကြက်သားရင်ပုံကတော့ protein ဓာတ်ပြည့်ဝဖို့ စားပါတယ်...
🥑 Avocado နဲ့ ပြောင်းဖူး ကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Good fats နဲ့ Fibers တွေအတွက် စားပါတယ်
🍅 ခရမ်းချဥ်သီးသုပ်နဲ့ သခွားသီးကတော့ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ ရေဓာတ်ပြည့်ဝဖို့အတွက်ပါ
✨ ကဲ ဒါဆိုရင် အဖြေကတော့ ... နေနိုင်ရုံတင်မကပါဘူး... ပိုပြီးတော့တောင် လန်းဆန်းပေါ့ပါးနေပါတယ်! 💪✨
✅ ပိုပြီးတက်ကြွလာတယ်... ထမင်းစားပြီးရင် အိပ်ငိုက်တာမျိုး မရှိတော့ဘူး...လေးလံထိုင်းမှိုင်းမနေဘူး...
✅ ကျန်းမာရေးပိုကောင်းလာတယ်...ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရစုံကို တိုက်ရိုက်ရလို့ပါ...
✅ သွေးချိုထိန်းရလွယ်တယ်...Carbohydrate များတဲ့ ထမင်းထက်စာရင် sweet potato က သွေးချိုကို ဖြည်းဖြည်းချင်းပဲ တက်စေပါတယ်...
🥰🥗ဒါကြောင့် ဝီ့အတွက်တော့ ထမင်းမစားပဲ နေနိုင်တယ် ...ဒီလို ကျန်းမာတဲ့ အသားနဲ့ အသီးအရွက်တွေကို မစားပဲ မနေနိုင်လောက်အောင် result ကောင်းတွေလည်း ရခဲ့ပြီးပါပြီ... ဝီ့အတွက်ကတော့ ဒါဟာ ကျန်းမာတဲ့ ရွေးချယ်မှုတစ်ခုပါပဲ🥗🥰
✨🥰လှပမှုနဲ့ နုပျိုမှုဆိုတာ ကံကောင်းခြင်းတစ်ခုမဟုတ်ဘူး… ကိုယ်တိုင်တည်ဆောက်ယူရတဲ့ရွေးချယ်မှုတစ်ခုပါ...🥰✨
💯လူတိုင်းက လွယ်လွယ်ကူကူလှချင်ကြတယ်...
💯လူတိုင်းက ပင်ပင်ပန်းပန်းမလုပ်ဘဲ fit ဖြစ်ချင်ကြတယ်…ဒါပေမယ့် အမှန်တရားကတော့ ... လွယ်လွယ်နဲ့ ရတဲ့အရာဟာ ရေရှည်မခံသလို တန်ဖိုးထားမခံရတတ်ပါဘူး...
😓Gym မှာတစ်ခါတစ်လေ ပင်ပန်းမယ်
😓Diet လုပ်ရတာ စိတ်ရှုပ်မယ်
😓Discipline တွေ လိုက်နာရတာ ခက်မယ်
🥰💪ဒါပေမယ့် အဲ့ဒီနေ့တိုင်းရဲ့ effort တွေကပဲ နောက်နှစ်ပေါင်းများစွာအတွက်မှာ ဝီတို့ကိုပိုလှစေတယ်၊ ပိုယုံကြည်မှုရှိစေတယ်၊ ပိုနုပျိုစေပါတယ် 💪🥰
✨နုပျိုလှပချင်ရင်
စိတ်ကူးသက်သက် မဟုတ်ဘဲ action နဲ့သက်သေပြရမယ်...✨
💪Let's become the best version of
ourselves—together.💪💪💪
🤔Diet လုပ်တယ်ဆိုတာ ဝိတ်ချဖို့အတွက်ပဲလို့ လူအများစုက ထင်ကြတယ်...ပိန်ချင်လို့ အစားတွေ လျှော့စားတယ်လို့ပဲ ထင်မြင်နေကြတုန်းပဲလား🤔
✨တကယ်တော့ Diet ရဲ့ ရည်ရွယ်ချက်က ခန္ဓာကိုယ်ပိန်ပြီး body weight ကျဖို့ထက် Well-aging လို့ခေါ်တဲ့ ကျန်းမာနုပျိုစွာ အသက်ကြီးသွားဖို့ပဲဖြစ်ပါတယ်....✨
🔥ဒီနေ့စားတဲ့ အစားအစာတိုင်းက နောင် ၁၀ နှစ်၊ အနှစ် ၂၀ အကြာမှာ ကိုယ့်ခန္ဓာကိုယ် ဘယ်လိုဖြစ်မလဲဆိုတာကို အများကြီး သက်ရောက်မှုရှိပါတယ်... 🔥
♦️❌Diet ဆိုတာ ဗိုက်ဆာခံပြီး အစားလျှော့စားတာ မဟုတ်ဘူး...❌♦️
💪🥗🌮🥙ကိုယ်ခန္ဓာလိုအပ်တဲ့ အာဟာရဓာတ်တွေကို စနစ်တကျ ရွေးချယ်ကျွေးမွေးတာပါ...
Protein က ကြွက်သားထိန်းပေးတယ်...အရောင်စုံ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidants တွေ ဖြည့်ပေးတယ်...အာဟာရပြည့်ဝတဲ့ အစားအစာတွေက ရောင်ရမ်းမှုကို လျှော့ချပေးပြီး နာတာရှည်ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတယ်...🥙🌮🥗💪
🍀ဝိတ်ကျအောင် လုပ်နိုင်တဲ့သူ အများကြီးရှိတယ်....ဒါပေမယ့် အသက်ကြီးလာတဲ့အထိ ကျန်းမာသန်စွမ်းပြီးအရည်အသွေး ပြည့်မှီတဲ့ life style ကောင်းကောင်းနဲ့ နေနိုင်ဖို့ စီမံနိုင်တဲ့သူက အလွန်ပဲ နည်းပါတယ်....🍀
💪🥗🥰ဒါကြောင့် Diet ကို ဝိတ်ချဖို့အတွက်ပဲ ထင်ပြီး အမှုမဲ့ အမှတ်မဲ့ မနေလိုက်ပါနဲ့...နုပျိုကျန်းမာစွာ အသက်ရှည်နေနိုင်သွားမယ် Well Aging အတွက်ဆိုတာကို သေချာသိပြီ စနစ်တကျ ကြိုးစား လုပ်ကြည့်ပါ🥰🥗💪
🥰အနာဂတ်က ကိုယ့်ကိုယ်ကို ဒီနေ့ရဲ့ ရွေးချယ်မှုတွေအတွက် ကျေးဇူးတင်နေပါလိမ့်မယ်🥰
🥰 ဝီတို့ တူတူလှပဖို့ Diet လုပ်ကြစို့ 🥰
🏋️♀️🏃♀️"Gym မှာ work out မျိုးစုံလုပ်နေရုံနဲ့ weight မကျပါဘူး...🥗🥗အစားလျှော့စားမှ ဝိတ်ကျမယ်" ဆိုတာ မှန်ပါတယ်။
🙅ဒါပေမယ့် "ဘာမှမစားဘဲ နေမှ ဝိတ်ကျမယ်" ဆိုတာတော့ မမှန်ပါဘူး🙅
🚨🚨Gym မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်တယ်၊ အစားအသောက်ကို ထိန်းတယ်၊ Calories ကို စီမံတယ်။ ဒါပေမယ့် ဒူးရင်းသီးစားတာမြင်လိုက်တာနဲ့...
"အဲ့လိုစားပြီး ဝိတ်ကျမှာလား?" "Diet လုပ်နေတာ မဟုတ်ဘူးလား?"
လို့ မေးတတ်ကြတယ်။🚨🚨
♦️ဒူးရင်းသီးမှတင်မဟုတ်ပါဘူး...အသား အခေါက် ဆန် ဂျုံ ပြောင်း အားလုံးတူတူပါပဲ...
♦️Diet ဆိုတာ အစားအစာတစ်မျိုးလုံးကို ဘဝကနေ ဖျက်ပစ်တာ မဟုတ်ဘူး... ♦️Calories ကို ထိန်းချုပ်ပြီး ကိုယ်ကြိုက်တာကို သင့်တင့်တဲ့ ပမာဏနဲ့ စားတတ်တာပါ...
🚨လူတော်တော်များများ ဝိတ်ချဖို့ မအောင်မြင်တာက Work out တွေကစားပြီး diet မစားလို့ မဟုတ်ဘူး... Consistency မရှိလို့ပါ🚨
တစ်ပတ်လောက် အငတ်ခံပြီး Diet လုပ်မယ်... ပြီးရင် Cheat Day ဆိုပြီး အကုန်ပြန်စားမယ်... Gym ကို တစ်ရက်သွား၊ သုံးရက်နားမယ်...
🚨အဲ့ဒါက ပြဿနာပါ🚨
💯Fat loss ဖြစ်ဖို့အတွက် အရေးကြီးဆုံးက calorie Balance နဲ့ Consistency ပါပဲ...💯
💪💪ကျန်းမာနုပျိုစွာ ဝိတ်ကျချင်ရင် စိတ်ရှည်ရပါမယ် ... ဝီလည်း ခုထိ ဝီလိုချင်တဲ့ target ကိုမရောက်သေးပေမယ့် ... Consistency ရှိပြီး ပန်းတိုင်ရောက်အောင် ကြိုးစားပြီး လျှောက်လှမ်းနေပါတယ် ...💪💪
🔥💪တစ်ခုတော့ရှိတာပေါ့ Knowledge မရှိဘဲ Restriction လုပ်တာထက်, Knowledge ရှိပြီး Consistency နဲ့ သွားတာက လိုချင်တဲ့ target ရောက်ဖို့ ပိုဝေးဝေးရောက်နိုင်ပါတယ် 💪🔥
🥰ဒါကြောင့် ဝီက ဝီကိုယ်တိုင် လေ့လာပြီး စနစ်တကျ လိုက်နာကျင့်သုံးလို့ ရတဲ့ Good result တွေကို sharing လုပ်ပေးနေတာပါ🥰
🥰💪🥰💪 အားလုံးပဲ ဝီနဲ့တူတူ ကျန်းမာ နုပျိုလှပတဲ့ body တစ်ခုကို ပိုင်ဆိုင်နိုင်အောင် တူတူကြိုးစားကြမယ်နော် 🥰💪🥰💪
🥰လှချင်ရင် အိပ်ရေးဝအောင်အိပ်ပါ🥰
07/06/2026
😴😴😴အိပ်ရေးပျက်တာက အသားအရေကို ပင်ပန်းနွမ်းနယ်စေပြီး အရွယ်မတိုင်ခင် Sagging Skin (အသားအရေတွဲကျခြင်း) နဲ့ Turkey Neck (လည်ပင်းအသားတွဲကျခြင်း) ဖြစ်ဖို့ လွယ်စေပါတယ်
🚨ဘာလို့လဲဆိုတော့…ညဘက်အိပ်တဲ့အချိန်မှာ ခန္ဓာကိုယ်က Collagen နဲ့ Elastin ကို ပြန်လည်တည်ဆောက်ပေးတာပါ.... ဒီ ၂မျိုးက အသားအရေကို တင်းရင်းစေတဲ့ အဓိကအရာတွေပါ။🚨
🚨ဒါပေမယ့် အိပ်ရေးမဝရင်
▪️ Collagen ထုတ်လုပ်မှု လျော့ကျလာမယ်
▪️ Stress Hormone (Cortisol) တက်လာမယ်
▪️ အသားအရေ Repair လုပ်နိုင်စွမ်းကျလာမယ်
▪️ Skin Elasticity လျော့ပြီး အသားအရေနဲ့ အရေပြား တဖြည်းဖြည်းတွဲကျလာမယ်
🚨အထူးသဖြင့် လည်ပင်းနေရာက Skin က ပါးလွှာလို့ Turkey Neck ပိုဖြစ်လွယ်ပါတယ်...🚨
ဒါကြောင့် နုပျိုကျန်းမာချင်ရင်
Skincare တစ်ခုတည်းကို ထိန်းသိမ်းရတာမဟုတ်ပါဘူး
✔️ အိပ်ရေးဝဝအိပ်မယ်
✔️ ရေများများသောက်မယ်
✔️ Protein နဲ့ Healthy Fats တွေကိုစနစ်တကျ စားမယ်
✔️ Sunscreen လိမ်းမယ်
ဒါတွေဟာလည်း Anti-aging အတွက် အရမ်းကို အရေးကြီးပါတယ် ✨
“Good skin starts with good sleep.” 😴🤍
🥰😴 Good night 😴🥰
Click here to claim your Sponsored Listing.