Beauty With Me
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty With Me, Health/Beauty, Yangon.
12/09/2024
2500နဲ့ ထီကံစမ်းကြမယ်
17/08/2024
Morning Daily Need လေးတွေဈေးအပြောင်းအလဲရှိပါတယ်နော်
05/05/2024

#လောင်ဇူး ပါးရိုက်ခံရခြင်း
တခါတုန်းက ချုင်မင်းဆက်
တရုတ်ပြည်မှာ
ဘုရင့်ကိုးကွယ်ခံ
ပညာရှိကြီး လောင်ဇူးက
သူ့တပည့်တပန်းများနဲ့
အတူ
လူစည်စည် လမ်းလယ်
လမ်းခွဆုံမှာ
မေတ္တာတရားအကြောင်း
ဟောပြောနေသတဲ့။
အဲ့အချိန်မှာ တရုတ်ပြည်ဟာ
အနောက်ဘက်အရပ်က
လူရိုင်းတွေရဲ့
ထိုးနှက် လုယက်မှုကို
အပြင်းထန်
ခံနေရချိန်ဖြစ်လို့ တွန်းလှန်ဖို့
ကြိုးစားနေရချိန်ဖြစ်တယ်။
လောင်ဇူးက လူတွေကို
မေတ္တာတရား ထားရမယ်။
နေရာ အသားရောင်
လူမျိုးမရွေး
သည်းခံရမယ် အတူတူ
ဆုတောင်းပတ္ထနာ
ပြုကြရမယ် စသဖြင့်
ဟောပြောနေတာပေါ့။
အဲ့အချိန်မှာ လောင်ကွန်း
ဆိုတဲ့
လူငယ်လေးတစ်ယောက်
ရောက်လာပီး
လောင်ဇူးကို
ဘာမပြောညာမပြော
ပါးဆွဲရိုက်သတဲ့။
လူတွေရှေ့မှာလဲ ဖြစ်
တပည့်တပန်းတွေ
ရှေ့မှာလဲ ဖြစ်တော့
လောင်ဇူးဟာ ရှက်လဲရှက်
ဒေါသလဲထွက်ပီး
သူ့တပည့်တွေကို
အဲ့ကောင်ကို ဖမ်းပီး
နာနာဆုံးမလိုက်စမ်း လို့
အမိန့်ပေးတယ်။
အဲ့မယ် သူတပည့်တွေက
လောင်ကွန်းကို
သွေးစသွေးနတွေ
ထွက်လာသည်ထိ
ဝိုင်းဝန်းထိုးကြိတ်ကြသတဲ့။
လူတွေလဲ ဝိုင်းဝန်း
အုတ်အုတ် ကျက်ကျက်
ရောက်လာပြီး
ဖြန်ဖြေကြတယ်။
လွတ်သွားပီ ဖြစ်တဲ့
လူငယ်လေး
လောင်ကွန်းဟာ ပြုံးစစ နဲ့
လောင်ဇူရဲ့ စင်မြင့်ပေါ်
တက်သွားတယ်။
ပီးတော့ သူက လူတွေကို
လှမ်းအော်ပြောတယ်။
ဒီမယ် ကိုယ့်လူတို့ ...
လူတွေကလဲ စိတ်ဝင်တစားနဲ့
ဝိုင်းမော့ကြည့်ကြတယ်။
ပညာရှိကြီး လောင်ဇူးပြောတဲ့
လူတွေကို
မေတ္တာတရား ထားရမယ်။
နေရာ အသားရောင်
လူမျိုးမရွေး သည်းခံရမယ်
အတူတူ ဆုတောင်း
ပတ္ထနာပြုကြရမယ်
စသဖြင့်
ဟောပြောနေတာ မှန်ပါတယ်။
ပြောရင်း သူ့ပါးစပ်က
ထွက်လာတဲ့
သွေးတွေကို သုတ်တယ်။
ပီးတော့ သွေးပေနေတဲ့
သူ့လက်ကို မြှောက်ပြရင်း
အဲ့ဒါဟာ ကိုယ့်ပါးကို
လာမရိုက်ခင်ထိပါပဲတဲ့။
လူအုပ်ကြီးကလဲ ဝိုင်းပီး
လက်ခုပ်တီးကြတာပေါ့လေ။
သူက
လောင်ဇူးဘက်ကိုလည်း
လှည့်ပြောလိုက်တယ်။
ခင်ဗျားလို
လုံခြုံစိတ်ချတဲ့နေရာမှာ
နေရရင်တော့ ဘယ်သူ့ကိုမဆို
မေတ္တာထားဖို့
လွယ်ကူပါတယ်။
ဒါပေမယ့် လူတိုင်းဟာ
ခင်ဗျားလို
မနေရတာ သိထားပါတဲ့။
Crd*
05/05/2024
ကိုယ့်အိမ်ရဲ့🚽🚽🚽🚽ထဲ နေရာယူထားတဲ့ ပစ္စည်းလေး
#အမျိုးသမီးနေ့စဉ်သုံး
05/05/2024
Morning 💐💐💐
ကျေးဇူးတင် အကောင်းမြင်စိတ်လေးနဲ့ တနေ့တာကို ဖြတ်သန်းကြမယ်နော်
04/05/2024
ယူတို့ကရော ဘာပိုင်လဲ😝😝😝
04/05/2024
Lavender ပန်းလေးကပြောတယ်🪻💜
" ငါ့ဆီပြန်လာတဲ့အထိ ငါစောင့်နေပါ့မယ် "တဲ့
🌻
03/05/2024
"ငါဘာလုပ်လုပ်
ငါ့ကိုအကောင်းမမြင်ဘူးဆိုပြီး
အကောင်းမမြင်သူတွေရဲ့ရှေ့မှာ
ကိုယ့်ကိုကိုယ် နိမ့်ကျခံပြီးအားငယ်မပြနဲ့
"အမှန်တကယ်တော့
အကောင်းမြင်တတ်တဲ့သူက
မင်းဘာလုပ်လုပ်
ချစ်ခင် နှစ်သက်တတ်ကြသလို...
"အကောင်းမမြင်တတ်သူက
မင်းဘာမှ မလုပ်ပဲနေလဲ
အပစ်တင် ကဲ့ရဲ့တတ်ကြတယ်။.........,,,
01/05/2024
💁🏻♀️ သင့်မှာ ဒီလိုစစ်မှန်တဲ့ သူငယ်ချင်းရှိရင် တန်ဖိုးထားပါ💗
✨ စစ်မှန်တဲ့ သူငယ်ချင်းကောင်း တစ်ဦးဆီမှာ
တွေ့ရမယ့် လက္ခဏာ ၉ ချက် 🫂
လူတစ်ရာကို ခဏလေးအတွင်း သူငယ်ချင်းလုပ်ဖို့ လွယ်ကူပေမယ့် စစ်မှန်တဲ့ သူငယ်ချင်းတစ်ယောက်ကို ရရှိဖို့တော့ ခက်ခဲပါတယ်။ ဘဝမှာ အတုအယောင် သူငယ်ချင်းတွေ အများကြီးရှိဖို့ထက် စစ်မှန်တဲ့ သူငယ်ချင်း တစ်ယောက်ရှိဖို့က ပိုအရေးကြီးပါတယ်။
ကိုယ့်သူငယ်ချင်းက ကိုယ့်အတွက် စစ်မှန်တဲ့သူငယ်ချင်း ဟုတ်၊ မဟုတ်ကို အချက် ၉ ချက်နဲ့ သုံးသပ်ကြည့်ရအောင်။
1. ကောင်းတဲ့အချိန်မှာရော၊ ဆိုးတဲ့အချိန်မှာရော ကိုယ့်အနားမှာ သူရှိနေခဲ့ပါတယ်။ အရာရာကို မျှဝေခံစားပေးခဲ့ပါတယ်။
2. ကိုယ့်အတွက်ဆို အချိန်ပေးနိုင်တယ်။ ဆက်သွယ်ရတာ လွယ်ကူပြီး အမြဲလိုလို အဆင်သင့်ရှိနေတတ်ပါတယ်။
3. ကိုယ့်ရဲ့ ရင်ဖွင့်သံတွေကို အမြဲတမ်းနားထောင်ပေးတယ်။ တိုင်ပင်ပေးတယ်။ အကြံပေးတယ်။ အားပေးဖေးမတယ်။
4. သူနဲ့ကိုယ့်ကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိသလောက်ပါပဲ။ ကိုယ့်အကြောင်းကို ကိုယ့်ထက်တောင် သူက ပိုသိနေသလိုပါပဲ။
5. အလိုမလိုက်ပါဘူး။ လမ်းမှားမရောက်အောင် အမြဲ ဂရုစိုက်ပေးပါတယ်။ ကိုယ်ဒုက္ခရောက်မယ့်အရာတွေဆို အမုန်းခံပြီး တားဆီးတတ်ပါတယ်။
6. သူနဲ့အတူရှိနေတဲ့အချိန်ဆို လွတ်လပ်ပြီး ပျော်ရွှင်ရပါတယ်။ အချိန်ပြည့် ဟာသတွေဖြစ်နေပြီး ရယ်မောနေရပါတယ်။
7. ကိုယ့်ရဲ့ဖြစ်တည်မှုမှန်သမျှကို သူက လက်ခံပြီးသားဖြစ်ပါတယ်။ ကိုယ့်အပေါ် နားလည်မှု အပေးနိုင်ဆုံးသူလည်း ဖြစ်ပါတယ်။
8. ကိုယ့်ရဲ့မကောင်းကြောင်းကို ဘယ်တော့မှ အတင်းတုပ်မယ့်သူ မဟုတ်ပါဘူး။ သူများသွေးထိုးရင်တောင် သူက ကိုယ့်ဘက်ကပဲ ရပ်တည်မယ့်သူဖြစ်ပါတယ်။
9. သစ္စာရှိပါတယ်။ ကိုယ့်အနောက်မှာ အမြဲရပ်တည်နေပြီး ကိုယ့်နောက်ကျောကို ဘယ်တော့မှ ဓားနဲ့ထိုးမယ့်သူ မဟုတ်ပါဘူး။
“ကမ္ဘာပေါ်မှာ သင့်အတွက် စစ်မှန်တဲ့သူငယ်ချင်းကောင်း တစ်ယောက်ရှိနေပြီဆိုရင် သင်အရမ်းချမ်းသာနေပါပြီ” လို့ Alistair Begg က ဆိုထားပါတယ်။
ဒါကြောင့် ကိုယ့်သူငယ်ချင်းက ကိုယ့်အပေါ် စစ်မှန်တာသေချာရင် သူ့ကို တန်ဖိုးထားပါ။ ဂရုစိုက်ပါ။ ကိုယ့်ကလည်း သူ့အတွက် စစ်မှန်တဲ့သူငယ်ချင်းတစ်ယောက်ဖြစ်အောင် နေထိုင်ပါ။ သူငယ်ချင်းဆိုတာ ဘဝအတွက် တန်ဖိုးအရှိဆုံးသူတွေ ဖြစ်ပါတယ်။ ချစ်သူ၊ ရည်းစားထက်တောင် အဖိုးတန်ပါတယ်။
🌻🤍
---
30/04/2024
အခုချိန် လိုနေတာလေး
30/04/2024
Morning
Category
Telephone
Website
Address
Alerts
Be the first to know and let us send you an email when Beauty With Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.