May Lily
* If you can't stop thinking about it....Buy it!!
* I believed that we can build together beautiful
19/10/2021
Today I learned....
👍 Never Stop trying....
👍 Never stop believing....
👍 Never give up...
👍 Your day will come...
18/10/2021
🌜Sweet Dream & Sound Sleep😘🌛
18/10/2021
🙏🙏🙏မဂ်လာပါ🙏🙏🙏
29/08/2021
👉 Skin Careဆိုတာက ပျက်စီးနေတဲ့အသားရည်ကို ပြန်ပြီးကျန်းမာလာအောင် အသားရည်ကကြည်ပြီးပြန်ကောင်းလာဖို့ သုံးရတဲ့ ပစ္စည်းတွေပါ
👉 အသားရည်တွေ အရင်ကထက်နုပျိုလာအောင်ဘယ်လိုလုပ်ရမလဲ⁉👩🏻👩🏻
🌟 ကိုယ့်အသားရည်အမျိုးအစားကို သိထားဖို့
လိုပါတယ်
ဥပမာ_ကိုယ်က ဝက်ခြံထွက်တဲ့သူလား
အဆီပြန်တတ်တဲ့သူလား
အသားခြောက်တဲ့သူလား
ပုံမှန်အသားရည်သမားလား
စန်းစန်းတင့်အသားရည်သမားလား ဆိုတာအရင်သိရမယ်နော်
🌟 ကိုယ့်အသားရည်ကို ကိုယ်သိသွားပြီးဆိုရင်
Skin Careဝယ်မယ်
🌟 မသုံးမဖြစ်တဲ့ အခြေခံSkin Careအဆင့်လေးတွေ ရှိပါမယ်....
🌟အခြေခံလိုအပ်တဲ့ Skin Careအဆင့်တွေက
1. မျက်နှာသစ်ဆေး
2. Toner
3. Moisturizer
4.0Sunscreen
စလုပ်တော့မဲ့သူတွေအတွက်မရှိမဖြစ်တဲ့အခြေခံ 4 ဆင့်ပါ....
Skin Careအဆင့်တွေက အများကြီးရှိတယ်
ဒါပေမဲ့ ဒီအခြေခံ (4)မျိုးကတော့ မရှိမဖြစ်လိုအပ်တဲ့ အဆင့်တွေပါ....
ပုံမှန်လေး အချိန်ပေးပြီး လုပ်ကြည့်ပါ
Careမလုပ်ခင်က အသားရည်နဲ့
Careလုပ်ပြီး အသားရည်ရဲ့ကွာခြားမှုကို သိသိသာသာ တွေ့မြင်နိုင်မှာပါ....
ရင်း လှသထက်လှကြပါစေ....
29/08/2021
🌟 တကယ် အဖိုးတန်ပြီး သွေးမခဲအောင် အသက်ကယ်နိုင်တဲ့ လေ့ကျင့်ခန်းပါ....
🌟 အားလုံးလည်း လိုက်လုပ်ဖို့လွယ်ပီး အကျိုးထိရောက်မှုရှိလို့ တစ်ဆင့်ပြန်လည်မျှဝေလိုက်ပါတယ် ....
#ကျန်းမာပျော်ရွှင်ကြပါစေ
28/08/2021
Skincare အဆင့်ဆင့်ကို ဘယ်လိုသုံးကြလဲ?
ဘယ် Product တွေ ဘယ် Step တွေ သုံးဖြစ်ကြလဲ??
Skincare တွေ၀ယ်တဲ့အခါ၊ Treatment လုပ်ပြီးတဲ့အခါ အသားအရည်ထိန်းသိမ်းဖို့ Skincare ဘယ် Step တွေ ဘယ်လိုလိမ်းရမလဲ မေးကြတဲ့အတွက် နေ့စဉ်လိမ်းသင့်တဲ့ အခြေခံ Skincare Steps လေးတွေကို Share ပေးလိုက်ပါတယ်နော်။
Skincare routine ရဲ့ အခြေခံအကျဆုံးကတော့ Cleanser (Facial Foam), Toner, Moisturizer ဖြစ်ပါတယ်။ အဲဒါကိုမှ Day Time ဆိုရင် နေလောင်ကာ Sunscreen လေးကို နောက်ဆုံးအဆင့်မှာလိမ်းပေးလိုက်ရင် Day Time Skincare Routine လေးက အခြေခံလေးပြည့်စုံပါပြီ။ Skincare ပြီးပြီဆိုရင် Cosmetic တွေ စလိမ်းလို့ရပါပြီနော်။
ညဘက်ကတော့ တနေကုန်လိမ်းထားတဲ့ Cosmetic နဲ့ လေထုထဲက ဖုန်မှုန့်အညစ်အကြေး၊ ချွေးပေါက်တွေထဲက တနေကုန်ထွက်ထားတဲ့ အဆီနဲ့ချွေးတွေ .. အစရှိတာတွေကို သေချာပြန်သန့်စင်ပေးရမှာဖြစ်လို့ Step တွေပိုများပါတယ်။ အရင်ဆုံး မိတ်ကပ်နဲ့ cosmetic တွေကို ဖျက်ဖို့ Make Up Remover အဆင့်က လိုအပ်ပါတယ်နော်။ အဲဒါအပြင် Toner မတိုင်ခင်မှာ ချွေးပေါက်ထဲက ဆဲလ်အသေတွေ၊ မိတ်ကပ်အညစ်အကြေးတွေကို သေချာသန့်စင်ပေးမယ့် Exfoliator အဆင့်ကိုပါ ထပ်တိုးလိုက်မယ်ဆိုရင် ချွေးပေါက်လေးတွေသန့်စင်ပြီး နောက်အဆင့်တွေမှာလိမ်းမယ့် Skincare တွေကို မျက်နှာအသားအရည်က သေချာစုပ်ယူနိုင်မှာပါ။ နောက်ဆုံးအဆင့်အနေနဲ့ အသားအရမ်းခြောက်တဲ့သူတွေဆိုရင် Moisturizer အပြင် Sleeping Mask တွေကိုလည်း တစ်ခါတစ်ရံမှာ အသုံးပြုနိုင်ပါတယ်နော်။
မနက်မိုးလင်းပြီဆိုရင်တော့ ပုံမှန်အတိုင်း Cleanse > Tone > Moisturize အခြေခံအဆင့်တွေကိုဘဲ ပြန်လုပ်ရင်ရပါပြီ....
21/08/2021
#ဝါခေါင်လပြည့်နေ့-မေတ္တာအခါတော်နေ့(၂၂.၈.၂၀၂၁)
#ဝါခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့) မှာ အားလုံး မေတ္တာလွှမ်းခြုံလို့ ဘေးအန္တရာယ် ကင်းရှင်း အေးချမ်းနိုင်ကြပါစေ 🙏🙏🙏
#မင်မင်နဲ့အတူမေတ္တာသုတ်တူတူရွတ်ပီးမေတ္တာပို့ကုသိုလ်ယူကြရအောင်🙏
#ဝါခေါင်လပြည့်နေ့
#မေတ္တာအခါတော်နေ့
21/08/2021
22.8 2021🙏
#ဝါခေါင်လပြည့်-မေတ္တာအခါတော်နေ့🙏 #
ဝါခေါင်လပြည့်-မေတ္တာအခါတော်နေ့ဟူသည်-
====================
မြတ်စွာဘုရား သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာ
သီတင်းသုံးတော်မူစဉ်အခါက ရဟန်းတော်အပါး ငါးရာတို့ဟာ
ဝါခေါင်လတွင် ဘုရားရှင်ထံမှ ကမ္မဌာန်းတရား နာယူခဲ့ကြပါတယ်။
အဲဒီနောက် ကမ္မဌာန်းတရားအားထုတ်ကြဖို့ သာဝတ္ထိပြည်မှ
တစ်ယူဇနာဝေးသော တောအုပ်တစ်ခု၌ ဝါကပ်ကာ ရဟန်းတရားကို
အားထုတ်ကြပါတယ်။
ရဟန်းတော်များဟာ သစ်ပင်တစ်ပင်စီရဲ့အောက်မှာ တပါးကျစီ
ကမ္မဌာန်းတရားအားထုတ်ကြတဲ့အခါ မြင့်မြတ်တဲ့
ရဟန်းတော်များရဲ့ သီလအစွမ်းကြောင့် ရုက္ခစိုးများဟာ
သစ်ပင်တွေပေါ်မှာ မနေနိုင်ကြတော့ဘဲ
အောက်သို့ဆင်းပြီး ဆင်းရဲစွာ
နေထိုင်ကြရပါတယ်။
ပထမတော့ ခဏတဖြုတ်ပဲ သီတင်းသုံးကြပီး ပြန်ကြွမယ် ထင်လို့
သည်းခံကြပေမယ့် ရက်ကြာလာတော့ သည်းမခံနိုင်တော့ဘဲ
ကြောက်မက်ဖွယ် အဆင်း၊အသံ၊အနံ့ စက်ဆုပ်ဖွယ်အမူအရာ စသည်တို့ဖြင့်
အမျိုးမျိုး ခြောက်လှန့်ကြပါတယ်။
ထိုအခါ ရဟန်းတော်များဟာ တရားကို ကောင်းစွာအားမထုတ်နိုင်ကြတော့ဘဲ
မြတ်စွာဘုရားထံပြန်၍ အကြောင်းစုံကို လျှောက်ထားကြပါတယ်။
ထိုအခါမြတ်စွာဘုရားက
ဝါခေါင်လပြည့်နေ့မှာ ထိုရဟန်းတော်များကို
လူ နတ် ဗြဟ္မာ သတ္တဝါတို့ ချစ်ခင် နှစ်သက်စေတဲ့ (မေတ္တသုတ်)
ပရိတ်တော် တရားတော်ကို ဟောကြားတော်မူပါတယ်။
ထိုရဟန်းတော်များကိုလဲ
သူတို့နှင့် သင့်တော်ရာအရပ်ကို
ဆင်ခြင်တော်မူရာ
အခြားနေရာကိုမမြင်မူ၍ မူလတရား အားထုတ်ရာ အရပ်သို့သာ
ပြန်သွားစေပြီး မေတ္တသုတ်ပရိတ်တော် တရားတော်ကို ရွတ်ပွားစေပါတယ်။
မေတ္တသုတ်ပရိတ် တရားတော်ရဲ့ တန်ခိုးအာနုဘော်ကြောင့် တောအုပ်မှ ရုက္ခစိုးနတ်တို့လည်း
မနှောက်ယှက်ကြတော့တဲ့အပြင် ရဟန်းတော်များကိုလည်း
ချစ်ခင်မြတ်နိုးလာပြီး တံမြက်လှည်းခြင်း၊သောက်သုံး
ရေတည်ခြင်းစသော ဝေယျာဝေစ္စများ ပြုလုပ်ကာ ဘေးရန် မရှိရလေအောင်
စောင့်ရှောက်ပေးကြပါတယ်။
ရဟန်းတော်လည်း ထိုအခါမှ တရားကို ဖြောင့်ဖြောင့်
အားထုတ်နိုင်ပြီး ဝါတွင်းကာလ မကျွတ်ခင်မှာပဲ ရဟန်းတော်များအားလုံး
အာသဝေါကုန်ခန်းကာ ရဟန္တာများဖြစ်သွားကြပါတယ်။
ထိုကဲ့သို့
မြတ်စွာဘုရားရှင်သည် ဝါခေါင်လပြည့်နေ့မှာ
ရဟန်းတော်အပါး ငါးရာတို့ကို အကြောင်းပြုကာ မေတ္တသုတ်ပရိတ်တော် ကို
ဟောကြားတော်မူတာဖြစ်လို့ ဝါခေါင်လပြည့်နေ့ကို
"မေတ္တာအခါတော်နေ့" ဟူ၍
သတ်မှတ်ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
25/01/2021
အားလုံးစိတ်ချမ်းသာ၍ကိုယ်ကျန်းမာပြီး
လိုရာပြည့်ကြပါစေကြောင်းဆုမွန်တောင်းလိုက်ပါတယ် 🙏🙏🙏
07/01/2021
#ကျန်းမာစွာလှနိုင်ဖို့အိပ်ယာဝင်ခါနီးရေတစ်ခွက်သောက်ပါ🥛🥛🥛
🥛 အိပ်ယာဝင်ခါနီး ရေတစ်ခွက် သောက်ပြီး အိပ်ပါက နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
🥛 နှစ်ခြိုက်စွာအိပ်ပျော်စေပြီး ခန္ဓာကိုယ် အတွက် ခွန်အားရှိစေမှာ ဖြစ်ပါတယ် ။
🥛 ရေသောက်ပြီး အိပ်ခြင်းက မျက်နှာအဆီပြန်ခြင်းကို လျော့နည်း စေပြီး အသားအရေ အတွက်လည်း ကောင်းမွန်စေတာကြောင့် ရေတစ်ခွက် သောက်ပြီးမှ အိပ်စက်ဖို့ အကြံပြု.ပါရစေ။
to ကျော်လင်းနိုင် ကျန်းမာရေး နှင့် အလှအပ သတင်းများ
's💖 လေးတွေ ညအိပ်ရာမ၀င်ခင် #ရေတစ်ခွက်သောက်ပီးအိပ်ဖို့ မမေ့နဲ့နော်👍👍👍
Category
Telephone
Website
Address
Yangon
11111
Alerts
Be the first to know and let us send you an email when May Lily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.