Galaxy
ပစ္စည်းမှန်ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်။
ဆေး သ က် တ မ်း Expiry date နှင့် အာနိသင်
ကျွန်မက ဗဟုသုတတွေ ဝေမျှပေးနေခြင်းသာ ဖြစ်ပါတယ် ၊၊ သိသွားပြီဆိုရင် မိမိသဘောအတိုင်း အဆင်ပြေသလို လုပ်နိုင်ပါတယ် ၊၊
ဆေးတွေ ထုတ်တဲ့အခါ ဆေးသက်တမ်းထည့်ရမယ်ဆိုပြီး ၁၉၇၉ ခုနစ် က ပြဌာန်းလိုက်ပါတယ် ၊၊ သက်တမ်းကို ပြထားခြင်းအားဖြင့် ဆေးအာနိသင် အပြည့်အဝဟာ ဒီသက်တမ်းအတွင်းမှာ ရှိတယ်ဆိုတဲ့ အာမခံချက်တစ်ရပ်သာ ဖြစ်ပါတယ် ၊၊ သက်တမ်းကျော်သွားရင် အာနိသင် နည်းနည်းလျော့နိုင်တယ် ၊ ဥပဒ်တော့ မရှိဘူးဆိုတာ သိစေချင်လိုပါ ၊၊ အထူးသဖြင့် အေးတဲ့နေရာမှာ ( ရေခံသေတ္တာ ) အဖုံးလုံလုံနဲ့ သိမ်းထားမယ်ဆိုရင် ပိုပြီးအာနိသင်ကျန်တယ်ဆိုတာ နားလည်ရပါမယ် ၊၊ အထူးသဖြင့် အဆီပါတဲ့ ဆေးတွေဆိုရင် ရေခဲသေတ္တာထဲမှာ ထားပါ ၊၊ Oxidized ဖြစ်သွားတတ်လို့ပါ ၊၊
ဆေးဘူးပေါ်မှာ ထုနှိပ်ထားတဲ့ ဆေးရဲ့သက်တမ်း Expiry date ရဲ့ အဓိပ္ပါယ်ကို သိထားသင့်ပါတယ် ၊၊ ဒီရက်အတွင်းမှာသောက်ရင် ဆေးရဲ့အာနိသင် အပြည့်အဝရနိုင်တယ် ဆိုတာ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အာမခံချက်သာဖြစ်ပါတယ် ၊၊ ရက်စွဲကျော်လွန်သွားတဲ့ဆေးတွေသောက်ရင် ဥပဒ်ရှိတယ် ဆိုတဲ့ အဓီပ္ပါယ် မသက်ရောက်ပါ ၊ ဟုတ်လည်းမဟုတ်ပါ ၊၊
သုတေသန အရဆိုရင် ဆေးတွေဟာ ဆေးသက်တမ်းကုန်ပြီး ၁၅ နှစ် ကြာသွားတာတောင် ဥပဒ် မရှိဘဲ သုံးနိုင်ပါတယ်တဲ့ ၊ အာနိသင်တာ အနည်းငယ် လျော့သွားချင် လျော့သွားနိုင်ပါတယ်တဲ့ ၊ အာနိသင်လုံးဝ မရှိတော့တာမဟုတ်ပါ ၊၊ ဆေးပညာရှင်တွေ ပြောပုံအရ သက်တမ်းလွန်ဆေးတွေ သောက်ရင် ဥပဒ်မရှိနိုင်ပါ
ဒါဆိုရင် ဆေးထုတ်တဲ့ ကုမ္ပဏီတွေရဲ့ လှည့်စားချက်တစ်မျိုးလို့ ယူဆချင်ရင်လည်း ယူဆနိုင်ပါတယ်လို့ ပြောပါတယ် ၊၊ ( ကျွန်မ ပြောတာ မဟုတ်ပါ ) ဘာသာပြန်ပေးနေခြင်းသာ ဖြစ်ပါတယ် ၊၊
နောက်အမြင်တစ်မျိုးနဲ့ ကြည့်နိုင်တာကတော့ ဆေးရဲ့အာနိသင်အပြည့်အဝကို အာမခံထားတဲ့ ရက်စွဲ အနေနဲ့ကြည့်လို့ရပါတယ် ၊၊ နားလည်စေချင်တာက ဆေးဘူးကိုကြည့်ပြီး သက်တမ်းကုန်လွန်သွားပြီ ဆိုပြိး လွှင့်မပစ်လိုက်ပါနဲ့ ၊ ဆေးဘူးတွေက ဝယ်ရတာလည်း စျေးအလွန်ကြီးလာနေပါတယ် ၊၊ ဥပဒ် မဖြစ်ဘူးဆိုတဲ့အချက်ကို နားလည်စေချင်ပါတယ် ၊၊ ဥပဒ်မဖြစ်ဘူးဆိုတဲ့ အချက်ကို နားလည်စေချင်ပါတယ် ၊၊
တလောက Facebook မှာ သက်တမ်းကုန်တဲ့ ဆေးတွေ လှူလို့ဆိုပြိး ဝိုင်းပြီး အပြစ်ပြောတာကို ဖတ်မိလိုက်လို့ပါ ၊၊ လုံးဝ သောက်စရာမရှိတာထက် စာရင် အများကြီး အထောက်ကူ ပြုပါတယ်ရှင် ၊၊
ဖေါ်ပြပါ အချက်ကို နားလည်သွားပြီဆိုရင် သက်တမ်းကုန်ဆေးဝါးလှူတဲ့လူကို ဝိုင်းပြီး အပြစ်တင် ဆဲဆိုခြင်း မလုပ်ကြစေချင်ပါ ၊၊
ပြန်လည်ဝေမျှခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ ။
Crd To A Better Health
သိုင်းရွိုက်ဟော်မုန်းလွန်ကဲများပြားမှု
Hyperthyroidism ကို မ ကု ပဲ ထားရင်
ဘာ တွေ ဖြစ် လာ နိုင် သ လဲ???
*လွန်ကဲများပြားလို့ရောဂါဖြစ်တာမပြောခင်၊သိုင်းရွိုက်ဟော်မုန်းကခန္ဓာကိုယ်ကိုဘယ်လိုအကျိုးပြုနေသလဲအရင်သိသင့်တယ်။
-သိုင်းရွိုက်ဟော်မုန်းဟာခန္ဓာကိုယ်တစ်ကိုယ်လုံးရဲ့ဇီဝကမ္မဖြစ်စဉ်ကိုအဓိကထိန်းချုပ်ပေးပါတယ်။လူသားတွေပုံမှန်လှုပ်ရှားသွားလာနေထိုင်နိုင်အောင်ဟန်ချက်ညီညီထိန်းပေးပါတယ်။
-မွေးဖွားချိန်ကစလို့၊အရွယ်ရောက်လာအောင်၊ဖွံ့ဖြိုးကြီးထွားလာအောင်၊ကူညီပေးပါတယ်၊။
-အရိုးအသားတွေဖွံ့ဖြို းသန်မာလာအောင်လည်းကူညီပေးတယ်။
-အမျိုးသမီးတွေမှာအသားအရေစိုပြေလှပအောင်၊ဓမ္မတာရာသီမှန်အောင်ကူညီပေးတယ်၊။
အသံ၏ကောင်းခြင်းမှာလည်းပါဝင်ပေးတယ်၊။
-အမျိုးသားတွေမှာဖိုဟော်မုန်းမျှတအောင်ကူညီပေးရင်း၊ကြွက်သားတွေသန်မာအောင်ကူညီပေးတယ်၊။
-နှလုံးစည်းချက်မှန်အောင်မနှေးလွန်းအောင်ကူညီထိန်းပေးတယ်။
-ဦးနှောက်တုန့်ပြန်မှု၊စိတ်ပိုင်းဆိုင်ရာမူမှန်စေမှုတွေမှာပါဝင်ထိန်းညှိပေးတယ်။
-အစာကြေညက်စေမှု၊အူတွေပုံမှန်လှုပ်ရှားမှုမှာလည်းမပါမပြီး။
-သဘာဝခုခံအားImmune Systemမှာလည်းပါဝင်တယ်။
-------
*သိုင်းရွိုက်ဟော်မုန်းရဲ့သဘာဝဟာနိုးဆွစေတတ်တဲ့အတွက်...လွန်ကဲများပြားလာတဲ့အခါ၊အရင် post မှာဖော်ပြခဲ့ပြီးတဲ့ Hyperthyroidism ရဲ့လက္ခဏာတွေပေါ်လာတော့တာပါပဲ။
အကျဉ်းအားဖြင့်...
-လည်ပင်းကြီးလာမယ်။
-ရင်တုန်မယ်၊
-ဂနာမငြိမ်ဖြစ်မယ်၊
-စိတ်တို၊စိတ်ဆတ်၊စိတ်အပြောင်းအလဲများမယ်။
-အိပ်မပျော်အိပ်မရဖြစ်မယ်။
-ပိန်လာမယ်။
-ဝမ်းလျှောဝမ်းပျက်မဟုတ်ပဲဝမ်းခဏခဏသွားမယ်။
-ဆံပင်ကျွတ်မယ်။
-မလိုအပ်ပဲလွန်လွန်ကဲကဲသွက်လက်ဖျတ်လတ်နေမယ်။
*အမျိုးသမီးတွေဓမ္မတာရာသီမမှန်တာ၊နည်းတာ၊ကိုယ်ဝန်မရနိုင်တာတွေဖြစ်မယ်၊။
*အသားအရေခြောက်သွေ့လာမယ်။
သိုင်းရွိုက်ဟော်မုန်းလွန်ကဲများပြားမှု
Hyperthyroidism ကို မ ကု ပဲ နေလိုက် မိ ရင်..
*နှလုံးကိုထိခိုက်စေပါတယ်။
နှလုံးခုန်နှုံးအလွန်မြန်နေမယ်။
နှလုံးခုန်နှုံုးမြန်တဲ့အပြင်စည်းချက်မမှန်တာဖြစ်လာမယ်။
အဲဒီ အခါမှာနှလုံးကြွက်သားတွေလုံလောက်တဲ့သွေးမရနိုင်တဲ့အတွက်၊နှလုံးအောင့်တာ၊နှလုံးအားလျော့တာ၊တွေဖြစ်လာမယ်။
ပိုဆိုးလာရင်နှ လုံး ရပ် ပြီးသေ ဆုံး နိုင်ပါတယ်။
သွေးပေါင်ချိန်တက်သွေးတိုးမယ်။
ပိုဆိုးလာရင်နှလုံးကြီးလာမယ်။နှလုံးကြီးပြီးရင်နှလုံးအားနည်းမှုဆက်ဖြစ်မယ်။
*အရိုးတွေထဲက..ကယ်လဆီယမ်၊နဲ့..ဖော့စ်ဖိတ်တွေဟာသွေးစီးလမ်းကြောင်းထဲဆွဲယူခံရပြီး၊ဆီးနဲ့ဝမ်းမှတဆင့်အလဟဿ စွန့်ထုတ်ခံရတဲ့အတွက်...အရိုးသိပ်သည်းဆလျော့လာမယ်။ Osteoporosis အရိုးပွရောဂါရ..အရိုးကျိုးလွယ်၊နာကျင်ကိုက်ခဲလွယ်မယ်။
*စိတ်ရောဂါရမယ်။
Crd
ကင်ဆာ လူနာရှင် များ အတွက် ဗဟုသုတ ဒါန ———-
ကင်ဆာလူနာ များ ရှောင် သင့် သော အရာ များ ————
၁. ပြုပြင် ပြီး အစားအစာ များ ( Processed food or ready made foods )
ဒီ လို မျိုး အစားအသောက် တွေ ထဲ မှာ food additives လို့ ခေါ် တဲ့ အစား
အသောက် အရသာ ပို ရှိ စေ ရန် လည်းကောင်း၊ ကြာရှည် ခံ ရန် လည်း ကောင်း၊ ထည့် လေ့ ရှိ ကြ ပါ တယ်။
မြန်မာပြည် အတွက် အကောင်းဆုံး ဥပမာ ပေး ရ မယ် ဆို ရင် ဆိုင် တွေ မှာ ရောင်း တဲ့
ငပိကြော် ဆို ပါ စို့။ အခြား ပြုပြင် ပြီး အစာ တွေ လဲ ပါ တယ် နော်။
အချိုမှုံ့ တွေ အများ ကြီး ပါ တာ ဖြစ် ပါ တယ်။
ဒီ food additives တွေ ဟာ အမျိုးမျိုး ပါဝင် ပေါင်း စပ် ရှုပ်ထွေး သော ဓာတုဆေး မျိုးစုံ ဖြစ်ပါ တယ်။ ဒီ ဟာ တွေ ဟာ ခန္ဓာကိုယ် အတွက် လူစိမ်း သူ စိမ်း တွေ ဖြစ် ပါ တယ်။
ဒါ ကြောင့် လဲ ခန္ဓာကိုယ် ထဲ ရောက် တဲ့ အခါ မှာ ဒီ အဆိပ် တွေ ကို ဖြယ် ပေး ရ
မှာ ဖြစ် ပါ တယ်။
ကင်ဆာ ဖြစ် နေ တဲ့ အချိန် မှာ ခန္ဓာကိုယ် က ကင်ဆာ ကြောင့် သော် လည်း ကောင်း၊
ကင်ဆာ ဆေး များ ကြောင့် သော် လည်း ကောင်း အဆိပ် တွေ ကို ဖယ်ရှား ပေး နေ ရ တဲ့ အဖွဲ့ အစည်း detoxification system ဟာ အလုပ် တွေ နဲ့ ပိ နေ ပါ တယ်။
အလုပ်များ ရ တဲ့ အထဲ ကိုယ်စား လိုက် တဲ့ အစား အစာ မှာ ပါ လာ တဲ့ မလိုအပ် တဲ့
ဓာတု ဆေး တွေ ကြောင့် အလုပ် ပို လာ ပြန် ပါ တယ်။
အချို မှုံ့ ကို ကြည့် ကြ ရ အောင်
Glutamate ( MSG ) also known as Excitotoxin ( Dr Russell Blaylock )
အချို မှုံ့ အပြင် diet soda မှာ ပါ လေ့ ရှိ တဲ့ သကြားတု aspartame လဲ
ထို နည်း လည်း ကောင်း ဖြစ် ပါ တယ်။
၁. အချိုမှုံ့ ဟာ စား ပြီး ရင် neuronsလို့ ခေါ် တဲ့ ဥဏှောက် ကလာပ် စည်း တွေ ကို ဆွ ပေး ပါ တယ်။
ဆွ ပေး ပါ များ ရင် ဒီ ကလာပ်စည်း တွေ ဟာ သေ သွား တတ် ပါ တယ်။
ဥဏှောက် ကလာပ်စည်းတွေ ပျက်စီး ခြင်း အကြောင်း တစ် ခု ဖြစ် ပါ တယ်။
( ဥဏှောက် နဲ့ အာရုံကြော ရောဂါ ဖြစ် ခြင်း ရဲ့ အကြောင်း တစ်ခု အပါ အဝင် ဖြစ် ပါ တယ် ) neurodegenerative diseases
၂. ဗီဇ တွေ ကို လဲ ပျက်စီး စေ ပါ တယ်။ DNA
၃. ဥဏှောက် တွင် မက၊ glutamate receptors ရှိ တဲ့ ခန္ဓာကိုယ် အစိတ် အပိုင်း တွေ ကို လဲ ဥပါဒ် ပေး တတ် ပါ တယ်။
ဥပမာ ——- သားဥအိမ် ( ovaries ) မုန့် ချို အိပ် ( pancreas ) သွေးကြော နံရံ မှာ ရှိ နေ တဲ့ ကလာပ်စည်း များ ၊ နှလုံး မှာ ရှိ တဲ့ လျှပ်စစ် ဓာတ် စီး ဝင် တဲ့ အဖွဲ့ အစည်း ( conduction system of the heart )
ဒါ ကြောင့် အချို့ လူ များ၊ အထူးသဖြင့် Magnesium ဓာတ် နည်း နေ သူ များ ဟာ အချိုမှုံ့
နိုင်း ချင်း အစာ တွေ အများကြီး စား ပြီး နှလုံးရပ် ပြီး ဆုံး ပါး သွား တတ် ပါ တယ်။
Magnesium ဓာတ် ချို့ တဲ့ မှု ဟာ လူ အတော် များ များ မှာ ရှိ နေ တတ် ပါ တယ်။
အထူး သဖြင့် နာတာရှည် ရောဂါ သည် များ နှင့် ကီမို ဖြင့် ကုသမှု ခံ ယူ နေ ကြ သူ များ ဖြစ် ပါတယ်။
အထူး သဖြင့် brain cancer glioblastomas and malignant gliomas တွေ မှာ
အချိုမှုံ့ ဟာ ကင်ဆာ ကလာပ်စည်း တွေ ကို ကြီး ထွား စေရုံ မက ( growth ) ပို ပြီး
လဲ ဆိုးသွမ်း လာ စေ ပါ တယ်။ ( aggressiveness )
ဆီးချို ရောဂါ တွေ လဲ ဖြစ် လာ စေ ပါ တယ်။
အခု နောက် ပိုင်း ဆီး ချို ရောဂါ တွေ အလွန် များ လာ တာ ရဲ့ အကြောင်း တစ်ခု လဲ
ဖြစ် ပါ တယ်။
အခု နောက် ပိုင်း သိ လာ တာ က တော့ အချိုမှုံ့ glutamate ဟာ neurotransmitter
လဲ ဖြစ် ပါ တယ်။
ကင်ဆာ ရောဂါ ကြောင့် အလွန် နာကျင် နေ တဲ့ လူ နာ တွေ ဟာ အချိုမှုံ့ ကို
ဖြတ် လိုက် မယ် ဆို ရင် သက်သာရာ ရ နိုင် ပါ တယ် လို့ ထင် ပါ တယ်။
ဘာ အရှုံး မှ မရှိ တာ ကြောင့် လုပ် သင့် တယ် လို့ ထင် ပါ တယ်။
အချို မှုံ့ ရန် က နေ လွတ် ဖို့ က တော့ ပြု ပြင် ပြီး သား အစာ တွေ ကို ရှောင် ရ မှာဖြစ် ပါ တယ်။
ကင်ဆာ ရောဂါ ရှင် တွေ၊ ကျန်းမာ ချင် သူ တွေ ဟာ ကိုယ့် ဖာသာ ကိုယ် အိမ် မှာ ချက်စား ရ မှာ ဖြစ် ပါ တယ်။
ဆိုင် အစားအစာ ဆို ရင် အချို မှုံ့ က တော့ သေချာ သ လောက် ပါ ပဲ။
အစားအသောက် ဆိုင် ဖွင့် သူ များ က လဲ ကျွန်မ ရေး သား ထား တာ တွေ ဖတ် ကြ ပြီး တာဝန် သိ စွာ နဲ့ ပြင် နိုင် ကြ မယ် ဆို ရင် ကိုယ့် ဆိုင် မှာ လာ စား တဲ့ လူ တွေ အတွက်
အကျိုး ပြု ရာ ရောက် ပါ လိမ့် မယ်။
ကုသိုလ် လဲ ရ မှာ ဖြစ် ပါတယ်။
ကြက်သားမှုံ့ က လည်း အချိုမှုံ့ ပဲ ဆို တာ ကို တော့ သိ ထား ရ မှာ ဖြစ် ပါ တယ်။
ရှောင်သင့် သော အရာ များ ဆက် ပါ ဦး မည်။
Crd To A Better Health
အခု တ လော မိတ် ဆွေ တွေ အ မေး များ တဲ့ မေး ခွန်း ကို အ များ အ တွက် ပါ အ ကျိုး ရှိ ရ အောင်------------
Thyroid hormone နဲ့ ပတ်
သက် ၍ သိ ကောင်း စရာ ဗဟုသုတ
==========================
ကျွန်မ သူငယ်ချင်း ဆရာဝန် တစ်ယောက် က ပြောပါ တယ်။ Thyroid hormone နည်း နေ ပေမဲ့ မ သောက် လည်း ဘာ ဖြစ် သေး လဲ တဲ့။
အချို့ သူ တွေ က လည်း လို နေ မှန်း သိ ရက် နဲ့ အ ကြာ ကြီး စွဲ သောက် ရ မှာ ကြောင့် မ သောက် တဲ့ လူ တွေ လည်း ရှိ ပါ တယ်။
အ ချို့ က လည်း ခေါင်း မာ နေ ပြီး ပြော လို့ ကို တ မင် မ သောက် တဲ့ လူ တွေ လည်း ရှိ ပါ တယ်။
တ ချို့ က လဲ ကပ် စေး နည်း ပြီး ဆေး ဝယ် သောက် ရင် ပိုက်ဆံ ကုန် မှာ ကြောက် ပြီး မ သောက် တဲ့ လူ တွေ လဲ တွေ့ ဖူး ပါ တယ်။
အ ချို့ ဆရာဝန် တွေ ကိုယ် တိုင် က ပြော ပါ တယ်။ Thyroid hormone သောက် ရင် ဒုက္ခ ရောက် မယ်။ သတိထား၊ မ လို ပဲ နဲ့ မ သောက် ကြ နဲ့ တဲ့။
မလိုပဲ နဲ့ လဲ ဘယ် သူ က မှ မ တိုက် ပါ ဘူး။ ခက် တာ က လဲ ကျွန်မ တို့ ရဲ့ ပတ် ဝန်း ကျင် ဟာ လုံးဝ ပြောင်း လဲ သွား ပြီ ဖြစ် တာ မို့၊ လူ အ များ စု က လို နေ ကြ ပါ တယ်။ ဒါ ကို အ သိ ရှိ ဖို့ က အ ရေး အ ကြီး ဆုံး ပါ။ သွေး ဖောက် စစ် တိုင်း လဲ မ ပေါ် ပါ ဘူး။
လူ အ မျိုး မျိုး၊ အ ယူ အ မျိုး မျိုး၊ စိတ် အ မျိုး မျိုး ပေါ့။ လောကဓမ္မတာ ပါ ပဲ။ အ ဆန်း တော့ လည်း မ ဟုတ် ပါ။
ကျွန်မ နည်း နည်း ရှင်း ပြ ပါ မယ်။ နား လည်း သွား ရင် ကိုယ့် သ ဘော အ တိုင်း ဆုံး ဖြတ် ကြ ပါ။
Hormone ဆို တာ ခန္ဓာ ကိုယ် ရဲ့ chemical messengers တွေ ဖြစ် ပါ တယ်။ ခန္ဓာ ကိုယ် ကြီး ရှင် သန် ရေး၊ ကျန်း မာ ရေး အ တွက် ခန္ဓာ ကိုယ် က ထုတ် တဲ့ ဓာတု ဓာတ် စေတမန် များ ဖြစ် ကြ ပါ တယ်။
ကလာပ်စည်း တွေ ကို သူ တို့ က အ ချက် ပေး တဲ့ အခါ ကလာပ်စည်း တွေ က အ လုပ် ကောင်း ကောင်း လုပ် ကြ ပါ တယ်။
Hormone တွေ အား လုံး ဟာ သူ့ နေ ရာ နဲ့ သူ လို အပ် သော် လည်း Thyroid hormone နဲ့ Adrenal hormone တွေ ဟာ ခန္ဓာ ကိုယ် ကြီး တည်း ဟူ သော လှည်း ကို ဆွဲ ပေး နေ တဲ့အဓိက မြင်း ၂ ကောင် ဖြစ် ပါ တယ်။
အ တို ချုပ် ပဲ ပြော ပါ တော့ မယ်။
Thyroid hormone လို နေ ရက် နဲ့ မ သောက် ရင် ရောဂါ မျိုး စုံ ဝင် မှာ သေ ချာ ပါ တယ်။
နုံး နေ မယ်။ ဆံပင် ကျွတ် မယ်၊ ဝမ်း ချုပ် မယ်။ အပို မ စား ပဲ ဝ လာ မယ် ( အ လွန် ပိန် တဲ့ လူ လဲ ရှိ တယ် )ချမ်း နေ မယ်။ မျက် နှာ ကြီး ဖော လာ မယ်၊ ခြေ သည်း၊ လက် သည်း တွေ မဲ လာ မယ်။ ခြေ ထောက် တွေ ယောင် နေ မယ်။ ကြွက် တက် မယ်။
အ သက် ကြီး လို့ မျက် နှာ ကြီး လာ ပြီး ပွ လာ တယ် လို မှား ယွင်းစွာ ထင် နေ ကြ ပါ တယ်။ အ သက် ဆို တာ နံ ပါတ် တစ်ခု မျှ သာ ဖြစ် ပါ တယ်။ တစ်ခုခု ချို့ ယွင်း လို့ သာ ဒီ လို ဖြစ် နေ ရ ခြင်း ဖြစ် ပါ တယ်။
နား လေ ထွက် မယ်။ နား လေး လာ မယ်။
ချွဲ တွေ များ နေ မယ်။ တ ချိန် လံုး ချောင်း ဟန့် နေ ရ မယ်။
တစ် ကိုယ် လုံ အ ရမ်း နာ နေ မယ်၊ အဆစ် တွေ၊ အ ရိုး တွေ နာ မယ်။
ဆိုး တဲ့ အ ချက် တွေ က တော့ ခန္ဓာကိုယ် ခုခံ အား ကျ ဆင်း သွား ခြင်း ပါ ပဲ။
ခဏ ခဏ နေ ထိုင် မ ကောင်း ဖြစ် မယ်။
Cancer ဖြစ် နိုင် တဲ့ လမ်း ပို များ လာ ပါ တယ်။ Cancer is the disease of the immune system
Iodine ဓာတ် ပါ ချို့ တဲ့ နေ ရင် Breast, Prostate Thyroid cancer ဖြစ် နိုင် တဲ့ လမ်း များ လာ ပါ တယ်။
ရေ ယုန် တွေ ပေါက် မယ်။ ရေ ယုန် ပေါက် တယ် ဆို တာ ခန္ဓာကိုယ် က သွယ် ဝိုက် တဲ့ နည်း နဲ့ ခုခံအား ကျ ဆင်း နေ ပြီ လို့ ပြော နေ ခြင်း ဖြစ် ပါ တယ်။
အဓိ က အခြေခံ ကို သတိမမူ ဘဲ။ ရေ ယုန် မ ဖြစ် ရ အောင် ကာ ကွယ် ဆေး တွေ ထိုး ကြ ပြန် တယ်။ ဆေး ကုမ္ဗဏီ တွေ အကြိုက် ပေါ့။ ခုခံ အား သိပ် ကောင်း တဲ့ လူ မှာ ရေ ယုန် မ ပေါက် ပါ။
အ သက် ကြီး တဲ့ လူ တွေ မှာ ရေ ယုန် ပေါက် ရင် တ နေ ရာ ရာ မှာ ကင် ဆာ ရှိ တတ် ပါ တယ်။ ရှာ ရ မှာ ဖြစ် ပါ တယ်။
ထို့ အ ပြင် autoimmune disease လဲ ဖြစ် တဲ့ သမင် ဖြူ Vitilgo ဖြစ် ရင် လဲ အင်မတန် ကုရ ခက်၊ hyperpigmentation တင်း တိတ် တွေ လည်း ထွက်
လူ က ဝ လာ မယ်၊ ဆီး ချို၊( Diabetes ) သွေးတိုး ( Hypertension )၊ နှလုံး ရောဂါ၊ ၊ cholesterol တက်၊ ( metabolic syndrome )
လေ ဖြတ်၊ သည်း ချေ ရောဂါ ဖြစ်၊
ဝဲ နှင်းခူ Psoriasis ၊ အ သား အ လွန် အ မင်း ခြောက် ခြင်း very dry skin
စိတ် ရောဂါ မျိုး စုံ လည်း ဖြစ် တတ် ပါ တယ်။ အ ချို့ ဆို ရင် စိတ္တဇ ဆေး ရုံ မှာ အ တွင်း လူ နာ အ ဖြစ် ရောက် သွား တတ် ပြီး အနာ တ ခြား ဆေး တ ခြား တွေ လည်း ဖြစ် နေ တာ ကို တွေ့ ရ တတ် ပါ တယ်။
ကိုယ်ဝန်ဆောင် တွေ သတိ ထား ရ မှာ က မိခင် မှာ ဒီ ဓာတ် နည်း နေ ရင် မွေး လာ မဲ့ က လေး ဥာဏ် ရည် မ မှီ ဖြစ် တတ် ပါ တယ်။ မွေး ပြီး ရင် လဲ က လေး က hyperactive ဖြစ် နေ တတ် ပါ သေး တယ်။ Most common cause of mental retardation in children.
အ ဆိုး ဆုံး က တော့ အနာတခြား၊ ဆေး တ ခြား ဖြစ် နေ တာ ပါ ပဲ။
ပြော ရ မယ် ဆို ရင် တစ် ကိုယ် လုံး ချို့ ယွင်း ပါ တယ်။
မြတ် စွာ ဘု ရား က လည်း ဋီကာကျော် မှာ ဥဏှတေဇောဓာတ် ချို့ ယွင်း ရင် တစ် ကိုယ် လုံး ချို့ ယွင်း ပါ သ တဲ့။
သောက်ရင် ဘာ လို ဆိုး ကျိုး ရှိ လဲ ဆို တာ စဉ်း စား ကြည့် ရ အောင်
၁. သောက် တာ dosage နည်း နည်း များ သွား ရင်၊ ရင် တုန် မယ်၊ ချွေး တွေ ထွက် မယ်၊ စိတ် လှုပ် ရှား မယ်၊ ည အိပ် မ ပျော် ပဲ ဖြစ် တတ် ပါ တယ်။ ကြွက် သား များ အား မ ရှိ သ လို ခံစား ရ တတ် ပါ တယ်။
အဲဒီလို ဖြစ် လာ ရင် ဆေး ခဏ ရပ် သည် ဖြစ် စေ၊ Dosage လျော့ သောက် သည် ဖြစ် စေ၊ တစ် ပတ် အ တွင်း လုံး ဝ ပြန် ကောင်း သွား ပါ တယ်။ ပြီး မှ ဖြည်း ဖြည်း ပြန် စ လို့ ရ ပါ တယ်။
အ ချို့ လူ တွေ က ရောဂါ မြန် မြန် သက်သာချင်ဇော နဲ့ Thyroid hormone ကို dosage မြန် မြန် တင် တဲ့ အ ခါ မျိုး မှာ ဒီလို ဖြစ် တတ် ပါ တယ်။
ဖြည်း ဖြည်း သွား ရင် ဒီ လို မ ဖြစ် ပါ ဘူး။
တခါတလေ ခန္ဓာ ကိုယ် ထဲ မှာ heavy metals တွေ များ နေ ရင် လဲ Thyroid hormone သောက် ရင် ခံ နိုင် ရည် စွမ်း မ ရှိ တတ် ပါ ဘူး။ အဲဒီ အ ခါ မျိုး ဆို ရင် heavy metals တွေ ကို အ ရင် ထုတ် ရ ပါ တယ်။
အ ရေး အ ကြီး ဆုံး အ ချက်။
သွေး ဖောက် ပြီး free T4 T3 TSH ကို တိုင်း ပြီး ခန္ဓာ ကိုယ် ရဲ့ လို အပ် ချက် ကို တိုင်း တာ လို့ မ ရ ပါ။
ဆရာဝန် တော် တော် များ များ ဟာ သွေး စစ် ချက် ကို ပဲ ကြည့် ပြီး လူ နာ တွေ ကို ဆေး ရပ် ခိုင်း ကြ တတ် ပါ တယ်။၊ သွေး ပြန် ဖောက် ကြည့် ရင် ကောင်း တဲ့ ပုံ ဖန်း နေ ပေ မဲ့ လူ နာ က လုံးဝ နေ လို့ မ ကောင်း တော့ ပါ။
မိမိ ရဲ့ ခံစား ချက် များ နှင့် သာ သွား လို့ ရ ပါ တယ်။
Thyroid hormone ချို့ တဲ့ ခြင်း ဟာ ရောဂါ မျိုး စုံ ရဲ့ အဓိက အ ကြောင်း ရင်း ဖြစ် တာ မို့ ၊ ရောဂါ ပျောက် ချင် ရင် အ ကြောင်း ကို ဖြတ် ကြ ပါ လို့ တိုက် တွန်း လိုက် ပါ တယ်။
ကောင်း ကျိုး နဲ့ ဆိုး ကျိုး တွေ ကို ချင့် ချိန် ကြည့် ပြီး ဆုံး ဖြတ် လို့ လွယ် ပါ တယ်
ခေတ် ကြီး ဟာ ပြောင်း လဲ နေ ပြီ မို့၊ ကိုယ့် ကျန်းမာ ရေး ကို ကိုယ် တာ ဝန် ယူ နိုင် မယ် ဆို ရင် သိပ် မ ခံ ရ ဘူး ပေါ့။
ရောဂါ ဖြစ် ရာ မှာ အ ခြား အ ကြောင်း တွေ လဲ ရှိ နိုင် ပါ တယ် ( other contributing factors ) သို့ သော် လည်း Thyroid hormone နည်း နေ ရ ခြင်း က တော့ အဓိက ဖြစ် ပါ တယ်။
မိတ် ဆွေ များ အား လုံး ဗဟုသုတ တိုး ပွာ ကြ ပြီး၊ ကျန်းမာ အောင် နေ ထိုင် သွား နိုင် ကြ ပါ စေ။
အမှန် တရား တွေ ကို သုံး သပ် နိုင် တဲ့ ဥာဏ် ဖြစ် ပေါ် နိုင် ကြ ပါ စေ ။
Crd To A Better Health
Leaky Gut and Hypothyroidism
Hashimoto’s, or autoimmune thyroid, ဆိုတာ သိုင်းရိုက်ဟိုမုန်း လျော့နည်းတဲ့ အခြေအနေတစ်ခုပါ။ သူက leaky gut နှင့်ပတ်သတ်တယ်ဆိုတဲ့ ယူဆချက်တွေရှိပါတယ်။
ခုခံအားစနစ်ရဲ့ ၈၀ % လောက်ကို အူလမ်းကြောင်းရဲ့GALT လို့ခေါ်တဲ့ gut associated lymphoid tissue က ထောက်ပံ့ပေးထားတာပါ။ GALT တွေကို ရောဂါပိုးတွေ၊ မတည့်တဲ့ အစာတွေ နှင့် အခြားသော ပရိုတိန်းတွေက တိုက်ခိုက်လိုက်တဲ့အခါ အူနံရံတွေ ပေါက်သွားပါတယ်။ ဒီလို အခြေအနေကို leaky gut လို့ခေါ်ပါတယ်။
ပေါက်သွားတဲ့ အူနံရံကို ဖြတ်ပြီး ကိုယ်ခန္ဓာက မဟုတ်တဲ့ အခြားသော ပရိုတိန်းတွေ စိမ့်ဝင်သွားတဲ့အခါ လူရဲ့ ခုခံအားစနစ်က antibodies လို့ခေါ်တဲ့ ပစ္စည်းတွေထုတ်ပြီး ပြန်တိုက်ပါတယ်။ Antibodies ရဲ့အလုပ်က အပြင်ကနေ သွေးထဲ ရောက်လာတဲ့ ပရိုတိန်းမှန်သမျှကို ဖျက်စီးဖို့ပါ။ တစ်ချို့ အခြေအနေတွေမှာ အပြင်ကလာတဲ့ ပရိုတိန်းနှင့် ကိုယ်တွင်းအင်္ဂါတွေရဲ့ ပရိုတိန်းတွေက တည်ဆောက်ပုံအတော်လေးတူနေတာမို့ antibodies က ရန်သူလား ကိုယ်လားမခွဲနိုင်ပဲ အကုန်ဖျက်စီးလိုက်တာပါ။ အဖျက်စီးခံရတဲ့ နေရာဟာ ရောင်ရမ်းလာတော့တာပါပဲ။ အတိုက်ခံရတဲ့ နေရာက သိုင်းရိုက်ဖြစ်ခဲ့လျှင် သိုင်းရိုက်ရောင်ရမ်းလာပါမည်။ တိုက်တဲ့သူက မိမိကိုယ်ထဲမှာရှိတဲ့ ခုခံအားစနစ်ဖြစ်တာကြောင့် အော်တိုအင်မြူးလို့ ခေါ်တာပါ။ သိုင်ရိုက်ကြီး ပျက်စီးသွားတဲ့အခါ သိုင်းရိုက်ဟိုမုန်း မထုတ်တော့လို့ hypothyroidism ဖြစ်ပါတယ်။ ဒါကို Hashimoto’s, or autoimmune thyroid လို့ခေါ်ပါတယ်။
Thyroid Gut Connection ( သိုင်းရိုက် - အူလမ်းကြောင်း ဆက်သွယ်မှု )
သိုင်းရိုက်က ထုတ်ပေးတာ T4 ပါ။ T4 က အလုပ်လုပ်တဲ့ ဟိုမုန်းမဟုတ်ပါ။ ဘောပွဲစကား ဌားသုံးလျှင် T4 က အရန်လူပါ။ တကယ့်ကစား သမားက T3 ပါ။ T4 ဟိုမုန်းရဲ့ ၂၀% လောက်ကို ကျွန်တော်တို့ရဲ့အူလမ်းကြောင်းမှာနေတဲ့ probiotics က T3 အဖြစ်ပြောင်းပေးပါတယ်။ အူလမ်းကြောင်း မကောင်းလျှင်၊ အူလမ်းကြောင်းမှာ probiotics မရှိလျှင် ဒီအလုပ်မလုပ်နိုင်ပါ။ ဒါဆို သိုင်းရိုက်ကောင်းနေချိန်မှာတောင် hypothyroid ရောဂါလက္ခဏာခံစားရနိုင်ပါတယ်။ အခု မြန်မာပြည်မှာ ခေတ်စားတဲ့ kefir သောက်လျှင် သိုင်းရိုက်ရောဂါပျောက်တယ်ဆိုတာ ဒါကို နားလည်လျှင်သိပ်တော့ထူးဆန်းတော့မည် မထင်ပါ။
အူလမ်းကြောင်းမှာရှိတဲ့ probiotics တွေက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ pro-inflammatory cytokines, တွေဖြစ်တဲ့ IL-6, TNF-alpha, NFK-b,တွေ ထုတ်လုပ်မှုကို တားဆီးပေးပြီး IL-10 လို ရောင်ရမ်းခြင်း တားဆီးပေးတဲ့ ဓာတုပစ္စည်းများများထွက်အောင် ကူညီပေးပါတယ်။ အူလမ်းကြောင်းမှာ probiotics တွေမရှိလျှင် ရောင်ရမ်းခြင်းဖြစ်စေပါတယ်။ ရောင်ရမ်းခြင်းဖြစ်လာလျှင် cortisol ဟိုမုန်းများလာပြီး T4 ကနေT3 ပြောင်းတာကို တားလိုက်တာကြောင့် သိုင်းရိုက်ဟိုမုန်းလျော့နည်းတဲ့အခါမှာ ဖြစ်တဲ့ အခြေအနေမျိုးခံစားရပါလိမ့်မည်။
ဝမ်းချုပ်ခြင်းက ဟိုမုန်း မညီမျှတကို ဖြစ်စေပြီး " မ " ဟိုမုန်း ( estrogen ) ကို များလာစေပါတယ်။ Estrogen ပမာဏ မြင့်လာတဲ့အခါ ကိုယ်ထဲက ဟိုမုန်းတွေနေရမဲ့ နေအိမ်တွေလည်း များလာပါတယ်။ သိုင်းရိုက်ဟိုမုန်းက အိမ်ထဲဝင်သွားပြီး အိပ်ပျော်နေလျှင် သွေးထဲမှာ အလုပ်လုပ်တဲ့ သိုင်းရိုက်ဟိုမုန်း နည်းသွားပါတယ်။ ဒါဆိုhypothyroid လက္ခဏာတွေ ခံစားရမှာပါ။
ဖြစ်နေတဲ့ leaky gut ပြန်ပြင်လိုက်လျှင် ဒီအနေအခြေကို ပြန်ကောင်းသွားမှာပါ။
Dr Phyo Maung
ကျန်းမာစွာနဲ့ ဖြေးဖြေးအိုကြမယ်။
အပိုင်း၃
Collagen ဆိုတာ ခန္ဓာကိုယ်ထဲမှာ အများဆုံးရှိနေတဲ့ ပရိုတင်းဓာတ်ဖြစ်ပါတယ်။
အရိုး၊ အရိုးနု၊ အရွတ်၊ကြွက်သားတွေမှာ အများကြီးရှိနေပါတယ်။
ခန္ဓာကိုယ်ကြီးကို တစုတည်းဖြစ်နေရအောင် တွယ်ထားပေးတဲ့ဓာတ် ဖြစ်ပါတယ်။
ငြမ်းစင် သဖွယ်ပါဘဲ။ တောင့်တောင့်တင်းတင်း ရှိနေရလေအောင် /တစုတည်း ဖြစ်နေရအောင်
လုပ်ပေးထားတဲ့ အမာခံဓာတ်တစ်မျိုးဖြစ်ပါတယ်။
ခန္ဓာကိုယ်ကြီးကလဲ ကုန်ကြမ်းတွေကနေ ထုတ်ပေးပါတယ်။
ကုန်ကြမ်းတွေလျော့ပါးသွားတာနဲ့အမျှ ကုန်ချောဖြစ်တဲ့ Collagen လဲ လျော့နည်းလာပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် Collagen ဓာတ်လျော့ပါးသွားမယ်ဆိုရင် ရောဂါမျိုးစုံ
ရလာတတ်ပါတယ်။
အရိုး၊ အရွတ်၊ အရိုးနု၊ ကြွက်သားတွေမှာ လျော့နည်းလာပြီဆိုရင် အရိုးတွေ မသန်စွမ်းတော့ပါ။
ကြွက်သားတွေလဲ အားမရှိတော့ပါ။
အဆစ်မှာ အရိုးနှစ်ခု ပွတ်တိုက်မနေရအောင် ကူရှင်သဖွယ် ကြားခံထားတဲ့ အရိုးနု လဲ collagen ဓာတ်လျော့ပါးလာပြီဆိုရင် အဆစ်တွေနာကြပြီပေါ့။
ခေတ်သစ် မြန်မာ ခေါ်နည်းကတော့ကျီးပေါင်းပါတဲ့။
ဒူးကျီးပေါင်း၊ ခါးကျီးပေါင်း၊ ဂုတ်ကျီးပေါင်း စုံနေတာပါဘဲ။
ဒီခေတ်မှာ ကျီးပေါင်းတွေ မိုးပေါ်က ကျလာသလားအောက်မေ့ရတယ်။
များလာလိုက်တဲ့ဖြစ်ခြင်း။
အကယ်၍ MRI ရိုက်လို့ ကင်ဆာကြောင့်မဟုတ်ဘူး/ အရိုးကျိုးလို့မဟုတ်ဘူးဆိုရင် Collagen powder ကို အရင် သောက်ကြည့် နိုင်ပါတယ်။
Glycine powder လေးနဲ့ ရော သောက်ကြည့်ပါ။
သက်သာတယ်၊ မသက်သာဘူးဆိုတာ ကိုယ်အသိဆုံးပါဘဲ။
ခံစားနေရတဲ့သူကတော့ နည်းနည်းသက်သာရင်တောင် သိသာလှပါတယ်။
ဘာဥပါဒ်မှလဲ မရှိပါ။
Collagen Powder 20G ( 2 scoops) ဗူးထဲမှာ ကော်ဇွန်းလေး ပါလာတယ်။
Glycine powder လဖက်ရည်ဇွန်းတစ်ဇွန်း
Vitamin C powder 1000mg
ဖျော်ပြီးသောက်ကြည့်နိုင်ပါတယ်။
Vitamin Cနဲ့တွဲဖက်လိုက်မှ အာနိသင်က ပိုတက်သွားပါတယ်။
Collagen Powder ထဲမှာ Glycine ပါနေပါသော်လည်း ယခုခေတ်မှာ ပေါင်းသတ်ဆေး Glyphosate တည်းဟူသော မဟာရန်သူကြီးကရှိနေတော့ ပမာဏ ပိုထည့်ရင် ကောင်းပါတယ်။
အထူးသဖြင့် ကျီးပေါင်းရောဂါရှိပြီးနာကျင်နေကြသူတွေပေါ့။
နာနေတဲ့သူတွေဟာ ဘဝအရည်အသွေးတွေကျဆင်းပြီး ၊ သနားဖို့ ကောင်းပါတယ်။
Who wants to be in pain all the time? It is plain and simple miserable!
ကျွန်မဒူးတော့ အတော်လေး ကောင်းသွားပါပြီ။
ကျွန်မသောက်တဲ့အတိုင်း ပြောပြနေတာဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ကလဲ မတူကြတာမို့ အကယ်၍ အရိုး / အသားတွေ နာနေမယ်ဆိုရင် စမ်းကြည့်စေချင်ပါတယ်။
မသက်သာဖူးဆိုရင်လဲ ရပ်လိုက်လို့ရပါတယ်။
အာမခံနေတာမဟုတ်ဘူးဆိုတာကိုတော့ နားလည်ပေးစေချင်ပါတယ်။
စာဖတ်ကြည့်တာကတော့ လုံးဝ ကောင်းဖို့ဆိုတာ ကိုယ့်ရောဂါ ဘယ်လောက်ကျွမ်းနေပြီလဲ ပေါ်မှာလဲ မူတည်နေပါတယ်။
စာဆိုအရ ၂လ မှ ၆ လ အထိ ကြာနိုင်တယ်တဲ့။
တစ်ယောက်နဲ့ တစ်ယောက် မတူကြပါ။
အရိုးပြုတ်ရည် သောက်ရင်ကော မရဘူးလား?
ရပါတယ်။
နေ့စဉ်မှန်မှန်လုပ်နိုင်သလား/ မှန်မှန်သောက်ဖြစ်ရဲ့လား ဆိုတာ မေးရပါမယ်။
ကိုယ်ဘယ်လောက်ပမာဏ သောက်ပြီး Collagen/ Glycine ပမာဏ ဘယ်လောက်
ရနေတယ်ဆိုတာလဲ ပြောရခက်ပါတယ်။
အရမ်းနာနေတဲ့သူတွေဆိုရင် မြန်မြန် ပျောက်ချင်ကြမှာပါဘဲ။
ဒါဆိုရင် Collagen/ Glycine / Vitamin C နဲ့ စ ကြည့်လိုက် ပါ။
အတော်လေးကောင်းသွားပြီဆိုရင် အရိုးပြုတ်ရည် ဆက်သောက်လို့ရပါတယ်။
နေ့တိုင်းလုပ်နိုင်သလားဆိုတာကိုဘဲ မေးရပါတော့မယ်။
ဒီ အမှုံ့တွေဟာ ရေ/ ကော်ဖီ/ အရွက်ဖျော်ရည်/ အသီးဖျော်ရည် အကုန်လုံးမှာထည့်
ဖျော်လို့ရပါတယ်။
ရောဂါဖြစ်လာပြီဆိုရင် ဖြစ်ကြောင်းကိုစဉ်းစားပြီး ပြင်ရမှာဖြစ်တယ်။
အကျိုးတရားတွေကို လိုက်ကုနေမယ်ဆိုရင် ကုလို့ မဆုံးနိုင်တော့ပါ။
အခြားအကျိုးတွေလည်းအများကြီးရှိနေပါတယ်။
ကျွန်မရေးထားတဲ့ ပေါင်းသတ်ဆေးခေါင်းစဉ်အောက်မှာဖတ်ကြည့်လို့ရပါတယ်။
အမျိုးသမီးတွေအကြိုက် Collagen နဲ့ အသားအရေ အကြောင်းဆက်ပါဦးမည်။
ဘာဘဲ ဖြစ်ဖြစ် non invasive ways and means က အကောင်းဆုံးပါ။
မခွဲစိတ်ရဘဲ သက်သာလာတယ်ဆိုရင် အကောင်းဆုံးပေါ့။
လိုရင်တော့လဲ ခွဲရမှာပါဘဲ။
မလိုအပ်ဘဲ risk မယူတာကို ဆိုလိုပါတယ်။
Crd To A Better Health
ကျန်းမာစွာနဲ့ ဖြေးဖြေးအိုကြမယ်။
အပိုင်း၂.
Connective tissue ဆိုတဲ့ဝေါဟာရကို အရင်နားလည်ဖို့လိုပါတယ်။
အလားတူ မြန်မာဝေါဟာရ ရှိ မရှိတော့မသိပါ။
ခန္ဓာကိုယ်အစိတ်အပိုင်းတွေနှင့် အခြားကလာပ်စည်းအစုအဖွဲ့ ကို ထောက်ကန်ထားပေးသည့်၊
လုံလုံခြုံခြုံဖြစ်နေအောင် ကာကွယ်ထားပေးသည့် ကလာပ်စည်း အစုအဖွဲ့ ဖြစ်ပါတယ်။
နောက်တစ်နည်းပြောရမယ်ဆိုရင် ခန္ဓာကိုယ်ကြီး ကို တစ်စဆီ ဖြစ်မသွားအောင် ကျားကန်ပြီး
သိုသိုသိပ်သိပ် ထုပ်ပေးထားသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
Connective tissue မှာ ပါဝင်နေတဲ့ အစိတ်အပိုင်းတွေကတော့ ကလာပ်စည်းတွေရယ်၊
Fiber လို့ခေါ်တဲ့အမြှင်ဓာတ်ရယ်၊ gelကဲ့သို့ ခပ်ပြစ်ပြစ် အရာတစ်ခုဖြစ်ပါတယ်။
အမြှင်ဓာတ်တည်းဟူသော fiber နှင့် gel ကဲ့သို့ ခပ်ပြစ်ပြစ် အရာကို ကလာပ်စည်းအပြင်မှ ထောက်ကန်ထားပေးမှု အပိုင်းဆိုတာ နားလည်ဖို့လိုပါတယ်။
Extra cellular matrix ပါဘဲ။
Connective tissues တွေရဲ့ဥပမာတွေကို ပြောပြရမယ်ဆိုရင်
အရိုး
အရိုးနု
အရွတ်
အဆီ တစ်ရှူး
သွေး
ပြန်ရည် lymphatic tissue
အရေပြားကို အောက်ခြေမှ ထောက်ကန်ထားပေးသည့် tissue လဲ ဖြစ်ပါတယ်။
ကလာပ်စည်းအပြင်မှ ထောက်ကန်ထားပေးမှုအပိုင်း extracellular matrix ရဲ့အဓိကတည်ဆောက်မှုကတော့ Collagen ဆိုတဲ့ ပရိုတင်း amino acids တွေဖြစ်ပါတယ်။
အများဆုံးတွေ့ရတဲ့နေရာတွေကတော့ အရေပြား၊ အရွတ်၊ အရိုးနု စသည်ဖြင့်ဖြစ်ပါတယ်။
Skin, tendons, ligaments, cartilage cushions
ပြန်ပြောပါမယ်။
Collagen ဆိုတာ ပရိုတင်းဓာတ် တွေပေါင်းစုပြီး fiber အရှည်မျိုးပုံနဲ့ တည်ရှိနေတာဖြစ်ပါတယ်။
ပါဝင်နေတဲ့ အဓိကပရိုတင်းဓာတ်သုံးမျိုး ကတော့ -----
Glycine
Proline
Hydroxyproline. ဖြစ်ပါတယ်။ ( Triple helix)
ဘယ်မှာတွေ့နိုင်သလဲဆိုတော့
အရိုး bone
အရွတ် tendon
သွေးကြောနံရံ
မျက်လွှာ
အူနံရံ
ခါးကြောရိုးကြားနေရာများ
သွား
ကြွက်သား
အရေပြားအောက်ခြေ
Gelatin Gel ကဲ့သို့ ခပ်ပြစ်ပြစ် ချွဲချွဲ ကော်ကဲ့သို့ ဖြစ်နေသည့် ဓာတ်ဖြစ်ပါတယ်။
အသက်ကြီးလာတဲ့အခါ အစားအသောက်လျှော့စားလာတတ်ပါတယ်
အသားကိုလဲ အကြောင်းအမျိုးမျိုးကြောင့် မစားတော့ သလောက်ပါ။
အစာမကြေနိုင်တာတွေကလဲရှိနေပြန်တယ်
အသက်ကြီးလာတာနဲ့အမျှ အက်စစ်ဓာတ်ဟာအစာအိမ်ထဲမှာလျော့ပါးလာပါတယ်။
Acid blockers တွေသောက်ရင် ပိုဆိုးလာနိုင်ပါတယ်။
အူမှ စုတ်ယူအားလဲ ကျသွားပါတယ်။
ပတ်ဝန်းကျင်အဆိပ်တွေနဲ့ဆိုရင်တော့ ပိုဆိုးတော့တာပါဘဲ။
အမဲသားလဲ များသောအားဖြင့် မစားကြပါ။
ပရိုတင်းဓာတ်တွေ အားလျော့လာတဲ့အခါ ——-
ကလာပ်စည်းတွေရဲ့ ပြန်လည်တည်ဆောက်ရေး အားလျော့လာပါတယ်။
Proteins are building blocks တွေ ဖြစ်နေလို့ပါ။
အရင်ကပြောပြထားတာ မှတ်မိကြတယ်နော်။
အဓိကအားဖြင့်
Proteins are building blocks ပရိုတင်းဓာတ် ဟာ ခန္ဓာကိုယ် တည်ဆောက် ပြုပြင်ရေးအတွက်
Vegetables are for cleaning purpose. ဟင်းသီးဟင်းရွက်တွေဟာ သန့်ရှင်းရေး အတွက်ဖြစ်တယ်။
ဒီတော့ကာ တည်ဆောက်ရေးဘဲ လုပ်မယ်ဆိုရင် အိမ်ကြီးဟာ ညစ်ပတ်ပေကျံနေမယ်။
သန့်ရှင်းရေးဘဲ လုပ်မယ်ဆိုရင် သန့်ရှင်းနေတဲ့အိမ်ကြီးဟာ structurally ယိုယွင်းလာမယ်။
အလယ်အလတ်လမ်းဟာ အကောင်းဆုံးပါ။
ဒီနေရာမှာ အထက်မှာဖော်ပြထားတဲ့ connective tissue ဟာ အလွန်အရေးကြီးလာပြီဖြစ်ပါတယ်။
Collagen ပရိုတင်းဓာတ်ဟာ ယုတ်လျော့လာရင်
အရိုးတွေ သန်စွမ်းမှု မှုကို ထိခိုက်လာပါပြီ။
အဆစ်နှစ်ခုကြားမှာ cushion ကြားခံထားတဲ့ အရိုးနု cartilage လဲ ပါးလာပါပြီ။
ဒူးနာပြီ၊ ခါးနာပြီ၊ ပေါင်ရိုး အားမရှိတော့ပါ။
ကြွက်သားတွေပါ အားယုတ်လာပါတယ်။
ကြာရင် အိပ်ယာထဲမှာလဲပြီး လမ်းမလျှောက်နိုင်တော့တာတွေဖြစ်လာတယ်။
ခုခေတ်မှာ အများကြီးတွေ့နေရတယ်။
အဆိပ်တွေပြဿနာကလဲ တမှောက်။ အဆိပ်တွေဟာ Collagen ဓာတ်ယုတ်လျော့စေလို့ပါ။
ယခုခေတ်ခေါ်နေကြတဲ့ ကျီးပေါင်းတွေအမျိုးစုံရှိပါတယ်။
ခါးနာလာရင်၊ ဒူးနာလာရင်၊ ပေါင်ရိုးနာလာရင် အနာပျောက်ဆေးတွေသောက်ကြတယ်။
အကြောင်းကြီးက ရှိနေတော့ ဆေးအာနိသင်ကုန်ချိန်မှာ ပြန်နာလာတာပါဘဲ။
Steroids ဆေးတွေထိုးကြတယ်။ ခဏပါဘဲ။ ပြန်ဖြစ်တာပါဘဲ။ ခဏခဏ ထိုးပါများရင် အရိုးတွေပါးလာနိုင်ပါတယ်။
မရတော့ဘူးဆိုရင် ဒူးအစားထိုးကြတယ်၊ ပေါင်ရိုးအစားထိုးကြတယ်။
ခါးတွေ အကြိမ်ကြိမ် ခွဲကြတယ်။
ဒါက ဖြစ်ရိုးဖြစ်စဉ် ကို ပြောပြနေတာပါ။
ထင်ရှားတဲ့ အရိုး၊ အကြော၊ အရွတ်၊ အသားတွေ အကြောင်းပြောနေပေမဲ့ connective tissue ဟာ တစ်ကိုယ်လုံးနဲ့ဆိုင်နေပါတယ်။
ဆက်ပါဦးမည်။
Crd To A Better Health
Cholesterol များနေလျှင် ဘာလုပ်ရမလဲ
1. Cholesterol များနေရင် စိတ်မပူပါဘူး
2. HDL နည်းနေရင် Fish Oil သောက်ပါမယ်
3. LDL များနေရင် VLDL များနေလား ထပ်စစ်ပါမယ်
4. VLDL များနေရင် လျော့ပါမယ်
5. Triglyceride များနေရင် လျော့ပါမယ်
ဘယ်လို လျော့မလဲ ဆိုတော့
၁။ လေ့ကျင့်ခန်း မှန်မှန် လုပ်မယ်
၂။ ဒါတွေကို ရှောင်မယ် လျော့စားမယ်
Corn oil, Canola oil, Vegetable oil, Soy bean oil, Margarine, ပြုပြင်ပြီး အစာများ ဖြစ်တဲ့ အာလူးကြော် crackers, cookies၊ အချိုရည်မျိုးစုံ၊ စက်ရုံထုတ် သစ်သီးဖျော်ရည်၊ သကြား ပါနေတဲ့ မုန့်မျိုးစုံ၊ ပြု ပြင်ပြီး အသားတွေ ဖြစ်တဲ့ Luncheon meats, bacon etc. အရက်၊ Refined carbohydrates တွေ ဖြစ်တဲ့ white bread, bagels
၃။ ဒါတွေ သောက်မယ်
ဆနွင်း၊ သစ်ကြပိုးမှုန့်၊ အရွက်ကြိတ်ရည်၊ အရိုးပြုတ်ရည်၊ ပန်းသီးရှာလကာရည်၊
၄။ No Flush Niacin 800mg ကို တနေ့ ၂ လုံး ၂ ကြိမ် သောက်မယ်
ဖြည့်စွက်စာအကြောင်း မေးလေ့ရှိသည်များ (စာအုပ်)
Crd
Zinc ၏ ကျန်းမာရေးကောင်းကျိုးများ
_______________________________
✅
Zinc က လွယ်လွယ်ဝယ်လို့ရတဲ့ သဘာဝ အဖျားပျောက်ဆေးပါ။
( ၅) လလောက် Zinc ဖြည့်စွက်စာသောက်ထားလျှင် ဖျားဖို့ ခက်ပါတယ်။ ဖျားနေတုန်း Zinc ဖြည့်စွက်စာသောက်လျှင် မြန်မြန်အဖျားပျောက်ပါတယ်။ အိန္ဒိယနိုင်ငံ ဆေးပညာသင်ကြားရေး စင်တာ ( the Medical Education Center of Chandigarh India )က ပြုလုပ်တဲ့သုသေတနမှာ Zinc သောက်ပြီး ၂၄ နာရီအတွင်း အဖျားသက်သာသွားတယ်ရေးထားပါတယ်။
✅
လူကြီးတွေ Zinc မှန်မှန် သောက်ထားရင် အဆုတ်အအေးမိရောဂါ ဖြစ်နိုင်ခြေ အလွန်နည်းသွားပါတယ်။
✅
Zinc က သိပ်ကောင်းတဲ့ အရောင်ကျဆေးဖြစ်တဲ့အပြင် antioxidant တစ်ခုလည်းဖြစ်တာကြောင့် ကင်ဆာရောဂါလည်း ကာကွယ်နိုင်ပါတယ်။
မီချီကန် ဆေးတက္ကသိုလ်က
သုသေတနတစ်ခုမှာ Zinc သောက်ထားတဲ့ သူက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ oxidative stress ကို ခံနိုင်ရည်ရှိတယ်ပြောပါတယ်။
✅
Zinc က ကျားဟိုမုန်း ( testosterone ) ကို သဘာဝ အတိုင်းမြင့်တက်စေပြီး အမျိုးသမီးEstrogen နှင့် progesterone ထုတ်လုပ်မှုအတွက်အသုံးဝင်တာကြောင့်အမျိုးသားအမျိုးသမီးတို့၏ကျန်းမာရေးကိုအကျိုးပြုပါတယ်။Zinc ရဲ့ ရောင်ရမ်းခြင်းကို ကုသနိုင်စွမ်းက ကောင်းမွန်တဲ့ သွေးလည်ပတ်မှုကို ဖြစ်စေပြီး သွေးတိုးရောဂါအတွက်ကောင်းပါတယ်။
✅
နာတာရှည် အူလမ်းကြောင်းပြသာနာတွေ ကို သက်သာစေတဲ့ အပြင် ဝမ်းသွားခြင်း ကို ကာကွယ်နိုင်ရုံမက ကုသနိုင်စွမ်းပါရှိပါတယ်။
✅
Zinc က အင်ဆူလင် ဟိုမုန်း ကို မျှတစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတာကြောင့် ဆီးချိုရောဂါအတွက် အကျိုးရှိပါတယ်။
Zinc က ပရိုတိန်း တည်ဆောက်မှု အပေါ်သက်ရောက်မှု ရှိပါတယ်။
✅
အသည်းကျန်းမာရေးကို အထောက်အပံ့ပေးပါတယ်။
✅
Zinc က ကြွက်သားကြီးထွားဖို့ နှင့် ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြုပြင်ဖို့ လုပ်ဆောင်ပေးတယ်။ ကျား ဟိုမုန်း၊ ကြီးထွားဟိုမုန်း တို့ ထွက်ရှိလာစေပြီး ကျန်းမာတောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ဖြစ်စေတယ်။
Zinc ဓာတ်ချို့တဲ့လျှင် ဖြစ်တတ်တာတွေက
___________________________________
Zinc ချိုတဲ့ သော လူတွေမှာ စွမ်းအင်မလုံလောက်တာကြောင့် နာတာရှည် ပင်ပန်းနွမ်းနယ်နေတတ်တယ်။
စားချင်တဲ့ အစာပြောင်းသွားတယ်၊ချိုလွန်းတာတွေ၊ငန်လွန်းတာတွေ အာသီသပိုရှိလာမည်။ အရသာခံတာ၊အနံ့ခံတာ နဲ့ ကိုယ်အလေးချိန်ပြောင်းသွားတယ်၊
ဆံပင်ကျွတ်မည်။အစာခြေတာ ပြသနာရှိမည်၊ဝမ်းခဏခဏသွားမည်။နာတာရှည် မောပန်းနေမည်။သားသမီးမရနိုင်ဘူး။
အမျိုးသမီးရာသီနဲ့ဆိုင်တဲ့ရောဂါပိုဖြစ်မည်။
ခုခံအားနည်းတတ်တယ်။အနာကျက်နှေးမည်။အာရုံစိုက်မရဘူး။ သတိမေ့မည်။ အာရုံကြောမကောင်းဖြစ်တတ်တယ်။
Zinc က hormone ထိန်းညှိတာကြောင့် zinc မရှိရင် ဟိုမုန်းတွေ ကမောက်ကမ ဖြစ်ကုန်တတ်လို့ မျိုးမအောင်ခြင်းနဲ့ ဆီးချိုရောဂါတွေဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။
ကလေးဘဝမှာ Zinc ချို့တဲ့ခဲ့ရင် အမျိုးသားများ လိင်အင်္ဂါ သေးငယ်ခြင်း၊ အမျိုးသမီးများ လိင်အင်္ဂါ၊ ရင်သား သေးငယ်ခြင်း ဖြစ်တတ်ပါတယ်၊ ကလေးတွေကို Zinc ပါတဲ့ အစာတွေ များများ ကျွေးသင့်ပါတယ်။ (ဥပမာ။ ။ခုံးကောင်၊ ရှပ်ကောင်၊ ခရု၊ ဂဏန်း၊ ကမာ၊ ကျောက်ပုဇွန်၊ အနီရောင်အသား (ဆိတ်၊ သိုး၊ ဝက်) မှာ ပါ ပါတယ်။
Crd Dr Phyo Maung Maung
ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေ ဘာကြောင့် ကျရှုံးသွားရတာပါသလဲ?
Organ failure
အပိုင်း ၄
ကျောက်ကပ်အကြောင်း ပြောကြည့်ကြပါမယ်။
ကျောက်ကပ်ကလဲ တူရာကလာပ်စည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သူကလဲ သူ့မှာရှိနေတဲ့ စက်ရုံကလေးတွေနဲ့ ဆိုင်ရာဆိုင်ရာ အလုပ်တွေကို လုပ်နေကြတာဖြစ်ပါတယ်။
ဘာအလုပ်မျိုးတွေလုပ်နေကြတာလဲဆိုတာကို ဆက်ပြီးကြည့်ကြပါမယ်။
၁.မလိုအပ်တဲ့ အညစ်အကြေး/ အဆိပ်တွေကို စွန့်ပစ်ပေးခြင်း
ဇီဝဖြစ်စဉ်မှ ထွက်လာတဲ့ ခန္ဓာကိုယ်အသုံးပြုရန် မလိုအပ်တဲ့ အညစ်အကြေးတွေ
ဖြစ်ပါတယ်။
အဓိကကတော့ Urea/ Uric acid ဖြစ်ပါတယ်။
အခြားအဆိပ်တွေကြတော့ ရေထဲမှာပျော်ဝင်နိုင်ရအောင် အသည်းထဲမှာ ပြောင်းပစ်ပြီး ကျောက်ကပ်ကနေတဆင့် ဆီးထဲကနေ ထုတ်ပစ်လိုက်တာဖြစ်ပါတယ်။
၂.ခန္ဓာကိုယ်တွင်း acid base balance ကို ထိန်းထားပေးပါတယ်။ pHကို ထိန်းထားပေးတဲ့ ယန္တရားတစ်မျိုးပါ။
လိုအပ်သည့်အလျောက် Bicarbonate ( HCO3-)တည်းဟူသော base ကို ဆီးထဲမှ
ပြန်စုတ်ယူပြီး H+ ကို ထုတ်ပေးတာဖြစ်ပါတယ်။
Controlling acid base balance
၃.ခန္ဓာကိုယ်ထဲမှ ရေဓာတ်ကို ဟန်ချက်ညီနေရအောင်လဲ ဆောင်ရွက်ပေးပါတယ်။
လိုအပ်သည့်အလျောက် ရေကိုပြန်စုတ်ယူနိုင်သလို မလိုအပ်ရင်လဲ ဆီးအနေနဲ့ ပြန်ထုတ်ပစ်နိုင်စွမ်းရှိပါတယ်။
Maintaining water balance
၄.သတ္တုဓာတ်တွေကို လဲ့ဟန်ချက်ညီနေရအောင် စွမ်းဆောင်နိုင်ပါတယ်။
Maintaining electrolyte balance
၅.သွေးပေါင်ချိန်ကို လည်း ထိန်းထားပေးပါတယ်။ ကျောက်ကပ်ကနေ ထွက်တဲ့ Renin ဆိုတဲ့ enzyme ဟာ သွေးပေါင်ချိန် ကို ထိန်းထားပေးပါတယ်။
Controlling blood pressure.
၆.သွေးနီဥတွေကို ထုတ်ဖို့ hormone erythropoietin လဲ ကျောက်ကပ်ကနေ ထုတ်ပေးပါတယ်။
နာတာရှည်ကျောက်ကပ်ရောဂါသည်တွေ သွေးအားနည်းခြင်းရဲ့ အကြောင်းတစ်ပါးဖြစ်ပါတယ်။
၇.Vitamin D ကို ခန္ဓာကိုယ်အသုံးချနိုင်ရအောင် active form Calcitriol ကို ကျောက်ကပ်မှာလဲ ပြောင်းပါတယ်။
နာတာရှည်ကျောက်ကပ်ရောဂါသည်များမှာ Vitamin D ဓာတ် နည်းနေတတ်ပါတယ်။
ရောဂါကို ပိုပြီးဆိုရွားစေတတ်သော အကြောင်းတစ်မျိုးဖြစ်ပါတယ်။
Vitamin D ဓာတ် လျော့နည်းခြင်းနဲ့အတူ နောက်ဆက်တွဲပြဿနာများ လိုက်လာပြီ
ဖြစ်ပါတယ်။
ကျောက်ကပ်ရဲ့ ဆောင်ရွက်ချက်တွေကို နားလည်သွားပြီမို့ ကျောက်ကပ်စတင်
ပျက်စီးသွားတဲ့အခါ ဖြစ်လာမဲ့ ဆိုးကျိုးတွေကို စဉ်းစားကြည့်နိုင်ပါတယ်။
Crd To A Better Health
အစာလမ်းကြောင်းကျန်းမာနေရအောင် ဘာတွေ လုပ်သင့်ပါသလဲ?
အပိုင်း၁
ရောဂါတွေ ဖြစ်ကြောင်းဟာ အစာလမ်းကြောင်းက အစ ဆိုတော့ကာအစာလမ်းကြောင်း GI tract အကြောင်းကို ပိုင်ပိုင် နိုင်နိုင် သိဖို့ လိုလာပြီ ဖြစ်ပါတယ်။
အစာလမ်းကြောင်းထဲမှာပါနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရှေးဦးစွာ သိရပါလိမ့်မယ်။ သဘောပေါက်ရပါမယ်။
ပါးစပ် mouth
အာခေါင် throat pharynx
လည်မျို esophagus,
အစာသစ်အိမ် stomach
အူသိမ် small intestine
အူမကြီး large intestine
အူမကြီးရဲ့ နောက်ဆုံးပိုင်း re**um
စအို a**s.
အသည်း liver
မုန့်ချိုအိပ် pancreas
သည်းခြေရည်အိပ် gallbladder
တွေပါ ပါနေတယ်ဆိုတာကို သတိပြုရပါမယ်။
အပြင်က လာတဲ့အစာတွေက ဗဟိဒ္ဓဩဇာတစ်ခုတည်းနဲ့ အာဟာရဇရုပ် ဖြစ်မလာနိုင်ပါ။
ခန္ဓာကိုယ်တွင်းက အဇ္ဈတ္တဩဇာ နဲ့ ပေါင်းသွားပြီး ဌီအခိုက်မှာ အာဟာရဇရုပ်တွေ ဖြစ်လာတာပါ။
( အဘိဓမ္မာ )
ဗဟိဒ္ဓဩဇာဟာ အရေးကြီးသလို အဇ္ဈတ္တဩဇာဟာ လည်း အရေးကြီးတာကြောင့် နားလည်အောင် လေ့လာကြပါစို့။
များသောအားဖြင့် ဗဟိဒ္ဓဩဇာကိုပဲ အရေးထားပြီး ပြောလေ့ရှိကြပါတယ်။
How about ဗဟိဒ္ဓ ဩဇာ ?
နှစ်မျိုးစလုံး အဆင်ပြေမှ ကျန်းမာတဲ့ အာဟာရဇရုပ် ဖြစ်နိုင်မှာပါ။
စိတ်ဝင်စားသူများအတွက်သာပါ။
Crd To A Better Health
ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေ ဘာကြောင့် ပျက်စီးဆုတ်နစ်သွားရတာပါသလဲ?
Organ failure
အပိုင်း ၇
ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု လုပ်ငန်းဆောင်တာများကို လိုအပ်သည့်အလျောက်
မလုပ်နိုင်တော့ပဲ လုပ်အားဆောင်ရွက်မှုတွေ ကျဆင်းဆုတ်နစ်လာတာကို ဆေးပညာအသုံးအနှုံးနဲ့ organ failure လို့ ခေါ်ပါတယ်။
ဥပမာ ကျောက်ကပ်ပျက်တယ်/ အသည်းပျက်တယ် စသည်ဖြင့်ပါပဲ။
Kidney, liver, heart, pulmonary failure စသည်ဖြင့်ပေါ့။
ဒီလိုမျိုးအခြေအနေရောက်လာရအောင် ဖန်တီးပေးလိုက်တဲ့ အကြောင်းတွေစုပေါင်း
သွားတာရယ်
ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု အလုပ်ကောင်းကောင်းမလုပ်နိုင်တော့အခါ ပေါ်ထွက်လာမဲ့ ဆိုးကျိုးတွေ/ ရောဂါရယ်လို့ အမည်နာမတပ်ခံလိုက်ရတာတွေကို နှစ်ပိုင်းခွဲပြီး ဦးတည်ကြပါမယ်။
အကြောင်းတရားတွေပြင်ဖို့ဆိုတာက တော့ နေ့ချင်းညချင်း မရနိုင်ပါ။
ရောဂါရယ်လို့ ဖြစ်လာတာဆိုတာကလည်း နေ့ချင်းညချင်းဖြစ်တာမဟုတ်ပါ။
ကိုယ်ကမသိပေမဲ့ ခန္ဓာကိုယ်တွင်းမှာ တဖြေးဖြေးဖြစ်နေပြီး ရောဂါရယ်လို့ ပေါ်လာတာ ဖြစ်ပါတယ်။
မပြင်လို့တော့မရပါ။ ပြင်ကိုပြင်ဖို့ လိုပါတယ်။
ကြိုးစားပြီးပြုပြင်နေစဉ်မှာ ရောဂါကြောင့် ဖြစ်လာတဲ့ ဆိုကျိုးတွေမှ သက်သာ
လာရအောင် လုပ်ပေးဖို့လိုတယ်ဆိုတာ သဘောပေါက်ရပါမယ်။
အကြောင်းတွေကိုလဲ ပြုပြင်ကြမယ်။
အကြောင်းတွေစုပေါင်းပြီးဖြစ်လာတဲ့ ရောဂါရဲ့ဆိုကျိုးတွေမှလဲ သက်သာလာရအောင် ပြုပြင်ကြပါမယ်။
ရောဂါရဲ့ဆိုးကျိုးတွေဆိုတာ ရောဂါခံစားနေရတဲ့ လက္ခဏာတွေကို ဆိုလိုပါတယ်။
အပိုင်း၅ မှာ ဖော်ပြထားပါတယ်။ ပြန်ဖတ်ကြည့်ပါ။
ခြုံငုံပြောရမယ်ဆိုရင် နေလို့မကောင်းဘူးပေါ့။
စားလို့မကောင်း/ မောပြီးနွမ်းလျနေ/ အိပ်လို့မပျော်/ ဖောရောင်နေ/ အသားအဆစ်တွေနာ/ဆီးသွားလို့မကောင်း/ အားမရှိ စသည်ဖြင့်ပါပဲ။
အရင်ကလဲ ကလာပ်စည်းတွေအကြောင်းပြောပြတုန်းက ပြောပြီးသားတွေပါပဲ။
အရေးကြီးတာမို့ ထပ်မံ ပြောရပါဦးမယ်။
ရောဂါဖြစ်နေတယ်ဆိုတာ အဓိက ကတော့ ကလာပ်စည်းစွမ်းအင်တွေကျဆင်းနေတာ ဖြစ်တယ်ဆိုတာ သဘောပေါက်နေရပါမယ်။
ဒီတော့ကာ အကြောင်းတွေပြင်ရင်းနဲ့ လောလောဆယ် ရောဂါလက္ခဏာတွေမှ သက်သာလာရအောင် ကလာပ်စည်းစွမ်းအင်တက်လာစေမဲ့ ဗီတာမင်နဲ့ ဖြည့်စွက်စာတွေကို မှီဝဲမယ်ဆိုရင် သက်သာလာနိုင်စရာအကြောင်းရှိပါတယ်။
ဆရာဝန်နဲ့ကုသရင်း ကိုယ်ဖက်က တတ်နိုင်တာလေးတွေကိုပါ လုပ်နိုင်မယ်ဆိုရင်
ပိုထိရောက်အကျိုးရှိပါလိမ့်မယ်။
ဆက်ပါဦးမည်။
Crd To A Better Health
Category
Telephone
Website
Address
Alerts
Be the first to know and let us send you an email when Galaxy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.