July Beauty Paradise

July Beauty Paradise

Share

Authentic Skin care Collection

အရောင်မညီညာဘဲ ညစ်ထေးထေးဖြစ်နေတဲ့ အသားအရေကို ကြည်သန့်သွားစေမယ့် နည်း(၄)မျို - Pyone Pyone Lay 26/05/2021

အရောင်မညီညာဘဲ ညစ်ထေးထေးဖြစ်နေတဲ့ အသားအရေကို ကြည်သန့်သွားစေမယ့် နည်း(၄)မျို - Pyone Pyone Lay အရောင်မညီညာဘဲ ညစ်ထေးထေးဖြစ်နေတဲ့ အသားအရေကို ကြည်သန့်သွားစေမယ့် နည်း(၄)မျိုး ပျိုမေတို့မျက်နှာအသားအရောင် မ....

အဆီပြန်ပြီးချွေးပေါက်ကျယ်တဲ့အသားအရေပိုင်ရှင်တွေအတွက် အိမ်တွင်းနည်းလမ်းကောင်းများ - SANTHITSA 26/05/2021

အဆီပြန်ပြီးချွေးပေါက်ကျယ်တဲ့အသားအရေပိုင်ရှင်တွေအတွက် အိမ်တွင်းနည်းလမ်းကောင်းများ - SANTHITSA မျက်နှာမှာ အဆီပြန်တတ်ကြတဲ့သူတော်တော်များများ ချွေးပေါက်ကျယ်တတ်ကြတယ်။ မိန်းကလေးတစ်ယောက်မျက်နှာ ချွေးပေါ.....

သင့်ကို ၁ဝ နှစ်စာလောက်နုပျိုသွားစေမယ့် ပေါင်းတင်နည်း - Thar Thar Lay 26/05/2021

သင့်ကို ၁ဝ နှစ်စာလောက်နုပျိုသွားစေမယ့် ပေါင်းတင်နည်း - Thar Thar Lay သင့်ကို ၁ဝ နှစ်စာလောက်နုပျိုသွားစေမယ့် ပေါင်းတင်နည်း ဂန္ထဝင်စာချစ်သူလေးတွေကို ၁ဝ နှစ်စာလောက်ပိုနုပျိုသွား...

Photos from I am Fashion's post 26/05/2021
25/05/2021

အခုတလော အသက် ၃၀ အောက် မိန်းကလေးတွေနဲ့ အပြောဖြစ်ဆုံး ကျန်းမာရေးပြဿနာကတော့ "ဓမ္မတာ မပေါ်တော့တဲ့ ပြဿနာ" ပါ🤷‍♀️

ဓမ္မတာမမှန်တာမဟုတ်ဘူးနော်။ ဒါက သက်သက်။
အခုဟာက "အရင်က ပုံမှန်လာနေရင်းနဲ့မှ ရုတ်တရတ် နှစ်လ၊ သုံးလ ရာသီမပေါ်တော့တာ"မျိုးပါ။

ဘာကိုစိုးရိမ်ကြတာလဲဆိုတော့ အထဲမှာတစ်ခုခုဖြစ်နေမှာ စိုးလို့ပါ တဲ့💣

တစ်ချို့ကလည်း မလာတာကြာရင် အထဲမှာစုပြီး တစ်ခုခုဖြစ်ကြမယ်ထင်တယ်ပေါ့နော် (အဲ့လိုမျိုး မရှိပါဘူး)။

တစ်ချို့ကလည်း ကိုယ်ဝန်များရလို့ မပေါ်တော့တာလားလို့ ထင်ကြတယ် (ဒီလိုထင်ကြတဲ့သူတွေထဲမှာ ယောကျ်ားလေးနဲ့ မနေဖူးတဲ့သူတွေပါ ပါတယ်😂)

အဲဒီတော့ အခုလိုမျိုး အရင်ကရာသီမှန်နေရင်းနဲ့မှ ရုတ်တရတ်မပေါ်တော့ဘူးဆိုရင် ဘာလုပ်ရမလဲဆိုတော့

(၁) ကိုယ်ဝန်ကို အရင်စဉ်းစားရမယ်🤰

နောက်ဆုံးအကြိမ်ရာသီလာပြီးတာနဲ့ အခုကြားထဲမှာ အမျိုးသား/ ကောင်လေးနဲ့ အတူနေမိတယ်ဆိုရင် ကိုယ်ဝန်ရှိ/ မရှိကို ဆီးစစ်ကြည့်ရပါမယ်။ မနေမိရင်တော့ စစ်စရာမလိုပါဘူး။

စစ်ကြည့်လို့ရှိနေပြီဆိုရင်တော့ ပုံမှန်အတိုင်းဆရာဝန်နဲ့ ဗိုက်အပ်ပြီးတော့ သေချာဂရုစိုက်သွားရပါမယ်🤱

တကယ်လို့ စစ်ကြည့်တာ မရှိဘူးဆိုရင်တော့ နံပါတ် (၂) အချက်ကို ဆက်ပြီးစဉ်းစားသွားပါမယ်✌️

(၂) ဟော်မုန်းအပြောင်းအလဲ (အခုအချိန် အဖြစ်အများဆုံးပါ)

ရာသီကို လစဉ်ပုံမှန်လာနေစေဖို့အတွက် ဟော်မုန်းတွေက ထိန်းချုပ်ထားပါတယ်🧠

ဆိုတော့ကာ အခုကာလအတွင်းမှာ ဟော်မုန်းအပြောင်းအလဲဖြစ်စေနိုင်တဲ့ အရာတွေကိုလုပ်မိနေမယ်ဆိုရင်လည်း ရာသီမပေါ်တော့ပါဘူး။

ဘာတွေက ဟော်မုန်းအပြောင်းအလဲကိုဖြစ်စေလဲဆိုတော့

၁) စိတ်ဖိစီးမှုများတာ😓

စိတ်ဖိစီးမှုများချိန်မှာ ထွက်တဲ့ Cortisol ဆိုတဲ့ဟော်မုန်းဟာ ရာသီမပေါ်အောင် အနှောင့်အယှက်ပေးပါတယ်။

အခုအချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတွေကြောင့် စိတ်ဖိစီးမှုတွေ များနေနိုင်ပါတယ်။

ဒါကြောင့် ရာသီပုံမှန်လာစေချင်တယ်ဆိုရင်တော့ စိတ်ဖိစီးမှု တွေကို လျှော့ချဖို့လိုပါတယ်💆‍♀️🧘‍♀️

၂) အိပ်ချိန်အပြောင်းအလဲ 💤

လူတစ်ယောက်ရဲ့ အိပ်ချိန်အပေါ်မူတည်ပြီးတော့လည်း ဟော်မုန်းတွေက အလုပ်လုပ်ပါတယ်။
ဒါ့ကြောင့် အိပ်ချိန်ကို အရမ်းနောက်ကျတာမျိုးမရှိစေပဲ ၁၂ နာရီရှေ့ပိုင်း အိပ်ပျော်အောင်အိပ်သင့်ပါတယ်😴

၃)အစားအသောက် 🥦🥑🥩

မနက်စာ၊ နေ့လည်စာ၊ ညစာတွေမှာ အာဟာရစုံအောင်စားဖို့လိုပါတယ်။

အဓိကစားသင့်တာတွေကတော့ သွေးအားကောင်းစေတဲ့အစားအစာတွေဖြစ်တဲ့ ဆိတ်သား၊ အမဲသား၊ ကြက်အသည်းအမြစ်၊ ဟင်းနုနွယ်၊ Brocoli နဲ့ အစိမ်းရောင်အသီးအရွက်၊ အသီးအနှံ တွေကို မကြာခဏစားပေးသင့်ပါတယ်။

ဒါ့အပြင် ဟော်မုန်းဓာတ်တွေပါတဲ့ သဘာဝအစေ့တွေကို သူ့အချိန်အလိုက်စားပေးခြင်းဖြင့် ရာသီမှန်အောင်လုပ်လို့ရတဲ့ "Seed cycling" ဆိုတဲ့ နည်းလမ်းလည်းရှိပါတယ်။ ဒါကတော့ နည်းနည်းရှည်လို့ နောက်မှပြောပြပါမယ်🥜

၄) လေ့ကျင့်ခန်း 🏋️‍♂️

အရင်က လှုပ်လှုပ်ရှားရှားအလုပ်တွေလုပ်နေရင်းနဲ့မှ အခုအချိန်မှာ အရမ်းငြိမ် (အိပ်လိုက်၊ စားလိုက်) နေမယ်ဆိုရင်လည်း ဟော်မုန်းအပြောင်းအလဲဖြစ်ပေါ်နိုင်ပါတယ်။

ဒါကြောင့်အရမ်းငြိမ်နေတတ်တဲ့သူဆိုရင် Kegal exercises လိုမျိုး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးခြင်းအားဖြင့် ရာသီလာဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်🧘‍♀️

၅) ကိုယ်ဝန်တားဆေး/ သားဆက်ခြားဆေး 💊

​များသောအားဖြင့် သုံးလခံထိုးဆေး၊ လက်မောင်းထဲပိုက်ထည့် ထားသူတွေမှာဆိုရင် ရာသီမပေါ်တော့တာမျိုးဖြစ်တတ်ပါတယ်။

ဒါကတော့ မိမိကို ထိုးပေး/ ထည့်ပေးတဲ့ဆရာဝန်နဲ့ ပြန်တိုင်ပင်နိုင်ပါတယ်။

ဒီအချက် (၅) ချက်ကို ဆန်းစစ်ကြည့်ပြီး မိမိမှားနေတဲ့အချက်တွေကို ပြုပြင်လိုက်ပါ။

ဒါဆိုရင် ရာသီပြန်ပေါ်လာကြတာများပါတယ်❣️

ရာသီမပေါ်တာကြာလာရင် ဘာဖြစ်နိုင်လဲဆိုပြီး တချို့ကမေးကြပါတယ်။

ဘာမှမဖြစ်ပါဘူး😄
ဒီလိုမျိုး တစ်ခုခုဖြစ်မယ်ဆိုပြီး စိုးရိမ်နေတာဟာလည်း စိတ်ဖိစီးမှုတစ်မျိုးဖြစ်တဲ့အတွက် ဒီစိတ်ကို ဖျောက်ပစ်ရပါမယ်။

တစ်ခုပါပဲ
အကယ်၍ ရာသီမပေါ်တာက (၃) လကျော်လာပြီ။ လူကလည်း တစ်ခုခုနေမကောင်းဖြစ်တယ်ဆိုရင်တော့ ဆရာဝန်/ အိုဂျီနဲ့ ပြကြည့်လိုက်တာကောင်းပါတယ်။

အဲ့လိုမဟုတ်ဘူး၊ လူကဘာမှမဖြစ်ဘူးဆိုရင်တော့ စိတ်ချမ်းချမ်းသာသာပဲနေပါ။
သူ့အချိန်တန်ရင် ရာသီပြန်လာပါလိမ့်မယ်😄

မေတ္တာဖြင့်
Dr. စိုပြေ 👨🏼‍⚕️

27/03/2021
25/03/2021

Website

Address

Yupa Street
Yangon

Alerts

Be the first to know and let us send you an email when July Beauty Paradise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.