TD Healthy & Beauty Shop

TD Healthy & Beauty Shop

Share

https://www.facebook.com/share/1AHQCbNgJ3/?mibextid=wwXIfr
Japan 🇯🇵 (Personal Acc Link)

29/07/2026

မင်္ဂလာရှိသော ဝါဆိုလပြည့် 🌕 (ဓမ္မစကြာ အခါတော်နေ့) အခါသမယမှာ TD Healthy & Beauty Shop ရဲ့ ချစ်မိတ်ဆွေ ဝယ်သူများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ရှေးဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏🙏🙏

ဝါဆိုလပြည့်နေ့ ဗုဒ္ဓမြတ်စွာဘုရား၏ အေးရိပ်မေတ္တာကြောင့် -
🌸 စိတ်နှလုံးထဲတွင် အေးချမ်းမှုများ ပြည့်နှက်ကြပါစေ
🌸 ဘေးဥပဒ်အန္တရာယ်များ ကင်းဝေးကြပါစေ
🌸 စီးပွားဥစ္စာများ ဒီရေအလား တိုးတက်အောင်မြင်ကြပါစေ။
🌸 အေးချမ်းသာယာသော ဝါဆိုလပြည့်အခါတော်နေ့လေး ဖြစ်ပါစေရှင်။ 😊

06/06/2026

Instock ပါရှင့် ☺️

ပျက်စီးခြောက်သွေ့ အဆီအနှစ်မရှိတဲ့ ဆံသားကို သိသိသာသာ
ပြောင်စို နူးညံ့လာစေမယ့် TSUBAKI Premium Moist 🌸

Shiseido ရဲ့ Brand အခွဲဖြစ်ပြီး International မှာ
တော်တော်လေး ပေါက်တဲ့ Haircare မို့လို့
စိတ်ဝင်တစား try ကြည့်ခဲ့တာနဲ့အညီ Result ကလည်း
အတော်လေးသိသာလို့ 5 ကြိမ်လောက် ဒီအတွဲလေးကို
သေချာလေး သုံးပြီးသွားတဲ့အခါ တကယ်ကို အိဖတ်နူးညံ့ပြီး
တအားကို glossy & shiny ဖြစ်နေတဲ့ ဆံသားကိုမြင်ရမှာပါ

🌸 Brand ရဲ့ နာမည်အတိုင်းပဲ အဓိက အနေနဲ့
Omega-6 , Omega-9 ကြွယ်ဝစွာပါဝင်တဲ့
Tsubaki ( Camellia Seed ) Oil ကို သုံးပေးထားလို့
သူက ဆံသား cuticles တွေမှာ ဝင်ရောက်ပေးနိုင်ရုံမက
အပေါ်ကနေ protective barrier တစ်ခုအနေနဲ့
coating လုပ်ပေးထားနိုင်လို့ ဆံသားကို deep nourishing ပေးတယ်
သူ့ရဲ့ shampoo တစ်ခုတည်းနဲ့တင် လျှော်ပြီးတာနဲ့
ဆံသားမှာ weight ရှိသွားပြီး စိုအိသွားတာ
conditioner နဲ့ တွဲသုံးလိုက်ရင်တော့ ပိုပြီးကို
နူးညံ့အိဖတ်ပြီး ပြောင်စိုသွားတာ မျက်မြင်ပါပဲ

🌸 တအားကို စိုအိစေတဲ့ Haircare မျိုးပေမယ့်
Lightweight ဖြစ်တဲ့ Camellia Seed Oil ကို သုံးပေးထားလို့
Low Porosity Hair တွေမှာ သုံးရင်လည်း greasy ဖြစ်တာမျိုး
မရှိဘူး စိတ်ချရအောင်ဆိုရင်တော့ ခြားခြားပြီးသုံးလို့ရတယ်
ကိုယ်က တစ်ပတ်မှာ ခေါင်းနှစ်ကြိမ်လျှော်ရင် တစ်ကြိမ်ပဲလျှော်တာမျိုး ၊
သို့မဟုတ် နောက်တစ်ကြိမ်မှာ အခြား lightweight shampoo ကို
သုံးတာမျိုး ဖြစ်ဖြစ် သုံးလို့ရတယ်

🌸 ငုံးအမြင်မှာတော့ အဲ့လိုလုပ်ဖို့ သိပ်မလိုဘူး
သူ့ရဲ့ formulation အရ hair cuticles ‌ထဲအထိဝင်ပြီး
အာဟာရပေးနိုင်တာမျိုးဖြစ်တယ် အပေါ်ယံမှာပဲ တင်ကျန်ပြီး
ဆံသားကို စေးကပ်စေတာ ၊ အာဟာရမဝင်မှာကို စိတ်ပူစရာမလိုလို့
Low Porosity Hair သမားတွေလည်း စိတ်ချလက်ချသုံးလို့ရတယ်

🌸 Royal Jelly Extract , Soybean Seed Extract တို့
ပါဝင်သေးတာကလည်း အခြား Haircare တွေနဲ့ မတူဘဲ
ကွဲထွက်နေတဲ့ အချက်လေးပေါ့နော် အဲ့ဒါကြောင့်ဖြစ်မယ်
အခြား shampoo , conditioner တွေနဲ့ သုံးရတာမတူဘဲ
တမူထူးခြားပြီးကို ပြောင်ပြောင်လက်လက်ဖြစ်နေတဲ့
ဆံသားကို ရတယ်လို့ ထင်တယ် ပျက်စီးဆံသား ၊
အရောင်ဆိုးထားတဲ့ ဆံသားတွေအတွက်လည်း
တော်တော်လေး အလုပ်ဖြစ်လိမ့်မယ်

🌸 Shampoo ကလည်း အမြှုပ်ထွက်အားကောင်းတယ် ၊
အမြှုပ်ကလည်း နူးညံ့တယ် ၊ Conditioner ကလည်း
ရေဆေးချရတာ အရမ်းမခက်ဘဲ အဆင်ပြေတယ်
ပုံမှန် ပြောင်စင်ပြီလို့ ခံစားရတာထက် ရေများများနဲ့ဆေးပေးနော်

🌸 သိပ်ဘဝင်မကျတာဆိုလို့ ရနံ့ပဲ ငုံးက
အများကြီးမျှော်လင့်ထားလို့လားမသိဘူး သူ့အနံ့က
ဘာမှထူးခြားနေတာမျိုး မရှိဘူး မွှေးတာတော့ မွှေးတယ်
ရိုးရိုး L'Oreal တို့ Sunsilk တို့မှာ ရနေကြ အနံ့မျိုးပဲ
Tsubaki ကတော့ မဆိုသလောက် အနံ့ပိုစွဲတယ်

ကိုယ်က Haircare ကို Quality ကောင်းကောင်း Brand တစ်ခုမှာ
တစ်ခါတည်း Invest လုပ်ထားချင်ရင် ဒီလို set လိုက်လေးက
တအားအဆင်ပြေတယ် ၊ တစ်ဘူးချင်းထက်လည်း သက်သာတယ်
တစ်ဘူးစီမှာ 450ml ပါတာဆိုတော့ ဝယ်တုန်းက တစ်လုံးတစ်ခဲပေမယ့် ပြန်တွက်ကြည့်ရင် ဈေးသက်သာပြီး Quality တော်တော်ကောင်းတဲ့
Shampoo & Conditioner Duo ပါပဲဗျာ 💗

23/05/2026

"TD Healthy & Beauty Shop ကို အမြဲတမ်း ယုံကြည်အားပေးကြတဲ့ ချစ် Customer များအားလုံးကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အထူးမေတ္တာလက်ဆောင်လေး ပေးချင်ပါတယ်ရှင်" 💖

မင်မင်တို့ဆိုင်ကနေ မိမိကြိုက်နှစ်သက်ရာ ဂျပန်ပြည်တွင်းသုံး အလှကုန်ပစ္စည်းများ
💰 ၁ သိန်းဖိုးနှင့်အထက် ဝယ်ယူအားပေးသူတိုင်းကို
🎁 ဂျပန်မှာ နံပါတ် (၁) ချိတ်ထားတဲ့ ၄,၀၀၀ တန် Dcure+ Sheet Mask (၁) ချပ် ကို မေတ္တာလက်ဆောင်အဖြစ် ထည့်ပေးသွားမှာဖြစ်ပါတယ်။

အမြဲတမ်းအားပေးရုံတင်မကဘဲ အခုလို မေတ္တာလက်ဆောင်လေးတွေပါ ရယူနိုင်ဖို့ အခုပဲ Chatbox မှာ လှမ်းပြီး စျေးဝယ်လိုက်တော့နော်။ 🛍️

08/05/2026

📢 ချစ်ခင်ရပါသော Customer များရှင့်❤️

ဂျပန်မှာ ပစ္စည်းအသစ်လေးတွေနဲ့ အမှာစာ (Order) လေးတွေကို မင်မင်တို့ အဆင်သင့် ဝယ်ယူထားပြီးဖြစ်ပေမဲ့ လက်ရှိ Cargo အခက်အခဲကြောင့် ပစ္စည်းရောက်ရှိဖို့ နှောင့်နှေးနေရခြင်းကို အနူးအညွတ် တောင်းပန်အပ်ပါတယ်ရှင်။

Cargo စျေးနှုန်းများ မြင့်တက်နေတာမို့ စျေးမတက်ခင် ဝယ်ယူထားချင်သူများနှင့် ပစ္စည်းပြတ်မှာ စိုးရိမ်သူများအနေဖြင့် ဆိုင်ရှိ Instock လေးတွေကို ကြိုတင်ဝယ်ယူထားဖို့ တိုက်တွန်းပါရစေ။

အဆင်မပြေမှုအတွက် ထပ်မံတောင်းပန်အပ်ပြီး အမြန်ဆုံးရောက်အောင် ကြိုးစားပေးနေပါတယ်ရှင်။
အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ် 🙏

TD Healthy & Beauty Shop 🌸

Photos from Yar Yar & Her Choices's post 27/04/2026

စမ်းသုံးကြည့်ချင်တဲ့ မဒီလေးတို့အတွက်
Sample size လေးရေ Normal Sizeလေးရေ ရှိတယ်ရှင့်

Photos from TD Healthy & Beauty Shop's post 18/04/2026

သင်္ကြန်ရက်ပြီးလို့ ရုံးတက်ဖို့ပင်ပန်းနွမ်းနယ်နေကြပြီလား??? အားဆေးကောင်းလေးရှိတယ်နော်💊
အိမ်မပျော်တတ်တဲ့သူလေးတွေအတွက်လဲ အထူးကောင်းမွန်ပါတယ်ရှင့်

12/04/2026

🙏 မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူးအကြိုနေ့ ဆုတောင်းမေတ္တာ 🙏

မြန်မာတို့ရဲ့ ရိုးရာအစဉ်အလာအရ နှစ်ဟောင်းကုန်လို့ နှစ်သစ်သို့ ကူးပြောင်းတော့မယ့် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ အတာသင်္ကြန်အကြိုနေ့မှာ ကျွန်မတို့ရဲ့ TD Healthy & Beauty Shop မိသားစုမှ ချစ်မိတ်ဆွေများအားလုံးကို နွေးထွေးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။

🙏 နှစ်သစ်ကူး အခါသမယမှာ ရောဂါဘယများကင်းဝေးပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းများနှင့် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။

🙏 နှစ်ဟောင်းက အညစ်အကြေးတွေအားလုံးကို အတာရေစင်နဲ့ ဆေးကြောသန့်စင်ပြီး၊ လာမည့် ၁၃၈၈ ခုနှစ် နှစ်သစ်မှာ ဘေးဥပဒ်ရန်ကင်းကာ အေးချမ်းသော နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုနိုင်ကြပါစေရှင်။

🌸 TD Healthy & Beauty Shop 🌸

09/04/2026

မင်္ဂလာပါရှင်...

💦 သင်္ကြန်ရုံးပိတ်ရက်အတွင်း Order များ ပုံမှန်တင်နိုင်ပါသည် 💦

💦 မြန်မာ အတာသင်္ကြန်ကာလအတွင်းမှာ Delivery Service တွေ ခေတ္တရုံးပိတ်ကြပေမဲ့ ကျွန်မတို့ရဲ့ TD Healthy & Beauty Shop Page ကတော့ မပိတ်ပါဘူးနော် ☺️

💦 သင်္ကြန်ကာလတစ်လျှောက်လုံး မိမိတို့နှစ်သက်တဲ့ ဂျပန် Skincare & Cosmetics လေးတွေကို စိတ်ကြိုက်ရွေးချယ်ပြီး Order တင်ထားနိုင်ပါတယ်။

💦 သင်္ကြန်တွင်း မှာယူထားတဲ့ Order လေးတွေကိုတော့ Delivery ရုံးဖွင့်ရက် ရောက်တာနဲ့ အမြန်ဆုံး အစဉ်လိုက် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင်။

💦 သင်္ကြန်ရက်လေး အိမ်မှာအေးအေးဆေးဆေးအနားယူရင်း အသားအရေလေး ထိန်းသိမ်းဖို့အတွက် ပစ္စည်းလေးတွေ ကြိုမှာထားချင်ရင် Messenger မှာ အချိန်မရွေး ဆက်သွယ်လိုက်ပါနော်။

အားလုံးပဲ အေးချမ်းသာယာသော သင်္ကြန်ကာလလေး ဖြစ်ပါစေရှင်။

🌸 TD Healthy & Beauty Shop 🌸

Photos from TD Healthy & Beauty Shop's post 01/04/2026

✨ Dcure+ Special Skin Care Sheet Mask Series ✨

"ဂျပန်နိုင်ငံ Rakuten Website ရဲ့ Sheet Mask ကဏ္ဍမှာ နံပါတ်(1) Best Seller ချိတ်ထားတဲ့အပြင် မိမိရဲ့ အသားအရေပြဿနာအလိုက် ရွေးချယ်နိုင်တဲ့ အထူးကုသပေးမယ့် Mask လေးတွေပါ"

အရေပြားပြဿနာ တစ်ခုချင်းစီအတွက် သီးသန့်ထုတ်လုပ်ထားလို့ မိမိအသားအရေနဲ့ ကွက်တိဖြစ်မယ့် အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။

💚Tea Tree (အစိမ်းနုရောင်): ဝက်ခြံရှိသူတွေနဲ့ အဆီပြန်တတ်သူတွေအတွက် ရောင်ရမ်းမှုကို လျှော့ချပေးပြီး အသားအရေကို ပြန်လည်တည်ငြိမ်စေပါတယ်။

💙Hyaluronic Acid + Collagen (အပြာရောင်): အသားအရေ ခြောက်သွေ့သူတွေအတွက် ရေဓာတ်ကို အပြည့်အဝဖြည့်ပေးပြီး အသားလေးကို တင်းရင်းကြည်လင်စေပါတယ်။

💚CICA (Centella Asiatica) (အစိမ်းရင့်ရောင်): အသားအရေ နီမြန်းတတ်သူတွေအတွက် အသားအရေကို ပြန်လည်ပြုပြင်ပေးပြီး အေးမြစေပါတယ်။

💜Retinol (ခရမ်းရောင်): အရေးအကြောင်းတွေကို ကာကွယ်ချင်သူတွေနဲ့ အသားအရေ ကျစ်လျစ်ချင်သူတွေအတွက် အထူးကောင်းမွန်တဲ့ Anti-aging Mask လေးပါ။

🖤Niacinamide (အမည်းရောင်): အသားအရေ ညိုညစ်နေသူတွေအတွက် အသားအရောင်ကို ညီညာစေပြီး တောက်ပဝင်းပလာစေပါတယ်။

🩵PDRN (အပြာနုရောင်): အသားအရေကို ဆဲလ်အဆင့်ထိ ပြန်လည်နုပျိုစေပြီး နူးညံ့ချောမွေ့စေချင်သူတွေအတွက် အဆင့်မြင့် Treatment Mask လေးပါ။

🇯🇵 100% Japan Authentic (Flight နဲ့ တိုက်ရိုက်သယ်ယူထားလို့ Expired Date အမြဲ Fresh ဖြစ်ပါတယ်)

🚚 ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေ (COD) ရပါတယ်။
နယ်မြို့များအတွက် Royal Express (ငွေကြိုရှင်းစနစ်) လေးဖြင့် ပို့ဆောင်ပေးပါတယ်။

⚠️ ကိုယ်တိုင်ရိုက်ပုံနှင့် စာသားများအား ကူးယူခြင်း လုံးဝ(လုံးဝ) မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

Website

Alerts

Be the first to know and let us send you an email when TD Healthy & Beauty Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.