Cozy Yoga - Center

Cozy Yoga - Center

Share

Be happy & Healthy with Yoga

29/10/2023

သီတင်းကျွတ်လပြည့်နေ့ အခါသမယ မှာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း Cozy Yoga မှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

26/10/2023

YOGA လေ့ကျင့်တဲ့အခါမှာ အရေးကြီးတဲ့ လုပ်ငန်းစဉ်ထဲက တစ်ခုဖြစ်တဲ့ အကြောဖြေလျှော့ခြင်းအကြောင်း သိကောင်းစရာ

23/10/2023

🧘YOGA ကို အလေ့အကျင့်တစ်ခုအဖြစ်သေချာလေ့ကျင့်လိုသူများအတွက်....

💁YOGA လေ့ကျင့်ခြင်းဟာ နိုင်ငံတကာမှာ အလှအပ နဲ့ကျန်းမာရေးလိုက်စားတဲ့ လူတိုင်းရဲ့အလေ့အကျင့်ကောင်းတစ်ခုအဖြစ်မှတ်ယူလေ့ရှိကြပါတယ်။

🫴ဒါကြောင့် လှပပြီးကျန်းမာချင်တဲ့ သူအနေန‌နဲ့ YOGA လေ့ကျင့်တာကိုအလေ့အကျင့်တစ်ခုအဖြစ်ပျိုးထောင်ချင်တယ်ဆိုရင် ဒီအချက် တွေလုပ်လုပ်ကြည့်လိုက်ပါ

1.Start Slow💪
Beginner Friendly Class မျိုးဖြစ်တဲ့ ပေါ့ပါးပြီးလွယ်ကူတဲ့ အခြေခံ လေကျင့်ခန်းတွေများတဲ့ YOGA CLASS မျိုး အရင်တက်ပါ

2.Consistency👍
ပုံမှန် မပျက်မကွက် လေ့ကျင့်တာမျိုးလုပ်ပါ ‌‌ဆင်ခြေ အကြောင်းမျိုးမျိုးပြပြီး မလေ့ကျင့်ဘဲ ပျက်ကွက်တာမျိုးကို ရှောင်ပါ။

3.Mindful Breathing🧘
အပေါ်ကနှစ်ချက်လုံးလိုက်နာနိုင် နေပြီဆိုရင် စိတ်ဖိစီးမှု လျော့ချ ပေးနိုင်တဲ့ Breathing Technique တွေပါ ထည့်သွင်းလေ့ကျင့်ပါ။

4. Explore Style 🤸
YOGA လေ့ကျင့်တာ တဖြည်ဖြည်း အလေ့ကျင့်တစ်ခုစဖြစ်လာပြီဆိုရင် YOGA အမျိုးအစား တွေကိုထပ်ပြီးလေ့လာပါ ဥပမာ (Hatha, Vinyasa,Ashtanga, etc).
5.Listen To Your Body 💁
နောက်ဆုံးအချက်ကတာ့ ကိုယ့် Body ရဲ့ limit ကို သေချာသိပါ၊ စိတ်ပါပြီး အလွန်အကျွံလုပ်မိတာမျိုးမဖြစ်ဖို့ကလဲ အရေးကြီးပါတယ်။

ဒီလိုအချက်တွေကိုလိုက်နာပြီး လေ့ကျင့်မယ်ဆိုရင် YOGA လေ့ကျင့်တဲ့ အလေ့အကျင့် ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ပြီး လှပပြီး ကျန်းမာ ပျော်ရွှင်တဲ့ Lifestyle တစ်ခုကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

04/10/2023

💁ကျန်းမာလှပချင်သော အမျိုးသမီးတို့အတွက်

🫴အမျိုးသမီးတွေဆိုတာ ကျန်းမာမှ လှပနေမှာဖြစ်ပါတယ်။ကျန်းမာစေတဲ့အပြင် လှပ အောင်ပါ ပြုလုပ် ပေးနိုင်တာမျိုးကဘယ်လိုအရာဖြစ်မလဲ၊🌐အဲ့ဒီအရာဟာ နိုင်ငံတကာ က အနုပညာရှင်တွေရဲ့ အလှအပထိန်းသိမ်းနည်းတွေထဲက တစ်ခုဖြစ်တဲ့အရာလဲဖြစ်ပါတယ်။

👉အဲ့ဒါကဘာလဲဆိုရင်တော့ YOGA လေ့ကျင့်တာပဲဖြစ်ပါတယ်။YOGA ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် ကိုယ်ခန္ဓာမှာရှိတဲ့အဆီပိုတွေကိုဖယ်ရှားပေးတယ်၊အိုမင်းရင့်ရောမှုကို ဖြစ်စေတဲ့ အကြောင်းရင်းထဲကတစ်ခုဖြစ်တဲ့ စိတ်ဖိစီးမှုတွကို လျှော့ကျစေတယ်၊အသားရည်ကိုကြည်လင်လှပစေပြီး ပေါ့ပါးလန်းဆန်း စေပါတယ်။ ဒါကြောင့် လဲ YOGA ဟာ ကမ္ဘာတစ်၀န်းမှာ ကျန်းမာရေး နဲ့ အလှပအတွက် ကျင့်သုံးနေကြတဲ့အ လေ့အထတစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။

💁ကျန်းမာပြီးလှပတဲ့လူနေမှုပုံစံတစ်ခုကိုတည် ဆောက်ချင်တယ်ဆိုရင်တော့ Cozy Yoga Centre ရဲ့ YOGA For Beginner Class ကို လှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
🚨(တစ်တန်းကို သင်တန်းသားဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံတာမို့ လူပြည့်လို့မတက်လိုက်ရတာမျိုးမဖြစ်အောင် အခုပဲ Messenger ကနေ စာရင်းပေးသွင်းအပ်နှံလိုက်ပါ)🚨

📌သင်တန်းလိပ်စာ -အမှတ်60၊စက်မှု5လမ်း၊မေတ္တာညွန့်ရပ်ကွက်၊တာ‌မွေမြိုနယ်။

27/09/2023

💁အခုမှ YOGA စလေ့ကျင့်မယ့်သူတွေအတွက် မပါမဖြစ် Child's Pose အကြောင်း

🫴Child's Pose ကို "Balasana" လို့လဲခေါ်ကြလေ့ရှိပြီးအ ခြေခံ YOGA Pose တွေထဲက တစ်ခုဖြစ်ပါတယ်။ Child's Pose က ပြုလုပ်ရလွယ်ပေမယ့် သူ့ရဲ့ အရေးပါပုံက YOGA လေ့ကျင့်သူတိုင်းအသိပဲဖြစ်ပါတယ်။ ဘာလို့ အရေးပါလဲဆိုရင်တော့ ဒီPose ကို YOGA မှာ Transition Pose အဖြစ်အသုံးပြုကျ လေ့ရှိလို့ပဲဖြစ်ပါတယ်။

👉ဒီလို ပြုလုပ်ရလွယ်ပြီး အရေးပါတဲ့ Child's Pose ကတော့ မထင်မှတ်ထားလောက်အောင် အကျိုးကျေးဇူးတွေများလှပါတယ်။သူ့ရဲ့အကျိုးကျေးဇူးတွေကတော့

၁) လူကို relax ဖြစ်စေပါတယ်
၂)ကျောရိုး ၊‌တင်ပဆုံ နှင့် ပေါင်တို့ မှာရှိတဲ့ အကြောတွေကို ဖြေလျော့‌ စေပါတယ်
၃) Emotional Release ဖြစ်စေတဲ့ ခံစားချက်မျိုးကိုရ စေပါတယ်။
၄)အစာခြေစနစ်ကိုကောင်းမွန် စေပါတယ်
၅)ကောင်းမွန်စွာအိပ်စက်ခြင်းအတွက်အထောက်ပံ့ဖြစ်စေပါတယ်

💁ဒီလိုလုပ်ရလွယ်ပြီးအကျိုး ကျေးဇူးများတဲ့ YOGA Pose ကို ကိုယ်တိုင် လေ့ကျင့်လို့လဲရသလို၊ ဆရာမပြနည်းမကျ မဖြစ်ချင် ဘူးဆိုရင်လဲ Cozy Yoga Centre ရဲ့ YOGA For Beginner Class ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

11/08/2023

"Core Benefit of Yoga"

03/08/2023

💁ကျန်းမာရေးအတွက်အလေ့ကျင့်ကောင်းတစ်ခုဖန်တီးနိုင်ဖို့ဆိုရင်.....

🧘YOGA လေ့ကျင့်ခြင်းက ကိုယ်ခန္ဓာအတွက် သာမကဘဲ စိတ်ပိုင်းဆိုင်ရာ အတွက်ပါ အထောက်အကူဖြစ် စေပါတယ်။ YOGA လေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်မှာရှိတဲ့အဆီပို တွေဖယ်ရှားပေးနိုင်ပြီး ကိုယ်ခန္ဓာသွယ်လျှလှပစေတဲ့အပြင် စိတ်ဖိစီးမှု တွေကိုပါ လျှော့ချပေးနိုင်ပါတယ်။ဒါကြောင့် ဒီလို စိတ်ရောကိုယ်ပါ အကျိုးရှိစေတဲ့ အလေ့ကျင့်ကောင်းတစ်ခုကို အမြဲပြုလုပ်ချင်တယ်ဆိုရင်တော့ Cozy Yoga ကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

👉Cozy Yoga ရဲ့ "YOGA For Beginner" Class လေးက စနေ၊တနင်္ဂနွေ ပိတ်ရက်ကိုပဲဖွင့် ပေးတာမို့ အလုပ်တစ်ဖက်နဲ့မအားတဲ့ သူတွေပါ Join ဖို့အဆင်ပြေစေမှာဖြစ်ပါတယ်။

👤လူဦးရေ အကန့်အသတ်ရှိတာမို့ လူပြည့်သွားလို့ မ join လိုက်ရဘူးဆိုတာမျိုးမဖြစ်ရလေ အောင် Messenger ကနေ အခုပဲစာရင်းပေးသွင်းအပ်နှံလိုက်ပါ။

Cozy Yoga - Center Be happy & Healthy with Yoga

01/08/2023

"ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့"

21/07/2023

💁Mountain pose ကို တာဒါဆာနာ လို့လည်း ခေါ်ကြလေ့ရှိပါတယ် အခြေခံကျတဲ့ ကိုယ်ဟန်နေထားဖြစ်ပြီး စိတ် နှင့် ခန္ခာကိုယ် အတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။

Mountain pose ကို လေ့ကျင့်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး ကတော့

🧍ကိုယ်နေဟန်ထား ဖြောင့်တန်းမှု
Mountain pose က ကျောရိုး ပခုံး နှင့် တင်ပါး ကိုယ်နေဟန်ထား ဖြောင့်တန်းဖို့ကိုလည်း ကူညီပေးပါတယ်။ကြွက်သားနှင့် အဆစ်တွေ တင်းမာမှုကို ပြေလျော့စေပြီး ခန္ခာကိုယ် ကိုယ်နေဟန်ထားနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို သိလာစေပါတယ်။

🙆တည်ငြိမ်မှု နှင့် ဟန်ချက်ညီခြင်း

‌ဤယောက ကျင့်မှု ပုံစံက ခြေထောက်ကို မြေပြင်ပေါ်မှာ ငြင်သာစွာ ချထားခြင်း နှင့် ခြေထောက်ကြွက်သားများကို လှုပ်ရှားပေးခြင်းအားဖြင့် ခန္ခာကိုယ်ရဲ့ တည်ငြိမ်မှု နှင့် ဟန်ချက်ညီမှု ကို တိုးမြှင့်ပေးန်ိုင်ပြီး နေ့စဥ် လှုပ်ရှားမှုတွေနှင့် အခြားသော မတ်တပ်ရပ် ကိုယ်ဟန်တွေအတွက်လည်း အကျိုးကျေးဇူးများရှိပါတယ်။

💪ပင်မကျောရိုး အားကောင်းစေခြင်း

‌တာဒါဆာနာ ကျင့်စဥ်မှာ ပါဝင်တဲ့ ဗိုက်ကြွက်သားနဲ့ ကျောရိုးတစ်လျှောက် ကြွက်သား လေ့ကျင့်မှုတွေကြောင့် ပင်မကျောရိုး ကြံ့ခိုင်အားကောင်းဖို့ကိုလည်း ကူညီပေးပါတယ်။ပင်မကျောရိုး အားကောင်းခြင်းက ကျောရိုးတည့်မတ်ဖို့အတွက် ထောက်ပံ့ပေးပြီး ခန္ခာကိုယ် တစ်ခုလုံး သန်မာဖို့ နှင့် ထိန်းချုပ်နိုင်ရန် ပိုမိုကောင်းမွန်ဖို့ ထောက်ပံပေးပါတယ်။

🫁Breathing Awarness
Mountain pose လေ့ကျင့်စဥ်မှာ ရင်ဘတ်ကို ဖွင့်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းခြင်းက အဆုတ်ကို ချဲ့ဖို့အတွက် အထောက်အကူပြုပါတယ်။ကောင်းမွန်သော အောက်ဆီဂျင် ရှုသွင်းမှုနှင့် လည်ပတ်မှုကောင်းစေခြင်းကြောင့် စိတ် ခန္ခာ တည်ငြိမ်ပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။

🧘Mindfulness and Focus

Mountain pose မှာ မလှုပ်မယှက် နဲ့ မတ်မတ်ရပ်နေခြင်းက အခြေခိုင်ပြီး တည်ငြိမ်မှုကို ခံစားရစေပါတယ်။ဒါ့အပြင် လက်ရှိပစ္စုပန်မှာ အာရုံစူးစိုက်မှုအားကောင်းခြင်း သတိရှိရှိနဲ့ ပိုမိုနေထိုင်နိုင်ခြင်းအပြင် စိတ်ကိုလည်း ပိုမိုကြည်လင်စေပါတယ်။

✅Energy Flow
တာဒါဆာနာ လေ့ကျင့်ခြင်းက ခန္ခာကိုယ်ထဲ energy စီးဆင်းမှု ဟန်ချက်ညီဖို့ကိုပါ ကူညီပေးပြီ စိတ်ခံစားချက်ကောင်းမွန်ပြီး တက်ကြွစေပါတယ်။ဒီလေ့ကျင့်ခြင်းက ဦးခေါင်းထိပ်ကနေ ခြေဖျားအထိ energy တွေ စီးဆင်းစေပြီး စိတ်ကို တက်ကြွစေတဲ့ ခံစားမှုကို ရစေပါတယ်။

Mountain pose က တခြားများစွာသော ယောကလေ့ကျင့်ပုံတွေအတွက်ပါ စတင်ရာ အဓိက အချက်ဖြစ်သည်။ဒီကိုယ်ဟန်ကို လေ့ကျင့်တတ်မြောက်သွားတဲ့အခါ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်လာပြီး ရုပ်ပိုင်းဆိုင်ရာလည်း ပိုမိုအဆင်ပြေလာပေးမည်။ဒီကိုယ်ဟန်ကို ပုံမှန်လေ့ကျင်ခြင်းအားဖြင့် ကိုယ်နေဟန်ထား ဟန်ချက်ညီမှု ပိုမိုတိုးတက်လာမှာဖြစ်ပြီး ယောဂဖျာပေါ်မှာ လေ့ကျင့်နေစဥ်သာမဟုတ်ပဲ ကျန်အချိန်တွေမှာလည်း အသိ သတိရှိနေမှာဖြစ်ပါတယ်။

19/07/2023

အာဇာနည်နေ့ ဒို့မမေ့

ယနေ့တွင်ကျရောက်သော ၇၆ နှစ်မြောက် အာဇာနည်နေ့အား ဂါရ၀ပြုအပ်ပါသည်။

13/07/2023

Yoga လေ့ကျင့်ရတဲ့အကြောင်းရင်း၊အကျိုးကျေးဇူးတွေကိုလဲ ပြောကြားပေးပြီး စနစ်တကျလေ့ကျင့်ပေးတာကိုမှ တက်ချင်တယ်ဆိုရင်တော့ Cozy ကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

01/07/2023

💁ပေါ့ပါးလန်းဆန်းပြီး သွယ်လျလှပချင်တဲ့သူတွေအတွက် Cozy Yoga ရဲ့ Beginner Yoga Class

👉အထိုင်များ တဲ့အပြင် အစားကလဲ ရှောင်ဖို့ မလွယ်ဘူးဖြစ်နေရင်တော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုမဟုတ်တစ်ခုတော့လုပ်ဖို့လိုအပ်ပါတယ်။

🏃ဒီလိုကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်ခုခုလုပ်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင် Cozy Yoga Centre မှာဖွင့်လှစ်ထားတဲ့ 🧘Yoga For Beginner Class လေးမှာလာရောက် လေ့ကျင့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Yoga ကို ကျန်းမာရေး အတွက် ရေရှည်လေ့ကျင့်နိုင်အောင် လုပ်ရလွယ်ပြီး အခြေခံကျတဲ့ Postures တွေက စပြီး သေချာ လေ့ကျင့် သင်ကြားပေးမှာဖြစ်လို့ ပေါ့ပါးလန်းဆန်းပြီး ခန္ဓာကိုယ် သွယ်လျ လှပဖို့ကို အထောက်အပံ့ဖြစ်စေမှာသေချာပါတယ်။

အတန်းချိန်တွေကတော့
📝Weekend Class
🗓️Sat and Sun
🕘8:00 am to 9:00 am

(တစ်တန်းကို သင်တန်းသားဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံတာမို့ လူပြည့်လို့မတက်လိုက်ရတာမျိုးမဖြစ်အောင် အခုပဲ Messenger ကနေ စာရင်းပေးသွင်းအပ်နှံလိုက်ပါ)

📌သင်တန်းလိပ်စာ -အမှတ်60၊စက်မှု5လမ်း၊မေတ္တာညွန့်ရပ်ကွက်၊တာ‌မွေမြိုနယ်။

Category

Telephone

Website

Address

Myittarnyunt Qr, Setmu 4 Th Street, Tamwe Tsp
Yangon

Opening Hours

Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Alerts

Be the first to know and let us send you an email when Cozy Yoga - Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.