Mommy life By Dr Shoon
Heathy Mom&Happy Baby
From a Doctor,With a mommy heart
ကိုယ်ဝန်ဆောင်, မိခင်နှင့်ကလေးကျန်းမာရေးဗဟုသုတများ
ကျွမ်းကျင်နေမှုကြီး .....
ttမှာ တင်တာတော့ မေမေတွေက အမှားလေးတွေ ပြောပြပါတယ်
ဇွန်းနဲ့ခေါက်လို့ မကြေညှက်တာ ၊
ဇကာမစစ်တာ၊
အိတ် အပေါက်ဖောက်တာကြီးတာ စသည်ဖြင့်ပါပဲ 😁😁😁
22/09/2026
မေမေတွေအပြင် ၊ဖေဖေ ဖိုးဖိုးဖွားဖွား ဦးဦးဒေါ်ဒေါ် နဲ့ Caregiver တွေလဲ တက်လို့ရပါတယ်နော် ❤️❤️❤️
“မေမေစကားဝိုင်း” 💕
ဖြည့်စွက်စာမှသည် လမ်းလျှောက်အရွယ်ထိ ... မေမေတို့ သိမှတ်စရာ
ကလေးလေးတွေ ကြီးပြင်းလာတဲ့အခါ
ဘယ်အရွယ်မှာ ဘာတွေကျွေးသင့်လဲ?
ဖြည့်စွက်စာကို ဘယ်လိုစတင်ပေးရမလဲ?
လမ်းလျှောက်တတ်တဲ့အရွယ်ရောက်လာတဲ့ ကလေးလေးတွေအတွက် မေမေတို့ ဘာတွေသတိထားသင့်လဲ? 🤔
မေမေတို့ရဲ့နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ မေးခွန်းလေးတွေ၊ သိချင်တာလေးတွေကို အတူတူဆွေးနွေးကြမယ့် “မေမေစကားဝိုင်း” Zoom Webinar လေးကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ 🥰
ဒီ Webinar မှာတော့
👩👦 ချစ်စရာသားလေးတွေရဲ့ မေမေ — မေမေနှင်း (Mommy Hninn, Shine Shine May May)
🩺 Dr. Shoon
တို့နဲ့အတူ မေမေတို့အတွက် အသုံးဝင်မယ့် အကြောင်းအရာတွေကို နားထောင်ရင်း၊ သိချင်တာတွေကိုလည်း လေ့လာဆွေးနွေးနိုင်မှာပါ။ 💗
📌 ခေါင်းစဉ်
မေမေစကားဝိုင်း - ဖြည့်စွက်စာမှသည် လမ်းလျှောက်အရွယ်ထိ မေမေတို့ သိမှတ်စရာ
📅 ရက်စွဲ - ၂၉ စက်တင်ဘာ ၂၀၂၆
⏰ အချိန် - ညနေ ၆:၀၀ မှ ၈:၀၀ နာရီ
💻 Platform - Zoom Webinar
မေမေတို့အတွက် သိထားသင့်တာတွေကို အတူတူလေ့လာပြီး
ကလေးလေးတွေရဲ့ ကြီးပြင်းလာတဲ့ခရီးလမ်းမှာ ပိုပြီးအဆင်ပြေစေဖို့
“မေမေစကားဝိုင်း” မှာ တွေ့ကြရအောင်နော်... 💕
📝 လူဦးရေ အကန့်အသတ်ရှိတာကြောင့် ပါဝင်လိုသူတွေအနေနဲ့ comment မှာ ချထားတဲ့ Google form မှာ Register လုပ်ပေးကြဖို့တော့ လိုပါတယ်ရှင်...
💸 Zoom Webinar မှာ အဆုံးထိ ပါဝင်ကြတဲ့ သူတွေကိုလည်း လက်ဆောင်အနေနဲ့ Phone Bill တွေ မဲဖောက်ပေးသွားမယ့် သတင်းကောင်းလေးလည်း ရှိသေးတာမို့ ... ဗဟုသုတလည်းရ၊ လက်ဆောင်လည်းရမယ့် အစီအစဉ်ကနေ အားလုံးကို ထပ်မံဖိတ်ခေါ်လိုက်ပါတယ်နော်...
#ဖြည့်စွက်စာ #မေမေတို့သိလိုရာ
🥰
ဘက်စုံသုံးဆော့လေးတွေ လက်ထဲရှိတာနဲ့ သုံးဖူးတာလေးတွေထဲက ပြောပြထားပါတယ်
No sponsor ပါ
ကိုယ့်အကြိုက်နဲ့ sauce အများကြီးရွေးရခက် ၊ ဘယ်ဟာကောင်းလဲ စမ်းချင်တဲ့ မေမေတွေအတွက်ပါ ....
#ဖြည့်စွက်စာ
#မေမေတို့အတွက်
#ကျန်းမာရေးဗဟုသုတ
18/09/2026
Before and After
အမွှေပေါ့
ချက်ရတာကျွေးရတာ မပင်ပမ်းဘူး
ပြန်ရှင်းရတာ ပင်ပမ်းတာ
မနက် ကလေးဘာကျွေးရမလဲ ဆိုတဲ့ အဖြေကို နေ့တိုင်းမစဉ်းစားရတဲ့နေ့ကို
မရှိဘူး .....
What we feed children today, builds the superheroes of tomorrow.
"ဒီနေ့ ကလေးကို ကျွေးမွေးတဲ့
အာဟာရဟာ မနက်ဖြန် စူပါဟီးရိုးကို တည်ဆောက်တာပဲ "" ဆိုတဲ့ စကားအတိုင်း ကလေးတစ်ယောက်ရဲ့ အဟာရကလဲ အရေးပါလှတယ်။
ဒီမနက်တော့ အဟာရပြည့်တဲ့ခေါက်ဆွဲပြုတ်လေးကျွေးဖြစ်ပါတယ်
#ဖြည့်စွက်စာ
#မေမေတို့အတွက်
#ကျန်းမာရေးဗဟုသုတ
သားသား ၆ လ ကနေ ၁ နှစ်ကျော်လောက်ထိ ပုံမှန် ကျွေးဖြစ်ခဲ့တဲ့
သားကြိုက်တဲ့ ခေါက်ဆွဲလေးတွေကို ပြောပြထားပါတယ် ....
ခု ၂နှစ်ဝန်းကျင်မှာလဲ ခေါက်ဆွဲကတော့ ကြိုက်တုန်းပါပဲ ....
အသစ်အသစ်လေးတွေတော့ ထပ်စမ်းကျွေးရတာပေါ့ ..
#ဖြည့်စွက်စာ
#မေမေတို့အတွက်
တစ်နှစ်တလ တုန်းကတော့ လမ်းလဲမလျှောက်သေး...
စကားလဲ မေ မေ ... အ အ လောက်ကလွဲပီး မပြောသေး....
အစားတွေတော့ အရမ်းစားတဲ့ အချိန်ပေါ့
သားက အခုဆို နှစ်နှစ်ပြည့်တော့မယ့်
Toddler အရွယ်လေးပေါ့
စကားတွေလဲ ပြော... တောက်တောက်လျှောက်ပြေးတဲ့ အရွယ် ရောက်လာပီ
အစားတွေတော့အရမ်းမစားတော့ဘူး
သူကြိုက်မှ အရသာရှိမှ စိတ်ပါမှစားတော့တယ်
ပြောင်းလဲမှုတွေပေါ့ ❤️❤️❤️
ကလေး လေးတွေကို ဘယ်လို အဆာပြေ snack လေးတွေ ကျွေးကြမလဲ
ဒီနေ့တော့ ငါးကင်လေးနဲ့ ဂျပန်တို့ဖူးချက်
🥣🥣🥣
တနေ့တနေ့လဲ ဟင်းချက်လိုက်
Edit လုပ်လိုက်
ကလေးထိန်းလိုက်နဲ့
ဘာတွေ အချိန်ကုန်မှန်းမသိပါဘူး
☺️☺️☺️
#ဖြည့်စွက်စာ
#မေမေတို့အတွက်
ကလေးတွေကို မွေးစကနေ အသက်အရွယ် အလိုက် ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။
သွားပေါက်လာရင်တော့
သွားကျန်းမာရေးအတွက် သွားတိုက်ပေးဖို့ လိုပါတယ်။
သွားတိုက်မခံဘဲ ငိုတတ်တဲ့ ကလေးလေးတွေရှိရင်တော့ သွားကျန်းမာရေး ဗဟုသုတလေးတွေ အရင်ပြောပြတာမ်ျုး လုပ်ပီး လေ့ကျင့်ပေးရပါမယ် ...
သွားကျန်းမာရေးနဲ့ပက်သက်တဲ့ သားရဲ့
School activity လေးကို ဝေမျှပေးလိုက်ပါတယ်
#မေမေတို့အတွက် #ကျန်းမာရေးဗဟုသုတ #ကလေးဖွံဖြိုးမှု
Category
Website
Address
Alerts
Be the first to know and let us send you an email when Mommy life By Dr Shoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.