T'Care Inhaler & Balm oil

T'Care Inhaler & Balm oil

Share

ကျန်းမာရေးနှင့်ပတ်သတ်သည်များကို အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
09 771781981

28/09/2026

သွေးပျစ်ခြင်းအတွက်ရေကုထုံး

☑ သွေးပျစ်တဲ့အခါသွေးတွင်း အောက်စီဂျင်ကျတတ်တာကြောင့် မိမိ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့လိုပါတယ်။

☑ သွေးပျစ် ရတဲ့အကြောင်းကတော့ စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှု့ပုံစံတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။

သွေးပျစ်လာပြီဆိုရင် ခန္ဓာကိုယ်ကပြတဲ့ လက္ခဏာ( ၄ )မျိုးကတော့

1️⃣ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ် မနက်စာစားပြီးမှ သာလျှင်တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်ပါတယ်။

2️⃣ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုးဖြစ်ပါမယ်။

3️⃣ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ်ဝဖြိုးတာ ဖြစ်ပါတယ်။

4️⃣ အမြင်အာရုံ ရုတ်တရက်ဝေဝါးတာ၊ ချက်ချင်းကောင်းကောင်း မမြင်ရတာ၊ခန္ဓာက သွေးပျစ်နေကြောင်းကို အ
အချက်ပြလာပြီဆိုရင် အမြန်ကုစားကြပါ

သွေးပျစ်တာကို သက်သာစေဖို့ အတွက်

☑ ရေများများသောက်ပါ
☑ ကိုလက်စထရောကို တားဆီးနိုင်တဲ့ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ဗီတာမင်စီ နဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့်ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ
☑ တိရိစ္ဆာန်များ၏ဝမ်းတွင်းကလီစာ လျှော့စားပါ
☑ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ
☑ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ

28/09/2026

လေမဖြတ်ခင်မှာ လူနာများဟာ တစ်ခုခုဖြစ်တော့မယ်ဆိုတဲ့ ခံစားချက်ရတတ်ကြောင်း ပြောတတ်ကြပါတယ်။ ဒီလိုအာရုံရတာမျိုးကိုရှေ့ပြေးလက္ခဏာလို့ ခေါ်လေ့ရှိပါတယ်။ တစ်ခါတရံမှာ ရှေ့ပြေးလက္ခဏာတွေဟာ လေဖြတ်ခါနီးရက်အနည်းငယ်လောက်မှာ ကြိုပြတတ်ပါတယ်။
ဒီလိုရှေ့ပြေးခံစားရမှုတွေဟာ ယုံကြည်ရပါသလား။ သိပ္ပံနည်းကျပြောရရင်တော့ ဒါဟာလေဖြတ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပါပဲ။

ရှေ့ပြေးလက္ခဏာဆိုတာ တစ်ခုခုဖြစ်တော့မယ်ဆိုတာ အခိုင်အမာခံစားမိတာမျိုးကို ဆိုလိုပါတယ်။ အများအားဖြင့် ကောင်းတဲ့အရာတွေတော့ မဟုတ်ပါဘူး။
တချို့အခြေအနေတွေမှာ စဖြစ်တာကို သတိပြုမိတတ်ပါတယ်။ ဥပမာလူနာတချို့ဟာ ဦးနှောက်ကို သွေးရောက်နည်းတာကို ခံစားရတတ်ပါတယ်။ လေဖြတ်ခြင်းကနေ သက်သာလာပြီးတဲ့အခါ လူနာတွေဟာ တစ်စုံတစ်ခုမဖြစ်ခင် ကြိုသိနေသလိုမျိုးရှိခဲ့ကြောင်း ‘ငါ တစ်ခုခုမကောင်းတာ ဖြစ်တော့မယ်ဆိုတာသိနေတယ်’ စသဖြင့် ပြန်ပြောင်းပြောတတ်ကြပါတယ်။

အဲ့ဒီလက္ခဏာတွေဟာ ကျင်ခြင်း၊ နားမကြားရခြင်း၊ အမြင်အာရုံပုံမှန် မဟုတ်တော့ခြင်း၊ မူးဝေပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စကားမပီခြင်းစသဖြင့် ဖြစ်တတ်ပါတယ်။ လေမဖြတ်မီ ပိုဖြစ်တတ်ပါတယ်။

တစ်ခါတရံမှာ လေမဖြတ်မီ ၁ရက်နေ ၁၀ရက်အလိုလောက်ထိ ခံစားရတတ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စဟာ လေဖြတ်တဲ့လူနာ တော်တော်များများမှာ ကိုက်ညီမှုရှိပါတယ်။ ဒါပေမယ့် လက္ခဏာတွေက ခဏပဲကြာလို့ သတိမပြုမိကြတာများပါတယ်။

အဲဒါ​ကြောင့် မိမိကိုယ်ကို ဂရုစိုက်​နေထိုင်နိုင်တတ်ဖို့က အ​ရေးကြီးပါတယ်။

ထပ်မံသိရှိလိုသည်များရှိလျှင်
*မဏိသြဃ* တိုင်းရင်း​ဆေးခန်း
09 771781981 တွင်လည်း ​ဆွေး​နွေး​မေးမြန်း နိုင်ပါတယ်။

#တိုင်းရင်းဆေး #မဏိသြဃတိုင်းရင်းဆေးခန်း #လေဖြတ်ခြင်း

27/09/2026

အထက်ပါ အ​ရေး​ပေါ်လက္ခဏာ​တွေ​တွေ့ရင် နီးစပ်ရာ ​ဆေးရုံ ​၊ဆေးခန်း ကို အမြန်ဆုံးသွား​ရောက်ဖို့ ​နောက်မကျပါ​စေနဲ့​နော်။

#မဏိသြဃတိုင်းရင်း​ဆေးခန်း
#ကျန်းမာ​ရေး

26/09/2026

#ခါးနာသူများအတွက်
-ခါးနာခြင်းသည် ရက်ရှည်​သော်လည်းမ​ပျောက်ခြင်း
-ခါးနာခြင်း​ကြောင့် အထိုင်အထ လှုပ်ရှားမှုများ မပြုလုပ်နိုင်​တော့ခြင်း
-​ခြေ​ထောက်များထုံကျင်၍ခန္ဓာကိုယ်​အောက်ပိုင်း​လေးလံလာခြင်း
-ခါးနာကျင်ရုံတင်မကဘဲ ​ခြေ​ထောက်များ လွန်စွာကိုက်ခဲလာခြင်း
အထက်ပါလက္ခဏာများ ခံစားရပြီဆိုပါက နီးစပ်ရာ​ဆေးခန်းများတွင် အမြန်ဆုံးပြသတိုင်ပင်ပါ။
ကွျမ်းကျင်​သော​ဆေးပညာရှင်များ၏ ညွှန်ကြားချက်အတိုင်း လိုက်နာ​ဆေညင်ရွက်မှသာ ​ရောဂါသက်သာနိုင်မည်ဖြစ်ပါသည်။
#ခါးနာခြင်း #ခါးကျီးပေါင်း #အာရုံကြောညပ်ခြင်း
#မဏိသြဃတိုင်းရင်းဆေးခန်း

25/09/2026

💥လိပ်​ခေါင်း​ရောဂါ အဆင့် ၂
Hemorrhoids stage 2

လိပ်​ခေါင်း​ရောဂါ အဆင့် ၂ ဆိုသည်မှာ ဝမ်းသွားသည့်အခါ သို့မဟုတ် ဝမ်းညှစ်သည့်အခါတွင် လိပ်ခေါင်းအသားစိုင်က စအိုအပြင်ဘက်သို့ ထွက်လာပြီး ဝမ်းသွားပြီးပါက စအိုထဲသို့ အလိုအလျောက် ပြန်ဝင်သွားသည့် အဆင့်ဖြစ်သည်။
ဝမ်းသွားတိုင်းထွက်လာပြီး ဝမ်းသွားပြီးပါကလည်း သူ့အလိုလိုပြန်ဝင်သွားတတ်ပါသည်။
ဤအဆင့်သည် အတွင်းလိပ်ခေါင်း (Internal Hemorrhoids) အမျိုးအစားတွင် ပါဝင်ပါသည်။

**အဖြစ်များသော လက္ခဏာများ
*သွေးပါခြင်း: ဝမ်းသွားသည့်အခါ နာကျင်မှုမရှိဘဲ အနီရဲရဲသွေးစများ ပါလာတတ်ခြင်း သို့မဟုတ် သွေးစက်လက်ကျခြင်း။

*အသားစိုင်ထွက်ခြင်း: ဝမ်းညှစ်ချိန်တွင် အလုံး သို့မဟုတ် အသားစိုင် အပြင်သို့ ထွက်လာပြီး ခဏကြာလျှင် သူ့အလိုလို ပြန်ဝင်သွားခြင်း။

*နေထိုင်ရခက်ခြင်း: စအိုတစ်ဝိုက် နာကျင်ခြင်း၊ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း။

**အဆင့် (၂) လိပ်ခေါင်းရောဂါသည် ခွဲစိတ်စရာမလို​သေးဘဲ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းနှင့် ဆေးဝါးများဖြင့် လိမ်းခြင်း​ ၊သောက်ခြင်းပြုလုပ်ရုံဖြင့် သက်သာနိုင်ပါသည်။
သို့​သော် ​နောက်တဆင့် ကူးသွားပါက လိပ်​ခေါင်းဖြတ်ထုတ်ခြင်း၊ခွဲစိတ်ခြင်း တို့ပြုလုပ်ရန် လိုအပ်နိုင်သဖြင့် ယခု လိပ်​ခေါင်း​ရောဂါ အဆင့် ၂ အ​ခြေအ​နေတွင် ​သေချာဂရုပြုကုသရန် လိုအပ်ပါသည်။

**​အောက်ပါအတိုင်း အစားအသောက်နှင့် နေထိုင်မှုစနစ် ပြောင်းလဲ၍လည်း မိမိကိုယ်တိုင် ဂရုစိုက်​နေထိုင်နိုင်ပါသည်။

1;အမျှင်ဓာတ် (Fiber) များများစားပါ: ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပဲအမျိုးမျိုးနှင့် ကောက်နှံတစ်ခုလုံး (Oats, ညိုသောဆန်) တို့ကို ပိုစားပေးပါ။ ၎င်းက ဝမ်းကိုပျော့ပျောင်းစေပြီး ညှစ်ရခြင်းကို သက်သာစေသည်။

2:ရေများများသောက်ပါ: တစ်နေ့လျှင် ရေ အနည်းဆုံး ၂ လီတာ (သို့မဟုတ်) ဖန်ခွက် ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပါ။

3;ဝမ်းမညှစ်ပါနှင့်: အိမ်သာထဲတွင် အကြာကြီးထိုင်ခြင်းနှင့် အားပြင်းပြင်းညှစ်ခြင်းကို ရှောင်ကြဉ်ပါ။ ဝမ်းသွားချင်စိတ်ရှိမှ အိမ်သာတက်ပါ။

💥လိပ်​ခေါင်း​ရောဂါနှင့် ပတ်သတ်ပြီး ထပ်မံသိရှိတိုင်ပင်လိုသည်များရှိပါက
*မဏိသြဃ*
တိုင်းရင်း​ဆေးခန်း
09 771781981 တွင် အခမဲ့​ဆွေး​နွေးတိုင်ပင်နိုင်ပါသည်။
#မဏိသြဃတိုင်းရင်းဆေးခန်း #ကျန်းမာရေး #လိပ်ခေါင်း #တိုင်းရင်းဆေး

25/09/2026

💥ဇက်ကျီး​ပေါင်း​ရောဂါသည် ​လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပါသလား?
💥ဇက်ကျီး​ပေါင်းသမားများအတွက် မှန်ကန်​သော ​လေ့ကျင့်ခန်းကို ပုံမှန်လုပ်​ဆောင်ခြင်းသည်လည်း အ​ရေးကြီး​သော ကုသမှုတခုပင်၌ဖြစ်သည်။

#မဏိသြဃတိုင်းရင်း​ဆေးခန်း
#ကျန်းမာ​ရေး #ဇက်ကျီး​ပေါင်း #ခါးကျီး​ပေါင်း

25/09/2026

#မဏိသြဃတိုင်းရင်း​ဆေးခန်း
#​မြောက်ဒဂုံ

24/09/2026

• လိပ်ခေါင်းရောဂါ (Stage 1 Hemorrhoids) ဆိုသည်မှာ လိပ်ခေါင်းအကျိတ်များမှာ အလွန်သေးငယ်ပြီး စအိုအပြင်ဘက်သို့ ပြူးထွက်လာခြင်း လုံးဝမရှိသေးသော အစောဆုံးအဆင့် အခြေအနေဖြစ်သည်။
• အဆင့် (၁) သည် ဆေးရုံ၊ ဆေးခန်းသွား၍ ခွဲစိတ်ကုသစရာမလိုဘဲ အစားအသောက်နှင့် နေထိုင်မှုပုံစံ ပြောင်းလဲရုံဖြင့် အလွယ်တကူ ပြန်လည်သက်သာပျောက်ကင်းနိုင်သော အဆင့်ဖြစ်သည်။

**ခံစားရနိုင်သော လက္ခဏာများ
• နာကျင်မှုမရှိဘဲ သွေးပါခြင်း: ဝမ်းသွားသည့်အခါ သို့မဟုတ် ဝမ်းသွားပြီးစတွင် အိမ်သာကမုတ်ထဲ၌ဖြစ်စေ၊ တစ်ရှူးဖြင့်သုတ်သည့်အခါတွင်ဖြစ်စေ အနီရောင်အသွေးကြည်များ ကပ်ပါလာတတ်သည်။
• စအိုဝပတ်လည် ယားယံခြင်း: စအိုဝတွင် မအီမသာဖြစ်ခြင်း သို့မဟုတ် ယားယံခြင်းများ ခံစားရနိုင်သည်။
• ခန္ဓာကိုယ် ခါးခါး​အောက်ပိုင်းများ ​ညောင်းညာကိုက်ခဲခြင်း
• အကျိတ်မှာ အတွင်းဘက်၌သာရှိသဖြင့် လက်ဖြင့်စမ်းသော်လည်း အလုံးအကျိတ် စမ်းမိမည်မဟုတ်ပါ။

#မဏိသြဃတိုင်းရင်း​ဆေးခန်း
#လိပ်​ခေါင်း​ရောဂါ
#အတွင်းလိပ်

23/09/2026

💥​နေ့စဥ်ဘဝထဲက အာဟာရ

#အာဟာရ
#တိုင်းရင်း​ဆေး

22/09/2026

မိမိခန္ဓာကိုယ်နှင့် ကိုယ်ခံအား

#မဏိသြဃတိုင်းရင်း​ဆေးခန်း

#ကိုယ်ခံအား

Category

Telephone

Website

Address

Yangon

Alerts

Be the first to know and let us send you an email when T'Care Inhaler & Balm oil posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.