Moemoe

Moemoe

Share

Lucky Money Box By Moe Moe

Photos from Moemoe's post 13/01/2023

lucky money bank boxစုဘူးအပြာလေး ဝယ်ယူအားပေးတဲ့ကာကာလေး ကျေးဇူး ပါ

စုဘူးလေးရောက်တဲ့အချိန်ကစပိး ဝင်ငွေများများတိုးပါစေ များများစုနိုင်ပါစေ

#ငွေစုကြမယ်

#ဆင်တူရိုးမှားသတိပြုပါ

#စုဗူးလေးနဲ့ပိုက်ဆံစုမယ်



ုဗူး

price-18000ks

#ရန်ကုန်မန်းလေးအိမ်ရောက်ငွေချေရ

13/01/2023

အိမ်မက်တွေကို Lucky money bank box လေးနဲပုံဖော်ကြမယ် 😍😍😍😍
money bank box

Photos from Moemoe's post 13/01/2023

တပတ်ကို တခါ ဂိတ်ပို့ရတဲ့ Lucky လေးတွေ စက်ရုံ မှာဆို တဗူးမှ မကျန်တဲ့ ထိအကုန် ပို့ရတာ ခုချိန်ထိ ထုတ်မလောက်သေးတဲ့ Lucky money စုဗူးလေး 😍😍
ဗူးကြမ်းလုပ်တဲ့ သူရော စတစ်ကာကပ်တဲ့ သူတွေပါ နေ့ မအား ညမအား လုပ်ရတဲ့ စုဗူးလေး
#မှိုတက်မှာလဲမပူရဘူးကြိတ်သား6မီလီကိုနှစ်ဖက်ချောနဲ့ပြုလုပ်ပေးထားပါတယ်


09758982013

Photos from Moemoe's post 12/01/2023

Lucky money bank box

ရွှေရောင်လေး ဝယ်ယူအားပေးသူလေးရေ့😘

စုဗူးလေးစရောက်တဲ့နေကစပိးစီးပွားလာဘ်လဒ်လာဘာများပေါကြွယ်ကြပါ😍😍


#ရွှေပြည်သာကိုယ်စားလှယ်ကြီး
☎09758982013

12/01/2023

အဖေပြောဖူးတယ်။ တစ်ချို့လူတွေက ဆင်းရဲသင့်လို့ကို ဆင်းရဲနေတာတဲ့။
အစပိုင်းက ကျွန်တော် အဲဒီစကားကို နားမလည်ဘူးဗျ။ ဘယ်လိုမျိုး ဆင်းရဲသင့်လို့ ဆင်းရဲနေတာလဲပေါ့။

ဘယ်လိုလူတွေက ဆင်းရဲသင့်နေလို့လဲပေါ့။

အဲဒီစကားက ကိုယ်တိုင်ကြုံမှပဲ နားလည်ခဲ့ရတာ။

ကျွန်တော် အရင်က စီးပွားရေးတွေလုပ်တော့ အောင်မြင်တယ်ပဲ ပြောရမယ်။ ဘဏ်အကောင့်ထဲ သိန်းထောင်ဂဏန်းရှိခဲ့ဖူးတယ်ပေါ့ဗျာ။

ငွေလေး ဘာလေးရှိလာတော့ လိုအပ်မှန်းမသိ မလိုအပ်မှန်းမသိ လျှောက်ဝယ်တဲ့ဇာတ်လမ်းက စေတာ့တာပဲ။

Honda Fit လေး စစီးတယ်။ သိပ်မကြာသေးဘူး လမ်းမှာရပ်ထားတဲ့ Wish တစ္စီး လှလို့ဆိုပြီး Honda Fit ကို အရွုံးခံ ရောင်းပြီး Wish ကို ဝယ်ပြန်ရော။

Wish စီးတာ မကြာသေးဘူး။ သူငယ်ချင်းတွေက မင်းအနေထားကြီးနဲ့ Alphard လောက်တော့ စီးသင့်နေပြီ။

ဆီဖိုးလည်း တတ်နိုင်တာပဲ ဘာညာ ပြောတာနဲ့ Wish ကို ပြန်ရောင်း။ ပြန်ရောင်းတော့ ထပ်ရှုံးတယ်။

Alphard ထပ်ဝယ်တော့ ငွေက ထပ်လိုက်ရပြန်ရော။ ငွေကတစ်စစနဲ့ ရှုံးနေတာကို သတိမထားမိတာ။

အဲဒါလည်း အားမရေသးဘူး။ Ford ကား Showroom ရှေ့ရောက်တော့ Ford ကြီးလိုချင်ပြန်ရော။ အကောင့်ထဲမှာ ငွေရှိတာပဲလေဆိုပြီး ထပ်ဝယ်ပလိုက်ပြန်ရော။

ကိုယ့်ဝင်ငွေထက် ထွက်ငွေတွေက များနေတာကို သတိမထားမိဘဲ ကိုယ့်ရဲ့လိုချင်စိတ်ကို မထိန်းနိုင်ခဲ့တာဗျ။

စီးတီးမတ် တစ်ခါသွားရင် လိုတာကော မလိုတာကော ဝယ်။ တစ်ခါရှင်းရင် နှစ်သိန်းသုံးသိန်း။ ပြီးရင် ဘာမှလည်း အဖတ်မတင်ဘူး။

ကားတွေ ဝယ်နေတဲ့သူတွေ။ စီးတီးမတ်သွားတဲ့လူတွေကို ပြောတာမဟုတ်ဘူးနော်။ ကိုယ့်ဟာကို ဝင်ငွေနဲ့ထွက်ငွေ မမျှတာကို သတိမထားမိတာကို ဥပမာပြောပြတာပါ။

ဒီလိုနဲ့ လုပ်ငန်းတွေ ရှုံးပြီး ဝင်ငွေတဲ့ ရပ်သွားတဲ့အချိန်မှာလည်း အသုံးအဖြုန်းကတော့ မရပ်နိုင်သေးဘူး။

ဘယ်အချိန်မှရပ်လဲဆိုတော့ မြဲသြားမွပဲ ရပ်တော့တာ။

ဝင်ငွေထွက်ငွေ မမျှတရင်လည်း ဆင်းရဲသင့်တဲ့ လူစာရင်းထဲ ထိပ်ဆုံးက ပါနေပြီဗျ။

ငွေရှာဖို့ အရေးကြီးပေမယ့် ရှာလာတဲ့ငွေကိုထိန်းသိမ်းတတ်ဖို့ကပိုပြီးအရေးကြီးပါတယ်။

ရွာတာ တစ်လဆယ်သိန်းဆို ဆယ်သိန်းလုံး သုံးမပစ်သင့်ဘူးဆိုတာ လူတိုင်းသိပေမယ့် လိုက်နာဖို့ကျတော့ ခက်ခဲတယ်။

ဆယ်သိန်းဝင်လို့ ငါးသိန်းသုံးပြီး ငါးသိန်းစုနိုင်ရင်တော့ အကောင်းဆုံးပေါ့။

အခုဒီစာဖတ်နေတဲ့သူတွေကို ကျွန်တော် ပြောချင်ပါတယ်။

ဝင်ငွေတွေကို အကုန်မသုံးပါနဲ့။ မလိုအပ်တာတွေ သိပ် မဝယ်ပါနဲ့။ နောက်ပိုင်းဆို ငွေရှာရ ပိုခက်ခဲနိုင်ပါတယ်။ ငွေစုပါ။ စုလာတဲ့ငွေကို ရင်းနှီးမြှုပ်နှံပါ။

ကျွန်တော် ဝင်ငွေထွက်ငွေ မမျှလို့ မြဲဖူးလို့ စေတနာနဲ့ ရေးတာပါ။

ကျွန်တော်မှ မဟုတ္ဘူး။ ငယ်သူငယ်ချင်းတစ်ယောက်လည်း ဒီလိုပဲ။

သူအဆင်ပြေနေတဲ့အချိန် ဘဏ်ထဲမှာ သိန်းနှစ်သောင်းကျော်ရှိတယ်။

သူကကျတော့ လောင်းကစားလုပ်တာ။ မြဝတီဘက် ကာစီနို သွားဆော့တာ အခုဆို နေစရာ အိမ်တောင်မရှိတော့လို့ သူများအိမ်ကပ်နေနေရပြီ။

ဝင်ငွေထွက်ငွေ မချိန်တတ်တဲ့အပြင် လောင်းကစားပါ ငြိသွားတော့ ဆင်းရဲသင့်တဲ့ လူစာရင်းထဲ ပါသွားတာပေါ့။

အရင်က ကိုယ်အသုံးမကျခဲ့ကြောင်း ကိုယ်ကျရှုံးခဲ့ကြောင်း ရေးရတာ သိပ်တော့ သက်တောင့်သက်သာ မရှိလှပေမယ့် ကိုယ်တွေ သတိမထားခဲ့လို့ မြဲခဲ့ဖူးသလို ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချင်လို့ ဒီစာကိုရေးပေးတာပါ။

အခုယိုပေါက်တွေ ပိတ္လိုက္လို့ အရင်ထက် ပိုအဆင်ပြေနေပါပြီ။

ဆင်းရဲသင့်တဲ့သူက ဆင်းရဲနေဦးမှာမို့လို့ ဝင်ငွေနဲ့ ထွက်ငွေ အမြဲတမ်းချိန်ဆ အသုံးပြုနိုင်ကြပါစေ။ ။
#ဘဝရဲ့ခရီးသည်
Credit : Original author

Photos from Moemoe's post 12/01/2023

အားလုံးဘဲ🙏🙏🙏 မဂ်လာပါရှင့်🙏🙏🙏
Lucky Money Bank Box
ကိုယ့်လုပ်အားခလေးတွေ ကိုယ့်ချွေးနဲစာလေးတွေကို
မပျက်မစီး စုရအောင်🙆🙆🙆🙆🙆

Lucky moneyစုဗူးလေးက တစ်သောင်းတန်ထည့်မယ်ဆိုရင် သိန်း (၃၀၀)ကျော် ထိ စုလို့ရပါတယ်

ပိုက်ဆံလေး မတွန့်မခေါက်အောင် အပြန့်လိုက်လေးလည်း ထည့်လို့ပါတယ်

တစ်နှစ်စာ Date Plan လေးတွေပါတေ့ာ နေ့တိုင်း ဝင်ငွေရှိတဲ့ လူတွေအတွက်ဆိုရင် တစ်ရက် ဘယ်လောက် ဘယ်လောက်ထည့်ပြီး ရက်လေးတွေ ခြစ်သွားရုံပါဘဲရှင့်

စုဗူးကို ကြိတ်သား နဲ့ လုပ်ထားတာမို့ အကြမ်းခံသလိုရေစိုလည်းရပါတယ်ရှင့်

မှိုတက်မှာတော့ လုံးဝ စိတ်မပူပါနဲ့ ရှင့် ကြိတ်သားကို နှစ်ဖက်ချော နဲ့ ပြာလုပ်ပေးထားပါတယ်

စုဗူးအလျား (12) လက်မ အနံ (7)လက်မ အမြင် (8) လက်မ ရှိပါတယ်

တစ်လုံး - 18000ks



09758982013

Photos from Moemoe's post 09/01/2023

lucky money bank boxစုဘူးရေွရောင်လေး
ဝယ်ယူအားပေးတဲ့ကာကာလေး
ကျေးဇူးပါ

စုဘူးလေးရောက်တဲ့ အချိန်ကစပီး
ဝင်ငွေများစွာ တိုးပီး များများစုနိုင်ပါစေ

#ရန်ကုန်မန်းလေးအိမ်ရောက်ငွေချေရ
ကျန်မြို့နယ်တွေကို ကားဂိတ်ကနေတဆင့်ပို့ပေးပါတယ်နော်

#ဆင်တူရိုးမှားသတိပြုပါ

#ငွေစုကြမယ်

#စုဗူးလေးနဲ့ပိုက်ဆံစုမယ်



#
price-18000ks

09758982013

08/01/2023

"တန်ဖိုးရှိသော စာ"

၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ

၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။

၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ

၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။

၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။

၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။

၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။

၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။

၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။

၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ်

၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်

၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။

၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။

၁၄။ အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။

၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့
မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။

၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။

၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။

၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။

၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။

၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။

၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။

၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။

၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။

၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။

၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။

၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။

၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။

၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။

၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။

၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။

08/01/2023

#ငွေစုနည်း

(၁) အသုံးအစွဲ စည်းကမ်းထားပါ

(၂) အပျော်အပါး ထိန်းချုပ်ပါ

(၃) လွယ်လွယ်နဲ့ ငွေမချေးပါနဲ့

(၄) ငွေစုတဲ့ အစီအစဉ် အပျက် မခံပါနဲ့

ဒါဆိုရင်တော့ လစဉ်လည်း ငွေစုဆောင်းဖြစ်သလို မလိုအပ်ဘဲနဲ့ အပိုငွေကုန်ကျမှုကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

#ငွေစုကြမယ်
#နောင်ရေးတွက်စုကြမယ်

08/01/2023

Category

Telephone

Address

Yangon
LUCKYMONEYBANKBOX

Alerts

Be the first to know and let us send you an email when Moemoe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.