Fairy By Mary
Fairy Cosmetic
Lottery
Clothes
01/11/2022
စျေးသစ်များဖြစ်
ဝယ်ယူမှုလက်ခံနေပါပြီ။
😘😘😘😘😘
12/10/2022
skin care မသုံးခင် ဘာသိရမလဲ
(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။
(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။
(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။
(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး
(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။ ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။
ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum
(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသားအရောင်ပိုလင်းလာတယ်။
(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။
(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။
(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။
skin care
(1) makeup remover
(2) facial foam
(3) toner
(4) serum (essence, ampoule)
(5) eye cream
(6) moisturizer (day cream, night cream, lotion, emulsion, oil)
(7) sunscreen
cosmetic
(1) primer
(2) makeup foundation
(3) concealer
(4) powder
(5) bronzer
(6) blush
(7) eye shadow, eye liner
(8) mascara
ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်
05/10/2022
ဝက်ခြံမထွက်အောင် ဘာလုပ်သင့်လဲ
(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။
(၂) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။
(၃) အဆီပြန်တဲ့ မျက်နှာမှာ လိမ်းဆေးအဆီ oil ဆွေ မလိမ်းသင့်ပါ။ ဝက်ခြံပိုထွက်တတ်တယ်။
(၄) မိတ်ကပ်ရွေးရာတွင် အဆီနဲ့သိပ်ထားတဲ့ pressed powder ထက် loose powder ကိုသာ ရွေးချယ်သင့်ပါတယ်။
(၅) အစားအသောက်ပုံစံပြောင်းသင့်တယ်။ အဆီ၊ဆီကြော်စာ ၊နို့၊ကြက်ဥ၊ ပင်လယ်စာ မစားပါနဲ့။ အသီး၊အရွက်၊အစေ့အဆန်၊ အိုမီဂါသရီးပါတာ များများသားပေးပါ။ ရေများများသောက်ပါ။ အားဆေးတွေထဲမှာ vitamin A,C,B3,B5 ပါတာတွေ ကောင်းတယ်။
(၆) လိမ်းဆေးတွေထဲမှာ AHA(alpha hydroxy acids) နဲ့ BHA( beta hydroxy acids) ပါတာတွေ ပြောင်းလိမ်းပါ။ ဒီ chemical လိမ်းဆေးတွေက ဝယ်လို့ရတယ်။ အဆီဂလင်း ဖွဲ့စည်းမှုကို တားဆီးတဲ့ပြင် ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်တယ်။ ဒီထဲမှာ BHA (salicylic acid)က ပိုကောင်းတယ်။
(၇) ဝက်ခြံထွက်နေစဉ် whitening cream, နေလောင်ကာတွေ မသုံးပါနဲ့။ အရည်ကျဲတဲ့ serum နဲ့ essence စတာတွေ ပြောင်းလဲသုံးစွဲသင့်တယ်။
(၈) ဝက်ခြံပေါက်သူမိန်းကလေးများရဲ့ (၄၅)ရာခိုင်နှုန်းဟာ အသားဖြူစေတဲ့ emulsion သို့မဟုတ် cream တွေကြောင့်ဖြစ်တာ တွေ့ရှိရတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
05/10/2022
အသားဖြူဆေးမဟုတ်တဲ့ Niacinamide လိမ်းဆေး
ဒီဖက်ခေတ် skin whitening ရေးထားတဲ့ပစ္စည်းတွေမှာ niacinamide လည်း ပါလေ့ရှိတယ်။ တခါတရံ niacinamide တမျိုးထဲပါပြီး skin whitening lotion ရေးထားတာလည်း တွေ့ရတယ်။ အမှန်တော့ niacinamide ဟာ အသားဖြူဆေးအမျိုးအစားမဟုတ်ဘူး။ သူ့အာနိသင်က Melanosome ရွေ့လျားမှုကို တားဆီးခြင်းသာဖြစ်တယ်။ဥပမာ နေလောင်တဲ့အခါ melanin ထုတ်လုပ်မှုများလာတယ်။ melanin ကို အပေါ်လွှာရောက်အောင် melanosome ကပို့ဆောင်ပေးရတယ်။ နားလည်လွယ်အောင်ပြောရရင် အမဲရောင်ခြယ် (melanin) တွေ အစုလိုက်အပြုံလိုက် တခြားတစ်နေရာရောက်အောင် ရထားနဲ့တူတဲ့ melanosome က သယ်ဆောင်ပေးရတယ်။ niacinamide က melanosome ကိုတားဆီတာကြောင့် အမဲရောင်ခြယ်တွေ အပေါ်ယံဆဲလ်လွှာမှာ စုပုံမှုမရှိတော့ဘူး။ ဒီလိုနည်းနဲ့ကာကွယ်တာဖြစ်တယ်။ ဒါ့ကြောင့် melanin က epidermis အပေါ်လွှာထဲရောက်တဲ့အခါပဲ Niacinamide ရဲ့ အာနိသင်က သက်ရောက်လိမ့်မယ်။ နဂိုကတည်းက စုပုံနေပြီးသား melanin တွေကို ကုသတဲ့နေရာမှာတော့ မစွံလှဘူး။ niacinamide အာနိသင်က prevention တားဆီးတဲ့ဖက်မှာ ပိုအသုံးဝင်တယ်။
ဒီအချက်ကို အခြေခံပြီး နေလောင်ကာလိမ်းဆေးတွေမှာ niacinamide ထဲ့တာကောင်းတဲ့အချက်ပဲ။ ကာကွယ်နိုင်စွမ်းကောင်းတယ်။ သို့သော် အသားဖြူဆေးအနေနဲ့သုံးစွဲရင်တော့ တလွဲသုံးတာဖြစ်သွားပြီ။ melanin synthesis ကိုတားဆီးတဲ့ဆေးတွေကပဲ ပိုအလုပ်ဖြစ်လိမ့်မယ်။ တင်းတိပ်ထွက်တဲ့လူနာတွေကို လေ့လာကြည့်။ သူတို့ သုံးတဲ့ skin care အများစုမှာ skin whitening တွေချည်း တွေ့ရလိမ့်မယ်။သုံးရင်းသုံးရင်း နောက်ဆုံးတော့ မစွံတဲ့ results တွေပဲထွက်ပြီး စိတ်ကုန်သွားတော့။ ဘာမှထူးမလာဘူးတဲ့။ အမှန်တော့ သူတို့သုံးတဲ့ထဲမှာ niacinamide လိုပစ္စည်းတွေပဲ ထည့်ထားတာ။ တင်းတိပ်ပျောက်ဖို့ကျတော့ niacinamide က အသုံးမဝင်လှဘူး၊ အထူးသဖြင့် mixed melasma နဲ့ dermal melasma မှာ niacinamide က အကျိုးမရှိနိုင်ဘူး။ သို့သော် ဝက်ခြံအမဲစက် ဖြစ်လာနိုင်တဲ့ဝက်ခြံမျိုးမှာတော့ တော်တော်အသုံးဝင်တယ်။ melanosome transfer ကို တားဆီးတာကြောင့် ရောင်ရမ်းနေတဲ့ ဝက်ခြံနေရာကိုရောက်လာမယ့် အမဲရောင်ခြယ် တွေတားဆီးပြီးဖြစ်သွားတယ်။ Sebogel သုံးပြီး အသားဖြူလာသလိုပဲတဲ့။ တကယ်က အသားဖြူတာမဟုတ်ဘူး၊ အမဲစက်ကမထွက်တော့ ပါးတယ်ထင်ရတာ။ ဝက်ခြံပျောက်ဆေးသွင်းတုန်းက ဒီအချက်ကို အကြီးအကျယ်ဂရုစိုက်ခဲ့တယ်။ Niacinamide 3-10%အတွင်း သုံးရမယ်လို့ ကောက်ချက်ချခဲ့တယ်။ နောက်ဆုံးတော့ ကြားချပြီး 6%ကိုပဲရွေးချယ်လိုက်တယ်။
ဝက်ခြံအမာရွတ်တင်မဟုတ်ဘူး၊ နေလောက်ကာလိမ်းဆေးနဲ့ body lotion တွေမှာ niacinamide ထည့်သုံးတာလည်းကောင်းတဲ့အချက်ပဲ။ အသားလောင်ပြီး ဖြစ်လာမယ့်အမဲကွက်ကို သူက ကာကွယ်ပေးလိမ့်မယ်။ တကယ်အသားဖြူတာတော့မဟုတ်ဘူး။ niacinamide နဲ့ သဘောသဘာဝတူတဲ့ အခြားပစ္စည်းတွေရှိသေးတယ်။ soybean extract, lecithins နဲ့ neoglycoprotein တွေပါ။ကုမ္ပဏီတွေကတော့ skin whitening လို့ ရေးကြလိမ့်မယ်။
ဒီနေရာမှာ အဓိကသိစေချင်က နဂိုမဲနေတဲ့အသားအရေက niacinamide လိမ်းပြီး ဖြူမလာနိုင်ဘူး။ skin whitening ရေးထားတာနဲ့ အသားဖြူဆေး၊အမဲစက်ပျောက်မယ် ဆိုလိုတာ မဟုတ်ဘူး။ အာနိသင်ရှိတယ်လို့ပဲ ဆိုလိုတာ။ အသားဖြူပြီး အမဲစက်ပျောက်ဖို့ အပေါ်ယံ အရေပြား ၄လွှာ နဲ့ အောက်လွှာအရေပြား ၂လွှာ ဘယ်အလွှာမှာ ရောင်ခြယ်ဓာတ်တွေ စုပုံနေလဲ နားလည်မှ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
29/09/2022
😰😰 ဆားဝက်ခြံ အကြောင်း သိကောင်းစရာ
ဆားဝက်ခြံဆိုတာ လူအတော်များများမြင်တွေ့ရလေ့ရှိတဲ့ မျက်နှာပေါ်က ပြသနာပဲဖြစ်ပါတယ်။
✅အရွယ်ရောက်လာချိန်တွင် စတင်၍ ဟိုမုန်းအပြောင်းအလဲကြောင့်ဖြစ်ပေါ်တတ်ပါတယ်။
✅နှာခေါင်းမှာ အများဆုံးဖြစ်သလို ပါးနှင့် နှဖူးတွင်တခါတလေ ဖြစ်တတ်ပါတယ်။
✅Whitehead နှင့်မတူညီတာက အဆီဂလင်းနှင့် ဘတ်တီးရီးယားတို့ပေါင်းစပ်သွားသော်အခါ ချွေးပေါက်လေးကို ပိတ်မသွားပဲ အထဲမှာအဆီခဲဝက်ခြံအနေနဲ့ ရှိနေပြီး နေရောင်ဒဏ်ခံရသဖြင့် မည်းလာပြီး blackhead ance ဖြစ်လာပါတယ်။
ဘယ်လိုကုသမလဲ⁉️ ဘယ်လိုကာကွယ်မလဲ⁉️
1️⃣ခေါင်းလျော်ပါ ၃ရက်တခါဖြစ်ဖြစ် ဘာဖြစ်လို့လဲဆိုရင် ခေါင်းကအဆီထွက်မှုက မျက်နှာရှိအဆီဂလင်းမှာလည်း အဆီထွက်နှုန်းကိုများပြားလာစေတယ်။
2️⃣ရေများများသောက်ပါ
3️⃣တပတ်တခါ exfoliation scrub သုံး ဂျေးချွတ်ပါ
4️⃣မျက်နှာကို တနေ့ ၂ ကြိမ်သန့်စင်ပါ
5️⃣အဆီများတဲ့ အစားအသောက်တွေရှောင်ပါ
6️⃣အသားအရေကို oil free moisturizer လိမ်းပေးပါ။
7️⃣စိတ်ဖိစီးမခံပါနဲ့
Crd
23/09/2022
ဒီနေ့ မင်မင်က အသားဖြူချင်သူများအတွက် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးမယ်😍
အသားဖြူတာဟာမိန်းကလေးတော်တော်များများလိုလားတောင့်တတဲ့အလှအပတခုဖြစ်ပါတယ်။
ညိုချောတွေရှိပေမယ့် ဖြူချောတွေလောက်သိပ်မျက်နှာမပွင့်ကြပါဘူး။ 😁
အသားဖြူစေတဲ့အလှကုန်တွေပေါသလို သဘာဝဖြစ် အသားဖြူနည်းတွေလဲရှိပါတယ်။
အသားဖြူချင်သူတွေအတွက် သိသလောက်အောက်မှာဖော်ပြလိုက်ပါတယ်။
*သဘာဝ အသားဖြူပစ္စည်းတွေနဲ့ အသားဖြူအောင်လုပ်နည်းတွေအရင်ဖော်ပြသွားပါမယ်။ ကရိကထလဲမများ စျေးလဲမကြီးတဲ့ပစ္စည်းတွေနဲ့ အများသူငါလက်လှမ်းမှီသုံးလို့ရတာကို ဦးစားပေးဖော်ပြသွားမှာဖြစ်ပါတယ်။
*လိမ္မော်ခွံနဲ့ အသားဖြူနည်း
လိမ္မော်သီးအခွံကို နေပူထဲလှမ်းပေးပါ။ လုံးဝခြောက်သွေ့သွားတဲ့အချိန်မှာ ကြိတ်ပီးပေါင်ဒါလိုအမှုန့်ဖြစ်သွားအောင်လုပ်ပါ။ ပြီးမှနို့အစိမ်းနဲ့ရောပြီး ပျစ်ခဲအောင်ဖျော်ပါ။ အဲဒီအရည်ကို အရေပြားကိုလိမ်းပါ။ နေ့စဉ်လိမ်းပေးပါ။ လိမ်းပြီးသွားလို့အရေပြားပေါ်လုံးလုံးခြောက်သွေ့သွားတဲ့အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။
*ခရမ်းချဉ်သီးနဲ့ အလှပြင်မယ်
ခရမ်းချဉ်သီး ၂လုံး ၃လုံးလောက်ကို ကြိတ်ပီးအရည်ညှစ်ချပါ။ အဲဒီအရည်ထဲကို သံပုရာရည် ၁စက်/၂စက်ထည့်ပြီး မျက်နှာကိုလိမ်းပေးပါ။ မိနစ်၂၀လောက်အခြောက်ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တနေ့ကို ၂ကြိမ် လုပ်ပေးပါ။ ၁၅ရက်ကနေ ရက်၂၀ အတွင်းသိသာထင်ရှားလာပါလိမ့်မယ်။
*အမဲကွက်နဲ့ အစက်အပြောက်တွေပျောက်ဆေး
အာလူးအစိမ်းတလုံးကို ယူပြီးပါးပါးလှီးပါ လှီးထားတဲ့အစိတ်လေးတွေကို မျက်နှာပေါ်ကပ်ပေးပါ။ မျက်နှာပေါ်ကမှဲ့ခြောက်တွေ တခြားအမဲကွက်တွေကိုပျောက်စေပါတယ်။😍😍
*နေပူလောင် အသားအရေအတွက်
နေပူလောင်ခံထားရတဲ့အတွက် နနွင်းမှုန့်နဲ့ သံပုရာရည်ရောပြီးလိမ်းပေးပါ။😍 နေပူလောင်ခံရတဲ့အသားအရေအတွက် အရမ်းကောင်းပါတယ်။😍
*အိမ်တွင်းဖြစ် အသားဖြူ Lotion
သခွားသီးအရည် (စားပွဲတင်ဇွန်း ) ၁ဇွန်းထဲကို သံပုရာရည် ၁စက် ၂စက် ရောပေးပါ။ သမအောင်ရောပြီးသွားရင် အဲဒီအရည်ကို မျက်နှာနဲ့ လည်ပင်းကိုလိမ်းပေးပါ။😍 နာရီ၀က်လေက်အခြောက်ခံပြီးသွားရင် မပူမအေးရေနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။
*အိမ်တွင်းဖြစ် Facial Mask😍
ပျားရည်၁ဇွန်း (စားပွဲတင်ဇွန်း) သဘော်သီးအရည်၁ဇွန်း (စားပွဲတင်ဇွန်း) တို့ရောပြီး လိမ်းပေးပါ ၁၅ မိနစ်ခန့်စောင့်ပြီးမှ ရေနဲ့ပြန်ဆေးကြောပေးပါ။😍
ပျိုမေ မောင်မယ်များအားလုံး ဖြူ၀င်းလှပသော အသားအရေများ ပိုင်ဆိုင်နိုင်ကြပါစေ
23/09/2022
"Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က
အမဲစက်နဲ့ ဝက်ခြံတွေသိသာလာတာလဲ?"
Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleaning လုပ်ပေးခြင်းမဟုတ်🙅🙅
မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာရှိနေတဲ့
အညစ်အကြေးတွေကို စတင်Cleaningလုပ်ပေးတာကြောင့်
အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်
Skincare လုပ်ခြင်းက အပေါ်ယံကြည်ဝင်းခြင်းမဟုတ်
Skincare လုပ်ခြင်းက အသားအရေရဲ့အတွင်းပိုင်းကို
သန့်စင်ပေးခြင်းသာဖြစ်ပါတယ်🙋🙋🙋
အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ
အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး
အပေါ်ကိုသာသန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်
အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင်
ရိုးရိုးအပေါ်ယံသန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ
ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတယ်ဆိုတာ
အခုနားလည်လောက်မယ်ထင်ပါတယ်
21/09/2022
*ဝက်ခြံကြောင့် စိတ်ညစ်နေရသူတွေအတွက် သဘာဝ ဝက်ခြံပျောက်နည်း*
ဝက်ခြံထွက်ရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ ခန္ဓာကိုယ်အတွင်း ဓာတ်တစ်မျိုးမျိုး ချို့ယွင်းခြင်းကြောင့် ဝက်ခြံတွေထွက်တတ်ပါတယ်။ အများအားဖြင့် ဝက်ခြံထွက်လေ့ရှိတဲ့ နေရာတွေကတော့ နဖူး၊ မေးရိုးနဲ့ မေးစေ့၊ မျက်နှာဘေးပတ်လည်၊ ပါးပြင်၊ မျက်ခုံးနှစ်ခုအကြား၊ နှာခေါင်းနှင့် နှုတ်ခမ်းအပေါ်ဘက်စတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဝက်ခြံထွက်ရတဲ့ အဓိကပြဿနာတွေကတော့
- စိတ်ဖိစီးမှုများခြင်း
- အိပ်ချိန်မမှန်ခြင်း
- ကိုယ်အလေးချိန် အတက်အကျ ပြောင်းလဲမှုကြောင့် အစာချေစနစ် မမှန်ခြင်း
- ဓမ္မတာလာခါနီးနှင့် ဓမ္မတာလာစဉ် ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
- စားသောက်မှုပုံစံမှားယွင်းခြင်း
- အစပ်၊ အငန်နှင့် အဆီ အစားများခြင်း
- အလှကုန်ပစ္စည်းနှင့် ဓာတ်မတည့်ခြင်း
- ရောဂါတစ်ခုခုရှိသူများမှာ ဓာတ်ချို့ယွင်းခြင်းကြောင့်လည်း ဝက်ခြံထွက်ရခြင်း ဖြစ်ပါတယ်။
ဝက်ခြံကို သဘာဝနည်းနဲ့ ကုသတဲ့ နည်းလမ်းလေးတွေအများကြီးရှိတဲ့အထဲမှ (၅)မျိုးကို ပြောပြပေးပါမယ်။ အဲဒါတွေကတော့
ပျားရည်ဟာ သဘာဝပိုးမွှားတွေကို ဖယ်ရှားရာမှာ အကောင်းဆုံးဆေးဖြစ်လို့ ပျားရည်ကို ဝက်ခြံဖုပေါ်သို့ လိမ်းပေးပြီး တစ်နာရီလောက်ထားပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ရေနှင့်စင်အောင်ဆေးပေးခြင်းဖြင့် သိသာတဲ့ ရလဒ်ကို တွေ့ရပါလိမ့်မယ်။
ရှားစောင်းလက်ပတ်ဂျယ်လ်ကို ဝက်ခြံထွက်တဲ့နေရာမှာ လိမ်းပေးခြင်းဖြင့် ပိုးကိုသေစေနိုင်ပြီး ယောင်ယမ်းတာတွေ ယားယံတာတွေကိုပါ သက်သာစေပါတယ်။
ကြက်သွန်ဖြူဟာ ပိုးမွှားတွေကို သေစေနိုင်တဲ့အတွက် ကြက်သွန်ဖြူကို ကြိတ်ပြီး အရည်ညှစ်ယူပါ။ ထိုအရည်ကို ရှားစောင်းလက်ပတ်ဂျယ်လ် (သို့) ရေနှင့်ရောကာ ဂွမ်းစနုနုကို ထည့်ပြီး ၁၀မိနစ်ခန့် စိမ်ထားပါ။ ပြီးနောက် ထိုဂွမ်းစကို ဝက်ခြံထွက်တဲ့ နေရာကိုတို့လိမ်းပေးခြင်းဖြင့် ဝက်ခြံထွက်မလာအောင် ကာကွယ်ပေးပါတယ်။
လိမ္မော်သီးနှင့် သံပရာသီး မှာ အက်ဆစ်ဓာတ်နဲ့ ဗီတာမင်စီ ပါဝင်တဲ့အတွက် ဝက်ခြံဖုတွေကို လိမ္မော်ခွံနဲ့ ပွတ်တိုက်ပေးပါ။ တစ်ခုအသုံးပြုပြီးတိုင်း နောက်ထပ်အသစ်တစ်ခုလဲသုံးပြီး ပွတ်တိုက်ပေးပါ။ မျက်နှာအသားရေဟာနုညံ့တဲ့အတွက် မျက်နှာကို ပြုပြင်တော့မယ်ဆိုရင် လက်ကိုစင်ကြယ်စွာဆေးကြောပါ။ မျက်နှာကို သန့်စင်အောင် သစ်ပြီးမှ ပြုလုပ်ပေးပါ။ လိမ္မော်ခွံနှင့် ပွတ်ခြင်းက ချွေးပေါက်တွေကိုပွင့်စေပြီး ဝက်ခြံထပ်မထွက်လာအောင် ကာကွယ်ပေးပါတယ်။
ရေခဲကပ်ပေးခြင်းကလည်း ဝက်ခြံထွက်တာကိုသက်သာစေတဲ့အတွက် ရေခဲကို အဝတ်စနှင့် ထုပ်ပြီး ဝက်ခြံဖုနေရာကို မိနစ်အနည်းငယ် ကပ်ပေးခြင်းက အေးမြမှုကြောင့် ဝက်ခြံထွက်တာကို သက်သာစေပြီး ယောင်ယမ်းခြင်းကိုပါ သက်သာစေပါတယ်။ အားလုံး ကျန်းမာလှပကြပါစေ
20/09/2022
👉ဝက်ခြံအကြောင်း ဗဟုသုတ ရစေဖို့ ပြောပြမယ်နော်
😱😱😱
ဝက်ခြံ ထွက်တတ်သူများ ကိုယ်က ရောဘယ်ဝက်ခြံအမျိုးအစားထဲ ပါလဲကြည့်ရအောင်နော
#အဖြစ်များတဲ့ဝက်ခြံ
#အမျိုးအစား(၄)မျိုး
၁.steroid ဝက်ခြံ
ဝက်ခြံတွေအပြုံလိုက်ထွက်လာတယ် မျက်နှာတစ်ပြင်လုံးပြန့်သွားတယ် ချွေးပေါက်တွေရှိတဲ့နေရာတွေအများဆုံးထွက်တယ် steroid ပါတဲ့skincare ကြာရှည်စွာသုံးစွဲမိလို့ အသားအရေအရမ်းပါးပြီး bacterial ပိုးဝင်လွယ်စေပြီးဖြစ်ပေါ်လာတဲ့ဝက်ခြံ
၂.allergyဝက်ခြံ
အဖုသေးသေးလေးနဲ့မျက်နှာတစ်ပြင်လုံးမှာထွက်တတ်ကြပါတယ် ဒီအဆီဖုကိုဖြစ်ရတဲ့အကြောင်းရင်းကတော့ မျက်နှာယားယံခြင်း bacterialပိုးဝင်ခြင်း မျက်နှာမှာအဆီတွေပုံမှန်ထက်များနေခြင်း ရာသီဥပြောင်းလဲခြင်း အရည်အသွေးမမှီတဲ့cosmetics တွေသုံးမိခြင်းကြောင့်ထွက်သော ဝက်ခြံ
၃.အဆီဖုဝက်ခြံ
ဒီဝက်ခြံရဲ့ပုံစံကတော့ အဖုလုံးနဲ့ အဆီဖုလိုမျိုးအဖုသေးသေးလေးတွေလဲရှိတတ်ကြတယ်
ဒီဝက်ခြံကအမျိုအစား(၃)မျိုးထက်ခွဲထားပါတယ်
(close comedo )
အရေပြားပေါ်တွင်ပေါ်လာတဲ့အဖုလုံးတွေပါ
(open comedo) ကတော့
ဆားဝက်ခြံ (သို့)အမည်းဆံ
နောက်တစ်မျိုးကအရေပြားအောက်မှာမြုံနေတဲ့ဝက်ခြံတွေ ဒီလိုဝက်ခြံတွေက stress တွေများတဲ့သူတွေ ဟော်မုန်းကြောင့် နဲ့ အနေအထိုင်အစားအသောက်တွေကြောင့်လည်းထွက်တတ်ကြပါတယ်
၄.ရောင်ရမ်းတဲ့ဝက်ခြံ
ဝက်ခြံတွေထဲမှာP.ancesဆိုတဲ့ပိုးတွေအရမ်းများနေတဲ့တွက်ကြောင့်ဖြစ်လာတတ်ကြတယ် ရိုးရိုးအဆီဖုဝက်ခြံတွေကနေ ပိုးဝင်တဲ့တွက်ကြောင့် ရောင်ရမ်းတဲ့ဝက်ခြံတွေ ပြည်တည်တဲ့ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်
ဒီလိုဝက်ခြံအမျိုးအစားတွေသိပြီဆိုရင်ကိုယ်ထွက်နေတဲ့ဝက်ခြံနဲ့ကိုက်ညီတဲ့ကုနည်းတွေနဲ့ကုမှပျောက်ကင်းစေနိုင်ပါတယ်နော် 💁💁💁💁💁
crd
19/09/2022
‼️သင်သိထားသင့်သော ဝက်ခြံအကြောင်း‼️
ဝက်ခြံ ဖြစ်ပေါ်လာရတဲ့ ဇစ်မြစ်များ👇
1.နေရောင်ချည်နဲ့ အလွန်အကျွံထိတွေ့မှုကြောင့်
2.ဟောမုန်းဓာတ်အပြောင်းအလဲကြောင့်
3.ဆေးလိပ်သောက်ခြင်းကြောင့်
4.အရေပြားမူမမှန်မှုကြောင့်
5.စိတ်ဖိစီးမှုများခြင်း
6.အဆီပြန်ပြီး ချွေးပေါက်ကျယ်ခြင်းကြောင့်
7.make-up ပစ္စည်းများသန့်စင်မှုမရှိဘဲ ထပ်တလဲလဲ အသုံးပြုချင်းကြောင့်(မင်မင်သိသလောက် ဒီ 7ချက်က အဓိက ဖြစ်မယ်ထင်ပါတယ်)
‼️ဝက်ခြံ ပေါက်နေချိန်တွင် မပြုလုပ်သင့်သော အရာများ‼️
1.သနပ်ခါးမလိမ်းရ/ဝက်ခြံပေါ် ထုံးမလိမ်းရ🙅🙅
2.သံပုရာသီးမလိမ်းရ/ဆရာခိုမလိမ်းရ🙅
3.vasline gel /whitening cream မလိမ်းရ
4.သွားတိုက်ဆေး/Bar soap(ကိုယ်တိုက်ဆပ်ပြာ )
မသုံးရ
5.alcohol /baking soda
မသုံးရ
6.ဝက်ခြံပေါက်နေတဲ့အချိန်အတွင်း scrubမတိုက်ရ
‼️ဝက်ခြံ မဖြစ်အောင် ကာကွယ်နည်း‼️‼️
1.အိပ်ရေးဝဝအိပ်ပါ
2.ရေများများသောက်ပါ
3.အပူအစပ် လျှော့စားပါ
4.suncreen အမြဲလိမ်းပါ(even stay at home)
5.မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာ သစ်ပေးပါ
6.အလှပြင် ပစ္စည်းတေကို တစ်ပတ်တစ်ခါ ဆေးကြောပေးပါ
7.double cleansing လုပ်ပေးပါ
8.၀မ်းမချုပ်အောင်ဂရုစိုက်ပါ
9.Ready made တွေလျှော့စားပါ
10.Moisturizer လိမ်းပေးပါ
-ဝက်ခြံဖြစ်တာဟာ ခန္ဓာကိုယ် အားနည်းတာနဲ့ အများကြီးဆိုင်ပါတယ်နော်
အဓိက ကတော့ ရေများများသောက်ပေးပါ
အိပ်ရေးဝဝအိပ်ပါ🥰🥰
Click here to claim your Sponsored Listing.