YOMA ART SPACE

YOMA ART SPACE

Share

CONTEMPORARY ART,TRAINING,WORKSHOP,EXHIBITION,RESIDENT PROGRAM,ETC.

23/08/2026

Call for Volunteers

စာနာခြင်းတံတား

Goethe-Institut Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ မတူညီသောနယ်ပယ်အသီးသီးမှ ပူးပေါင်းပါ၀င်သူများနှင့် လက်တွဲပြုလုပ်တင်ဆက်မည့် စာနာခြင်းတံတား အစီအစဉ်၏ တင်ဆက်မှုများ၊ အနုပညာပြပွဲများတွင် ပါ၀င်ရန် volunteer များ ခေါ်ယူလိုပါသည်။

ပြပွဲအစီအစဉ်များကို စက်တင်ဘာလမှ နို၀င်ဘာလအထိ ရန်ကုန်၊ မန္တလေးနှင့် ညောင်ရွှေရှိ သက်ဆိုင်ရာ ပြပွဲနေရာများတွင် ပြုလုပ်သွားမည်ဖြစ်ပါသောကြောင့် စိတ်ပါ၀င်စားသူများ လျှောက်ထားနိုင်ပါသည်။

Volunteer များအနေဖြင့် စာနာခြင်းတံတားအစီအစဉ်မှ ပြုလုပ်သော တင်ဆက်မှုများ၊ အနုပညာပြပွဲများတွင် Goethe-Institut Myanmar ၏ ယဉ်ကျေးမှုဌာနမှ လုပ်ဖော်ကိုင်ဖက်များ၊ ဖိတ်ခေါ်ထားသော ကျူရေတာများ၊ ပူးပေါင်းပါ၀င်သည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူလက်တွဲ၍ ပြပွဲများစီစဉ်တင်ဆက်ခြင်းကို အတူလက်တွဲ လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။

ပါ၀င်လိုသော Volunteer များ အနေဖြင့် motivation letter နှင့် ကိုယ်ရေးအကျဉ်းတို့ကို အောက်ဖော်ပြပါ email သို့ 06.09.2026 နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။ လူအများနှင့် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်လိုပြီး၊ အနုပညာနှင့်ယဉ်ကျေးမှုအစီအစဉ်များကို စိတ်ပါ၀င်စားသူများ ပါ၀င်ရန် တိုက်တွန်းလိုပြီး ရန်ကုန်၊ မန္တလေး နှင့် ညောင်ရွှေမြို့ အသီးသီးမှ စိတ်ပါ၀င်စားသူများ လျှောက်ထားနိုင်ပါသည်။

ကူညီလုပ်ဆောင်ရမည့် အလုပ်တာ၀န်များနှင့် သိရှိလိုသည်များကို ဖြေကြားပေးနိုင်ရန် online info session အစီအစဉ်တစ်ရပ်ကို 25.08.2026 အင်္ဂါနေ့ ညနေ 5:30 အချိန်တွင် စီစဉ်ထားရှိမည် ဖြစ်ပါသောကြောင့် အောက်ပါ Zoom link မှ တစ်ဆင့် တက်ရောက်မေးမြန်းစုံစမ်းနိုင်ပါသည်။ ဇကာတင်ရွေးချယ်ခံရသူများကို online interview တက်ရောက်ရန် ဖိတ်ခေါ်သွားမှာ ဖြစ်ပါသည်။ ရွေးချယ်ခံရပြီးနောက် သက်ဆိုင်ရာ voluntary work များပြီးမြောက်သွားသည့် volunteer များကို Goethe-Institut Myanmar မှ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ပါသည်။

ApplicationEmail: [email protected]
Info session: 25.08.2026 (Tuesday)
Time: 5:30 PM - 6:30 PM

Zoom link: https://goethe-institut.zoom.us/j/84800014184

Photos from Contemporary Art Project Myanmar - SOCA's post 13/08/2026
01/08/2026

MYDN ရဲ့ နှစ်စဉ်ကျင်းပတဲ့ Challenge တွေထဲမှာမှ အားလုံး‌မျှော်နေကြတဲ့ 2026 ခုနှစ်ရဲ့ Season 6 ကို စတင်လိုက်ပါပြီ 🎉✨

-----------------------------------------------------------------------
- သင့်ကိုယ်သင် Challenge လုပ်ဖို့ အသင့်ပဲလား ?

အခက်အခဲတွေကြားထဲက စိတ်ဖြေဖျောက်စရာ တွန်းအားတစ်ခုကိုရှာဖွေကြရင်း မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပုံတွေအတူတူရေးပြီးမျှဝေကြရင်း Covic 19 ကနေစတင်ခဲ့တဲ့ MYDN ရဲ့ Challenge တွေဟာ ဖြတ်သန်းခဲ့တာ 6 နှစ်တိုင်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် Season 6 ကိုရောက်ရှိလို့လာခဲ့ပါပြီ ။ ဒီတစ်ခါ 2026 ရဲ့ Season 6 မှာ "Before 2000" "နှစ်ထောင်ခုနှစ်မတိုင်မီ "ဆိုတဲ့ Theme နဲ့ ထူးထူးခြားခြား ရှေ့မလှမ်းမကမ်း ခုနှစ်တွေက အသုံးအဆောင်တွေ လူနေမှုဘဝထဲရှိနေခဲ့တဲ့ ယဉ်ကျေးမှုဆိုင်ရာ သက်ေတတွေကို ရေးဆွဲရင်း အတိတ်တွေဆီ ကျွန်တော်တို့အတူသွားကြရမှာပါ ။ Challenger Artist တွေ နှစ်စဉ် အကြိတ်အနယ် ရေးဆွဲခဲ့ကြတဲ့အတိုင်း ရင်ခုန်စရာ title တွေနဲ့အတူ ပုံရေးဆွဲရင်း Season 6 ကိုကျင်းပသွားမှာပါ ❤
--------------------------------------------------------------------------

Challenge မှာ ပါဝင်ချင်တယ်ဆိုရင်🎨
သိရှိထားရမဲ့အချက်တွေကတော့ ✅

✏️ Public Acc ဖြစ်ရပါမယ်

✏️ Challenge မှာပါဝင်ဖို့ စာရင်းပေးပြီးတာနဲ့
Challenge ပြီးဆုံးသွားတဲ့အထိ Acc Name
ပြောင်းလဲတာ / Profile lock ချတာ
မလုပ်ရပါဘူး🙅🙅‍♀️။
( သို့ဖြစ်ပါ၍ မိမိပါဝင်လိုသည့်
Acc ကိုသေချာစွာရွေးချယ်ပြီးမှ စာရင်းပေးပါရန် )

✏️ challenge ကျင်းပတဲ့
MYDN group ကို join ထားရပါမယ်✨
( grouplink - https://www.facebook.com/groups/youthartcommunitymyanmar/ )အခုမှစပြီး Group ကို join တဲ့သူတွေက မေးတဲ့မေးခွန်းလေးတွေကိုဖြေပေးမှ accept လုပ်မှာနော် ။

✏️ challenge update information တွေအတွက်
Myanmar Youth Drawing Network page ကို
like & follow လုပ်ထားရပါမယ် ✅

✏️ ယခု register post ကို
public နဲ့ fri နှစ်ယောက်ကို tag တွဲပြီး

ဆိုတဲ့
Hashtags နဲ့ share ပေးဖို့လိုတယ်နော်❤

✏️ MYDN Page ကနေတင်ပေးထားတဲ့
titleတွေကိုမိမိကြိုက်နှစ်သက်တဲ့
medium တွေနဲ့ ရေးဆွဲနိုင်ပြီးတော့
size သတ်မှတ်ထားတာမရှိပါဘူး🔥

✏️ပုံတစ်ပုံရေးဆွဲရမယ့်ရက်ကို ‌
3 ရက် / 4 ရက် title ပေါ်မူတည်ပြီး
Title announcement လုပ်တဲ့အခါ
သတ်မှတ်ပေးသွားမှာပါ ✨


✏️ Digital artwork နဲ့ ပါဝင် Challenge ခေါ်မဲ့
Challenger တွေကတော့ မိမိ artwork ပုံတင်တိုင်း
ပုံရဲ့ Post Comment မှာ step by step artwork process
ပုံလေး(4)ပုံ အနည်းဆုံး ment ပေးဖို့လိုပါမယ်ဗျ❤

✏️ Title 3 ခု ပျက်ကွက်တာနဲ့ Admin တွေက
chatbox မှာ remind လာလုပ်မှာဖြစ်ပြီး
3 ကြိမ်မြောက်ဆိုရင်တော့
Challenger စာရင်းကနေ ထုတ်ပယ်သွားမှာပါ 💬

✏️ မိမိရဲ့ Artwork post ဘယ်လိုတင်ရမယ်
ဆိုတာအပြင် တစ်ခြား အကြံပေးတဲ့ content တွေ
တင်ပေးသွားမှာမို့ page ကို မဖြစ်မနေ follow
လုပ်ထားဖို့မမေ့နဲ့နော် ❤

✏️ မိမိရေးဆွဲထားတဲ့ ပုံမဟုတ်ပါပဲ
cheat လုပ်ထားကြောင်းသိရှိသွားရင်တော့
MYDN ရဲ့ blacklist စာရင်းထဲ ထည့်သွားမှာပါ✔

✏️ Season 6 Challenge ကာလကတော့
၃ လဖြစ်ပြီး Challenge ပြီးမြောက်သူတိုင်းကို
MYDN ရဲ့အသိအမှတ်ပြု certificate
ပေးအပ်သွားမှာဖြစ်ပြီး
ရေရှည် အကျိုးခံစားခွင့်တွေလည်း
certificate ကတစ်ဆင့်ရရှိမှာပါဗျ🔥

✏️ တစ်စုံတစ်ခုအငြင်းအခုံဖြစ်လာရင်တော့
MYDN team အဆုံးအဖြတ်သာ
အတည်ဖြစ်ပါတယ်နော်ဗျ ။
----------------------------------------------------------------------------------

အချက်အလက်တွေကိုလဲ သိပြီးပြီဆိုတော့ public နဲ့ fri နှစ်ယောက် tag တွဲ post ကို သတ်မှတ်ထားတဲ့ hashtags တွေနဲ့အတူ share ပြီးရင်တော့ register form မှာ register တင်ပေးရမှာဖြစ်ပါတယ် ။

Comment မှာ hashtags တွေကို copy လုပ်ဖို့အတွက် ထားပေးထားမယ်နော်💕

Register form -

Photos from The Artist's Journal 's post 20/05/2026
10/05/2026

Open Call for Mobility Grant for Art and Social Action 2026

Cambodian Living Arts, in collaboration with the Art & Society Hubs Network Asia, is offering 3 Mobility Grants (up to $1000 USD each) to support participation in workshops, residencies, festivals, conferences, and research activities across Taiwan and the Mekong region (Vietnam, Thailand, Myanmar and Laos).

📝 Apply now to be part of this transformative experience!

🗓Deadline for application: August 15, 2026

📬For more information, please refer to the link attached: https://www.cambodianlivingarts.org/en/opportunities/mobility-grant-for-art-and-social-action/

📩 For submissions and inquiries, email [email protected] or call (+855) 77 558 545.

📍Join telegram: https://t.me/artsopportunity

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Website

Address

No. 45/16 GoneHtuu Avenue, NyaungPhyuSaKham Qr. Taunggyi
Taunggyi
06011