Htwe Online Shop

Htwe Online Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htwe Online Shop, Taunggyi, Taunggyi.

10/01/2025

Handmade😍
order to cb

24/06/2022

ငွေရှာဖို့မပျင်းပါနဲ့❌

ငွေမရှိတဲ့အချိန်ကျမှငွေရဲ့တန်ဖိုးသိပါလိမ့်မည်။

24/06/2022

ဘဝ တသက်တာ လိုက်နာ ကျင့်သုံးသင့်သော..
စကားကြီး..(၃)..ခွန်း
--------------------------------

၁။စိတ်ကောင်းထား..။
၂။လူပေါင်းမမှားနဲ့...။
၃။အရိပ်ကောင်းနားပါ..။

၁။..စိတ်ကောင်းထားပါ...

ဘယ်သူ ကောင်းကောင်းမကောင်းကောင်း
ကိုယ့်စိတ်ကို‌ ကောင်းအောင်ထားပါ။
စိတ်ကောင်း ‌စေတနာကောင်းရှိမှ
သင့်ဘဝ ကံကောင်းမယ်။

ဘယ်သူတွေ ဘယ်လိုစိတ်ထားထား
သင့်ရဲ့စိတ်ကို ‌ကောင်းအောင်ထားပါ။
စိတ်ကောင်းရှိသူသည် လူကောင်းမည်၏

စိတ်စေတနာကောင်းရင်
လူချစ်လူခင် ပေါများပါတယ်..
ထို့ကြောင့် ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ်
သင့်စိတ်ကိုတော့
အတတ်နိူင်ဆုံး ‌ကောင်းအောင်ထားပါ။

၂။..လူပေါင်းမမှား‌စေနဲ့...

သင်ဟာ လူထဲကလူ ဖြစ်နေတဲ့အတွက်
လူတွေနဲ့ ဆက်ဆံပေါင်းသင်းရမယ်

‌‌ပေါင်းသင်းတဲ့အခါ မမှားဖို့ အရေးကြီးတယ်။

အပေါင်းသင်းကောင်းမှ ဘဝကောင်းရောက်မယ်။
အပေါင်အသင်း မကောင်းရင်
အပါယ်ငရဲထိ ‌ရောက်တတ်တယ်။

ဘုရားဟောဇာတ်တော်ကို ပြန်ကြည့်မယ်ဆိုရင်..

အဇာတသတ်မင်းသားဟာ အရှင်ဒေဝဒတ်ကို
ဆရာတင် ‌ပေါင်းသင်းမိသောကြောင့် ‌နောက်ဆုံး
အဖကိုသတ်ပြီး အပါယ်ငရဲသို့ ရောက်သွားရသည်။

ဒါကိုကြည့်ခြင်းအားဖြင့်‌ ပေါင်းသင်းဆက်ဆံတဲ့အခါ
လူပေါင်းမမှားဖို့ အင်မတန် အရေးကြီးပါသည် ။

အပေါင်းသင်းကြောင့် ဂုဏ်တက်သလို..ဂုဏ်လဲ ပျက်ရပါသည်။

၃။..အရိပ်ကောင်းနားပါ..

အရိပ်သည်လူတစ်ယောက်ရဲ့ဘဝအမောတွေကို
ပြေပျောက်စေသည်၊
စိတ်ကိုအေးချမ်းစေသည်။

ဒါပေမယ့် ဘယ် အရိပ်တွေ
ဘယ်လောက်ကောင်းကောင်း..

သံသရာမှာ ‌အေးချမ်းဖို့အတွက်ဆိုရင်တော့

‌ဘုရားရိပ်၊တရားရိပ်၊သံဃာရိပ်အောက်မှာ
နေထိုင်မှသာလျှင်
သံသရာမှာ ‌အေးချမ်း၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိူင်မည် ဖြစ်ပါသောကြောင့် ..

အရိပ်ကောင်းဟူသော ဘုရား၊ တရား၊ သံဃာအရိပ်မှာ
နားကြပါလို့....
မေတ္တာဖြင့် ရေးသားလိုက်ရပါတယ်...👏👏

Copy...

သီရိ ဇင်ကို ...ထပ်ဆင့် ဝေမျှပါသည်...
ဘဝအမောတွေ ပြေပျောက်နိုင်ပါစေ 🙏🙏
📚စာပေအလင်းရောင်💡 👇🏻👇🏻🌷📚🌷📚🌷📚🌷
https://www.facebook.com/groups/1318139028656528/?ref=share

19/06/2022

သိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ
ကျီးကန်ပဲ ရှိတယ်။
အဲဒီလို ဖြစ်လာရင် သိန်းငှက်ဟာ
သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး ကျီးကန်းကို
ပြန်မတိုက်ခိုက်ဘူးတဲ့..
အတောင်ပံကို ဖြန့်ပြီး မြင့်သထက် မြင့်အောင်
အပေါ်ကို ရောက်အောင် ထပ်ပျံတယ်။
အမြင့် ရောက်သွားတဲ့အခါ အောက်စီဂျင်
နည်းသွားတဲ့ ကျီးကန်းဟာ သူ့ဟာသူ
ပြုတ်ကျ သွားတယ်လို့ ဆိုတယ်။
သိန်းငှက်ဆီက သင်ခန်းစာ ယူပါ။
ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့။
အမြင့်ကိုသာ ဆက်တက်ပါ

ကိုယ့်ကို လာ တိုက်ခိုက်သူတွေကို
ပြန် မတိုက်ခိုက်ပါနဲ့
အမြင့်ဆုံးသာ တက်လှမ်းပါ
သူ့ဟာသူ ပြုတ်ကျ ကျန်လိမ့်မယ်

Crd

19/06/2022

" #ကိုယ့်အကြောင်းကိုယ်သိအောင်လုပ်"

ကိုယ့်ကိုကိုယ် ကောင်းအောင်နေ

ကိုယ့်သိက္ခာ ကိုယ်ယုံရင်
ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး..

ကိုယ့်အရည်အချင်း ကိုယ်ယုံရင်
ဘယ်သူ့ကိုမှ မနာလိုဖြစ်စရာမလိုဘူး..

ကိုယ့်လိပ်ပြာ ကိုယ်သန့်ရင်
ဘယ်သူ့ကိုမှ ရှင်းပြစရာမလိုဘူး..

ကိုယ့်စေတနာ ကိုယ်မှန်နေရင်
ဘယ်သူ့ကိုမှ ဟန်လုပ်စရာမလိုဘူး..

သီလမလုံတဲ့သူက
လူတိုင်းကို ကြောက်နေရတတ်တယ်..

အရည်အချင်းမရှိတဲ့သူက
ကိုယ့်ထက်သာရင် မနာလိုဖြစ်တတ်တယ်..

ကိုယ့်လိပ်ပြာကိုယ်မလုံတဲ့သူက
သူများကို မယုံမကြည်ဖြစ်တတ်တယ်..

ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်ရင်
ဘယ်သူ့ဘယ်သူအပေါ်မှ မနာလိုဖြစ်စရာမရှိသလို
ကြောက်နေဖို့လည်း မလိုဘူး..
ဟန်လုပ်ဖို့ မလိုသလို မာန်တက်ဖို့လည်း မလိုဘူး..
ကြွားနေဖို့ မလိုသလို ဖားနေဖို့လည်း မလိုဘူး..
ကိုယ်ကောင်းအောင်နေဖို့ပဲ လိုတယ်...။

...

19/06/2022

ခုဖုန်းကြည့်နေသူတယောက်ရေနိုးပြီလားရှင့်?
မဂ်လာနံနက်ခင်း လေးပါရှင်သင်နှင့်သင့်မိသားစုတို့သည်ကြံစည်သမျှအောင်မြင်အသက်ရှူတိုင်းဝင်ငွေတိုးပွားကြပါစေရှင်🙏

12/06/2022

ခံစားချက်နဲ့အသက်မရှင်ပါနဲ့။
===============

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အခါ
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပါ။

စိတ်ဓာတ်တွေကျလာတဲ့အခါ
ကိုယ့်ထက်ပြိုလဲနေသူတွေကိုအားနာပြီး
ပြန်လည်ရုန်းထခွန်အားယူပါ။

ကိုယ့်အမြင့်တွေ ကိုယ့်အောက်တွေကြည့်ပြီး
အားငယ် အားတက်ဖြစ်ရတာထက်
ကိုယ်လုပ်နိုင်တာလေးကိုသာအမြဲဂုဏ်ယူပါ။

ကိုယ့်လုပ်အားနဲ့ရတဲ့ဝင်ငွေဟာ
ကိုယ့်ဝင်ငွေဖြစ်တဲ့အတွက်
နည်းတယ် များတယ်ဆိုတာအတွက်
ဘယ်တော့မှသိမ်မငယ်ပါနဲ့
အမြဲတန်ဖိုးထားမြတ်နိုးပါ ဂုဏ်ယူပါ။

ကိုယ်လုပ်နေတဲ့အလုပ်ဟာ
လိပ်ပြာသန့်သန့်နဲ့လုပ်နေတာဆို
ဘယ်သူနဲ့မှယှဉ်ပြီးအားမငယ်ပါနဲ့
ကိုယ့်အလုပ်ကိုတန်ဖိုးထားဂုဏ်ယူပါ။

ကိုယ်စားတဲ့ဆိုင်ဟာ
လမ်းဘေးဆိုင်ဖြစ်နေပါစေ
ကိုယ့်ပိုက်ဆံနဲ့ကိုယ်စားတာဖြစ်တဲ့အတွက်
သိမ်ငယ်ရှက်ရွံ့ခြင်းကိုပယ်ရှားပါ။

ကိုယ့်ဝင်ငွေနဲ့ကိုက်ညီတဲ့
ဝတ်စားဆင်ယင်ခြင်း
စားသောက်နေထိုင်ခြင်းအတွက်
မည်သူတစ်ဦးတစ်ယောက်ကိုမျှ
အားနာသိမ်ငယ်ခြင်း
ရှက်ရွံ့ဂုဏ်ငယ်ခြင်းကိုမပြုပါနဲ့
ကိုယ့်ဝင်ငွေနဲ့ထွက်ငွေကို
သိတတ်နားလည်ခြင်းကသာ
ကိုယ့်ဘဝကိုမြှင့်တင်ရှင်သန်စေနိုင်မှာပါ
ကိုယ့်ရဲ့ဖြစ်တည်ရှင်သန်ခြင်းအတွက်
အရှိအတိုင်းသာရှင်သန်နေထိုင်ပါ။

ကိုယ်ဖြစ်လိုတဲ့ရည်ရွယ်ချက်အတွက်
တစ်စိုက်မတ်မတ်ရှင်သန်ပါ
မဖြစ်နိုင်ခြင်းဟာ
မလုပ်တော့ခြင်းကစပါတယ်။

ရည်ရွယ်ချက် နဲ့ ရည်မှန်းချက်အတွက်သာ
ရှင်သန်နေထိုင်ပါ
အားငယ်ခြင်း သိမ်ငယ်ခြင်းနဲ့
တခြားတစ်ယောက်ကိုတိုက်ခိုက်ဖို့
တခြားတစ်ယောက်ကိုမနာလိုဖို့
တခြားတစ်ယောက်အတွက်
စိတ်သောကရောက်ဖို့အတွက်
မရှင်သန် မနေထိုင်ပါနဲ့။

ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားသိတတ်ခြင်းနဲ့သာရှင်သန်ပါ
အေးမြငြိမ်းချမ်းခြင်းနဲ့ ဖြစ်လိုခြင်းတွေဟာ
ကိုယ့်ဆီမှာပါပဲ။

အားလုံးပဲအနာဂတ်မှာအောင်မြင်ကြီးပွါးတိုးတက်ကြပါစေ...

Credit....

Telephone

Address

Taunggyi
Taunggyi

Alerts

Be the first to know and let us send you an email when Htwe Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Taunggyi.