SANMADI-Beauty Salon
Warmly Welcome
အမြဲ ချစ်ဖို့ကောင်းနေရင် ပျင်းစရာကြီး
ခပ်ချေချေလေး နေကြည့်😜🍪
💫✨ပျော်တဲ့ စိတ်နဲ့ အလုပ်လုပ်နိုင်ဖို့ဆိုတာ
လေ့ကျင့်ယူမှ ရတာပါ
ဒီလျို့ဝှက်ချက်တွေ ကို သိရင် သင် နေရာတိုင်း
အချိန်တိုင်းမှာ ပျော်ပျော်ကြီး အလုပ်လုပ်
တတ်လာပါလိမ့်မယ်⭐️🌟⚡️
1.Customer Service လုပ်ငန်းတိုင်း အတွက်
အရေးကြီးဆုံး အချက် (၃) ချက်
Sweet +Smile + Smart အကြောင်း
အသေးစိတ် သင်ပြပေးခြင်း
2.အပတ်စဉ် အရည်အချင်း တိုးတက်မှု အတွက်
Weekly Paln ဆွဲပေးခြင်း
3.တစ်ဦးချင်းစီ ရဲ့ အားသာချက် တစ်ခု ကို
အဖွဲ့အားလုံး အလှည့်ကျ ရေးခိုင်းခြင်း
(ချစ်ခြင်းမေတ္တာ နဲ့ နွေးထွေးမှုတွေ
အများကြီးရစေတဲ့ Gameလေး🤍🤍🤍)
16/05/2024
ညစ်နွမ်းနေတဲ့အသားအရေကို ပြန်လည်ဖြူဝင်းကြည်လင်ဖို့ရာ အချိန်ခဏပဲပေးပါ…
💦 သင်္ကြန်ပိတ်ရက်တွေမှာ ရေကစားတာတွေနဲ့ ခရီးထွက်တာတွေကြောင့် မျက်နှာအသားအရေက လိုအပ်တာထက်ပိုပြီး ညစ်နွမ်းနေတယ်လို့ ခံစားနေရပြီလား?
💁🏻♀️ ဒါဆိုရင်တော့ အသားအရေညစ်နွမ်းကာ မညီမညာဖြစ်နေတဲ့ မျက်နှာလေးကို အချိန်တိုအတွင်း ချောမွေ့ကြည်လင် Glow, Glass Skin လေးအဖြစ် ပြောင်းလဲသွားစေမဲ့ စံမဒီ ရဲ့ BB Glow Treatment လေးကို သတိရလိုက်ပါနော်…
✨ BB Glow Treatment ဟာဆိုရင်
✔️ အသားအရေမညီတာ
✔️ မျက်နှာအသားအရေ ညစ်နွမ်းနေတာ
✔️ ချွေးပေါက်ကျယ်တာ
✔️ အရေးအကြောင်းတွေများလာတာ
✔️ အသားအရေခြောက်သွေ့တာ စတဲ့ Skin Concern များစွာကို ကုသပေးနိုင်တဲ့အတွက် အချိန်တိုအတွင်း ချောမွေ့ကြည်လင်ပြီး ဖြူဝင်းလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်စေမှာပါ။
✨ ဒါ့အပြင် Anti-aging Effect လည်း ရရှိနိုင်တဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို လျှော့ချပေးပြီး ကိုရီးယားမလေးတွေလို အရွယ်တင်နုပျိုတဲ့ အလှတရားကို ရရှိစေမှာပါ။
💁🏻♀️ ဒီလိုဆိုးကျိုးမရှိဘဲ အကျိုးကျေးဇူးများစွာရရှိနိုင်တဲ့ BB Glow Treatment ကို ပြုလုပ်လိုတယ်ဆိုရင်တော့ စံမဒီက ဝါရင့် Professional အစ်မနဲ့တိုင်ပင်ဆွေးနွေးပြီး ကိုယ့်အသားအရေနဲကိုက်ညီတဲ့ အကြိမ်ရေအတိုင်း ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
🥰 ကဲ…ဒါဆို နွေနေပူပူနဲ့အတာရေကြောင့် ပျက်စီးသွားတဲ့ မျက်နှာအသားအရေကို ပြန်လည်ဖြူဝင်းတောက်ပစေဖို့အတွက် အခုပဲ စံမဒီရဲ့ BB Glow Treatment ကို ပြုလုပ်လိုက်ပါနော်…
✨SANMADI ( 1 )✨
📌 ၁၁ လမ်း / ၂၅ x ၂၆ လမ်းကြား ၊ ရွှေမင်းဝံရပ်ကွက် ၊စစ်ကိုင်းမြို့။
☎️ 09 7978 19 104
☎️ 09 9410 78 656
✨SANMADI ( 3 )✨
📌 အသခ်ယာစောယွန်း အဝိုင်းပတ်အနီး၊ သမတက္ကသိုလ်လမ်း၊ အိုးဘိုရပ်၊ စစ်ကိုင်းမြို့။
☎️ 09 975 825 838
☎️ 09 2590 175 88
09/05/2024
ဒီနွေရာသီမှာ ဘယ်လိုဆံပင်အရောင်တွေဆိုးကြမလဲ?
နွေရာသီရောက်လာပြီဆိုတော့ ဆံပင်အရောင်ဆိုးချင်လာကြတဲ့ သဲလေးတို့လက်ညှိုးထောင်… ဒီလိုလေရူးတွေမြူးပြီး ပျော်ပွဲရွှင်ပွဲတွေပေါများတဲ့အခါသမယမှာ အများနဲ့မတူတဲ့ ဆံပင်အရောင်လေးတွေဆိုးပြီးလန်းလန်းလေးတွေဖြစ်ချင်ကြတဲ့ သဲလေးတို့အတွက် ဒီနှစ်မှာ ဘယ်လိုအရောင်တွေက Trend ဖြစ်နေသလဲ၊ ဘယ်လိုအရောင်တွေကတော့ ကိုယ်နဲ့လိုက်ဖက်မှုရှိမလဲဆိုတာ ပြောပြပေးသွားမှာမို့ ဆက်လက်ဖတ်ရှုပေးကြပါအုံးနော်…
Bronde Blends
ဆံပင် အနက်ရောင်(ဒါမှမဟုတ်) အညိုရောင်အပေါ်မှာ ရွှေရောင် Color လေးနဲ့ Highlight ဖောက်တဲ့ ဒီအရောင်လေးဟာ 2024 ရဲ့ Trend အဖြစ်ဆုံး Color တစ်မျိုးပဲ ဖြစ်ပါတယ်။ Classic ဆန်တဲ့ ဒီအရောင်လေးဟာ အသားဖြူသူလေးတွေရော ညိုသူလေးတွေနဲ့ပါ လိုက်ဖက်ပြီး makeup look တော်တော်များများနဲ့ပါ လိုက်ဖက်တဲ့အတွက် အရွေးချယ်သင့်ဆုံးအရောင်ဆိုလည်းမမှားပါဘူးနော်…
နီညိုရောင်
ဒီနှစ်ရဲ့ Trend ဖြစ်တဲ့ နောက်ထပ် Hair Color ကတော့ နီညိုရောင်ပဲဖြစ်ပါတယ်ရှင်။ အရမ်းမတောက်လွန်း၊ အရမ်းမဖျော့လွန်းတဲ့ ဒီအရောင်ဟာ Highlight ဖောက်ရင်လည်းလှလွန်းသလို ဆံသားအပြည့်ဆိုးလိုက်တဲ့အခါမှာလည်း အကြည့်မလွှဲနိုင်အောင်လှရက်လွန်းတဲ့အတွက် လူကြီး၊ လူငယ်အားလုံးနဲံ လိုက်ဖက်တဲ့အရောင်လို့ ဆိုရမှာပါရှင်…
ကြေးနီရောင်
လိမ္မော်နဲ့ အညိုကိုရောစပ်ပြီးရရှိလာတဲ့ ဒီအရောင်လေးကတော့ ဆိုးလိုက်တာနဲ့ ဥရောပက နိုင်ငံခြားသူလေးတွေနဲ့ တူသွားမှာကတော့အသေအချာပါပဲရှင်။ ဒီအရောင်လေးဟာ 2023 မှာကတည်းက တောက်လျှောက်ခေတ်စားလာပြီး အခုထိလည်း ခေတ်စားဆဲအရောင်တစ်မျိုးဖြစ်တဲ့အတွက် ရွေးချယ်မယ်ဆိုရင်တော့ လုံးဝမမှားတဲ့အရောင်လေးပဲ ဖြစ်ပါတယ်နော်။ ကြေးနီရောင်လေးကို Cool Tone အသားအရေပိုင်ရှင်လေးတွေ ရွေးချယ်မယ်ဆိုရင်တော့ ပိုမိုလိုက်ဖက်နိုင်ပါတယ်ရှင်…
ကဲ…အခု 2024 တစ်နှစ်တာလုံးမှာ Trend ဖြစ်နေမယ့် ဆံပင်အရောင် (၃) မျိုးအကြောင်းကို ပြောပြပေးခဲ့တာဖြစ်ပြီး ပျိုမေလေးတို့သဘောကျနှစ်သက်တဲ့ အရောင်လေးပါရဲ့လားဆိုတာ Comment မှာဖြေသွားပေးခဲ့ပါဦးနော်…
✨SANMADI ( 1 )✨
📌 ၁၁ လမ်း / ၂၅ x ၂၆ လမ်းကြား ၊ ရွှေမင်းဝံရပ်ကွက် ၊စစ်ကိုင်းမြို့။
☎️ 09 7978 19 104
☎️ 09 9410 78 656
✨SANMADI ( 3 )✨
📌 အသခ်ယာစောယွန်း အဝိုင်းပတ်အနီး၊ သမတက္ကသိုလ်လမ်း၊ အိုးဘိုရပ်၊ စစ်ကိုင်းမြို့။
☎️ 09 975 825 838
☎️ 09 2590 175 88
စံမဒီက Hair Stylist ရဲ့ ဂရုတစိုက်အကြံပေးမှုနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံ ကို ပြောင်းလဲပေးပြီးတဲ့နောက် ဘယ်လိုတွေတောင် လှသွားလဲဆိုတာ အဆုံးထိကြည့်ရှုလိုက်ပါနော်...
✨SANMADI ( 1 )✨
📌 ၁၁ လမ်း / ၂၅ x ၂၆ လမ်းကြား ၊ ရွှေမင်းဝံရပ်ကွက် ၊စစ်ကိုင်းမြို့။
☎️ 09 7978 19 104
☎️ 09 9410 78 656
✨SANMADI ( 3 )✨
📌 အသခ်ယာစောယွန်း အဝိုင်းပတ်အနီး၊ သမတက္ကသိုလ်လမ်း၊ အိုးဘိုရပ်၊ စစ်ကိုင်းမြို့။
☎️ 09 975 825 838
☎️ 09 2590 175 88
စစ်မှန်တဲ့ သူငယ်ချင်းကောင်း တစ်ဦးဆီမှာ
တွေ့ရမယ့် လက္ခဏာ ၉ ချက် 🫂
လူတစ်ရာကို ခဏလေးအတွင်း သူငယ်ချင်းလုပ်ဖို့ လွယ်ကူပေမယ့် စစ်မှန်တဲ့ သူငယ်ချင်းတစ်ယောက်ကို ရရှိဖို့တော့ ခက်ခဲပါတယ်။ ဘဝမှာ အတုအယောင် သူငယ်ချင်းတွေ အများကြီးရှိဖို့ထက် စစ်မှန်တဲ့ သူငယ်ချင်း တစ်ယောက်ရှိဖို့က ပိုအရေးကြီးပါတယ်။
ကိုယ့်သူငယ်ချင်းက ကိုယ့်အတွက် စစ်မှန်တဲ့သူငယ်ချင်း ဟုတ်၊ မဟုတ်ကို အချက် ၉ ချက်နဲ့ သုံးသပ်ကြည့်ရအောင်။
1. ကောင်းတဲ့အချိန်မှာရော၊ ဆိုးတဲ့အချိန်မှာရော ကိုယ့်အနားမှာ သူရှိနေခဲ့ပါတယ်။ အရာရာကို မျှဝေခံစားပေးခဲ့ပါတယ်။
2. ကိုယ့်အတွက်ဆို အချိန်ပေးနိုင်တယ်။ ဆက်သွယ်ရတာ လွယ်ကူပြီး အမြဲလိုလို အဆင်သင့်ရှိနေတတ်ပါတယ်။
3. ကိုယ့်ရဲ့ ရင်ဖွင့်သံတွေကို အမြဲတမ်းနားထောင်ပေးတယ်။ တိုင်ပင်ပေးတယ်။ အကြံပေးတယ်။ အားပေးဖေးမတယ်။
4. သူနဲ့ကိုယ့်ကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိသလောက်ပါပဲ။ ကိုယ့်အကြောင်းကို ကိုယ့်ထက်တောင် သူက ပိုသိနေသလိုပါပဲ။
5. အလိုမလိုက်ပါဘူး။ လမ်းမှားမရောက်အောင် အမြဲ ဂရုစိုက်ပေးပါတယ်။ ကိုယ်ဒုက္ခရောက်မယ့်အရာတွေဆို အမုန်းခံပြီး တားဆီးတတ်ပါတယ်။
6. သူနဲ့အတူရှိနေတဲ့အချိန်ဆို လွတ်လပ်ပြီး ပျော်ရွှင်ရပါတယ်။ အချိန်ပြည့် ဟာသတွေဖြစ်နေပြီး ရယ်မောနေရပါတယ်။
7. ကိုယ့်ရဲ့ဖြစ်တည်မှုမှန်သမျှကို သူက လက်ခံပြီးသားဖြစ်ပါတယ်။ ကိုယ့်အပေါ် နားလည်မှု အပေးနိုင်ဆုံးသူလည်း ဖြစ်ပါတယ်။
8. ကိုယ့်ရဲ့မကောင်းကြောင်းကို ဘယ်တော့မှ အတင်းတုပ်မယ့်သူ မဟုတ်ပါဘူး။ သူများသွေးထိုးရင်တောင် သူက ကိုယ့်ဘက်ကပဲ ရပ်တည်မယ့်သူဖြစ်ပါတယ်။
9. သစ္စာရှိပါတယ်။ ကိုယ့်အနောက်မှာ အမြဲရပ်တည်နေပြီး ကိုယ့်နောက်ကျောကို ဘယ်တော့မှ ဓားနဲ့ထိုးမယ့်သူ မဟုတ်ပါဘူး။
“ကမ္ဘာပေါ်မှာ သင့်အတွက် စစ်မှန်တဲ့သူငယ်ချင်းကောင်း တစ်ယောက်ရှိနေပြီဆိုရင် သင်အရမ်းချမ်းသာနေပါပြီ” လို့ Alistair Begg က ဆိုထားပါတယ်။
ဒါကြောင့် ကိုယ့်သူငယ်ချင်းက ကိုယ့်အပေါ် စစ်မှန်တာသေချာရင် သူ့ကို တန်ဖိုးထားပါ။ ဂရုစိုက်ပါ။ ကိုယ့်ကလည်း သူ့အတွက် စစ်မှန်တဲ့သူငယ်ချင်းတစ်ယောက်ဖြစ်အောင် နေထိုင်ပါ။ သူငယ်ချင်းဆိုတာ ဘဝအတွက် တန်ဖိုးအရှိဆုံးသူတွေ ဖြစ်ပါတယ်။ ချစ်သူ၊ ရည်းစားထက်တောင် အဖိုးတန်ပါတယ်။
🌻🤍
---
ုဂံမြေစာပေချစ်သူ
17/04/2024
နှစ်သစ်မင်္ဂလာရက်မြတ်အခါမှာ ပျိုမဒီလေးများအားလုံး စိတ်ကြည်လင်အေးချမ်းပြီး နေ့ရက်တိုင်းကို အလှဆုံးဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🤗
14/04/2024
ဆိုင်ပိတ်ရက်ကြေညာခြင်း
မင်မင်တို့”စံမဒီ”ဆိုင်ကို သင်္ကြန်အခါသမယဖြစ်တဲ့ (၁၃.၄.၂၀၂၄)ရက်နေ့မှ (၁၇.၄.၂၀၂၄)ရက်နေ့အတွင်း ခေတ္တခဏပိတ်သွားမှာဖြစ်ပြီး (၁၈.၄.၂၀၂၄) ရက်နေ့မှာတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်ရှင်။ အလှအပချစ်သူပျိုမေလေးတွေအားလုံးလည်း သင်္ကြန်အခါသမယမှာ ရွှင်လန်းချမ်းမြေ့နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်ရှင်…
Category
Telephone
Website
Address
Sagaing