Amber Perfumes

Amber Perfumes

Share

Authentic ရေမွှေးလေးစစ်ကြောင်းကိုမင်မင်တို့ဘက်က 100% တာဝန်ယူပါတယ်ရှင့် အတုအပလုံးဝမရောင်းပါ 🦋

Photos from Amber Perfumes's post 02/08/2026

Hawas ရဲ့နောက်ဆုံးထွက်ရေမွှေးရဲ့ review လေး

Hawas Sapphire က ပထမဆုံးဆွတ်လိုက်တာနဲ့ မာလကာသီးရဲ့ juicy fruity အနံ့လေးက အသီးနံ့ကြိုက်တဲ့သူလေးတွေဆို တော်တော်လေးကြိုက်မှာ

Black Currant လေးဝင်လာတော့ အနံ့က ပိုပြီး depth ရှိသွားပြီး၊ နောက်ပိုင်း Musk နဲ့ Tonka Bean ကြောင့် clean နဲ့ smooth ဖြစ်တဲ့ dry down ရတယ်

Fruity fresh perfume ဖြစ်ပေမယ့် ကလေးဆန်တဲ့အသီးနံ့မျိုးမဟုတ်ဘဲ သန့်သန့်ရှင်းရှင်းနဲ့ luxury feeling လေးပေးတဲ့ပုံမျိုးလေး

သူ့ DNA အတိုင်းထွက်ထားတာမို့ ဘယ်သူနဲ့မှမတူဘဲ noteကော အနံ့လေးကစ Hawas ice ထက်ပိုကြိုက်မိတယ်

Projection ကောင်းတယ်၊ အနံ့ပြန့်အားလည်းရှိတယ်၊ Long lasting က အနည်းဆုံး 5–6 နာရီလောက် ခံတယ် Compliment ရဖို့လည်း လွယ်တဲ့ scent မျိုးဖြစ်လို့ နေ့တိုင်းဆွတ်ဖို့ရော အပြင်သွားတဲ့နေ့တွေမှာရော အရမ်းအဆင်ပြေတယ်💙

မင်မင်ကိုယ်တိုင်လည်း စမ်းဆွတ်ကြည့်တာ ကိုယ်လည်းမွှေးချင်တယ် သူများအနံ့ရတာလဲလိုချင်တယ်ဆို ဒါလေးကို စမ်းသုံးကြည့်နော်

💙

Photos from Amber Perfumes's post 01/08/2026

ပန်းနံ့ဆိုပေမယ့် လေးလံတာမျိုး၊ ချိုလွန်းတာမျိုး မရှိဘူးအနံ့က သန့်သန့်ရှင်းရှင်းနဲ့ နူးနူးညံ့ညံ့လေး ဆွတ်ထားရင် ကိုယ့်ကိုယ်ကိုတောင် fresh ဖြစ်နေသလို ခံစားရတယ်

ရုံးသွားသွား၊ ကျောင်းသွားသွား၊ နေ့တိုင်းအတွက် လက်လှမ်းမီဆုံး perfume လို့ ပြောလို့ရတယ် တစ်နေ့လုံးဆွတ်လည်း မငြီးငွေ့ဘူး

အရင်က hype ဖြစ်တာကြောင့်ပဲ ဝယ်ကြတာထင်ခဲ့တာ

တကယ်ဆွတ်ကြည့်တော့ ဘာလို့အခုထိ လူကြိုက်များနေသေးလဲဆိုတာ နားလည်သွားတယ်

အနံ့က အေးအေးလေး၊ သန့်သန့်လေးနဲ့ မိန်းကလေးဆန်တယ်။ “ရေမွှေးအနံ့” ဆိုတာထက် လူကိုယ်တိုင် သန့်သန့်မွှေးမွှေးလေး ဖြစ်နေသလို feeling မျိုး

Blind buy လုပ်မယ်ဆိုရင်လည်း စိတ်ချရတဲ့ perfume တွေထဲက တစ်ခုလို့ထင်တယ်

Floral perfume ကြိုက်တဲ့သူဆို တစ်ခါလောက်တော့ စမ်းကြည့်စေချင်တယ်💜

31/07/2026

National girlfriend day အတွက် ရေမွှေး gift idea လေးတွေ box လေးနဲ့ပြင်ထားပေးဆိုကြိုပြောပေးနော် 🌹

📍 Amber Perfumes
🕤 Tuesday – Thursday : 9:30 AM – 6:00 PM
🕤 Friday – Sunday : 9:30 AM – 7:00 PM
❌ Monday Closed

☎️ 09-750001131

မင်မင်တို့ဆိုင်ရဲ့ လိပ်စာလေးက ပုသိမ်မြို့၊အမှတ်(၃၂)ကုန်သည်လမ်း၊ရွှေပြည်သာစျေးရှေ့၊ရွှေဆိုင်တန်းထိပ်လေးမှာရှိပါတယ်ရှင့်

28/07/2026

မနက်ဖြန် လပြည့်နေ့ဖြစ်တဲ့အတွက် Amber Perfumes ဆိုင်လေးကို နေ့တစ်ဝက်သာ ဖွင့်လှစ်ပေးသွားပါမယ်ရှင်

🕘 9:30 AM – 12:00 PM

နေ့လယ် 12:00 PM နောက်ပိုင်း မှာတော့ ဆိုင်ပိတ်မည်ဖြစ်ပြီး Message များကိုလည်း ခေတ္တနားထားပါမယ်ရှင်

Message လေးတွေကို ချန်ထားပေးနိုင်ပါတယ်နော်။
ဆိုင်ပြန်ဖွင့်ချိန်မှာ အစဉ်လိုက် အမြန်ဆုံးပြန်လည်ဖြေကြားပေးပါမယ်။ 🤍

အားလုံးပဲ စိတ်အေးချမ်းပြီး ကြည်နူးဖွယ်ကောင်းတဲ့ လပြည့်နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 🌕

— Amber Perfumes

28/07/2026

Blueberry 🫐 သီးနံ့လေးကိုကြိုက်တဲ့သူတွေ ရှိကြလား

သူ့အနံ့လေးက အသီးနံ့လေးကိုမှ fresh ဖြစ်အောင်လုပ်ထားတာမျိုးလေး fruity နံ့ကြိုက်တဲ့သူတွေဆို တော်တော်လေးကြိုက်မှာ Blueberry အနံ့လေးကိုမှ သရက်သီးနံ့လေးနဲ့ပေါင်းထားပြီး အနံ့လေးက စားချင်စဖွယ်အနံ့လေး

ဒါလေးကို မင်မင်နာမည်လေးလှလို့ဆိုပြီး စမ်းဝယ်ကြည့်တာ အနံ့ကစကောင်းနေရော Daily wear စွတ်မယ်ဆိုလဲအဆင်ပြေ တခြားအသီးနံ့တွေ စွတ်ရတာရိုးနေရင် ဒါလေးကိုသာစွတ်ကြည့် ကြိုက်သွားစေရမယ်

လက်ဆောင်ပေးမယ့်ဘက်က ကြည့်မယ်ဆိုလဲ packaging တော်တော်လေးလှတယ် ပေးရတဲ့စျေးနဲ့တန်တယ်လို့ ခံစားရတယ်ပေါ့နော်

စာဖတ်တာပျင်းတဲ့သူလေးတွေကြ ဒီ video လေးကို ကြည့်သွားပေးနော်

Photos from Amber Perfumes's post 26/07/2026

Paris Inlé review

စံပယ်နံ့လေးကိုမှ ချိုတာထက်သန့်တဲ့အနံ့လေးကို ရှာနေကြတဲ့သူလေးတွေ ရှိကြလား ဒါဆို ဒီ review လေးကို ဆက်ဖတ်သွားနော်

မင်မင်ဆို စစချင်းအဲ့အနံ့ကို စမ်းကြည့်တုန်းကမကြိုက်ဘူး ဒါပေမဲ့လေ ကိုယ့် skin ပေါ်က အဲ့အနံ့လေးကို ပြန်ရချိန်မှာ တော်တော်လေးမိုက်လာတာ အနံ့လေးက စံပယ်ရေနွေးကြမ်းလေးသောက်နေရသလိုဘဲ တစိမ့်စိမ့်ရှူရင်းနဲ့ကိုကောင်းလာတာမျိုးလေး စံပယ်နံ့ကို အီသွားတာမျိုးမဟုတ်ဘဲ သင်းသင်းလေးနဲ့ လက်လက်ဆတ်ဆတ် စံပယ်နံ့လေးကို ရှူနေရသလိုမျိုး စိတ်ကြည်ထွက်သွားတာ long lasting လေးက လည်းကောင်းသလားမမေးနဲ့ နေ့ခင်းကဆွတ်ထားတာ ညအထိရတုန်း ကိုယ့်ကိုယ်သင်းနံ့လေးလိုဘဲ
သင်းသင်းလေးကျန်နေသေးတာ တချို့ကြတော့ အင်းလေးရောက်သွားသလို ခံစားချက်မျိုးပေါ့နော် ကိုယ်ကတော့ ပန်းတွေအများကြီး ပွင့်တဲ့စိမ်းစိမ်းစိုစိုနေရာလေးမှာ ထိုင်နေရသလိုခံစားချက်မျိုးလေး

25/07/2026

ရေမွှေးချစ်တဲ့သူတိုင်းမှာ တစ်လုံးတော့ ရှိတယ်…😂

Review တွေအများကြီးဖတ်ပြီး ဝယ်လိုက်တာ…

ကိုယ်နဲ့တော့ chemistry မတည့်တဲ့ perfume တစ်လုံး🥹

မင်မင့်အတွက်ဆို blue Oud ကို ကောင်းမယ်ထင်ပြီးဝယ်လိုက်မိတာ အနံ့လုံးဝခံစားလို့မရ

ကာကာတို့ရောဒီလိုအဖြစ်ပျက်မျိုးရှိဖူးလား ရှိခဲ့ရင် ရေမွှေးနာမည်လေးနဲ့ ဘာကြောင့်မကြိုက်ရလဲ အကြောင်းအရင်းလေးရေးသွားပေးဦးနော်
(Comment မှာ ပြောခဲ့ပါဦး 👇)

Photos from Amber Perfumes's post 24/07/2026

National Girlfriend Day လေးလာတော့မယ်ဆိုတော့ မင်မင်က ဘာလေးလက်ဆောင်ပေးရမလဲဆိုတာကို guide လေးလုပ်ပေးမယ်နော်😉

လက်ဆောင်ဆိုတာ ဈေးကြီးတာထက်…
တချို့လက်ဆောင်တွေက ဖွင့်လိုက်တဲ့အချိန်ပဲ ပျော်စေတယ် ရေမွှေးလေးကတော့ ဆွတ်လိုက်တိုင်း ပေးခဲ့တဲ့သူကို သတိရစေတယ်နော်

ဒီ National Girlfriend Day မှာ ချစ်ရတဲ့သူကို မွှေးမွှေးလေး အမှတ်တရပေးချင်ရင် မင်မင်ရွေးထားတဲ့ Perfume လေးတွေကတော့…

🍓 Marshmallow Blush
Marshmallow ချိုချိုလေးနဲ့ soft girl vibe ကြိုက်တဲ့ကောင်မလေးတွေအတွက်

🍬 Yara Candy
Candy လို ချိုချိုလေး၊ playful နဲ့ youthful feeling အပြည့်နဲ့ကောင်မလေးတွက်

🥂 Lattafa Haya
Champagne vibe လေးနဲ့ fruity floral ကိုပေါင်းထားတဲ့ feminine scent ပုလင်းလေးကလည်း gift ပေးဖို့ အရမ်းလှသောနော်

🌸 Now Rave
နေ့တိုင်းဆွတ်လို့ကောင်းတဲ့ fruity floral scent လေးသန့်သန့်ရှင်းရှင်းနဲ့ လက်ခံလွယ်တဲ့အနံ့မျိုးလေး

🌊 French Avenue Atlantis
ဖရဲသီးရဲ့ juicy ချိုချဉ်နံ့လေးနဲ့ အုန်းသီးရဲ့ creamy sweetness ကို ရောထားသလို tropical vibe လေးရပြီး၊ နောက်ပိုင်း aquatic note လေးတွေဝင်လာတော့ အေးအေးလေးနဲ့ သန့်ရှင်းတဲ့ feeling ကိုပေးတယ်။ Fruity ဖြစ်ပေမယ့် မအီဘူး၊ အသီးနံ့လေးပါတဲ့ fresh scent ကြိုက်တဲ့ကောင်မလေးဆို သဘောကျမယ့် perfume လေးပါ။ 🍉🥥

National Girlfriend Day အတွက် ဘယ်တစ်လုံးလေးကို လက်ဆောင်ပေးချင်လဲ? 💝🤍

23/07/2026

Blind Buy လုပ်ချင်တဲ့သူတွေအတွက် မင်မင်ရွေးထားတဲ့ အနံ့လေး ၄ မျိုး 🤍

ရေမွှေးကို အနံ့မစမ်းဘဲဝယ်ရတာ နည်းနည်းတော့ စိတ်ပူရပါတယ်

ဒါပေမယ့် ဒီ ၄ မျိုးကတော့ လူအများစုလက်ခံလွယ်တဲ့ scent type တွေမို့ Blind Buy လုပ်မယ်ဆို စဉ်းစားလို့ကောင်းတဲ့ရွေးချယ်မှုနော်

👨 For Men
✨ YSL MYSLF EDP – သန့်သန့်ရှင်းရှင်းနဲ့ modern masculine vibe ကြိုက်တဲ့သူတွေအတွက်

🧊 Hawas Ice – Fresh ဖြစ်ပြီး အေးအေးလေးနဲ့ နေ့တိုင်းဆွတ်လို့ကောင်းတဲ့ compliment getter လေး

👩 For Women
💚 Versace Crystal Emerald – Fresh floral ဘက်သွားပြီး သန့်ရှင်းတဲ့ feminine vibe ကိုပေးတယ်

🍉 Escada Sorbetto Rosso – Fruity, juicy နဲ့ summer mood အပြည့်ရတဲ့ scent လေး

Blind Buy ဆိုမကြိုက်မှာကြောက်နေကြတဲ့သူလေးတွေအတွက် ဒီ ၄ မျိုးကတော့ အနံ့လက်ခံလွယ်ပြီး ပထမဆုံးစမ်းကြည့်ဖို့ အဆင်ပြေတဲ့ရွေးချယ်မှုတွေထဲမှာ ပါပါတယ် 🤍

မင်းတို့ဆို Blind Buy လုပ်ရမယ်ဆို ဘယ်တစ်လုံးကို အရင်ရွေးမလဲ? 👀

Photos from Amber Perfumes's post 23/07/2026

Acqua di Parma Fico di Amalfi ဆိုတာ citrus fresh ကြိုက်တဲ့သူတွေ မဖြစ်မနေစမ်းကြည့်သင့်တဲ့ scent လေးထဲပါတယ်နော်💙

Lemon, Grapefruit, Bergamot တို့ရဲ့ လန်းဆန်းတဲ့ citrus opening နဲ့ စပြီး၊ ခဏကြာရင် Fig သီးမှည့်ချိုချိုလေးနဲ့ Fig Tree ရဲ့ စိမ်းစိုတဲ့အနံ့လေး ထွက်လာတာက ဒီ perfume ရဲ့ အဓိက charm လေးတစ်ခုပေါ့

Fresh ဖြစ်ပေမယ့် ရိုးရိုး lemon fresh မဟုတ်ဘဲ Fig သီးရဲ့ natural ချိုချိုလေးကြောင့် နွေးနွေးလေးနဲ့ သက်တောင့်သက်သာရှိတဲ့ vibe မျိုးလေးကိုပေးတယ်

မိန်းကလေးရော ယောင်္ကျားလေးရော လိုက်တဲ့ Unisex fragrance ဖြစ်ပြီး “fresh but different” ဆိုတဲ့ feeling ကို ပေးနိုင်တဲ့ perfume မျိုးလေး 🌿🍈 noteလေးတွေကအချိန်ကြာကြီးမပြောင်းဘဲရှိနေတာမို့ မင်မင်ကတော့ ရှူပြီးရင်းကြိုက်ဘဲ✨

Want your business to be the top-listed Beauty Salon in Pathein?
Click here to claim your Sponsored Listing.

Telephone

Website

Address

Pathein

Opening Hours

Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 19:00
Saturday 09:30 - 19:00
Sunday 09:30 - 19:00