Cho yoga class
yoga is my life
22/07/2024
လူတွေဟာ နေ့စဉ်နှင့်အမျှ ကြိုးစားရုန်းကန်နေကြရတဲ့ အချိန်တွေမှာ
ဘ၀ အတွက် အရေးပါတဲ့ အရာတွေအများ ကြီးကိုလည်း ကြိုးစားနေကြပါတယ်
အဲဒီအထဲမှာမှ ကိုယ်ရုန်းကန်နေတဲ့ အရာတွေမှာ ကိုယ့်
ဘ၀ အတွက် ဟန်ချက်ညီမှု ရှိဖို့ကလည်း အရေးကြီးလှပါတယ်၊
ဘ၀မှာ ငွေကြေးပြည့်စုံဖို့လို အပ်သလို
ကျန်းမာတဲ့ ခန္ဓာကိုယ်ရယ် ပျော်ရွှင်ရတဲ့စိတ်ရယ်က အရမ်းကို အရေးပါလွန်းလှပါတယ်
သင်ကော သင်ရဲ့ တစ်နေ့တာမှာ
ငွေကြေးဥစ္စာ ပြည့်စုံကြွယ်၀ဖို့၊
ကိုယ့်ရဲ့ အတွင်းစိတ်ကလေး အေးချမ်းကြည်လင်ပြီး
လန်းဆန်းကျန်းမာနေဖို့၊ ချစ်ခြင်းမေတ္တာ ထားရှိနိုင်ဖို့၊
ကိုယ့်ကိုကိုယ် ချစ်ခြင်းမေတ္တာတွေ ပေးဖို့၊
အခြားလူတွေ အပေါ်မှာ ချစ်ခြင်းမေတ္တာတွေ မျှဝေပေးဖို့
ဘယ်အရာကို ဦးစားပေးမိနေပြီး ဘယ်အရာကို လစ်လျှူရှုမိနေလဲ
အတွင်းစိတ်ကလေး လန်းဆန်းကြည်လင်ပြီး ကျန်းမာပျော်ရွှင်ဖို့က Cho yoga class ကနွေးထွေးစွာကြိုစိုနေပါတယ်ရှင့်
ပုံမှန်တန်းတွေမှာ တစ်တန်းကို 12 ယောက်ပဲ လက်ခံမှာမို့
ဩဂုတ် အတွက် စာရင်းပေးလို့ရပါပြီရှင့်
09/06/2024
အချစ်ကလေး နှစ်ယောက်❤️❤️
12/04/2024
♥️Save date♥️
Ashtanga Saadhana 🪷
10Days - 100Hr Intensive Ashtanga Yoga Teacher Training Opening Ceremony🤍
06/04/2024
မေလအတွက် ယောဂ အတန်းသစ်လေးနဲ့ မိတ်ဆက်ပါရစေရှင့်
ယောဂကျင့်ပြီး ကိုယ်ခန္ဓာကျစ်လစ် ဖို့ကြိုးစားကြမယ့်အတန်းလေးကို မေလက စပြီးဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်ရှင့်
ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာ အမြဲတမ်းပဲ ပေါ့ပါးသွက်လက်ကျန်းမာနေဖို့ ကိုယ်တိုင်ဂရုစိုက်ဖို့ လိုအပ်ပါတယ်
လူတစ်ယောက်ဟာရှိသင့်ရှိထိုက်တဲ့ အလေးချိန်ထက် ပိုမိုလွန်ကဲနေပြီဆိုရင်ဆီချိုသွေးတိုး နှလုံးစတဲ့ ရောဂါတွေ ဖြစ်နိုင်ချေတွေ ပိုများလာတာမို့ ကိုယ့်ရဲ့ကိုယ်အလေးချိန်ကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်
ချစ်ရတဲ့ ယောဂချစ်သူလေးတွေ အတွက်မေလ မှာ ဖွင့်မယ့်အတန်းလေးကတော့ လူဦးရေ (6) ဦးသာ လက်ခံဖွင့်လစ်သွားမှာဖြစ်ပါတယ်
ယောဂကို မကျင့်ဘူးတဲ့ သူတွေပါတတ်ရောက်နိုင်ပြီး
ဇွဲရှိရှိနဲ့ ပင်ပန်းခံနိုင်မယ်ဆိုရင် မည်သူမဆို join နိုင်ပါတယ်ရှင့်
အချိန်ကတော့ မနက် 6:00--7:00 ဖြစ်ပြီး
Monday to Friday ဖြစ်ပါတယ်
လူဦးရေ ကန့်သတ်မယ့်သင်တန်းလေးဖြစ်တာမို့ သင်တန်းကြေးရဲ့ 10% ကို ပေးသွင်းထားတဲ့သူကို ဦးစားပေး စာရင်းသွင်းမှာဖြစ်ပြီး April 20 ရက်နေ့ မတိုင်ခင်ပေးသွင်းပါက ပထမဆုံး လအတွက် 5% ကို လျော့ပေါ့နိုင်မယ့် အခွင့်အရေးရပါမယ်ရှင့်
အသေးစိတ်သိရှိလိုပါက CB or phone
နဲ့ မေးမြန်းန်ုင်ပါတယ်ရှင့်
Ps : လက်ရှိ သင်တန်းအပ်ထားသူ 4 ယောက်ရှိတာမို့
အမြန်လေး စာရင်းသွင်းဖို့တော့ လိုအပ်ပါတယ်ရှင့်။ 🥰
26/03/2024
Happy momery 🥰🥰🥰
12/03/2024
🍀ကျွန်မဆီမှာ ယောဂ လာကျင့်ကြတဲ့ ကလေးတွေ
ယောဂ ကျင့်ရမယ့် အချိန်ကို ပျော်ရွှင်စွာ စောင့်မျှော်
နေတာတွေ ယောဂ ကျင့်ရမယ့်နေ့ကို တက်ကြွစွာ
မျှော်လင့်နေတာတွေသိရတော့ တကယ့်ကို ပီတီတွေနဲ့
ပျော်ရွှင်ရပါတယ်
🍀 သင်ယူစရာတွေ ယှဉ်ပြိုင်မှုတွေ များတဲ့ ခေတ်ကာလ
ကြီးမှာ ကလေးတွေအတွက် စိတ်ဖိစီးမှုတွေ လျော့ချ
ရင်းပျော်စရာလေးတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်
ရှင့်
🍀ကလေးငယ်လေးတွေ ကျန်းမာသန်စွမ်းဖို့ ပျိုးထောင်
ပေးရမယ့်အထဲမှာ ယောဂ ကို ဘာကြောင့်ကျင့်သင့်
သလဲဆိုရင် ယောဂ ဆိုတာ ပုံမှန်ကိုယ်လက်လက်ရှား
အားကစားတစ်ခုတင်မဟုတ်ပဲ
📌ကလေးငယ်တို့ရဲ့ body & mental ပါ ဖွံ့ဖြိုး
တိုးတက်မှုကို အားကောင်းစေတဲ့ ကျင့်စဉ်တစ်ခု
ဖြစ်ပြီး
📌 ဦးနှောက်ကိုကြည်လင်းလန်းဆန်းစေခြင်း
မှတ်ညဏ် စွမ်းအားတွေ ပိုမို တိုးတက်ကောင်းမွန်
စေခြင်း၊
📌 အာရုံစူးစိုက်မှု ပိုကောင်းကောင်းမွန်လားခြင်း၊
📌 ပေါင်းသင်း ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေ
ခြင်း၊
📌 အရိုး အဆစ်များသန်မာလာစေခြင်း၊
📌 ကြွက်သားများပျော့ပြောင်း သန်မာလာစေခြင်း၊
စတဲ့ အကျိုးကျေးဇူး ပေါင်းများစွာ ရရှိမှာဖြစ်လို့
သားသားမီးမီးတို့အတွက် ဖန်တီးပုံဖော်ပေးဖို့ ဖိတ်ခေါ်ပါရစေရှင့်
🕛 Saturday 4:00 _5:00 PM
Sunday 5:00 _ 6:00 PM
10/03/2024
ကြိုးစားသူလေး 🥰
06/08/2023
ယောဂချစ်သူလေးတွေအတွက်Cho yoga ရဲ့ အတန်းချိန်လေးတွေပါ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
■6:00-7:00 AM ( Mon to Fri). online (Zoom)
■7:00-8:00 AM. (Sat to Sun). offline free
■9:00-10:00 AM (Sat to Sun). Kids yoga offline
■1:30-2:30 PM ( Mon to Fri). offline
■4:00-5:00 PM. ( Mon to Fri). offline
■5:30-6:30 PM. (Mon to Sat). offline
■6:40-7:40 PM. (Mon to Fri). offline
အသေးစိတ်သိရှိလိုပါက cb or phone ဖြင့်စုံစမ်းမေးမြန်းနိုင်ပါသည်ရှင့်
09790266901
ယောဂ ချစ်သူအားလုံး ကျန်းမာလှပတဲ့ ဘ၀လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ
30/07/2023
ကြည်နူးကျေနပ်ရပါသော ရောင်စုံအလှများ💛💚❤️
Category
Contact the business
Telephone
Website
Address
Ngathainggyaung
Alerts
Be the first to know and let us send you an email when Cho yoga class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.