Sharing by May

Sharing by May

Share

🤍

10/01/2026
10/01/2026

သင်အသက် ၂၇–၂၉ ကြားရှိရင် ဒီစာကိုဖတ်ကြည့်ပါ၊ စိတ်ဖိစီးမှုတစ်ချို့ လျော့ပါးသွားပါလိမ့်မယ်။

၁️။ ဒီကာလက လူကြီးဘဝရဲ့ အထွတ်အထိပ်ပါ 💼

အသက်၂၅ ဆိုတာ လူကြီးဘဝကို စတင်မိတ်ဆက်တဲ့အဆင့်ပါ။ ဦးနှောက်ဖွံ့ဖြိုးပြီး၊ ကိုယ့်ကိုကိုယ် လူကြီးလို ခံစားလာရပါပြီ။
အသက်၂၆ မှာတော့ လွတ်လပ်မှုလေး ရှိနေပါသေးတယ်။
ဒါပေမဲ့ အသက်၂၇–၂၉ မှာတော့ မတူတော့ပါဘူး၊ ဘဝက တကယ့်အမှန်အတိုင်း စတင်လုပ်ဆောင်လာတဲ့အချိန်ရောက်လာပါပြီ။
ဆုံးဖြတ်ချက်တိုင်းမှာ ဖိအားတွေရှိလာပြီး အကျိုးဆက်တွေကလည်း တကယ် ဖြစ်လာတတ်ပါတယ် ✔️

၂။ သင်အသက် ၂၉ ဆိုတာ ၃၀ မဖြစ်သေးပါဘူး😌

" ၂၉ ဆိုတာ ၃၀ နီးပါးပဲ " ဆိုတာ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းက ပြောဆိုလေ့ရှိတဲ့ အယူအဆတစ်ခုပါပဲ၊ ဒီအယူအဆကြောင့် ကိုယ့်အသက်နဲ့ပတ်သက်ပြီး ကြောက်စိတ်မဝင်ပါနဲ့။
➡️ သင်က ၂၇ပါ ✨
➡️ သင်က ၂၈ပါ ✨
➡️ သင်က ၂၉ ပါ✨
နှစ်တိုင်း တန်ဖိုးရှိပါတယ် 💎

တကယ်တော့ ၃၀ ဆိုတာကလည်း ❌ အဆုံးသတ်မဟုတ်ပါဘူး၊ အသက် ၃၀ရောက်သွားရင်တောင် ဘဝကမပြီးသေးပါဘူး၊ ဆက်လက်ရှင်သန်နေရဦးမှာပါ 🌱

၃။ ကိုယ့်ဘဝကို သူများဘဝတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့ 🙅‍♀️

ဒီလိုလိုက်နှိုင်းယှဉ်နေမယ်ဆိုရင် ကိုယ့်ကိုကိုယ် " နောက်ကျနေပြီ " လို့ ပိုပြီးခံစားလာရပါလိမ့်မယ်။ “နောက်ကျနေပြီ…” ဆိုတာ ဘယ်သူမှသတ်မှတ်ထားတဲ့ စံနှုန်းမရှိပါဘူး 🤷‍♀️ဘဝက 🏁 ပြိုင်ပွဲလမ်းကြောင်းလို ဖြောင့်တန်းနေမှာ မဟုတ်ပါဘူး —လမ်းလွဲတွေ၊ အကွေ့အကောက်တွေပါတဲ့ ရှုပ်ထွေးတဲ့ခရီးလမ်းပါ၊ အဲ့ဒီလမ်းလွဲတွေကပဲ တိုးတက်မှုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ 🌿

၄။ ယုံကြည်ချက်နဲ့ သေချာဆုံးဖြတ်ပါ 🙏

ဘုရားက နီးစပ်စေချင်ရင် ➡️ ပိုပြီးနီးစပ်ပါ။
မေးခွန်းတွေရှိရင် ➡️ ဖြေရှင်းဖို့ကြိုးစားကြည့်ပါ။
သင့်ရဲ့ ၃၀ကျော်ဘဝမှာ ကြုံလာမယ့် မုန်တိုင်းတွေကို ရင်ဆိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အားကြီးတဲ့ စိတ်ခွန်အားတွေ အခုထဲကတည်ဆောက်ထားပါ။

5။ ကျန်းမာရေးကို အလေးထားပါ၊ လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပါ ❤️‍🩹

ကိုယ့်ခန္ဓာကိုယ်က သင့်ကို စကားပြောနေပါတယ်၊ တကယ့်ပြဿနာက ဘာလဲဆိုတာ သိအောင်လုပ်ပါ၊ “ငယ်သေးတယ်” ဆိုပြီး လက္ခဏာတွေကို လျစ်လျူမရှုပါနဲ့ — စောစောစီးစီးစစ်ရင် 👍 ပိုကောင်းပါတယ်။

၆။ ငွေစုတာကကောင်းပေမယ့် — ရင်းနှီးမြှုပ်နှံခြင်းက ပိုကောင်းပါတယ် 💰📈

ငွေစုတတ်လာပြီဆိုရင် အခုက ရင်းနှီးမြှုပ်နှံမှုကို လေ့လာရမယ့်အချိန်ပါ။ ငွေပဲ တရားသေစုထားမိရင်
ငွေဖောင်းပွမှုကြောင့် တန်ဖိုးလျော့နိုင်ပါတယ်။အခုအရွယ်မှာ
စတော့ရှယ်ယာ 📊
အငြိမ်းစားအကောင့်တွေ 🏦
အိမ်ခြံမြေတွေကို 🏠
နားလည်ဖို့ လိုပါတယ်၊ အခုက စလေ့လာမယ်ဆိုရင် သင့်၃၀ကျော်ဘဝမှာ အကျိုးပေးပါလိမ့်မယ်✔️

၇။ ကိုယ်ခန္ဓာက စတင်ပြောင်းလဲလာနေပါပြီ — လေ့ကျင့်ခန်းတွေ မဖြစ်မနေလုပ်ရပါမယ်🏃‍♀️💦

စွမ်းအင်တွေလျော့လာမယ် 🙃
ကိုယ်အလေးချိန်တက်လွယ်မယ် 😅
နေ့တိုင်း မိနစ်30 လမ်းလျှောက်တာဖြစ်ဖြစ်၊ ကိုယ်ခန္ဓာကို လှုပ်ရှားပေးပါ။
“နောက်မှစမယ်” မလုပ်ပါနဲ့ — အခုကစပါ 🔥

၈။ ခိုင်မာတဲ့အရာတစ်ခု မတည်ဆောက်ရသေးရင် အခုစလိုက်ပါ 💪

အလုပ် 👩‍💼
စီးပွားရေး 💼
ကျွမ်းကျင်မှု 🎯 ဘာမဆိုရပါတယ်။
“ဒီဘဝမှာ တစ်ခုခု လုပ်ခဲ့တယ်”ဆိုတာ သက်သေပြနိုင်တဲ့ အရာတစ်ခုရှိရပါမယ်၊ သင့် ၃၀ကျော်ဘဝက သင့်နောက်ဆုံး ၂၀ကျော်ဘဝမှာ ဘာတည်ဆောက်ခဲ့လဲဆိုတာကို ပြန်ကြည့်ပါလိမ့်မယ်✨

၉။ အဆင်မပြေမှုကို ရှောင်မပြေးဘဲ ခံနိုင်ရည်ရှိဖို့ သင်ယူပါ။

အခက်အခဲတွေကို Shopping 🛍️ ထွက်ရင်း၊ ပါတီလုပ်ရင်း🎉၊ Social Mediaသုံးရင်း📱 နဲ့ပဲ မဖုံးကွယ်ပါတော့နဲ့။ ကြောက်ရွံ့မှု၊ စိတ်ပျက်မှု၊ အထီးကျန်မှုတွေကို ရင်ဆိုင်ပါ။
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဆိုတာ ခံစားချက်အားလုံးကို ခံစားခိုင်းပြီး
ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကိုယ်တိုင်ရွေးချယ်နိုင်တာပါ✨

၁၀။ မိတ်ဆွေတွေကို သတ်မှတ်ပါ 👥

ဘယ်သူက အားပေးသူ 🤝
ဘယ်သူက စိတ်လျော့စေသူ 😮‍💨
ဘယ်သူက မလိုအပ်တော့တဲ့သူ ❌
ဘယ်သူက ဘယ်အမျိုးအစားလဲဆိုတာ ရှင်းလင်းအောင်သိထားပါ။
၂၀ကျော်မှာ အတူလျှောက်ခဲ့သူတိုင်း ၃၀ကျော်အထိ လိုက်လာရမယ် မဟုတ်ပါဘူး၊ လူတိုင်းကို မသယ်ဆောင်ရပါဘူး 🚶‍♀️အားထားရမယ့်လူတွေကတော့
အချိန်ရဲ့ စိန်ခေါ်မှုထဲမှာပဲ ကျန်နေတတ်ပါတယ် 🌟

ဒါတွေကိုမှတ်ထားပါ
✔️ နောက်မကျသေးပါ
✔️ ဘဝကမပြီးသေးပါဘူး
✔️ ကိုယ့်လမ်းက ကိုယ့်အချိန်အတိုင်း ဖွင့်လှစ်နေတုန်းပါ 🌄

08/01/2026

ကံဆိုတာ အလုပ်တဲ့။

သို့ပေမယ့် …

ပစ္စုပ္ပန်ကံတွေကို ကျွန်မတို့ဆင်ခြင်နိုင်ပါသော်လည်း

မမြင်နိုင်တဲ့ ထိန်းချုပ်လို့မရတဲ့

အတိတ်ကံတွေကိုတော့ ကျွန်မ ကြောက်မိတယ်…

ဝဋ်ကြွေးရှိရင်တော့ ကျေအောင်ပေးဆပ်ကြရမှာပါပဲ။


#စိတ်ကူးထဲပေါ်လာသောအတွေးတစ်စု

❝ အရာရာက ရေစက်ပါသလောက်ပေါ့ ❞
⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅
အရာရာ ရေစက်ပါသလောက်ပေါ့။
ဆက်ဆံရေးတိုင်းက သူ့သက်တမ်းနဲ့သူရှိပြီးသားပါ။

ဘယ်လောက်ပဲ ပျော်ရွှင်စရာ
ပြည့်နေတဲ့ဆက်ဆံရေးဖြစ်
နေပါစေ တကယ်တမ်း ရေစက်
ကုန်သွားတဲ့အခါ မလွဲမသွေ နှုတ်ဆက် ခွဲခွာရတယ်။

ဒါဟာ လူ့သဘော သဘာဝဖြစ်တယ်။
ဘဝဆိုတာ အထီးကျန်မှ ဘဝ အစစ်လို့
ခေါ်ထိုက်တာပါ။

အထီးမကျန်ဘူးဆိုရင် ဒါဟာ
စစ်မှန်တဲ့ဘဝလို့ သတ်မှတ်လို့
မရသေးပါ။

သင့်ဘဝထဲ ဝင်လာသူတိုင်းကို
စိတ်ရင်းအမှန်သာ ပြသပေးပါ။
တွေ့ဆုံမှုတိုင်းကိုနောင်တမရပါနဲ့။
တွေ့ဆုံမှုတိုင်းက အဓိပ္ပာယ်ကိုယ်စီနဲ့ပါ။

ငါ့သူငယ်ချင်းတွေ ငါ့အနား
ဘယ်ချိန်ထိ ရှိနေပေးမလဲ။
ငါ့ချစ်သူ ဘယ်ချိန်ထိ အနားမှာ
နေပြီး ချစ်ပေးမလဲ။
ဒါတွေကိုတွေးမနေပါနဲ့။

အတွေးလွန်ပြီးစိတ်မပျော်ဘဲ မနေလိုက်ပါနဲ့။
သူတို့ သင့်ဘဝထဲ အချိန်တစ်ခုထိ
အဖော်ပြုပေးခဲ့တယ်ဆိုတာနဲ့တင်
သင်ဟာ ကံကောင်းနေပါပြီ ကံကောင်းတဲ့လူပါ။

ဘဝခရီးအဆုံးထိ အတူတူ မရှိနိုင်ကြပေမယ့်
တစ်ချိန်တုန်းကအတူတူ ပျော်ခဲ့တဲ့
အမှတ်တရကောင်းတွေကို
ပြန်တွေးကြည့်မိတော့ မင်းကို သိခွင့်ရခဲ့တာ
ချစ်ခွင့်ရခဲ့တာ ဒီလောက်တောင်
ကြည်နူးစရာ ကောင်းရလားလို့
တွေးမိပြီး ဖြေသာနိုင်လိုက်ပါတယ်။

21/12/2025

Privacy Is Power.

21/12/2025

မထိုက်တန်ရင် ဒါမှမဟုတ် မတန်ရင်လည်း
ဝေးပါတယ်။

ချစ်ခြင်းအားဖြင့် ဝေးကြပြီဆိုရင် ရေစက်မပါလို့၊ ကံအကြောင်းမလှလို့ ချစ်လျက်နဲ့ဝေးကြပြီလို့ပြောကြပါတယ်။ နောက်တစ်ခုရှိသေးတယ် သူနဲ့ ကိုယ်နဲ့ မတန်ရင်လည်းဝေးပါတယ်။

မတန်ဘူးဆိုတဲ့နေရာမှာအများကြီးရှိပါတယ်။
ကိုယ်ရဲ့ချစ်ခြင်းမေတ္တာနဲ့ မတန်တော့တာမျိုး၊
ကိုယ့်စေတနာနဲ့မတန်တော့တာမျိုး၊ ကိုယ်ပေးသလောက် သူလက်မခံနိုင်တဲ့ မေတ္တာမျိုးပေးမိရင်လည်း ဝေးပါတယ်။

တစ်ခါတစ်လေကျ ငါကောင်းပေးရက်နဲ့ လုပ်ရက်လေခြင်းလို့မတွေးဘဲ မင်းရဲ့ စေတနာမေတ္တာနဲ့ မထိုက်လို့၊ မတန်လို့ဝေးရတဲ့လူတွေရှိတယ်။

ကမ္ဘာမှာ လူကောင်းနဲ့လူဆိုးပေါင်းဖက်လို့မရပါဘူး။ အဲ့တော့ အရမ်းကောင်းနေတဲ့သူနဲ့ လိမ်ညာနေတဲ့သူလည်းရေရှည်မမြဲပါဘူး။ သစ္စာမဲ့သူနဲ့ သစ္စာရှိသူလည်း မမြဲပါဘူး။

ကိုယ့်စေတနာမေတ္တာနဲ့ မတန်တဲ့သူကိုလည်း လွတ်လပ်စွာပျံသန်းခိုင်းလိုက်ပါ။ ကိုယ်ကချစ်လို့ အလှမွေးထားပေမယ့် သူ့အတွက် အကျဉ်းကျနေသလိုခံစားနေရရင် လက်လွှတ်လိုက်ရတာလည်း
ကံတရားပါပဲ။

ဝေးသွားတိုင်းရေစက်ဖြစ်နိုင်သလို ကိုယ်နဲ့မတန်တဲ့သူကလည်း
ကိုယ်အနားကြာကြာမနေနိုင်ပါဘူး။

ထိုက်တန်သူတစ်ယောက်တော့အနားရောက်လာအုံးမှာပါ။
မထိုက်တန်သူကိုမလွမ်းပါနဲ့။

#စုဟန်နီ

💭 || 17.11.2025

Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Website

Address

Naypyidaw