MC Fitness & Gym

MC Fitness & Gym

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MC Fitness & Gym, Health/Beauty, Myitkyina.

✝️ By the Grace of GOD
🔥 Healthy Body, Strong Spirit
✅ Brand New Gear /
Professional Trainers
🚫 Registration FREE!
📍 ရွှေညောင်ပင်၊ လီဆူခရစ်တော်
ဘုရားကျောင်းဘေး
📞 09 422206105

02/09/2026

🎉 MC FITNESS & GYM - 7 MONTHS ANNIVERSARY 🎉

"၇ လတာ ခရီးစဉ်နဲ့အတူ MC Family ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။❤️🏋️‍♂️

ကျွန်တော်တို့ MC Fitness & Gym စတင်ဖွင့်လှစ်ခဲ့တာ အခုဆိုရင် (၇) လပြည့် မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီ (၇) လတာကာလအတွင်း ကျွန်တော်တို့ကို ယုံကြည်စွာနဲ့ လက်တွဲလာခဲ့ကြတဲ့ Member အဟောင်း/အသစ်များ အားလုံးရဲ့ အားပေးမှုကြောင့် MC Fitness ဟာ အမြဲတမ်း သက်ဝင်လှုပ်ရှားပြီး စည်ကားနေခဲ့တာပါ။

Member တိုင်းကို မိသားစုလို စနစ်တကျ ဂရုစိုက် သင်ကြားပြသနိုင်မှု
စတဲ့ အားသာချက်တွေကို အမြဲတမ်း ထိန်းသိမ်းပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ Service တွေကို ပေးသွားပါဦးမည်။ရှေ့ဆက်ပြီးတော့လည်း MC Fitness & Gym နဲ့အတူ ကျန်းမာကြံ့ခိုင်ပြီး ပိုမိုကောင်းမွန်တဲ့ Body Goal တွေကို အတူတူ အကောင်အထည်ဖော်သွားကြရအောင်ပါ။ 🔥🚀

📍 • တည်နေရာလိပ်စာ: ရွှေညောင်ပင်ရပ်ကွက်၊ လီဆူခရစ်တော်ဘုရားကျောင်းဘေး (အမက-၁၂ မျက်စောင်းထိုး)၊ မြစ်ကြီးနားမြို့။
• လမ်းညွှန်: ဘူတာလမ်းမကြီးအတိုင်း ဆင်းလာပြီး အလယ်ကုန်းလမ်းဆုံမှ ကျွန်းပင်သာဘက်သို့ ကွေ့ဝင်ပါ။

fitness&Gym

02/09/2026

MC GYM မှာတော့ဆိုင်ကယ်ထားမယ့်နေရာအတွက်လုံးဝစိတ်ပူစရာမလိုပါဘူးနော်😘

Photos from KBC-Kachin Bodybuilding Club's post 08/07/2026
30/06/2026

🤭ဒါ တကယ်မြစ်ကြီးနားမှာ ည ၈ နာရီခွဲ၉နာရီအချိန်ဆိုတာ တချို့အတွက် အိပ်ရာဝင်ဖို့ ပြင်တဲ့အချိန်ဖြစ်နိုင်ပေမယ့် MC Fitness & Gym မှာတော့ အားအင်တွေက အခုမှ အရှိန်တက်နေတုန်း! 🔥
တစ်ဖက်မှာလည်း လက်ဝှေ့အိတ်ကို အားရပါးရ ထိုးသံတွေနဲ့ အားမာန်အပြည့်၊ နောက်တစ်ဖက်မှာလည်း အလေးတွေကို အားကျမခံ အပြိုင်အဆိုင် မနေကြတဲ့ MC ရဲ့ မိသားစုဝင်တွေ။ ပြန်ဖို့အချိန်တွေကိုတောင်မေ့💪🥊
ပင်ပန်းသမျှတွေကို ချွေးအဖြစ်ပြောင်းလဲရင်း တစ်ယောက်ကိုတစ်ယောက် အားပေးပြီး ဆော့ရတာ တကယ့်ကို ပျော်စရာကြီးဗျာ။ အားရစရာကောင်းတဲ့ ဒီလိုညမျိုးမှာ သင်ရော ဘာလုပ်နေလဲ? အိမ်မှာပဲ ငြိမ်မနေနဲ့၊ MC Gym ကို လှမ်းခဲ့လိုက်တော့! 🚀

11/06/2026

ဘာလိုလိုနဲ့ ကျနော်တို့ MC Gym စတင်ဖွင့်လှစ်ခဲ့တာ ၄ လကျော်ဖြတ်သန်းပြီး အခုဆိုရင် ၅ လထဲကိုတောင် ရောက်ရှိလို့လာခဲ့ပါပြီ။ 🥰

ဒီကာလအတောအတွင်းမှာ MC Gym ကိုမိသားစုလို သံယောဇဉ်တွယ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲပေးထားကြတဲ့ အဖွဲ့ဝင်ဟောင်း၊ အဖွဲ့ဝင်သစ်များအားလုံးကို နှလုံးသားထဲကနေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ❤️

ရှေ့ဆက်လည်း ဒီထက်မကကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အတူတူ ကျန်းမာလှပတဲ့ ဘဝတွေကို တည်ဆောက်သွားကြရအောင်ဗျာ။

📍 Address & Direction (တည်နေရာနှင့် လမ်းညွှန်)
• Location: Shwe Nyaung Pin Ward, Next to Lisu Christian Church (Opposite of B.E.P.S - 12), Myitkyina.
(တည်နေရာလိပ်စာ: ရွှေညောင်ပင်ရပ်ကွက်၊ လီဆူခရစ်တော်ဘုရားကျောင်းဘေး (အမက-၁၂ မျက်စောင်းထိုး)၊ မြစ်ကြီးနားမြို့။)
• Direction: Drive down along Railway Station Road, and turn into Kyun Pin Thar at the Alal Kone Junction.
(လမ်းညွှန်: ဘူတာလမ်းမကြီးအတိုင်း ဆင်းလာပြီး အလယ်ကုန်းလမ်းဆုံမှ ကျွန်းပင်သာဘက်သို့ ကွေ့ဝင်ပါ။)

📍 at MC Fitness & Gym
⁠ ⁠

Photos from MC Fitness & Gym's post 04/06/2026

Gym ထဲမှာ အလေးမနေတဲ့အချိန် ဆိုင်ကယ်စိတ်ချရပါ့မလားလို့ တွေးပူနေလား?" 😎🏍️

လုံခြုံရေးကတော့ အဆင့်မြင့်လွန်းလို့ ဆိုင်ကယ်ပျောက်ဖို့ထက်... ကြက်တောင် အောက်ကျရင် ပြေးကောက်ပေးရမှာပဲ ကြောက်ရမယ်! 🤣 စတာပါ စတာပါ...

စိတ်မပူပါနဲ့... ကျွန်တော်တို့ MC Fitness & Gym ရှေ့မှာ ဆိုင်ကယ်ရပ်ဖို့ နေရာကျယ်ကျယ်ဝန်းဝန်း လုံလောက်စွာ ရှိရုံတင်မကပါဘူး။

ကျွန်တော်တို့ Gym ဖွင့်ချိန်ဖြစ်တဲ့...
⏰ မနက်ပိုင်း (6:00 AM - 11:00 AM) နဲ့
⏰ ညနေပိုင်း (3:00 PM - 8:00 PM) အထိ

ဆိုင်ကယ်လုံခြုံရေးကို မျက်ခြေမပြတ် စောင့်ကြည့်ပေးမယ့် "အထူးတပ်ဖွဲ့ဝင်တေရှိပါတယ်ဗျာ! 🫶

ကဲ... ဆိုင်ကယ်အတွက် စိတ်အေးလက်အေးထားပြီး Muscle တက်ဖို့ပဲ အာရုံစိုက်ပြီး Gym လာခဲ့ပါဗျို့! 💪🔥

21/05/2026

MC Fitness & Gym တွင် တာဝန်ထမ်းဆောင်ရန်အတွက် ရေရှည်လက်တွဲပြီး တကယ်တော်သော Gym Trainer (ဆရာ) တစ်ဦး အမြန်အလိုရှိနေပါသည်။

မိမိကိုယ်တိုင်လည်း Fit ဖြစ်ပြီး ကစားသမားများကို စနစ်တကျနဲ့ စိတ်ရှည်လက်ရှည် လမ်းညွှန်ပြသပေးနိုင်မည့်သူ၊ လုပ်ငန်းခွင် စည်းကမ်းလိုက်နာသူများကို ဖိတ်ခေါ်အပ်ပါသည်။

🔹 ရရှိမည့် ခံစားခွင့်များ (Benefits)

လစာ: ကောင်းမွန်သော အခြေခံလစာ (ညှိနှိုင်း) + Personal Trainer (PT) ကော်မရှင် သီးသန့်ရှိမည်။

လုပ်သက်နှင့် ကြိုးစားမှုအပေါ် မူတည်၍ လစာတိုးမြှင့်ပေးမည်။

🔹 တာဝန်နှင့် ဝတ္တရားများ (Job Responsibilities)

Gym အဖွဲ့ဝင် (Members) များကို စက်ပစ္စည်းအသုံးပြုပုံနှင့် ကစားနည်းစနစ်များကို မှန်ကန်စွာ ပြသလမ်းညွှန်ပေးရမည်။

Member များ၏ ခန္ဓာကိုယ်အချိုးအစားအလိုက် လေ့ကျင့်ခန်း Plan များနှင့် အာဟာရဆိုင်ရာ မျှဝေခြင်းများကို တက်ကြွစွာ ကူညီပေးရမည်။

Gym အတွင်း စည်းကမ်းနှင့် သန့်ရှင်းသပ်ရပ်မှုကို ထိန်းသိမ်းရမည်။

အလုပ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ကစားသမားများအပေါ် ဖော်ရွေပျူငှာစွာ ဆက်ဆံရမည်။

🔹 လိုအပ်သော အရည်အချင်း (Requirements)

Gym Trainer အတွေ့အကြုံ (အနည်းဆုံး ၁ နှစ် သို့မဟုတ် ၂ နှစ်) ရှိရမည်။

Bodybuilding နှင့် Fitness နယ်ပယ်တွင် ဗဟုသုတ ကြွယ်ဝပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်သူ ဖြစ်ရမည်။

စည်းကမ်းသေဝပ်ပြီး အလုပ်အပေါ် အလေးထားသူ ဖြစ်ရမည်။

လူမှုဆက်ဆံရေး ကောင်းမွန်ပြီး သင်ကြားပြသပေးလိုစိတ် ထက်သန်သူ ဖြစ်ရမည်။

📩 လျှောက်ထားရန်

စိတ်ပါဝင်စားသူများသည် မိမိတို့၏ CV Form (ကိုယ်ရေးအကျဉ်း) နှင့် လက်ရှိ Body အချိုးအစား ပြသနိုင်မည့် ဓာတ်ပုံများနှင့်တကွ Page Messenger မှတစ်ဆင့်ဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်သို့ဖြစ်စေ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

📍 နေရာ: [• ရွှေညောင်ပင်ရပ်ကွက်၊ လီဆူခရစ်တော်ဘုရားကျောင်းဘေး (အမက-၁၂ မျက်စောင်းထိုး)၊ မြစ်ကြီးနားမြို့။

• (လမ်းညွှန် - ဘူတာလမ်းမကြီးအတိုင်း ဆင်းလာပြီး အလယ်ကုန်းလမ်းဆုံမှ ကျွန်းပင်သာဘက်သို့ ကွေ့ဝင်ပါ)

📞 ဖုန်းနံပါတ်: [09422206105]

Photos from MC Fitness & Gym's post 20/05/2026

အားလုံးရဲ့ အားပေးမှုကြောင့် ကျွန်တော်တို့ MC Fitness & Gym ကို အခုထက်ပိုပြီး အဆင့်မြင့်ပြီး ကျယ်ကျယ်ဝန်းဝန်း ရှိသွားအောင် ဆိုင်နေရာ ထပ်မံအနည်းငယ်တိုးချဲ့နေပါတယ်ဗျာ။

ပြင်ဆင်မှုလုပ်နေတဲ့ ကာလအတွင်းမှာ ဆော့ရတာ နည်းနည်းပါးပါး အဆင်မပြေမှုရှိခဲ့ရင် MC Family အားလုံးအနေနဲ့ သည်းခံခွင့်လွှတ်ပေးဖို့ တောင်းပန်အပ်ပါတယ်။ 🙏🤝

မကြာခင်မှာ အခုထက်ပိုပြီး Premium ဆန်တဲ့ အဆင့်အတန်း၊ ပိုမိုစုံလင်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ပြန်လာခဲ့ပါမယ်။ ကိုယ့်ကိုယ်ကို Level Up ဖို့ ခဏလေးပဲ စောင့်ပေးကြပါဦးနော်။ 🚀🏋️‍♂️
#

Photos from MC Fitness & Gym's post 11/05/2026

Page လေး ငြိမ်နေလို့ စိတ်မပူကြပါနဲ့ဦး။
Admin ကယ်လိုရီ ၁,၀၀၀ ကျော် Burn ပြီး အမောဆို့နေလို့ပါ။ 🏃‍♂️💨😛

Target ထက် ၃ ဆကျော် ကျော်သွားတော့ စာရိုက်ဖို့တောင် အားမရှိတော့လို့ ခဏလေး ငြိမ်ပေးထားတာပါ။ မကြာခင် ပြန်လာခဲ့ပါမယ်!😘

Photos from MC Fitness & Gym's post 19/04/2026

MC FITNESS & GYM ရဲ့ ထူးခြားတဲ့ FAMILY MEMBER အစီအစဉ်
"ခဏတဖြုတ် Promotion တွေထက်... တစ်နှစ်ပတ်လုံး ခံစားခွင့်ရမယ့် မိသားစုဝင် ဖြစ်ချင်ပါသလား?" 💪🔥

ကျွန်တော်တို့ MC Fitness & Gym စတင်ဖွင့်လှစ်ခဲ့တာ အခုဆိုရင် (၃) လပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ဒီကာလ
အတွင်းမှာ ကျွန်တော်တို့နဲ့အတူ ပုံမှန်ရှိနေပေးတဲ့ Member တွေကို တန်ဖိုးထားတဲ့အနေနဲ့ "MC FAMILY VIP CARD" တွေကို စတင်ပေးအပ်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

💳 VIP CARD ဘယ်သူတွေ ရမလဲ?
ကျွန်တော်တို့ဆီမှာ စုစုပေါင်း (၃) လ ပြည့်အောင် ကစားဖူးသူတိုင်း (သို့မဟုတ်) အခုမှ စဆော့ပြီး (၃) လပြည့်သွားသူတိုင်းကို Family Member အဖြစ် သတ်မှတ်ပေးသွားမှာပါ။

(မှတ်ချက် - တစ်ဆက်တည်း မဆော့ဖြစ်ဘဲ ကြားထဲနားပြီးမှ ပြန်လာဆော့သူများလည်း စုစုပေါင်း ၃ လပြည့်ရင် ခံစားခွင့်ရှိပါတယ်။)

🎁 VIP CARD ရဲ့ တစ်နှစ်ပတ်လုံး ခံစားခွင့်များ

ဒီကဒ်လေးက တစ်ခါတည်းပေးတဲ့ Promotion မဟုတ်ဘဲ တစ်နှစ်ပတ်လုံး အမြဲတမ်း ခံစားခွင့်ရမယ့် အစီအစဉ်ပါ -

✅ Monthly Fees: လစဉ်ကြေးပေးသွင်းရာမှာ အထူးသက်သာသော VIP နှုန်းထား။

✅ Protein Bar: ဆော့ပြီးတိုင်း လိုအပ်တဲ့ အာဟာရအတွက် Protein Bar တိုင်းမှာ Discount။

✅ Supplements: Body တည်ဆောက်ဖို့ လိုအပ်တဲ့ ဖြည့်စွက်စာတွေမှာ အထူးလျှော့ဈေး။

✅ Gym Accessories: Gym သုံးပစ္စည်းတွေဝယ်ရင် Promotion ဈေးနှုန်းများ။

ကျွန်တော်တို့က Promotion တွေထက် Member တွေရဲ့ ကျန်းမာရေးနဲ့ စိတ်ကျေနပ်မှုကို ပိုဦးစားပေးပါတယ်။ အခုပဲ MC Fitness မှာ (၃) လပြည့်အောင် ဆော့ပြီး ကျွန်တော်တို့ရဲ့ Family Member အဖြစ် VIP အခွင့်အရေးတွေ ရယူလိုက်ပါ! 🚀🏋️‍♂️

📍 တည်နေရာ: ရွှေညောင်ပင်ရပ်ကွက်၊ လီဆူခရစ်တော်ဘုရားကျောင်းဘေး (အမက-၁၂ မျက်စောင်းထိုး)၊ မြစ်ကြီးနားမြို့။

Category

Website

Address

Myitkyina

Opening Hours

Monday 06:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00

Alerts

Be the first to know and let us send you an email when MC Fitness & Gym posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Myitkyina.