We Care

We Care

Share

We provide health and beauty care products.They are important for addressing health/beauty problems

Photos from We Care's post 17/10/2021

Healthy လား ၊ Fit ဖြစ်ချင်လို့ စားတာလား။

ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် စားချင်သူတွေအတွက် အခြေခံဗဟုသုတနဲ့ ကောင်းမွန်တဲ့အစားအစာ ဥပမာတွေကို ဒီတစ်ခေါက်ပြလိုက်ပါတယ်။

အစားအစာနဲ့ ပတ်သက်တာတွေပြောခဲ့ဖူးပေမယ့် ဒီလိုအမျိုးအစားနဲ့ခွဲပြီးတော့ မပြောဖူးခဲ့သေးပါဘူး။ ဒီတော့ မသိသေးသူတွေအတွက်လဲ အစားမျိုးကွဲလေးတွေအကြောင်း ဗဟုသုတအသစ်တိုးတာပေါ့။

လူတွေကြားမှာ

" ဒီအစားအစာတွေက ပိန်စေတယ်၊ ဝစေတယ်လေ။ ဟိုဟာတွေကတော့ ကျန်းမာရေးနဲ့ ညီတယ် "

ပြောတာကတော့ ကြားနေကျပါပဲ။ ဒါပေမယ့် ဘာတွေဘယ်လိုကွဲပြားလဲ သိထားရင် အစား စားတဲ့အခါ ပိုပြီး အဓိပ္ပါယ်ရှိသလို၊ ပိုပြီး ထိရောက်မှာပါ။ ကဲ၊ ကြည့်လိုက်ရအောင်။

၁- Low sugar fruits
သကြားနည်းတဲ့ အသီးအနှံများ

သစ်သီးတွေဟာ များသောအားဖြင့် အာဟာရဓါတ်များစွာပါပါတယ်။ ကျန်းမာရေးအတွက် ကောင်းသလို၊ အသားအရည်လှဖို့အတွက်လဲ ကောင်းတဲ့ဓါတ်တွေရစေနိုင်တာကြောင့် စားသင့်တဲ့အရာပါ။ ဒါပေမယ့် သစ်သီးတွေမှာ သကြားဓါတ်ပါတာကတော့ ကောင်းကျိုးတွေရှိပေမယ့် အလွန်အကျွံနေ့စဉ်မစားဖို့ ပြန်ထိန်း၊ ပြန်ကန့်သတ်ထားတဲ့အရာပေါ့။

တစ်ချို့သစ်သီးတွေဖြစ်တဲ့ လိုင်ချီး၊ စပျစ်သီး၊ ငှက်ပျောသီး၊ သရက်သီးတွေကတော့ သကြားပါဝင်မှုနှုန်းများတာမလို့ တစ်ချို့ သကြားလျှော့ချင်သူတွေအတွက် အလွန်အကျွံစားဖို့ မသင့်တော်ပါဘူး။ ဒါ့ကြောင့် သစ်သီးကြိုက်သူတွေအတွက် သကြားပါဝင်မှုနည်းတဲ့ သစ်သီးတွေကိုရှာစားတာလဲ လိုအပ်တဲ့ အကျင့်တစ်ခုပါပဲ။

၂- Carbs that are filling as f**k
ဗိုက်ပြည့်စေတဲ့ ကစီဓါတ်အစာများ

Carbohydrates ကစီဓါတ် ဆိုတာ စွမ်းအင်ပေးတဲ့အစားအစာမျိုးတွေပေါ့။ ဒါတွေစားရင် ရတဲ့စွမ်းအင်တွေနဲ့ပင်ပန်းတာတွေလုပ်နိုင်မယ်၊ ဦးဏောက်ကလဲ အားပြည့်ပြီး တွေးခေါ်နိုင်မယ်။ ဒါပေမယ့် စွမ်းအင်တွေများလွန်းရင်လဲ အဆီတွေအဖြစ်စုပြီး ဝလာမယ်။ ဒီတော့ မရှိမကောင်း၊ ရှိမကောင်းပေါ့။

အလုံးစုံပြစ်ပယ်လို့လဲမသင့်တာမလို့ ပမာဏအနည်းအကျဉ်းစားရုံနဲ့ ဗိုက်ပြည့်စေတဲ့ အမျိုးအစားတွေစားတာဟာ ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုပါပဲ။ အဆီချနေသူတွေအတွက် ၊ လေ့ကျင့်ခန်းလုပ်နေသူတွေအတွက် အသုံးအလွန်တည့်တဲ့ အစားအစာတွေပေါ့။

၃- Eat your water
ရေဓါတ်ပြည့်ဝစေတဲ့ အစားအစာ

ရေဆိုတာဟာ ခန္ဓာကိုယ်တွင်းမှာအများဆုံးပါဝင်တဲ့ အရာတစ်ခုပေါ့။ ရေဓါတ်ပြည့်ဝခြင်းက ကြွက်သားတွေကို အားပြည့်နေစေတာမလို့ လေ့ကျင့်ခန်းလုပ်ရင်လဲ ပိုပြင်းပြင်းထန်ထန်လုပ်စေနိုင်ပါတယ်။ ရေရဲ့ကောင်းကျိုးဟာ လူအများသိပြီးသားမလို့ ရေဓါတ်ပြည့်ဝတဲ့အစားအစာတွေကို စားသင့်ကြောင်း အထူးတလည်တိုက်တွန်းစရာလိုမယ် မထင်ပါဘူး။ စားသာ စားပါဗျို့။

၄- Anti-inflammatory superfoods
ရောင်ရမ်းသက်သာစေတဲ့ အစားအစာများ

ဘယ်တွေအတွက်ကောင်းမလဲ။ အားကစားလုပ်လို့ ပင်ပန်းနေတဲ့ ကြွက်သားတွေ၊ ဒဏ်ပိနေတဲ့ အဆစ်တွေအတွက် ကောင်းတာပေါ့။ ဒါတွေစားရင် အမြန် Recovery ဖြစ်၊ အမြန်ထပ်လေ့ကျင့်နိုင်မယ်။

လေ့ကျင့်ခန်းလုပ်သူတွေအတွက်တင်မကပဲ လူလတ်ပိုင်းကနေ လူကြီးပိုင်းအထိ ကိုက်ခဲတတ်သူတွေအတွက်လဲ စားသင့်တဲ့ အစားအစာတွေပါပဲ။

၅- Almost zero calorie food
Calories နည်းတဲ့ အစားအစာ

ဒါကတော့ Calorie မရှိသလောက်နည်းတဲ့ အစားအစာတွေပေါ့။ Calorie သိပ်မပါပဲ ဗိုက်တာမင်ဓါတ်တွေ ပါတာမလို့ အလကားစျေးနည်းပါးနဲ့ရတဲ့ တန်ဖိုးကြီးပစ္စည်းတွေလိုပါပဲ။

အဲ၊ ပုံထဲက ပီဇာချပ်ကတော့ နောက်ထားတာပါနော်။ ပီဇာချပ်က Calories နည်းတယ်ဆိုရင်တော့ Pizza diet နဲ့ ကိုယ်တို့ပျော်ပြီလေ။ Pizza lover တွေ Shake shake 🍕 👋

၆- Budget friendly food
စျေးပေါတဲ့ အစားအစာကောင်းများ

အစားအစာကောင်းများကို ပြောတာပါ။ စျေးသက်သာရင်ပြီးရောဆိုပြီး ဗန်းလေးနဲ့ ရောင်းတဲ့ ဘယာကြော်မဟုတ်ပါဘူး။ (ဘယာကြော်တောင် ဒေါ်လာစျေးနဲ့အတူ တက်သွားပြီလားမသိဘူး)

စျေးပေါတဲ့၊ အလွယ်တကူရနိုင်တဲ့ အစားအစာတွေထဲက အာဟာရနဲ့ပြည့်စုံတဲ့ အစားအစာတွေမလို့ ဒါလေးတွေ ဝယ်ယူစားနိုင်ပါတယ်။ ဥပမာ ပဲလိုမျိုးပေါ့။

၇- Synergistic food combo
အတွဲညီတဲ့ အစားအစာများ

တစ်ချို့အစားအစာတွေက အတွဲညီပြီး တစ်ချို့က မညီပါဘူး။ ဘယ်လိုမညီသလဲ။

ဥပမာ သံဓါတ်နည်းသူတစ်ယောက်က သံဓါတ်များတဲ့ အစားအစာတွေ (အမဲ၊ ဆိတ်) စတာတွေစားတယ်ဆိုပါစို့။

ဒါဆို စားပြီးတဲ့အခါ ခန္ဓာကိုယ်က သံဓါတ်ကို စုပ်ယူဖို့လုပ်ပါမယ်။ ဒီအခါမှာ တစ်ချို့အစားအစာတွေ၊ ဥပမာ ကော်ဖီ၊ လက်ဖက်ရည်၊ နို့ထွက် ပစ္စည်းတွေက စုပ်ယူနှုန်းကို လျော့စေပါတယ်။ ဒီတော့ တွဲစားရင် လိုသလောက် သံဓါတ်မရတော့ပါဘူး။ ဒါပေမယ့် Vitamin C ပါတဲ့ အစားအစာတွေကတော့ သံဓါတ်စုပ်ယူနှုန်းကို မြင့်စေတာမလို့ သံဓါတ်မြှင့်ဖို့ တွဲဖက်စားသုံးကြပါတယ်။

အတွဲညီတဲ့ အစားအစာတွေစားခြင်းက ကောင်းကျိုးကိုပိုစေတာပေါ့ဗျာ။ ဒီသဘော ၊ ဒီသဘော။

၈- Weight loss swap
အစားထိုးစားနိုင်တဲ့ အစားအစာတွေ

တစ်ချို့က အစားစားပြီးရင် ချိုစိမ့်လေးတစ်ခွက်၊ အအေးဗူးလေးတစ်ဗူးလောက် သောက်လိုက်ရမှ ပြည့်ဝတတ်ကြတယ်။ ဒီလိုအကျင့်ရှိသူတွေအတွက် အရည်သောက်တာ မပြင်နိုင်ရင် သောက်တဲ့အရည်တော့ ပြင်ရမှာပါ။ သွားရည်စာ စားတတ်သူတွေလဲ ဒီတိုင်းပဲပေါ့။ မစားရ မနေနိုင်ရင် စားတဲ့ အစာပြင်ရမှာပါ။

အအေးကနေ သကြားမပါတဲ့ သစ်သီးဖျော်ရည်၊ အချိုရည်ကနေ ရေသန့်၊ မုန့်လင်မယားတို့ ကိတ်မုန့်တို့ကနေ ကြက်ဥပြုတ် အသီးအနှံ အစားထိုးစားလိုက်ရင် ဘယ်လောက် အကျိုးများလာမလဲနော့်။

၉- Fresh as f**k fats
အဆီဓါတ်ပါတဲ့ အစားအစာကောင်းများ

အဆီဆိုတာ ဗိုက်ကအဆီမဟုတ်ပါဘူး။

ကစီဓါတ်၊ အသားဓါတ်၊ အဆီဓါတ်ဆိုတဲ့အထဲက ကျန်းမာရေးနဲ့ညီတဲ့ အဆီဓါတ်ပါတဲ့ အစားအစာကို ဆိုလိုတာပါ။ အဆီဓါတ်သန့်သန့်လေးတွေစားတာဟာ လူ့စိတ်ကို ပျော်ရွှင်စေသလို ဟော်မုန်းတွေကိုလဲ မျှတစေတယ်။ အရိုးအဆစ်တွေအတွက်လဲ ကောင်းတယ်။

လူသားအားလုံးအတွက် လိုအပ်တဲ့ဓါတ်တစ်မျိုးမလို့ ထည့်စားခြင်းဖြင့် ကောင်းကျိုးတွေရနိုင်ပါတယ်။

-----------------

ကဲ ၊ ကိုယ်လိုချင်တာတွေကြီး စားနေခဲ့တာလဲ ကြာခဲ့ပြီဆိုတော့ ဒီတစ်ခေါက် ခန္ဓာကိုယ်က လိုချင်တာလေးတွေလဲ စားပေးပါအုန်း။

ကျေးဇူးတင်လွန်းလို့ 😊👍

ကိုယ်ချစ်တဲ့သူတွေအတွက်လဲ လက်လှန်းမှီသလောက်လေး Share ပေးပါအုန်းခင်များ။

Golden Dream

Photos from We Care's post 07/07/2021

ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ
~~~~~~~~~~~~~~~~~~~~~
" အနံ့ပျောက်ခြင်း နှင့် Covid-19 ရောဂါ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အနံ့ပျောက်ခြင်းကို ဆေးပညာအရ Anosmia လို့ခေါ်ပါတယ်။အနံ့ပျောက်ခြင်းဟာ ယခင်ကာလမှာ မသိသာပေမယ့် Covid-19 ကပ်ရောဂါကာလမှာ ခေတ်စားလာပါတယ်။စာရင်းတွေ Data တွေအရ ကမ္ဘာတစ်ဝှမ်း အနံ့ပျောက်ခြင်းနဲ့ Covid 19 ရောဂါ စပ်ဆက်မှုဟာ (၂၀-၃၀)%ရှိတယ်လို့ဆိုပါတယ်။

-Covid19မှာဘာလို့အနံ့ပျာက်တာလဲ။

COVID-19 ရောဂါဖြစ်စေတဲ့ Novel Coronavirus ဟာ နှာခေါင်းအတွင်းရှိ နှာခေါင်းအမြှေးပါးနဲ့ အနံ့ခံ neurons တွေကိုထိခိုက်စေခြင်းကြောင့် အနံ့ပျောက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

-အနံ့ပျောက်တိုင်းကိုဗစ်လား

အနံ့ပျောက်စေတဲ့အခြားရောဂါအခြေအနေတွေရှိပါတယ််။ဥပမာ-ရာသီတုပ်ကွေးရောဂါ၊အအေးမိဖျားနာခြင်း၊ထိပ်ကပ်နာရောဂါ စတဲ့ရောဂါတွေမှာလည်းအနံ့ပျောက်တတ်ပါတယ်။

ဒါပေမယ့်အထက်ပါရောဂါတွေဟာ နှာစေးခြင်း၊နှာရည်ယိုခြင်း၊နှာပိတ်ခြင်းနဲ့ ဆက်စပ်မှုရှိပြီး COVID 19ရောဂါမှာ အနံ့ပျောက်ခြင်းဟာ နှာရည်ယိုခြင်း ၊နှာပိတ်ခြင်းနဲ့ ဆက်စပ်မှုမရှိပါဘူး။

ဒီကာလမှာ အနံ့မရရင်တော့ COVID 19
ဖြစ်ဖို့များပါတယ်။

-ဘယ်အချိန်မှာအနံ့ပြန်ရတတ်လဲ။

အနံ့ပျောက်ခြင်းဟာ အများအားဖြင့်
ယာယီခဏပါပဲ။(၂-၄)ပတ်လောက်ကြာတတ်ပါတယ်။ဒါပေမယ့် အများစုဟာ (၁၀)ရက်အတွင်းအနံ့ပြန်ရတတ်ပါတယ်။

-အနံ့မရရင်စိုးရိမ်ရလား။

ဖျားခြင်း၊ဆက်တိုက်ချောင်းဆိုးခြင်း၊မောပန်းခြင်းမရှိရင် စိုးရိမ်စရာမလိုပါ။စိတ်အေးအေးထားပါ။သီးသန့်နေပါ။အိပ်ရေးဝအောင်အိပ်ပါ။

Source -ဇေယျာဖြိုးဆေးခန်း

Photos from We Care's post 04/06/2021

🧔 အမျိုးသားများ စွဲ​ဆောင်မှု ပိုရှိပြီး ခန့်ညား​စေဖို့ 🧔
💯 USA brand 💯 ဖြစ်တဲ့

💢 မုတ်ဆိတ်​မွေးပေါက်​ဆေး/ဆံပင်​​ပေါက်​ဆေး ရှိတယ်​နော် ..💢

💰​Price 1 pc(60ml ) ➡️ 16000 MMk

☎️ ➡️ 09 4200 95426

🏡 ➡️ ​စျေး​ဟောင်းရပ် ၊ မိုးကုတ်မြို့ ။

💥(တခြားမြို့မှ မှာယူလို​သော customer များအတွက် ကားဂိတ်ထိ ပို့​ဆောင်​ပေးပါတယ်ရှင့်။တန်ဆာခကို​တော့ customer မှ ​ပေး​ဆောင်ရမှာပါရှင်) 💥

💖💖 လက်​တွေ့ အမှန်တကယ် ထိ​ရောက်မှုရှိတာ​​ကြောင့် ​ပေးရတာနဲ့ တန်တဲ့ ခံစားမှုမျိုးကို ရ​ရှိ​စေမှာပါ 💖 💖

27/05/2021

🧏‍♂️အကယ်၍ သင်ဟာ အရွယ်မတိုင်ခင် ထိပ်​ပြောင်ခြင်း ​ရောဂါကို ခံစားနေရတယ်ဆိုရင် ဒီ Post ​လေးကို အဆုံးထိ ဖတ်​ပေး​စေချင်ပါတယ် 🧏‍♂️

💁‍♂️ ထိပ်​ပြောင်ရခြင်း အ​ကြောင်းရင်းဟာ မျိုးရိုး​ကြောင့် ဖြစ်နိုင်သလို ၊ဟော်မှုန်းမညီမျှခြင်း ​ကြောင့်လည်းဖြစ်နိုင်ပါတယ် ..

👨‍🏫 လေ့လာဆန်းစစ်မှု​တွေအရ အရွယ်မတိုင်ခင် 'ထိပ်​ပြောင်ခြင်း' ကို ခံစား​နေရသူ​တွေဟာ မိမိရုပ်ရည်သွင်ပြင်နဲ့ ပါတ်သတ်ပြီး စိတ်​ကျေနပ်မှုအပြည့် မရရှိကြပါဘူးတဲ့ 👨‍🏫

👉 ဒါ​ကြောင့် WeCare မှ လူကြီးမင်းတို့အတွက် စိတ်​ကျေနပ်မှု အပြည့်ရရှိ​စေမယ့် ဆံပင်​ပေါက်​ဆေး (သို့) အ​မွှေးအမျှင်သန်​ဆေး တစ်မျိုးနဲ့ မိတ်ဆက်​ပေးချင်ပါတယ် 👈
Kirkland မှ ထုတ်တဲ့ Minoxidil 5% ပါဝင်​သော
ဆံပင်​ပေါက်​ဆေး (ဆံပင်သန်​ဆေး) အရည်ဟာဆိုရင်
🇺🇲 USA 🇺🇸 မှ နာမည်ကြီးအမှတ်တံဆိပ် ဖြစ်ပြီး စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါတယ် ..

💰​စျေးနူန်းက​တော့ 60 ml ​ဆေးရည် တစ်ဗူးကို 16,000 ကျပ်သာ ကျသင့်မှာဖြစ်ပါတယ် 💰

⏩သုံးစွဲပုံအညွှန်း ​အာနိသင် အပြည့်အဝရရှိ​​စေရန် ​ဆေးရည် ပမာဏ 1.0 ml 🧪ကို ဦး​ရည်ပြား​အနှံ့ ပွတ်လိမ်း​ပေးရမှာ ဖြစ်ပြီး တ​နေ့နှစ်ကြိမ်​လေး​ပေးရပါမယ် ⏪
(၁ ဗူးကို 60ml ပါဝင်တာ​​ကြောင့် တစ်လစာ ရပါတယ်)
😊😊 လက်​တွေ့အသုံးပြုဖူးသူများ အထူးညွှန်းဆိုကြပြီး သ​ဘောကျ နှစ်ခြိုက်သူများ​​​တာကြောင့် Instock ရှိတုန်း​လေး အမြန်မှာယူထားမှ စိတ်ချရမယ်​နော် 😊😊
# Before and after ပုံ​လေး​တွေ မန့်မှာတင်​ပေးထားပါတယ်ရှင့် #

👉👉 မှာယူချင်တယ် ဆိုရင်​တော့
📱 Phone : 09420095426
🏡 Address : ​စျေး​ဟောင်းရပ် ၊ မိုးကုတ်မြို့ ။

🚫မှတ်ချက် ။ ။ နှလုံး​ရောဂါ ရှိသူများနှင့် အမျိုးသမီးများ သုံးစွဲရန်မသင့်​တော်ပါ🚫
** အ​သေးစိတ် သိရှိလိုပါက messenger တွင်လာ​ရောက်​မေးမြန်းနိုင်ပါတယ်ရှင့်**

21/01/2021

မင်္ဂလာပါရှင့် .....
🥳🥳 We Care page မှ ကြိုဆိုပါတယ်ရှင် 🥳🥳...

👉 ပထမဦးစွာ page အ​ကြောင်း​​လေး စတင်မိတ်ဆက်​ပေးပါရ​စေ ...

🙆‍♀️ We Care page မှ လူကြီးမင်းတို့၏ကျန်းမာ​ရေးအတွက်​လိုအပ်​သော အား​ဆေးများ၊ ဖြည့်စွက်စာများ(supplements) ကို ​စျေးနှုန်းချိုသာစွာဖြင့် ရောင်း​ချပေးသွားမှာဖြစ်ပါတယ်ရှင်။

👍👍 ​​FDA approved product များကိုသာ ​ရောင်းချ​ပေးသွားမှာ ဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူ အား​ပေးနိုင်ပါတယ်ရှင့် ....
☝️ထို့အတူ ကျန်းမာ​​ရေးဗဟုသုတများကိုလည်း အခါအား​လျော်စွာ မျှ​ဝေ​ပေးသွားမှာ ဖြစ်လို့ We Care page ကို Like လုပ်ထားဖို့မ​မေ့နဲ့​နော် ...

Category

Website

Address

Bo Gyoke
Mogok
050