One Stop Service Mawlamyine

One Stop Service Mawlamyine

Share

မော်လမြိုင်မြို့တွင်း ကညနဝန်ဆောင်မှု လုပ်ငန်း+ အထွေထွေဝန်ဆောင်မှုလုပ်ငန်း

Photos from One Stop Service Mawlamyine's post 22/09/2026

မိမိဆိုင်ကယ်နပတ်နဲ့ ဆီထုတ်ယူထားခြင်းခံထားရလို့
ဆီထပ်မံထုတ်ယူလို့မရ ဖြစ်နေလို့ ကညနမှာ သွားပြီးတင်ပြချင်တယ်ဆိုရင်

ကမ ၃ စာအုပ်ကာလာမိတ်တူ
ဝှီးတက်ကာလာမိတ်တူ
ဆီထည့်မရကြောင်း ဆိုင်ကပြတဲ့ss ကာလာမိတ်တူ
လက်ရှိပိုင်ရှင်ရဲ့ မှတ်ပုံတင်ကာလာမိတ်တူ လိုအပ်ပါမယ်ရှင့်

ကိုယ်တိုင်လုပ်ချင်လဲရသလို မပန်ဆီမှာ ဝန်ဆောင်မှုအပ်နှံမယ်ဆိုလဲရပါတယ်ရှင့်🤗

💙ပန်ပန် ကညနဝန်ဆောင်မှု💙
09965295162(Mawlamyine)

01/08/2026

ဥပုသ်နေ့ သက်တမ်းတိုးမည့်မိတ်ဆွေများအတွက်ပါ..

🔸က.ည.နရုံးတွေက ကျောင်းတွေလို ဥပုသ်နေ့ မပိတ်ပါဘူးနော်၊ ပုံမှန်ရုံးဖွင့်ရက်အတိုင်းပဲ ဖွင့်သွားမှာပါရှင့်

🔸မော်လမြိုင်ရုံးကတော့ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းပိတ်ပါတယ် အကြောင်းကိစ္စတခုခုကြောင့် ရုံးဖွင့်ခဲ့သည်ရှိသော် pageမှာ ကြိုတင်အသိပေးပါမယ်ရှင့်📌

#ကားလိုင်စင်
#ယာဉ်လိုင်စင်
#သက်တမ်းတိုး
#ကညနဝန်ဆောင်မှုမော်လမြိုင်
09965295162

31/07/2026

မော်တော်ယာဥ်တစီး သက်တမ်းတိုးမယ်ဆို

အဓိက လိုအပ်တာတွေက

၁. အုံနာဘုတ်မူရင်း✅
၂.ဝှီးတက် မူရင်း✅
၃.အုံနာဘုတ်ထဲမှာ လက်ရှိအမည်ပေါက်သူရဲ့ မှတ်ပုံတင်မူရင်း တို့ဖြစ်ပါတယ်✅

ကညနဆိုင်ရာ ဝန်ဆောင်မှုများရယူလိုပါက 09965295162သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

#ကညနဝန်ဆောင်မှုမော်လမြိုင်

30/07/2026

အမေးများတာလေးတွေ ဖြေပေးထားပါတယ်…

🔸မေး - သက်တမ်းတိုးရင် ရဲမှုဆောင်ရလား
ဖြေ - ရဲမှုကြိုမဆောင်ရပါဘူး၊ ကွန်ပျူတာစစ်လို့ ရဲမှုပေါ်မှ ရုံးဝန်းထဲက ယာဉ်ထိန်းရုံးမှာ ဒဏ်ကြေးဆောင်ရပါမယ်..

🔸မေး - ကားသက်တမ်းတိုး booking မယူလို့ရလား
ဖြေ - ယာဉ်စစ်ရမှာမို့ ၁/၂ရက်ကြိုပြီး bookingယူရပါတယ်..

🔸မေး - ကညနရုံးမှာ စုံ/မ ခွဲထားသေးလား
ဖြေ - အိမ်စီးကား စုံ/မ အလိုက်ပဲ သက်တမ်းတိုးပေးပါတယ်၊ Taxiတွေ ရက်မရွေး တိုးလို့ရပါတယ်..

🔺သိချင်တာရှိရင်လဲ မေးလို့ရပါတယ်

#ကားလိုင်စင်
#ယာဉ်လိုင်စင်
#သက်တမ်းတိုး

29/07/2026

လူကြီးမင်းတို့ သိလိုသမျှ
✅ယာဉ်မောင်းလိုင်စင် ပြုလုပ်ပုံ အဆင့်ဆင့်ကို ဖ်ောပြပေးထားပါတယ်ရှင့်

သင်မောင်းလိုင်စင် သက်တမ်း - (၃) လပြည့်လျှင်
- ခ လိုင်စင်

ခ လိုင်စင် သက်တမ်း (၃) နှစ်ပြည့်လျှင်
- ဃ လိုင်စင်

ခ လိုင်စင် သက်တမ်း (၅) နှစ်ပြည့်ပြီး တစ်ကြိမ် သက်တမ်းတိုးပြီးလျှင်
- င လိုင်စင်

ဃ လိုင်စင် သက်တမ်း (၂) နှစ်ပြည့်လျှင်
- င လိုင်စင်

စသည်ဖြင့် အဆင့်ဆင့်ဖြေဆိုရန် လျှောက်ထားနိုင်ပါတယ်ရှင့်

ဆက်သွယ်ရန် -
☎ 09-965295162(Call & Viber)
#ပန်ပန်ကညနဝန်ဆောင်မှုလုပ်ငန်း မော်လမြိုင်

28/07/2026

ကဲ မနက်ဖြန် ဝါဆိုလပြည့်နေ့

ရုံးတရက်ပိတ်တယ်နော်🤗

အရေးကြီးကိစရှိရင် ဖုန်းဆက်သွယ်လို့ရပါတယ်ရှင့်🤗

09965295162✅

Photos from One Stop Service Mawlamyine's post 28/07/2026

Passport အတွက် Online Book QRရက်ချိန်းလေး

အပ်နှံထားတာလေး တဖြတ်💙

Passport စလုပ်တော့မယ်ဆိုရင်
✅ Online QRအရင်ယူရပါတယ် ရက်ချိန်းရမှသာ ရတဲ့ရက်ချိန်း နေ့စွဲမှစ ၁လတိတိပြည့်တဲ့နေ့အထိ ရက်ပေါင်း ၃၀အတွင်း မိမိ အဆင်ပြေတဲ့ရက်ကို ရွေးပြီးသွားလုပ်လို့ရပါတယ် ( အစိုးရရုံးပိတ်ရက်တော့ မရပါဘူးရှင့်)
✅မိမိ ရုံးသိူ့သွားရောက်လုပ်ဆောင်မည့်နေ့တွင်
လုပ်ငန်းဆောင်ရွက်မည့်သူ၏ မှတ်ပုံတင် မူရင်းမိတ်တူ သန်းခေါင်စရင်း မူရင်းမိတ်တူ စမတ်ကတ် မူရင်း မိတ်တူ မိဘ မှတ်ပုံတင် မိတ်တူ ရပ်ကွက် ရဲစခန်းထောက်ခံစာ တို့ကို တပါတည်းယူဆောင်သွားရမည်ဖြစ်ပါသည်
✅ရုံးတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ရုံးမှ ​စာအုပ်လာထုတ်ယူရန် ရက်ချိန်းပြန်ပေးပါမည်

မပန်မှာတော့ Passport ပိုင်းဆိုင်ရာ အတွက် Online QR ရယူခြင်းဝန်ဆောင်မှုသာ ရရှိမည်ဖြစ်ပါသည်🤗
ကျန်တဲ့အပိုင်းတွေက လူကိုယ်တိုင် ရုံးမှာသွားရောက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်ရှင့်🤗

ကညနပိုင်း Passport QR ပိုင်းနှင့် မော်လမြိုင်မြို့တွင်း လိုအပ်တာရှိပါက အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါ တယ်ရှင့်

09965295162 (Mawlamyine)

28/07/2026

■ယာဉ်မှတ်ပုံတင်ရန် ငါးနှစ်သက်တမ်းကျော်လွန်နေသည့် ကယားပြည်နယ်အတွင်းရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ အထောက်အထားစုံလင်စွာ တင်ပြလာပါက ပြည်သူများ အဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်

ယာဉ်မှတ်ပုံတင်ရန် ငါးနှစ်သက်တမ်းကျော်လွန်နေသည့် ကယားပြည်နယ်အတွင်းရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ အထောက်အထားစုံလင်စွာ တင်ပြလာပါက ပြည်သူများ အဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားသည်။

ယနေ့ (ဇူလိုင် ၂၇ ရက်) ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကယားပြည်နယ် လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ရွှေကိုယ်စား ဒီမောဆိုမဲဆန္ဒနယ်မှ ဒေါ်မော်မော်ခိုင်က လွန်ခဲ့သော ၂၀၂၁ ခုနှစ်မှ ယခု ၂၀၂၆ ခုနှစ်အထိ ငါးနှစ်ကျော် သက်တမ်းလွန်နေသော မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို ပြန်လည်၍ ယာဉ်လိုင်စင် သက်တမ်းတိုးပေးနိုင်မှု အစီအစဉ်ရှိ မရှိ မေးခွန်းအား ပြန်လည်‌ဖြေကြားရာတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ထိုသို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ၂၀၂၀ ပုဒ်မ ၃၁ (က) ပုဒ်မခွဲ (၃) အရ မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်း ကုန်ဆုံးပြီးနောက် သက်တမ်းတိုးမှတ်ပုံတင်ခြင်း ဆောင်ရွက်ရန် တစ်ဆက်တစ်စပ်တည်း ငါးနှစ်ပျက်ကွက်ပါက မော်တော်ယာဉ်မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းရမယ်ဟု ပါရှိပါကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

သို့သော်လည်း နယ်မြေဒေသအခြေအနေများနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် မှတ်ပုံတင်သက်တမ်း ကျော်လွန်နေသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို မှတ်ပုံတင် ပြန်လည်လျှောက်ထားမည်ဆိုပါက ယာဉ်ပိုင်ရှင်များအနေဖြင့် တိုက်ပွဲရှောင်နေထိုင်ခဲ့သည့်ဒေသရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ခိုင်လုံသော ဧည့်စာရင်းထောက်ခံချက်၊ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များကို အမှန်တကယ် ပိုင်ဆိုင်မှုဖြစ်သည့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ မော်တော် ယာဉ်သက်သေခံလက်မှတ်တို့ကို တင်ပြစေပြီး မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စစ်ဆေးပြီး ယာဉ်နှင့် ယာဉ်မှတ်တမ်း မှန်ကန်မှုရှိပါက ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

"သို့ဖြစ်ပါ၍ ကယားပြည်နယ်အတွင်းရှိ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်စီးရေ ၂၇၅၅ စီး၊ မော်တော်ဆိုင်ကယ် ၂၉၆၆၅ စီး စုပေါင်း ၃၂၄၂၀ စီးအနက် ငါးနှစ်သက်တမ်းကျော်လွန်နေတဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် တွေကို အထက်ဖော်ပြပါ အထောက်အထားတွေ တင်ပြလာရင် ပြည်သူများ အဆင်ပြေစေရေးနဲ့ နစ်နာမှုမရှိစေ ရေးအတွက် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားသည်။

ထို့အပြင် မှတ်ပုံတင်သက်တမ်း ငါး‌နှစ်ကျော်လွန်မှုမရှိသေးသော ယာဉ်များကိုလည်း သက်တမ်းလွန်မှု မဖြစ်စေရေးအတွက် ယာဉ်နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ရုံး လွိုင်ကော်ကို မှတ်ပုံတင်လုပ်ငန်း လာရောက်ဆောင်ရွက်ရန်အတွက် ခက်ခဲ‌သည့်မြို့များအနေဖြင့် သက်တိုင်ရာ မြို့နယ်များ၌ရှိသော မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီက သက်တမ်းတိုးလိုသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များနှင့် သက်ဆိုင်သည့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ မှတ်ပုံတင်သက်သေခံလက်မှတ်များကို စုစည်း၍ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ရုံး လွိုင်ကော်ကို ပေးပို့လာပါကလည်း အထူးကိစ္စရပ်အနေဖြင် သက်တမ်းတိုးခြင်းကို ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ခွင့်ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားသည်။

#ကယားပြည်နယ် #ယာဉ်မှတ်ပုံတင် #ငါးနှစ်သက်တမ်း

27/07/2026

အုံနာဘုတ်အပျောက်အတွက် အလွယ်မှတ်ရအောင်…

(၁) ရဲစခန်းထောက်ခံစာယူ

(၂) ကညနကို စာရွက်အစုံနဲ့အပျောက်သွားလျှောက်

(၃) သတင်းစာကြော်ငြာထည့်ပြီး ၁လစောင့်

(၄) ပြောင်းလဲခြင်းbookingယူ ကညနပြန်သွား ယာဉ်စစ်

(၅) အုံနာဘုတ်ပြန်ထွက်

🔸နံပါတ်(၂)လိုအပ်ချက်အတွက်

- ရဲစခန်းထောက်ခံစာမူရင်း၊ မိတ္တူ
- မှတ်ပုံတင်မူရင်း၊ မိတ္တူ
- အိမ်ထောင်စုမူရင်း၊ မိတ္တူ
- အပျောက်လျှောက်ဖောင် (ကညနမှယူရန်)

🔸အမည်ပေါက်မဟုတ်တဲ့မိတ်ဆွေတွေက

- သတင်းစာကြော်ငြာထည့်ပြီး ၁လပြည့်ရင် အခွန်ဆောင်ရပါမယ်၊ ပြီးမှ ကညနမှာ အမည်ပြောင်း+အပျောက်လျှောက် ဆောင်ရွက်ရပါမယ်..

🔺သိ ချင်တာရှိပါက မေးမြန်းနိုင်ပါတယ်ရှင့်
ပန်ပန် ကညနဝန်ဆောင်မှုလုပ်ငန်း
09965295162

ော်ကွန်းကညနဝန်ဆောင်မှု

#ကားလိုင်စင်
#ယာဉ်လိုင်စင်
#သက်တမ်းတိုး

Photos from One Stop Service Mawlamyine's post 26/07/2026

လက်ထဲ ဘာလိုင်စင်မှမရှိသေးချိန် ကားမောင်း လိုင်စင်လိုချင်တယ်ဆိုရင်
💙ပထမဦးစွာ အမောင်းသင် လိုင်စင်လုပ်ရပါတယ်ရှင့်
💙အမောင်းသင်လိုင်စင် လုပ်ပြီး သက်တမ်း ၃လပြည့်ရင် ကားမောင်းလိုင်စင် လျှောက်လို့ရပါတယ်ရှင့်
💙သင်တန်း ၂ရက်ကို လူကိုယ်တိုင်လာတက်ရမှာဖြစ်ပြီး သင်တန်းကြာချိန်က ၁နာရီ ခွဲ ဝန်းကျင်လောက်ကြာပါမယ်ရှင့်
💙သင်တန်း ပထမရက်က ယာဥ်စည်းကမ်း လမ်းစည်းကမ်း ပို့ချချက်များကို နားထောင်ရမှာဖြစ်ပြီး
💙သင်တန်း ဒုတိယရက်မှာတော့ ရေးဖြေ မောင်းဖြေ ဖြေရမှာဖြစ်ပါတယ်
💙သင်တန်းတက်ရောက်ပြီး နောက်အပတ်ရဲ့ သောကြာနေ့လောက်ဆို လိုင်စင်ကတ်ရပါမယ်ရှင့်( မင့်ဆီမှာအပ်ရင်)

ကညနဝန်ဆောင်မှု များနှင့်ပတ်သက်၍သိလိုပါက 09965295162ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

Category

Website

Address

Mawlamyine
110101

Alerts

Be the first to know and let us send you an email when One Stop Service Mawlamyine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mawlamyine.