SISTER
SISTER wax Myanmar
23/09/2026
Wax ဆိုတာ အမွှေးရှင်းတာချင်းအတူတူပဲဆိုပြီး Hard Wax နဲ့ Cool Wax ကို နေရာမရွေး သုံးလို့ရတယ်လို့ ထင်နေတုန်းလား? 🙈
တကယ်တော့ အမွှေးအထူအပါး၊ အသားအရေ Sensitive ဖြစ်မှုနဲ့ Wax လုပ်မယ့်နေရာပေါ်မူတည်ပြီး သင့်တော်တဲ့ Wax အမျိုးအစားကို ရွေးသုံးပေးတာ ပိုကောင်းပါတယ်။
🌸 Sister Hard Wax
Hard Wax က အေးသွားတဲ့အခါ Wax ကိုယ်တိုင်မာလာပြီး Strip မလိုဘဲ ခွာနိုင်တဲ့ Wax အမျိုးအစားဖြစ်ပါတယ်။ နေရာသေးသေး၊ Sensitive ဖြစ်လွယ်တဲ့ Area နဲ့ အမွှေးကြမ်းတဲ့နေရာတွေမှာ အသုံးများပါတယ်။
👉 Underarm
👉 Bikini Line / Brazilian Area
👉 မျက်နှာပေါ်က အမွှေးများလို နေရာသေးသေးတွေ
🩵 Sister Cool Wax
Cool Wax ကတော့ Waxing Paper/Strip နဲ့တွဲပြီး အသုံးပြုရတဲ့ Wax အမျိုးအစားဖြစ်ပြီး Area ကျယ်ကျယ်မှာရှိတဲ့ အမွှေးတွေကို တစ်ခါတည်းရှင်းချင်တဲ့အခါ ပိုအဆင်ပြေပါတယ်။
👉 လက်မောင်း
👉 ခြေထောက်
👉 ကျော
👉 ဝမ်းဗိုက်လို Area ကျယ်တဲ့နေရာတွေ
ဒါကြောင့် Wax ဆိုပြီး တစ်မျိုးတည်း နေရာစုံသုံး
မလုပ်ဘဲ နေရာအလိုက် မှန်မှန်ရွေးသုံးပေးပါနော်။ 💕
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝟔𝟕𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟒𝟏𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭 & 𝟒𝟐𝐧𝐝 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐡𝐚𝐫𝐀𝐮𝐧𝐠𝐌𝐲𝐚𝐲 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩.
📞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗 𝟒𝟑𝟎 𝟕𝟑𝟓𝟐𝟎
15/09/2026
💕 First Date လေးမှာ မဂွမ်းစေဖို့ Sister Cool Wax လေးနဲ့ မလိုအပ်တဲ့အမွှေးတွေရှင်းကြစို့ 💥
First Date ဆိုတာ ရင်ခုန်ရသလောက် ပြင်ဆင်ရတာလည်း များတယ်နော်။
ဝတ်မယ့် Outfit ရွေးပြီးပြီ ✔️
ဆံပင်၊ Makeup အဆင်သင့် ✔️
Perfume လေးလည်း မွှေးနေပြီ ✔️
ဒါပေမယ့် မလိုအပ်တဲ့ အမွှေးလေးတွေ ရှင်းဖို့ရော မေ့နေတာလား? 👀
Sleeveless လေးဝတ်ထားပြီး လက်မြှောက်လိုက်တိုင်း သတိထားနေရတာ၊ ကိုယ့်ကိုယ်ကိုယ် Confidence မရှိဘဲ အနေကျုံ့နေရတာမျိုးဆို First Date ရဲ့ ရင်ခုန်စရာ Moment လေးတွေတောင် အပြည့်အဝ Enjoy မလုပ်နိုင်တော့ဘူးနော်။ 😩
ဒါကြောင့် Date မသွားခင် Sister Cool Wax လေးနဲ့ မလိုအပ်တဲ့ အမွှေးတွေကို သန့်သန့်ရှင်းရှင်း ဖယ်ရှားထားပြီး ယုံကြည်မှုအပြည့်အဝလေးပြင်ဆင်ပြီး သွားလိုက်ပါ။ 💗
သူ့အကြည့်ကို စိတ်ပူနေရမယ့်အစား…
ကိုယ့် Confidence နဲ့ သူ့အသည်းကိုပဲ ဖမ်းထားလိုက် 😌💘
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝟔𝟕𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟒𝟏𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭 & 𝟒𝟐𝐧𝐝 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐡𝐚𝐫𝐀𝐮𝐧𝐠𝐌𝐲𝐚𝐲 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩.
📞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗 𝟒𝟑𝟎 𝟕𝟑𝟓𝟐𝟎
12/09/2026
✈️ နိုင်ငံရပ်ခြားသွားတော့မယ်ဆို Sister လေးကို သယ်သွားဖို့ မမေ့ရဘူးနော် 🙄💗
ခရီးဆောင်အိတ်ထဲမှာ အဝတ်အစားတွေ၊ Skincare တွေ၊ Makeup တွေ အစုံထည့်ပြီးပြီ…
ဒါပေမယ့် ကိုယ့်ရဲ့ Self-care အတွက် Sister Wax လေးရော ပါပြီလား? 👀
နိုင်ငံရပ်ခြားရောက်မှ မလိုချင်တဲ့အမွှေးရှင်းချင်လာတဲ့အခါ Salon ရှာရ၊ စျေးကကြီး ၊Appointment ယူရ၊ ကိုယ်မသိတဲ့ Product တွေနဲ့ လုပ်ရတာထက် ကိုယ်သုံးနေကျ Sister Wax လေးကို တစ်ခါတည်း ထည့်သွားတာ ပိုအဆင်ပြေတာပေါ့။ 🧳✨
ခရီးသွားရင်း
💗 လက်၊ ခြေထောက် အမွှေးလေးတွေ ရှင်းချင်တဲ့အခါ
💗 Sleeveless လေးဝတ်ဖို့ Underarm ကို ရှင်းချင်တဲ့အခါ
💗 Beach Outfit၊ Dress လေးတွေ Confidence ရှိရှိ ဝတ်ချင်တဲ့အခါ
Sister Wax လေးရှိနေရင် ကိုယ့်အချိန်နဲ့ကိုယ် Self-care လုပ်လို့ရပြီ။
ခရီးထွက်တယ်ဆိုတာ နေရာအသစ်တွေကို သွားဖို့တင်မဟုတ်ဘူးနော်။ ကိုယ်ကြိုက်တဲ့ Outfit လေးတွေဝတ်ပြီး ဓာတ်ပုံတိုင်းမှာ Confidence ရှိရှိ လှနေဖို့လည်း အရေးကြီးတယ်။ 📸💕
ဒါကြောင့် နိုင်ငံရပ်ခြားသွားတော့မယ်ဆို
Passport ✔️
အဝတ်အစား ✔️
Skincare ✔️
Sister Wax ✔️
လေးတွေကိုပါ အပါသယ်ဖို့မမေ့ပါနဲ့နော်..
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝟔𝟕𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟒𝟏𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭 & 𝟒𝟐𝐧𝐝 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐡𝐚𝐫𝐀𝐮𝐧𝐠𝐌𝐲𝐚𝐲 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩.
📞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗 𝟒𝟑𝟎 𝟕𝟑𝟓𝟐𝟎
09/09/2026
🌧️ မိုးရာသီနဲ့ အမွှေးထူထူကြားက မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ “မှိုပိုးပြဿနာ” 😖
မိုးရာသီရောက်ပြီဆိုရင် ရာသီဥတုက စိုစွတ်၊ ချွေးထွက်လွယ်ပြီး လေဝင်လေထွက်နည်းတဲ့ နေရာတွေမှာ အစိုဓာတ်ပိုပြီး စုနေတတ်ပါတယ်။
အထူးသဖြင့် ချိုင်း၊ ပေါင်ခြံနဲ့ အရေပြားခေါက်နေရာတွေမှာ အမွှေးထူနေမယ်ဆိုရင် ချွေးနဲ့အစိုဓာတ်တွေ ကြာကြာကျန်နေနိုင်တာကြောင့် မှိုပိုးပေါက်ပွားဖို့ အဆင်ပြေတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာနိုင်ပါတယ်။ 🦠
အဲ့ဒီအခါ
▪️ ယားယံခြင်း
▪️ နီမြန်းခြင်း
▪️ အနံ့အသက်မကောင်းခြင်း
▪️ အရေပြားအဖုအပိန့်နဲ့ မအီမသာဖြစ်ခြင်းတွေ ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် မိုးရာသီမှာ အမွှေးရှင်းထားရုံနဲ့ မှိုပိုးကို အပြည့်အဝကာကွယ်နိုင်တာတော့ မဟုတ်ပေမယ့် ချိုင်းနဲ့ ပေါင်ခြံလိုနေရာတွေကို သန့်ရှင်းခြောက်သွေ့အောင်ထားတာ၊ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားဝတ်တာနဲ့ ကိုယ်နဲ့သင့်တော်တဲ့ Hair Removal နည်းလမ်းကို ရွေးချယ်တာက Hygiene ပိုကောင်းအောင် ကူညီပေးနိုင်ပါတယ်။ 💗
မကြာခဏယားယံတာ၊ နီရဲတာ၊ အရေပြားကွာတာမျိုး ဆက်ဖြစ်နေတယ်ဆိုရင်တော့ မှိုပိုးလို့ ကိုယ့်ဘာသာသတ်မှတ်ပြီး ဆေးလိမ်းမနေဘဲ ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးတာက ပိုသင့်တော်ပါတယ်နော်။
မိုးရာသီမှာ မိုးရေကိုပဲ ရှောင်နေလို့မရဘူး…
စိုစွတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ Skin Problem တွေကိုပါ ကြိုတင်ဂရုစိုက်ထားဖို့ လိုပါတယ်။ 🌧️✨
အဆင်လေး တယောက်လောက်
ထပ်ခန့်ခိုင်းမလို့..☺️
05/09/2026
💗 Sister Hard Wax လေးနဲ့ Brazilian Waxing လေးလုပ်ပြီးသောအခါ…
မိန်းကလေးတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ပေါ့ပါးသန့်ရှင်းနေချင်တဲ့ အချိန်တွေရှိတယ်မလား? ✨
Brazilian Waxing လုပ်တဲ့အခါ နာမှာကြောက်တာ၊ အရေပြားနီရဲမှာစိုးတာ၊ Wax ကပ်ပြီး အရေပြားကို ဆွဲနာမှာစိုးတာတွေကြောင့် လုပ်ဖို့တွန့်ဆုတ်နေတတ်ကြပါတယ်။
ဒါပေမယ့် Sister Hard Wax လေးနဲ့ဆိုရင် အမွှေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပြီး အသားအရေပေါ် အရမ်းကပ်ငြိနေစရာမလိုတာကြောင့် Sensitive Area တွေအတွက်လည်း သက်တောင့်သက်သာဖြစ်စေပါတယ်။ 💕
Brazilian Waxing လေးလုပ်ပြီးသွားတဲ့အခါ
✨ အသားအရေ ချောမွေ့သန့်ရှင်းပြီး ပေါ့ပါးတဲ့ခံစားချက်ရမယ်
✨ Shaving လုပ်သလို အမွှေးတိုတိုလေးတွေ ခဏခဏပြန်ထွက်လာတာကို လျော့စေမယ်
✨ ကိုယ်ကြိုက်တဲ့ Outfit လေးတွေ ဝတ်တဲ့အခါ Confidence ပိုရှိစေမယ်
✨ ကိုယ့်ကိုယ်ကိုယ် Care လုပ်ထားတဲ့ Fresh & Clean Feeling လေးရစေမယ်..
Waxing ဆိုတာ ကိုယ်တိုင်သက်တောင့်သက်သာရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ပေးဖို့အတွက်လည်း ဖြစ်ပါတယ်။ 🌷
ဒီတော့ Brazilian Waxing လုပ်မယ်ဆိုရင် Sister Hard Wax လေးနဲ့ Smooth ဖြစ်တဲ့ Feeling လေးကို ခံစားကြည့်ပါနော်။ 💗
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝟔𝟕𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟒𝟏𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭 & 𝟒𝟐𝐧𝐝 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐡𝐚𝐫𝐀𝐮𝐧𝐠𝐌𝐲𝐚𝐲 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩.
📞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗 𝟒𝟑𝟎 𝟕𝟑𝟓𝟐𝟎
02/09/2026
🎁 “မွှေးမွှေးလေး… အေးအေးလေး…” သူလေးက ဘယ်သူလဲ? 👀💗
Sister လေးနဲ့ Wax လုပ်ပြီးတိုင်း မပါမဖြစ် လိမ်းပေးရတဲ့မွှေးမွှေးလေးနဲ့ လိမ်းလိုက်တာနဲ့ အေးအေးလေး ခံစားရစေမယ့် သူလေး… 🌿✨
ဘူးလေးတစ်ဘူးလုံးတော့ မပြသေးဘူးနော် 🤭
Shape အရိပ်လေးပဲ ပြမယ်… 👤
Sister တို့ကတော့ မြင်တာနဲ့ ခန့်မှန်းနိုင်မလား? 😏
ဒီ Product လေးက ဘာလေးဖြစ်မလဲ? 💭
အဖြေမှန်ကို Comment မှာ ရေးခဲ့ပေးနော်။ 💬
🎁 အဖြေမှန်သူတွေထဲက ကံထူးရှင် (၃) ဦးကို လက်ဆောင်ပေးသွားမှာပါ။
သဲလွန်စလေးကတော့… 👀
Wax ပြီးတိုင်း Sister လေးတို့ရဲ့ After-Wax Routine မှာ မပါမဖြစ် ဖြစ်လာမယ့်သူလေး 💕
မွှေးတယ်… 🌸
အေးတယ်… ❄️
လိမ်းရတာလေး… 🤫
ကဲ… ဘူး Shape အရိပ်လေးကြည့်ပြီး ဘာ Product လေးလဲ ခန့်မှန်းခဲ့ကြပါဦး။ 🥰
24/08/2026
အမွှေးအမျှင်တွေကို ဘယ်လိုနည်းလမ်းနဲ့ ရှင်းလဲဖြေပါ… လက်ဆောင် ရယူပါ 💕
မိန်းကလေးတို့ရေ 💗 မလိုလားအပ်တဲ့ အမွှေးအမျှင်တွေကို ရှင်းတဲ့အခါ Cream သုံးလား၊ Razor သုံးလား၊ Wax လုပ်လား၊ Laser လုပ်လား? 👀✨
ကိုယ်အမြဲသုံးဖြစ်တဲ့ နည်းလမ်းလေးကို Comment မှာ ဖြေပေးရုံနဲ့ Sister က လက်ဆောင်လေးတွေ ပေးသွားမယ့် အစီအစဉ်လေး ရှိပါတယ်နော် 🎁🎁
ပါဝင်ရမယ့် Step by Step လေးကတော့ —
1. Sister Page ကို Like & Follow လုပ်ထားပါ 💗
2. ဒီ Post ကို Public နဲ့ Share ပေးပါ 🔄
3. “အမွှေးအမျှင်တွေကို ဘယ်နည်းလမ်းနဲ့ ရှင်းဖြစ်လဲ?” ဆိုတာ Comment မှာ ဖြေပေးပါ 💬
4. ကိုယ့်သူငယ်ချင်း (၃) ယောက်ကို Mention ခေါ်ပြီး အတူတူပါဝင်လိုက်ပါ 👭
5. အပေါ်က Step အားလုံးပြည့်စုံသူတွေထဲက ကံထူးရှင်ကို ရွေးချယ်ပြီး လက်ဆောင်လေးတွေပေးသွားပါမယ် 🎉💝
ဒါဆို မိန်းကလေးတို့က Cream / Razor / Wax / Laser ဘယ်နည်းလမ်းကို အများဆုံးသုံးဖြစ်ကြလဲ? 🤭
21/08/2026
🌴 Staycation လေးမှာ အလှဆုံးဖြစ်နေစေဖို့ ပူပေါင်းပေးမယ့် Sister လေး 💗
Staycation လေးထွက်မယ်ဆိုတော့ 👙✨
Swimsuit လှလှလေး၊ Outfit ချစ်စရာလေးတွေ ပြင်ဆင်ထားပြီးပြီလား?
မလိုလားအပ်တဲ့ အမွှေးလေးတွေကိုတော့ Sister နဲ့ တာဝန်ပေးလိုက်နော် 🤭💕
Pool Side မှာ Photo လှလှလေးတွေရိုက်မယ် 📸
ရေကူးရင်း ပျော်မယ် 🏊♀️
သူငယ်ချင်းတွေနဲ့ Chill မယ်ဆိုရင်
အမွှေးလေးတွေကြောင့် Confidence လျော့နေစရာ မလိုတော့ဘူးနော်။
Sister Wax လေးနဲ့ Skin လေးကို Smooth & Clean ဖြစ်အောင် ပြင်ဆင်ပြီး ကိုယ်ကြိုက်တဲ့ Swimsuit လေးကို ယုံကြည်မှုအပြည့်နဲ့ ဝတ်လိုက်ပါ 💖
Staycation ရဲ့ ပျော်စရာ Moment တိုင်းမှာ
✨ လှပမှု + ယုံကြည်မှု အပြည့်ရှိနေစေဖို့
Sister လေးက ပူပေါင်းပေးမယ်နော် 🫶🏻🌴💦
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝟔𝟕𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟒𝟏𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭 & 𝟒𝟐𝐧𝐝 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐡𝐚𝐫𝐀𝐮𝐧𝐠𝐌𝐲𝐚𝐲 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩.
📞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗 𝟒𝟑𝟎 𝟕𝟑𝟓𝟐𝟎
19/08/2026
ပိုက်ဆံအများကြီးသုံးစရာမလိုဘဲ Expensive Clean Girl လေးဖြစ်နေစေဖို့ လုပ်ဆောင်ရမယ့် အချက် (၅) ချက်
Expensive Look ဆိုတာ အဝတ်အစားဈေးကြီးတာထက် ကိုယ့်ကိုယ်ကို ဘယ်လောက်သပ်သပ်ရပ်ရပ် ထိန်းသိမ်းထားလဲဆိုတာက ပိုအရေးကြီးပါတယ်။ ✨
1. အသားအရေကို သန့်ရှင်းပြီး Glow ဖြစ်အောင် ထိန်းသိမ်းပါ 🫧
Clean Girl Look ရဲ့ အခြေခံက သန့်ရှင်းပြီး ကျန်းမာတဲ့အသားအရေ ပါ။
Skincare တွေအများကြီး ဝယ်စရာမလိုဘဲ ကိုယ့်အသားအရေနဲ့သင့်တော်တဲ့ Basic Skincare Routine တစ်ခုကို ပုံမှန်လုပ်ပေးပါ။✨
2.ဆံပင်ကို အမြဲသပ်သပ်ရပ်ရပ်ထားပါ 🎀
ဆံပင်ပုံစံက Overall Look ကို အများကြီးပြောင်းလဲစေပါတယ်။ဆံပင်ကို အမြဲသန့်ရှင်းထားပြီး မစေးကပ်နေစေအောင်မဖြစ် ထိန်းပေးပါ။
အရမ်းကြီး Styling မလုပ်ဘဲ Sleek Ponytail, Low Bun, Soft Waves လို ရိုးရှင်းတဲ့ပုံစံတွေကတောင် Elegant ဖြစ်စေပါတယ်။
3.အမွှေးအမျှင်တွေကို သန့်ရှင်းသပ်ရပ်အောင်ထားပါ 🤍
လက်၊ ခြေထောက်၊ ချိုင်းကြား စတဲ့နေရာတွေက အမွှေးအမျှင်တွေကို ကိုယ့်စိတ်ကြိုက် ပုံမှန် Grooming လုပ်ပေးတာက ကိုယ့်ကိုယ်ကို ပိုသန့်ရှင်းသပ်ရပ်ပြီး Confidence ရှိစေပါတယ်။
Clean Girl ဆိုတာ Makeup များတာထက် Personal Grooming ကောင်းတာကိုဆိုလိုတာပါ..
4.အဝတ်အစားကို ရိုးရိုးရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်ဝတ်ပါ 👗
Brand အဝတ်အစားတွေ အများကြီးမလိုပါဘူး။
အဖြူ၊ အမည်း၊ Cream လို Basic Color တွေနဲ့ ကိုယ့်ခန္ဓာကိုယ်နဲ့ Fit ဖြစ်တဲ့အဝတ်အစားတွေကို ရွေးဝတ်ပါ။ အဝတ်အစားကို မကြေအောင်မီးပူပုံမှန်တိုက်တဲ့အကျင့်လေးလုပ်ပါနော်..
5.အနံ့ကောင်းကောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနေပါ 🌸
Expensive Girl တစ်ယောက်ကို တွေ့လိုက်တဲ့အခါ အနံ့သင်းသင်းလေး ရတာကလည်း Impression ကောင်းစေပါတယ်။ ရေမွှေးဈေးကြီးကြီး မလိုပါဘူး။ ကိုယ်နဲ့လိုက်ဖက်တဲ့ Fresh & Clean Scent တစ်မျိုးကို ရွေးပြီး အလွန်အကျွံမဖြစ်အောင် အသုံးပြုပါ။
✨ နောက်ဆုံးအနေနဲ့…
Expensive Clean Girl ဖြစ်ဖို့ ပိုက်ဆံအများကြီး မလိုပါဘူးနော်..
သန့်ရှင်းမှု၊ Grooming၊ ရိုးရှင်းမှုနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်မှုတွေကပဲ ကိုယ့်ရဲ့ Look ကို ပိုပြီးတန်ဖိုးရှိသွားစေတာမို့ ဒီအချက်လေးတွေကို သေချာလိုက်လုပ်ကြည့်ပါနော်..
Contact the business
Telephone
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |