Shwe Sin Beauty

Shwe Sin Beauty

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Sin Beauty, Beauty, cosmetic & personal care, 84st/23×24bt. , Aungmyethazan Township, Mandalay.

Photos from Shwe Sin Beauty's post 08/05/2026

မနှစ်ကနွေရာသီတုန်းကဆို Taimur လေးကို
အတိုမဝတ်ပေးရဲဖူး ခြေထောက်မှာ ခြင်ကိုက်တာကို
ကုတ်ဖဲ့ထားတဲ့အမာရွတ်တွေ ရှိနေတာကိုး

အတိုဝတ်ပေးရင် ဟင် မျက်နှာတော့ ဖွေးဥပီး
ခြေထောက်မှာ အမာရွတ် ပွစိခတ်နေတာပဲဆိုပီး
ကွယ်ရာကြ အပြောခံရမှာ သိပ်ကြောက်လွန်းလို့
စပန့် ဘောင်းဘီအရှည်တွေပဲ ဝတ်ပေးခဲ့တာ

Taimur ခြင်ကိုက်တာကို ကုတ်ဖဲ့နေတုန်းကဆို
အမာရွတ် တခု တိုးတာနဲ့ ငိုချင်တာ
ကိုယ်က မကြည့်ရက်ဖူး
ကိုယ်မွေးထားတဲ့သားဆိုတော့
သူ့အစိတ်ပိုင်းတခုစီကို
သေချာ care ပီး ဂရုစိုက်ပေးတာကိုး
ဘာသုံးပေးရမှန်းမသိပဲ ယောင်ချာချာဖစ်နေချိန်

DMP body lotion ကို
အမတစ်ယောက်က သူ့သားလေးသုံးပေးတာ
၃ပတ်မပြည့်ခင်မှာ အမာရွတ်တွေသက်သာသွားတယ်ဆိုပီး review လေးပေးထားတာ
( ကလေးခြေထောက် ၂ပုံယှဉ်ပြထားတဲ့ပုံလေးက
အဲ့အမပုံလေးပါ ပုံလေး crd )

ကျမ DMP body lotion ပန်းကော
ခရမ်းကော သုံးပေးနေတော့
Lotion လိမ်းစရာကျန်နေသေးတာ နဲ့
အစိမ်းတော့ငါမသုံးပေးတော့ပါဖူးဆိုပီးနေနေတာ
Lotion တွေများနေပါမယ်ဆိုပီးပေါ့

Review တွေက မတအားတတ်လာတော့
ကဲကွာဆိုပီး ဖောက်လိမ်းပေးလိုက်တာ
ဘာဖစ်လဲဆို အသကုန်ကြိုက်သွားတာပေါ့ရှင် 🥹

၂ပတ်အတွင်း သူ့ခြေထောက်က အမာရွတ်လေးတွေ
သိသိသာသာမှိန်လာတာကိုတွေ့ရတယ်
အဲ့ချိန်ကျမလေ ထခုန်မတတ်ပျော်တာ🫢
သူ့အသားရည်လေးတွေဆို ဝင်းပီး သိသိသာသာစိုလာတယ်
အသားခြောက်ပီးယားတတ်တဲ့ကလေးတွေဆိုအတော်ကြီးအဆင်ပြေမှာ
နောက် အခုလို ဆောင်းတွင်းဘက်မှာ
သူ့ Texture က ပျစ်တော့လေ အဆင်ပြေတယ်
အသားခြောက်တာမျိုးလုံးဝမဖစ်ပဲ
လိမ်းပေးထားရင်အသားလေးတွေစိုပြောင်နေတာ
စေးကပ်ကပ်လုံးဝမဖစ်ဖူး
အရေပြား ကို တစ်ခုခု လိမ်းတိုင်း
မသိသာတဲ့ကလေးတွေဆို ဒါလေးသုံးကြည့်
အနံ့ကလည်း သင်းသင်းလေးနဲ့မွှေးတယ်
မွှေးတာကို မှ အီတာ မကြိုက်တဲ့သူဆို
အစိမ်းနံ့ကို ပိုကြိုက်ကြလိမ့်မယ်

မနှစ်က နွေရာသီမှာ ဘောင်းဘီ
အတိုမဝတ်ပေးရဲခဲ့သမျှ
ဒီနှစ်နွေကြရင် Taimur ကို ဘောင်းဘီ
အတိုပဲဆင်ပါမယ် 🫢

Bkk Quality အတိုင်းရချင်ရင်မှာလို့ရပါတယ်
instock 25 တွဲ လောက်ပဲ ရမယ်
480ml + 200 ml ကို
ကျွန်မစီမှာ 36000 နဲ့ 12တွဲပဲ ရမယ်

Photos from Shwe Sin Beauty's post 26/02/2026

Babi mild perfume ကို ကျမ လွန်ခဲ့တဲ့ တလက ရောင်းတော့ တဘူးထဲဝယ်သွားတဲ့အမက
ညီမလေးရယ် ကလေးအကျီိမှာ စွတ်ပေးလိုက်တာ
တနေကုန်ခံတာပဲဆိုပီးပြောလာတယ်
အမကို တစ်ရောင်တဘူးထပ်ပို့ပေးပါဆိုပီး
ထပ်မှာတာနဲ့ အမခနစောင့်
Dec ထဲ sale ချမှာ အဲ့ကြ ထပ်ဝယ်ပေးမယ်ဆိုပီး

အခု ဘူး 200 ဝယ်ထားတယ်

တဘူး 16000 နဲ့ယူပါ
3ဘူးယူမယ်ဆို 45000 နဲ့သာယူပါ

သူက twelve plus နဲ့ Collab လုပ်ပီး
ထုတ်ထားတာမို့ Baby mild Official ကမလို့
စိတ်ချလက်ချ သုံးပေးလို့ရပါတယ်

Inspired perfume မဟုတ်ပဲ အနံ့ကအစ Babi mild powder နဲ့ တစ်ထပ်ထဲ အနံ့ကလဲ သင်းသင်းလေး
ယဉ်ယဉ်လေးနဲ့ ဆွဲဆောင်မှု့အပြည့်ရသလို အနံ့လေး

ဒီperfume ကို ဘယ်လိုစသိလဲဆိုတော့
ကလေးအနံ့လေးတွေဆို ကြိုက်မိနေတာမလို့
ကိုယ်က သုံးဖို့ဆိုပီးဝယ်ထားတာ
အမဝမ်းကွဲက ပြန်ဝယ်သွားတယ်

သူ့သားလေးက KG အရွယ်ဆိုတော့
မတအားဆော့တယ် ချွေးစော်နံ့တယ်တဲ့
ဒါပေမယ့် ဒီperfumeကိုသုံးပေးတဲ့နေ့ဆို
ကျောင်းကပြန်လာတဲ့အထိ
အကျီမှာ အနံ့လေးမွှေးနေတုန်းပဲတဲ့
သူ့အမေက သုံးလက်စလေးကုန်တော့မှာမလို့
ကျမကိုထပ်လာရှာခိုင်းတော့
ကျမအဲ့လောက်အနံ့ကတနေကုန်ခံတဲ့အထိကောင်းတာလားဆိုပီး
တစ်ရောင်တဘူးဆီ
ငွေ၆သောင်းကျော်ရင်းပီးဝယ်လိုက်တာ
တကယ်ကိုမွှေးတာပါ

အနံ့၃ရောင်စလုံးကလေ ဘယ်အနံ့ကတော့
အကောင်းဆုံးပါလို့ ရွေးချယ်ရခက်တဲ့အထိ
မွှေးတယ်
နောက်တခုက အနံ့သင်းသင်းလေးနဲ့ တနေကုန်ခံတာ
အနံ့ ၃မျိုးစလုံးက စိတ်ကိုကြည်ပီး
fresh ဖြစ်စေတဲ့ အနံ့မျိုးနော်

အစိမ်း Biorganic လေးကြ
ယောက်ျားလေးတွေနဲ့ပိုပီးလိုက်ဖက်မယ်

ပန်းလေးက Sweety Pink လေးကြ
မိန်းခလေးတွေနဲ့လိုက်ဖက်မယ်
ချစ်စရာကောင်းပီး sweet ဖစ်စေသလိုအနံ့လေး

ခရမ်းက Double Milk လေးကြ
ဆယ်ကျော်သက် အမျိုးသမီးတွေတို့
မကြာခင် ၃၀ ပြည့်တော့မယ့်ကျမ
ကလေးအနံ့ကြိုက်နေတဲ့အမျိူးသမီးတွေနဲ့
လိုက်ဖက်တယ်

ကျမတော့ အိမ်ပြန်ရောက်ရင်
စိတ်ကို relax ဖစ်အောင်
ညဝတ်အိပ်မယ့်အကျီမှာ ဒါလေးဖြန်းပီး
ခြေလက်မျက်နှာဆေးကြောသန့်စင်ပီး
ဝတ်အိပ်လိုက်တယ်

06/11/2024

🍯 𝗚𝗶𝗳𝗳𝗮𝗿𝗶𝗻𝗲 𝗛𝗼𝗻𝗲𝘆 𝗔𝗰𝗻𝗲 𝗖𝗹𝗲𝗮𝗻𝘀𝗲𝗿 100ml-14000🐝

မနက်ပိုင်း သစ်ရင်အဆင်ပြေတဲ့
Cleanser အပျော့စားလေး

မနက် အိပ်ယာထချိန်ကြ တော်ရုံဂျီးမထူသေးတော့
ဒါလေးနဲ့သစ်ဖစ်တာ
ကိုယ်ကဝက်ခြံအဆီဖုသမားဆိုတော့
ဒါလေးက အတော်ကိုအဆင်ပြေတယ်
သူကလေ Gel type cleanserလေးဆိုပေမယ့်
အမြုတ်ထွက်အား ကောင်းပြီး အညစ်အကြေးတွေကို အတွင်းပိုင်းထိ ဖယ်ရှားသန့်စင်ပေးတာရယ်

ဝက်ခြံနဲ့ ဝက်ခြံကြောင့်ကျန်ရှိနေတဲ့ အမဲစက်နဲ့ အမာရွတ်များကိုသိသိသာသာ သက်သာစေတဲ့အပြင် ဝက်ခြံထပ်မထွက်အောင်ကာကွယ်ပေးပါတယ်ပေါ့နော်
သစ်ပြီးတာနဲ့ အသားခြောက်သွားတာမျိုးမဖြစ်ပဲ
နူးနူးညံ့ညံ့လေးနဲ့ စိုစိုပြေပြေလေးဖြစ်နေတာကတော့သူ့ရဲ့အားသာချက်လေးပေါ့....

အရင်လက်ဟောင်းဘူးကိုပဲရှာဝယ်ထားတာမလို့
ဘူး၂၀ပဲရပါမယ်နော်
လက်သစ်လို ပန်းအနံ့ပြင်းပြင်းရှရှကြီး
ဖစ်မနေပဲ မျက်နှာသစ်လိုက်ရင်
ပျားရည်နံ့သင်းသင်းလေးနဲ့ စိုစိုလေး ကျန်ခဲ့ပါတယ်နော်

💯%Authentic💥💥




#ပျားရည်မျက်နှာသစ်

Photos from Shwe Sin Beauty's post 02/11/2024

📌 မရူပါ Review ကြောင့် Search list မှာ Top ဖစ်နေတာလေးပါ
📌အများကြီးမရေးတော့ဖူးနော် အောက်က Review လေးမှာဘဲ ဖတ်ပြီး
တန်းမှာထားတော့နော်

📌အတွင်းအပြင် အမျိုးမျိူး၀တ်ကြလို့ တချို့ကြလဲဆိုဒ်ပါတဲ့ဟာကိုအထဲ၀တ်ကြတယ်

https://www.facebook.com/share/p/19qMGe2Vkm/

(Body shape ပေါ်အောင်၀တ်ရတာမို့ပေါင်ချိန်ထက်ကိုပိုတိုးမမှာကြနဲ့နော် ပုံမှန်ဆိုဒ်တိုင်းဘဲ မှာကြပါ)

အတန်ဆုံးဈေးနဲ့ တထည် #16500သာယူ📌

lb 80 to 100
lb 100 to 120
lb 120 to 140 < Large >
lb 140 to 155 < XL>

အရောင်ကတော့ - အနက်နဲ့ အသား 2ရောင်လာပါတယ်
အပေတေမခံချင်ရင် အနက်ယူ
အရောင်နုလေးတွေနဲ့၀တ်မယ်ဆို အသားရောင်ယူပါ

ရှုပ်တယ် တထည်စီသာယူထားနော်ဒီဈေးနဲ့က နှစ်ခါမရောင်း‌ောတ့ဖူး

> ယူမယ်ဆို Size/ အရောင်/ အရေတွက်လေးနဲ့ တွဲမန့်ပေးပါ
> cb လာရင် ကျန်မာစိူးလို့ မန့်ပေးကြပါနော် 📌

Pre order မို့ကြာချိန် တစ်လ ခွဲကျော်ပါမယ်ရှင့်
လမ်းခရီးဒီထက်ပိုကြာနိုင်ပါတယ်
ငွေကြိုမကောက်တာမို့စောင့်နိုင်မှ မှာပေးကြပါ
Cancel ❌ လုံး၀ လုံး၀မလုပ်ပေးပါ

Photos from Shwe Sin Beauty's post 24/10/2024

Arty loose preorder ရမယ်နော်..

အမကို မှာမယ်ဆို အရောင်နဲ့.. မန့်ခဲ့ပေး cb မှာဆို ကြာရင် ပျောက်သွားမှာဆိုးလို့..

တော်တော်တန်လို့ ယူထားနော်.. မယူဖြစ်ရင်နောင်တတွေရပြီ မျက်ရည်တွေ ဘူးသီးလုံးလောက်ကျသွားမယ်..🥲

တစ်ဘူး ၁၁၅၀၀ တဲ့ စျေးတန်လိုက်တာဆိုတာ..

ဘူးရေ ၂၂၀ ဝယ်ထားတာ ၂၀၀ လောက်ပဲ ကျန်တော့တယ်နော် ယူမယ်ဆိုလက်သွက်မှဖြစ်မယ်..

မထင်မှတ်ထားလောက်အောင်ကောင်းသောဆိုတာသူပဲ..

C1 အဝါဖောက် ရှယ်လှတဲ့ အရောင်လေး..

C2 အသားလတ်သမားအတွက် ညက်ညက်လေး အရောင်..

၂ မျိုးလုံး ရမယ် ..

အသားဖြူ အသားလတ်သမားထိပါ သုံးလို့ရတယ် အဝါဖောက်ညက်ညက်လေးအရောင်က..

အဆီပြန်တဲ့ သူ မိတ်ကပ်မကွက်ချင်ဘူး နေရာမရွေ့ချင်ဘူးဆို တစ်ဘူးတော့ဆောင်ထား..

စျေးက တစ်ဘူး ၁၁၅၀၀

အိမ်မှာ တစ်ခြားပေါင်ဒါတွေရှိပါတယ်ဆိုတာတောင် အိမ်ကညီမက ဒါဖောက်သုံးပါ ဆိုပြီးညွှန်းရလောက်အောက်ထိ ကိုကောင်းတာ ❤️

24/10/2024

Arty ကလေ preorder ကိုတော်တော်တန်တဲ့ စျေးနဲ့ ရထားလို့ ဝယ်ထားတယ်..

တို့တန်တယ်ဆို အတန်ဆုံးစျေးနဲ့ ရမှာကိုယုံထား..

ဒါမယ့်ခုလမ်းကြောင်းအခြေအနေနဲ့က စောင့်ရမှာမို့ ကြို မရောင်းသေးဘူး နော်.. ထိုင်းဘက် အိမ်ကိုရောက်ပြီး လမ်းအခြေ အနေကောင်းရင် တင်ပေးမယ်..

မျက်လုံးတောင် ပြူးသွားမယ် စျေးတန်ချက်က..

ကြိုဦးထားမယ်ဆို အရောင်နဲ့ မန့်ထားလို့ရတယ်..

Photos from Shwe Sin Beauty's post 12/10/2024

Twit hair vitamin -7000

Exp date 1လ ကျန်ပါသေးတယ်နော်

ဆံပင်အရမ်းကျွတ်တဲ့ သူလေးတွေအတွက်မရှိမဖြစ်လေး❤️
မင်ကိုယ်တိုင် သောက်နေတာ အတော်ကောင်းတယ် သဲတို့
ဆံပင်ကျွတ်လဲ သက်သာပြီး ဆံပင်လဲ အရမ်းအရှည်မြန်လာတာ🥹
မင်ဆို ညှပ်ချင်တာတောင် နှမြောလို့ ထိန်းထားရတယ်😂

100% vegan မို့ လူမျိုးဘာသာမ​​​ရွေး​သောက်သုံးနိုင်ပါတယ်

ဝါးစားလို့ရတဲ့ ဂျယ်လီလိုအတုံး​လေးက ဆံသားကို
ပိုမိုကျန်းမာ သန်စွမ်း​စေမှာပါ​နော်

-ဆံပင် အရှည် မြန်စေတယ်
-ဆံပင် ကျွတ်တာ သိသိသာသာ သက်သာစေတယ်
-Damage hair တွေကို Repair လုပ်ပေးတာမို့
ဆံသားပျက်စီးနေတာတွေ ပြန်လည် ကောင်းမွန် လာစေတယ်
-ဆံသားကို တောက်ပြောင်ပြီး အစိုဓတ်ဖြည့်ပေးတယ်

💥ဆံပင်အတွက် သီးသန့် ပါရှင့်

အစာနဲ့ ၂ နာရီခြားပြီး စားပါ ရေများများသောက်ပေးပါ

စပျစ်အရသာလေးနဲ့ ချိူချဉ်လို ဝါးစားယုံပဲမို့
အပန်းမကြီးပဲ လှရမဲ့ဟာလေးပါနော်

Twit Brand က နာမည်ကြီး ပဲမို့ စိတ်ချလက်ချ သောက်လို့ရပါတယ်❤️

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address

84st/23×24bt. , Aungmyethazan Township
Mandalay