Khin Herbal Shampoo

Khin Herbal Shampoo

Share

Belong with True Nature!

29/07/2026

ဝါဆိုမိုးနဲ့အတူ အေးမြဆန်းသစ်လာတဲ့ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခါသမယမှာ မိဘပြည်သူများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း "Khin Herbal Shampoo" မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ် 🙏

08/12/2023

ဆံပင်တွေ ဘာကြောင့် ကျွတ်ရတာလဲ?

❗ဆံပင်ကျွတ်တယ်ဆိုတာ ကုသလို့မရပါဘူး။ ဒါပေမယ့် သက်သာလျော့ပါးအောင်တော့ လုပ်နိုင်ပါတယ်။

နေ့ရက်တိုင်းမှာ လူတိုင်း ဆံပင်အချောင်း 100 လောက်စီ ကျွတ်တက်ကြပါတယ်။ ဒါက စိတ်အရမ်းကြီးပူစရာတော့မလိုပါဘူး 🤗

- နေထိုင်မကောင်းဖြစ်လို့ ကျန်းမာရေးမကောင်းတဲ့အခါမျိုးတွေမှာလည်း ဆံပင်ကျွတ်တတ်ပါတယ်။

- နောက်ပြီး အာဟာရဓာတ်တွေချို့ယွင်းနေရင်လည်း ဆံပင်ကျွတ်တတ်သလို မျိုးရိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

- တစ်ချို့သူတွေမှာတော့ ဆံပင်ပိုကျွတ်တတ်တဲ့ကာလတစ်ခုရှိတတ်ကြပါသေးတယ်ရှင့် 🤗

နောက်ထပ် ဆံပင်ကျွတ်ရတဲ့ ပြဿနာတွေကတော့ 👇

💁‍♀️ ဗောက်ထတဲ့ပြဿနာတွေ ကြုံရချိန်၊
💁‍♀️ စိတ်ဖိစီးမှုဝေဒနာတွေ ကြုံရတဲ့အချိန်၊
💁‍♀️ ကျန်းမာရေးပြဿနာတွေ ခံစားရတဲ့အချိန်တွေမှာ ဆံပင်တွေ ကျွတ်တတ်ပါတယ်။

♨️ Diet လုပ်တာကြောင့်လည်း ဆံပင်ကျွတ်စေတယ်။

နောက်ပြီး အမျိူးသမီးများ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်တွေမှာလည်း ဆံပင်တွေကျွတ်တတ်သလို ပဋိသန္ဓေတားဆေး မှီဝှဲနေချိန်၊ သွေးဆုံးချိန်တွေမှာဖြစ်နိုင်ပါတယ်နော် 😌

ဒါဆို ဆံပင်ကျွတ်တာတွေ သက်သာအောင် ဘယ်လို ဖြေရှင်းနိုင်မလဲ 🤷‍♀️

🧏‍♀️ ခေါင်းကို ခဏခဏ မကုတ်ပါနဲ့။ လက်သည်းတွေကြောင့် ဆံသားကိုထိခိုက်ပြီး ဆံပင်တွေကျွတ်တတ်ပါတယ်။

🧏‍♀️ ခေါင်းကို သန့်ရှင်းအောင်ထားပါ။ ခေါင်းမသန့်ရှင်းတဲ့အခါ ဗောက်တွေထပြီး ယားယံမှုတွေဖြစ်စေပြီး ဆံပင်အတွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

🧏‍♀️ ရေနွေးနွေးနဲ့ လျှော်ပါ။ ရေနွေးနွေးလေးနဲ့ လျှော်ပေးတာက ဉီးရေပြားကို လန်းဆန်းစေသလို ဆံပင်ကိုလည်း ကျန်းမာစေပါတယ်။

🧏‍♀️ ဆံပင်ကို ပုံမှန်ဖြီးပါ။ ရှုပ်ပွနေတဲ့ဆံပင်တွေက ဆံပင်ကျွတ်ခြင်းကို လောင်စာပေးနေသလိုပါပဲ။

🧏‍♀️ ခေါင်းလျှော်တဲ့အခါ Shampoo ကောင်းကောင်းလေးတွေသုံးပါ။ ဉပမာ - ခင်နံ့သာပေါင်း ခေါင်းလျှော်ရည်ပေါ့ 😍

ကဲ...ဒီလောက်ဆို ဆံပင်ကျွတ်တတ်တဲ့ ပြဿနာတွေကိုသိပြီးဖြစ်သလို ဆံပင်ကျွတ်တာတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာလည်း သိပြီးကြပြီလို့ ထင်ပါတယ်နော်။

ကျန်းမာပြီး သန်စွမ်းတဲ့ ဆံကေသာလေးတွေကိုလည်း ပို်င်ဆိုင်နိုင်ကြပါစေရှင့် 😘❤️

သဘောကျတယ်ဆိုရင် Like and Share လေးတွေလည်း လုပ်ပေးသွား​က ပါဉီးနော် 🙆‍♀️

#ဆံပင်ဘာကြောင့်ကျွတ်တာလဲ #ဆံပင် #ခင်နံ့သာသဘာဝခေါင်းလျှော်ရည်

31/10/2023

ခင်နံ့သာ သဘာဝခေါင်းလျှော်ရည်ကို ဘာကြောင့် သုံးသင့်တာလဲ?

သာမန်ခေါင်းလျှော်ရည်တွေလိုမဟုတ်ပဲ သဘာဝ Organic ကုန်ကြမ်းတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာမို့ ဉီးရေပြားနဲ့ ဆံပင်တွေအတွက် အများကြီး အထောက်အကူဖြစ်စေတယ်လေ😘

ခင်နံ့သာခေါင်းလျှော်ရည်ကို ပုံမှန်စွဲသုံးကြည့်မယ်ဆိုရင်

▫️ဆံကေသာကို နက်မှောင်သန်စွမ်းခြင်း၊
▫️ဆံပင်သန်ခြင်း၊
▫️ဗောက်ထတာတွေ သက်သာလျှော့ပါးစေခြင်း၊
▫️စေးကပ်ကပ်မရှိခြင်း၊
▫️ဆံပင်ကျွတ်တာ သက်သာစေခြင်း၊
▫️ဆံပင်နှစ်ခွဖြစ်တာတွေသက်သာစေခြင်း၊
▫️ယားယံမှုတွေ မရှိတော့ခြင်း၊

စတဲ့စတဲ့ အကျိုးကျေးဇူးတွေကို ပိုင်ဆိုင်နိုင်မှာပါနော်။

နောက်ပြီး Local Brand လေးမို့ ပိုလို့တောင် အားပေးကြည့်သင့်တာပေါ့🥰

ဒါကြောင့် ဆံကေသာချစ်တဲ့သူ တန်ဖိုးထားတဲ့သူဆိုရင် အခုပဲ Page Messenger ကနေ ဆက်သွယ်မှာယူထားလိုက်တော့နော်။

လက်လီလက်ကားလည်း မှာယူနိုင်ပါပြီရှင့်🙆
#ဆံပင်ကောက်ခြင်း #ခေါင်းလျှော်ရည်

19/10/2023

လှချင်လို့ ဆံပင်ကောက်ပါတယ်ဆို ဆံပင်ကောက်မိပြီးကာမှ နောင်တရတတ်ကြတဲ့သူတွေရှိပါတယ်🤦‍♀

ဆံပင်ကောက်ပြီဆို အနည်းနဲ့ အများတော့ ဆံပင်ပျက်စီးပါတယ်။ အဲ့အတွက် ဆံပင်မကောက်ခင် သိထားရမယ့်အချက်တွေကို Khin Herbal က ဖော်ပြပေးလိုက်ပါတယ်💁‍♀

1⃣အရင်ဆုံး ကိုယ့်ဆံပင်အကြောင်းကိုယ်သိထားပါ။

ဆံပင်ကောက်မယ် ရည်ရွယ်ထားရင် ဆံပင်အတွက် လိုအပ်တဲ့ Hair Care Product တွေ ဝယ်ထားဖို့လိုပါတယ်။ Spare, ဆံပင်ပျော့ဆေး၊ ပေါင်းဆေးတွေအပြင် ရှန်ပူကအစ ကိုယ့်ဆံပင်နဲ့လိုက်တာတွေ ဝယ်ထားဖို့လိုပါတယ်။

2⃣ဆိုင်သေချာရွေးပါ။

ကိုယ်ကောက်ချင်တဲ့ပုံစံအတိုင်းလုပ်ပေးနိုင်တဲ့ဆိုင်ကို သေချာ​ရွေးတတ်ဖို့လိုပါတယ်။ တော်ကြာ ပြောတဲ့အတိုင်းမဖြစ်ရင် ခုတ်ရာတစ်ခြား ရှရာတစ်လွဲဖြစ်နေရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရင်နာရမှာပါ။

3⃣နောက်ဆက်တွဲလုပ်ရတာတွေ သိထားပါ။

ဆံပင်ကောက်ပြီးတဲ့အခါ ဆံသားက အပူကြောင့် ကြမ်းသွားတတ်ပါတယ်။ အဲ့အတွက် လိုချင်တဲ့ပျော့ပျော့လေးဖြစ်အောင် ထိန်းသိ်မ်းတတ်ဖို့လည်းလိုပါတယ်။ ခေါင်းလျှော်တိုင်း ဆံပင်ပျော့ဆေးသုံးတာ၊ တစ်လနှစ်ကြိမ်လောက် ဆံပင်ပေါင်းတင်တာလေးတွေ လုပ်သင့်ပါတယ်။

အပေါ်က အချက်လေးတွေကတော့ ဆံပင်မကောက်ခင် သိထားရမယ့်အချက်လေးတွေပဲ ဖြစ်ပါတယ်။ ကောင်းတဲ့အချက်ကတော့ ဆံပင်ကို ပိုပြီးဂရုစိုက်တတ်လာစေပါတယ်နော်😊

ဆံပင်လေးတွေ အမြဲသန်မာပြီး ပျော့ပျောင်းနက်မှောင်ဖို့ဆိုရင်တော့ ခေါင်းလျှော်တိုင်း Khin Herbal လေးသုံးကြည့်ဖို့လည်း အကြံပေးလိုက်ပါတယ်နော်😘

#ဆံပင်ကောက်ခြင်း #ခေါင်းလျှော်ရည်

14/10/2023

Post တွေမတင်ခဲ့တာ ကြာပြီမို့ ခင်နံ့သာ သဘာဝ ခေါင်းလျှော်ရည်လေးအကြောင်းကို မိတ်ဟောင်းမိတ်သစ်တွေအားလုံးကို ပြန်ပြီး မိတ်ဆက်ပေးပါရစေရှင့်😘

ခင်နံ့သာ သဘာဝခေါင်းလျှော်ရည်ဆိုတာ သဘာဝကုန်ကြမ်းစစ်စစ်တွေနဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်လေးပဲ ဖြစ်ပါတယ်။

ပါဝင်တဲ့ သဘာဝကုန်ကြမ်းတွေက -

📌ရှားစောင်းလတ်ပတ်၊ ကြိတ်မှန်၊ ရဲယို၊ ကင်ပွန်း၊ ကွမ်းရွက်၊ တမာ၊ နံ့သာ၊ ရှောက်သီး၊ ဇီးဖြူ တို့ပါဝင်သလို
📌Jojoba Oil,Olive Oil, Caster Oil, Vitamin E တို့လည်း လုံလောက်စွာ ရောနှောဖြည့်စွက်ထားပါတယ်။

ဒါကြောင့် အသုံးပြုတဲ့ ဘယ်သူမဆို ဆံပင်ရဲ့ ကောင်းခြင်းအကျိုးကို ခံစားပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ💁

သုံးဖူးတဲ့သူတွေလည်း သိပ်ကြိုက်ခဲ့တာ “ခင်နံ့သာ” သဘာဝခေါင်းလျှော်ရည်လေးပါနော်

မိုးတွင်းမို့ ခေါင်းလျှော်လည်း ခဏလေးနဲ့ ဗောက်ထတာ၊ ဆံပင်က နှစ်ခွဖြစ်လို့ ဘယ်ခေါင်းလျှော်ရည်နဲ့မှ အဆင်မပြေတာ၊ ဆံသားက မသန်စွမ်းတာမျိုးမို့ ခေါင်းလျှော်ရည်ကောင်းကောင်းလေးရှာနေတာဆိုရင် “ခင်နံသာ”သဘာဝခေါင်းလျှော်ရည်လေးကို စမ်းသုံးကြည့်စေချင်ပါတယ်နော်🙆

ခင်နံ့သာ ခေါင်းလျှော်ရည်လေးကို နီးစပ်ရာ ကိုယ်စားလှယ်တွေဆီကနေ ဝယ်သုံးနိုင်သလို Page Messenger ကနေလည်း စုံစမ်းဝယ်ယူနိုင်ပါတယ်ရှင့်။

မန္တလေးမြို့တွင်းဆို အိမ်အရောက် ‌ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်။ တစ်ခြားမြို့နယ်တွေဆိုရင်တော့ နီးစပ်ရာကားဂိတ်တွေကနေ တစ်ဆင့်ပို့ပေးပါတယ်ရှင့်။

11/10/2023

ဆံပင်မကျွတ်၊ ဗောက်မထ၊ နက်မှောင်သန်စွမ်းတဲ့ ပျိုမေတို့ရဲ့ ဆံကေသာအတွက် သဘာဝတရားကြီးကရတဲ့ အထူးလက်ဆောင်လေးရှိပါတယ်😊

ဆံပင်အရှည်ထားတယ်ဆိုတာ ဆံပင်ကို မြတ်နိုးတန်ဖိုးထားလွန်းလို့ပါနော်။ ဒီကြားထဲ ဆံပင်ကို အချိန်ပေးရတာတွေလည်း အများကြီးပါပဲ။ တော်ရုံစိတ်မရှည်တဲ့သူဆို နည်းနည်းလေးရှည်လာရင်တောင် ညှပ်ပစ်လိုက်ကြတာပါ။။

ဒီတော့ ဆံပင်ချစ်သူတွေအတွက် သဘာဝတရားကြီးကလည်း လိုချင်တဲ့အလှကို ပေးဖို့အသင့်ပါပဲ။

💁Khin Harble ခင်နံ့သာခေါင်းလျှော်ရည်ဆိုတာ သဘာဝကြီးဆီကရတဲ့ သဘာဝကုန်ကြမ်းတွေကို အချိုးကျ ပေါင်းစပ်ထုတ်လုပ်ထားပြီး ပျိုမေတို့ရဲ့ ဆံကေသာအတွက် လိုအပ်တာတွေကို ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

💁Organic ကုန်ကြမ်းတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ ဆံသားနဲ့ ဦးရေပြားကိုလည်း ထိခိုက်မှုမရှိစေပါဘူး။

💁ပါဝင်ပစ္စည်းတွေများပြားပြီး တစ်ခါလျှော်ဖူးတာနဲ့ ဘယ်လိုခံစားရလဲဆိုတာကိုလည်း သုံးကြည့်ဖူးသူတွေ အသိပါပဲ။ စေးကပ်ကပ်ကျန်တာ ဓာတ်မတည့်တာမျိုးတွေလည်း မရှိပါဘူး😘

တစ်ခါမှ မသုံးဖူးသေးလို့ စမ်းသုံးကြည့်ဖို့ဆိုရင်တော့ Page Messenger ကနေ အသေးစိတ် စုံစမ်းနိုင်ပါတယ်နော်။

🚴‍♀️လက်လီ၊ လက်ကားလည်း ဝယ်ယူနိုင်ပါတယ်ရှင့်။ တစ်မြို့မှာ ကိုယ်စားလှယ်သုံးဦးလောက်သာ ထားမှာမို့လို့ စိတ်ဝင်စားရင် မြန်မြန်လေးဦးအောင် ချိတ်ထားဖို့တော့ လိုပါမယ်။

22/09/2023

မကြာခင်အသစ်ထွက်လာမယ့် Product လေးကို ခန့်မှန်းရင်း ဆုလက်ဆောင်တွေယူကြမယ်🥳

ချစ်သော ခင့်ရဲ့ ကာကာလေးတို့ရေ သိပ်မကြာခင်မှာပဲ ခင့်ရဲ့ ဒုတိယ Product လေးတစ်ခုကို Release လုပ်ပေးတော့မှာပဲဖြစ်ပါတယ်ရှင့်🤩

နောက်ထွက်လာမယ့် ခင့်ရဲ့ Product လေးက ဘာပစ္စည်းလဲဆိုတာ ခန့်မှန်းရင်း ဆုလက်ဆောင်လေးတွေ ရယူလိုက်ကြရအောင်နော်။

နေ့စဥ်သုံး Body Care လေးတစ်ခုဖြစ်ပြီး (အနံ့ဆို အနံ့သင်းတဲ့အကြောင်း/ အားသာချက်တစ်ခုချပြ) စေတဲ့ ပစ္စည်းလေးပဲဖြစ်ပါတယ်။

ခင် Hint ပေးတာတော့ များသွားပြီနော်။ဒါဆို ခင့်ရဲ့ကာကာလေးတွေပဲ ခန့်မှန်းပြီး ဆုလက်ဆောင်ရယူဖို့ကျန်တော့တာပေါ့😊

ဆုလက်ဆောင်တွေကတော့
❤️ပထမဆုံး အဖြေမှန်သူကို ခင်ရဲ့လူကြိုက်များပြီးသားဖြစ်တဲ့ “ခင်” နံ့သာ ခေါင်းလျှော်ရည်

❤️ဒုတိယ အဖြေမှန်သူကို ခင့်ရဲ့ အခုထွက်ရှိမယ့် Product အသစ်လေး နဲ့

❤️တတိယ အဖြေမှန်သူကိုတော့ ဖုန်းဘေ (5,000) ဆုလက်ဆောင် ပေးသွားမှာပဲ ဖြစ်ပါတယ်။

အဖြေမှန်သူကို သုံးယောက်ထိရွေးပေးသွားမှာဖြစ်ပြီး နောက်ဆိုရင်လည်း ခင့်ရဲ့ကာကာတွေအတွက် ပိုကောင်းတဲ့ ဆုလက်ဆောင်တွေပေးသွားမှာဖြစ်လို့ Page ကို Like & Follow လုပ်ထားဖို့တော့ မမေ့နဲ့နော်💁

12/07/2022

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့..🙏🙏🙏🌷🌷🌷🌷🌷..

🙏ယနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ဖြစ်ပါတယ်။....

😍“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြက်သံချိုလဝါဆို" အခါသမယမှာကျန်းမာချမ်းသာလိုရာပြည့်ကြပါစေ

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့
#ခင်Shampoo

Category

Telephone

Website

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Khin Herbal Shampoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.