HM skincare Myanmar Mandalay
အလှပရေးရာနှင့် ဗဟုသုတများ
05/08/2026
မြို့သစ်က ညီမချောလေး ဆီ HM Soap
ပို့လိုက်ပါပြီ 🧼
05/08/2026
သဘာဝကပေးတဲ့ အလှတရားတွေထဲမှာ ဆိတ်နို့နဲ့ ပုလဲမှုန့်က အသားအရေကို ဖြူဝင်းကြည်လင်စေတဲ့ နေရာမှာ နာမည်ကြီးတယ်ဆိုတာ သိပြီးသား ဖြစ်မှာပါနော် ... 🤔
ဒီလို တန်ဖိုးရှိတဲ့ သဘာဝပစ္စည်း နှစ်မျိုးစလုံးရဲ့ အာနိသင်တွေကို တစ်ခဲတည်းနဲ့ အပြည့်အဝ ရရှိစေဖို့ 𝐇𝐌 ရဲ့ Handmade Soap လေးနဲ့ မိတ်ဆက်ပေးပါရစေ ... 💁♀️
ဒီဆပ်ပြာလေးထဲမှာ ပါဝင်တဲ့ သဘာဝပစ္စည်းတွေက အသားအရေအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်လဲဆိုရင်တော့ ...
🐐 Goat Milk (ဆိတ်နို့)
ဆိတ်နို့မှာ ပါဝင်တဲ့ Lactic Acid က မျက်နှာပေါ်က ဆဲလ်သေတွေကို ညင်သာစွာ ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ ဒါ့အပြင် အသားအရေအတွက် လိုအပ်တဲ့ အာဟာရနဲ့ ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးလို့ မျက်နှာသစ်ပြီးတိုင်း ခြောက်ကပ်ကပ်ကြီး လုံးဝ မဖြစ်စေပါဘူး။
🦪 Pearl Powder (ပုလဲမှုန့်)
ရှေးယခင်ကတည်းက နန်းတွင်းသုံး အလှပြင်ပစ္စည်းအဖြစ် နာမည်ကြီးတဲ့ ပုလဲမှုန့်က အသားအရေကို သဘာဝအတိုင်း ဖြူဝင်းလာစေပါတယ်။ အမဲစက်၊ တင်းတိပ်နဲ့ အမာရွတ်တွေကို သိသိသာသာ ပါးလျော့စေပြီး အရောင်မညီတဲ့ အသားအရေကို ညှိပေးကာ ကြည်လင်တောက်ပစေပါတယ်။
ဒီ သဘာဝပစ္စည်းတွေ ပေါင်းစပ်ပါဝင်တဲ့ HM Handmade Soap လေးနဲ့ နေ့စဉ် မျက်နှာသစ်ပေးမယ်ဆိုရင် ညစ်နွမ်းနေတဲ့ အသားအရေတွေ ပြန်လည်လန်းဆန်းလာပြီး အမြဲတမ်း ကျန်းမာ စိုပြည်ကာ ဝင်းလက်တောက်ပနေစေမှာ အသေအချာပါပဲနော် ... ✨
ကိုယ့်အသားအရေနဲ့ အသင့်တော်ဆုံးဖြစ်မယ့် Skincare Routine လေးတွေကို အသေးစိတ် သိချင်တယ်ဆိုရင်တော့ 𝐇𝐌 𝐒𝐊𝐈𝐍𝐂𝐀𝐑𝐄 𝐌𝐘𝐀𝐍𝐌𝐀𝐑 ရဲ့ Page Messenger မှာ အချိန်မရွေး လာရောက် အခမဲ့ ဆွေးနွေးတိုင်ပင်လို့ ရပါတယ်ရှင်။ 💌
05/08/2026
☔☔☔ရန်ကုန်မြို့သို့ 125000ဖိုး အိမ်ရောက် ပို့လိုက်တဲ့ HM Skincare 1set🍀🍀🍀🍀🍀
#မယုက မန္တလေးမြို့ကပါ HM skincare မှာယူလို့ပါက 09863446675သို့ တိုက်ရိုက်ဆက်သွယ်မှာလို့ရပါတယ် ။
/Messenger ကနေလည်း ဆက်သွယ်မှာယူလို့ရပါတယ်ရှင့်။
05/08/2026
မနက်လင်းပြီဆိုတာနဲ့ အလုပ်သွားဖို့၊ ကျောင်းသွားဖို့ ပြင်ဆင်ရတာနဲ့တင် အချိန်တွေ လုနေရပြီမလား ...?
ဒါဆိုရင် မနက်ခင်းပိုင်းမှာ ကိုယ့်ရဲ့ မျက်နှာလေး တစ်နေ့တာလုံး ကျန်းမာ စိုပြည် နေစေဖို့ Skincare လိမ်းတဲ့အခါ အချိန်ဘယ်လောက်တောင် ပေးဖြစ်လဲဆိုတာလေးကို အချင်းချင်း မျှဝေကြည့်ရအောင်နော် ... 💁♀️
⏰ (၅) မိနစ် Team
မနက်အိပ်ရာထ နောက်ကျလို့ပဲဖြစ်ဖြစ်၊ အချိန်သိပ်မရှိလို့ပဲဖြစ်ဖြစ် မျက်နှာသစ်၊ Toner လေးပုတ်၊ Moisturizer နဲ့ Sunscreen လေးကို ကမန်းကတန်း လိမ်းပြီး (၅) မိနစ်အတွင်း အမြန်အပြီးသတ်ရတဲ့ သူလေးတွေလား ...?
⏳ (၂၀) မိနစ် Team
ဒါမှမဟုတ် မနက်စောစောထ၊ အေးအေးဆေးဆေး အချိန်ယူပြီး Cleanser, Toner, Essence, Cream နဲ့ Sunscreen အစရှိတဲ့ ကိုယ့်ရဲ့ Skincare Routine အဆင့်ဆင့်ကို ဖြည်းဖြည်းချင်း အသားထဲစိမ့်ဝင်အောင် မိနစ် (၂၀) လောက် အချိန်ပေးပြီး သေချာလိမ်းတတ်တဲ့ သူလေးတွေလား ...?
ကဲ ... သဲလေးတို့ကရော ဘယ် Team ထဲမှာ ပါလဲဆိုတာကို ဒီ Post ရဲ့ Comment မှာ ဝင်ရောက် ဆွေးနွေးပေးသွားကြပါဦးနော် ... 💁♀️
အချိန်တိုတိုနဲ့ ထိရောက်မှုရှိချင်တဲ့ သူတွေအတွက်ပဲဖြစ်ဖြစ်၊ အချိန်ယူပြီး သေချာလေး ပြုစုယုယချင်တဲ့ သူတွေအတွက်ပဲဖြစ်ဖြစ် 𝐇𝐌 𝐒𝐊𝐈𝐍𝐂𝐀𝐑𝐄 𝐌𝐘𝐀𝐍𝐌𝐀𝐑 မှာ ကိုယ့်ရဲ့ အသားအရေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် သဘာဝ Product လေးတွေ အစုံအလင် ရှိနေပါတယ်ရှင်။ ✨
ကိုယ့်ရဲ့ လက်ရှိ Skin Type နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် Skincare Routine လေးတွေကို သေချာ ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ 𝐇𝐌 𝐒𝐊𝐈𝐍𝐂𝐀𝐑𝐄 𝐌𝐘𝐀𝐍𝐌𝐀𝐑 ရဲ့ Page Messenger မှာ အချိန်မရွေး လာရောက် အခမဲ့ ဆွေးနွေးတိုင်ပင်လို့ ရပါတယ်ရှင်။ 💌
27/06/2026
ရီလိုက်ရင်ပေါ်လာတတ်တဲ့ မျက်လုံးနားကကျီးခြေရာလေးတွေကို အခုပဲဖယ်ရှားလိုက်ရအောင်🤗
မျက်လုံးဘေးနားကအတွန့်လေးတွေ အရေးအကြောင်းလေးတွေက အသက်အရွယ်ရလာတာနဲ့အမျှ အရေပြားလျော့ရဲပြီး ဖြစ်တတ်ကြပါတယ်။ ရီလိုက်ရင် ဒါမှမဟုတ် မျက်လုံးမှေးလိုက်တဲ့အခါ မျက်လုံးဘေးနားမှာ ကျီးခြေရာပုံစံအတွန့်လေးတွေပေါ်လာတတ်တာကြောင့် သူ့ကို crawl’s feet ကျီးခြေရာလိုခေါ်ကြတာပါ။
သူ့ကိုဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုရင်တော့
(၁) Sunscreen နေ့တိုင်းသုံးပါ
နေရောင်ခြည်ထိပါများရင် အရေးအကြောင်းဖြစ်တာပိုမြန်လို UV ကာတဲ့ sunscreen ကိုနေ့တိုင်းသုံးဖိုအရမ်းအရေးကြီးပါတယ်နော်
(၂ ) ရေဓာတ်ဖြည့်ပေးနိုင်တဲ့ Moisture ဒါမှမဟုတ် Eyecream ကိုသုံးပေးပါ
အသားအရေကို ရေဓာတ်ပေးနိုင်တဲ့ Moisture ဒါမှမဟုတ် မျက်လုံးတစ်ဝိုက် အသားအရေကိုအားဖြည့်ပေးတဲ့ Eyecream မျိုးကို မျက်စိတစ်ဝိုက်သေချာလိမ်းပေးပါ
(၃) Retinol ကို ညဘက်သုံးပေးပါ
Retinol က အရေးအကြောင်းတွေကိုသက်သာတဲ့အာနိသင်ပါဝင်လို ညပိုင်းသူ့ကိုပုံမှန်သုံးပေးရင် အချိန်တစ်ခုကြာတဲ့အခါ သက်သာလာမှာပါနော်
(၄) မျက်မှောင်ကြုံတာမျိုးခဏခဏမလုပ်ပါနဲ့
မျက်မှောင်ကြုံတာက မျက်လုံးနားက အသားအရေကိုလျော့ရဲပြီး အရေးအကြောင်းတွေပိုဖြစ်စေလို မျက်မှောင်ကြုံတာမျိုး ခဏခဏမလုပ်ပါနဲ့နော်
(၅) အိပ်ရေးဝအောင်အိပ်ပြီး ရေပုံမှန်သောက်ပါ
skincare အပြင် ခန္ဓာကိုယ်အတွင်းထဲကလည်း ကျန်းမာစေဖိုအတွက် ညကိုနောက်ကျတဲ့အထိမနေဘဲ အိပ်ရေးဝအောင်အိပ်ပြီး ရေပုံမှန်သောက်ပေးပါ
အပေါ်ကအချက်တွေအပြင်ကိုမှ မျက်လုံးနားက အရေးအကြောင်းတွေကို အချိန်တိုအတွင်း ထိရောက်စွာပျောက်ကင်းချင်တယ်ဆိုရင်တော့ HM Retinol Eyecream လေးကို သေချာလေးသုံးလိုက်ရုံနဲ့ စိုပြေလှပတဲ့မျက်ဝန်းလေးကိုပိုင်ဆိုင်နိုင်ပါပြီနော် 👁
’sfeet
20/05/2026
🧑🍳ငါးဥ ငပိချက် စပ်စပ် မွှေးမွှေးလေးရယ်
🧑🍳ပဲ အစိုနပ်
🧑🍳ကတတ်ရွက်/ခါကြက်ဥ အတို့အမြုတ်လေးရယ်
🧑🍳သရက်သီးမှည့်မွှေးချိုလေးရယ်
🧑🍳ဒီနေ့တော့ အရမ်းစားကောင်းပါ၏
🧑🍳ဘူးရွက် ဟင်းချိုလေးပါ ပါရင်တော့ ပိုပြည့်စုံတာပေါ့
ပူလွန်း လို့ မသောက်ချင်လို့ မချက်တော့ပါဘူးရှင့်😄
17/05/2026
My Heroမှာ အပူ ရှောင်နေတယ်☕🍔🥞
ဆယ်စုနှစ်စာ လောက် နုပျိုဖို့ဆိုရင် ဒီမအိုဆေးလို့ တင်စားခေါ်ဝေါ်တဲ့ HM skincare setတွေ သုံးဖို့လိုတယ်နော်📌📌📌
ဝဲပေါက် သင်္ကြန် ယားလိုက်တာကို ၃ရက်လောက် ကုတ်လိုက်ရတယ်😬🤭😁🤣
Category
Telephone
Website
Address
Mandalay
Alerts
Be the first to know and let us send you an email when HM skincare Myanmar Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.