Khit Skincare Diary
Skincare Review များအား ဝင်ရောက်ကြည့်ရှူလေ့လာနိုင်ပါတယ်ဗျ။
10/09/2026
ရ မလောက်
လစာက ၇ သိန်း၊ Bonus က ၁ သိန်းခွဲ။
လောက်လားဆို — ဟင့်အင်း။ 🥲
မြင်မြင်သမျှ ဝယ်ချင်တဲ့စိတ်နဲ့
တွေ့သမျှကို Message တွေပတ်ပို့ စျေးတွေလျှောက်မေးနေတဲ့လက်ကြီးကို မုန်းလာလို့ အားတဲ့သိကြား ဆင်းတားပါဦး :3 😭
09/09/2026
အရမ်းမိုက်
ဒါကြီးက ဒီလောက်ကောင်းမှန်း အစထဲကသိခဲ့ရင် ဝယ်သုံးလိုက်တာကြာပေါ့။ New Feed မှာ အမြဲတွေ့နေပေမဲ့ စျေးလည်းမနည်းတော့ Budgetကချိန်နေရတာ။ အခုတော့ သုံးကြည့်ပြီး Result ကရူးခါလောက်တာမို့ စျေးဆိုတာ ထည့်တောင်မစဉ်းစားချင်။
ဘာမှမပြောခင် သူ့မှာပါတဲ့ Brush ကြီးအကြောင်း အရင်ပြောပြမယ်။ ခေါင်းမှာဖြီးချလိုက်ရင်ကို တအားဇိမ်ရှိတာ။ ဘယ်လိုလဲမသိဘူး။ ဖြီးရတာ အရမ်းကောင်းတာဘဲ။ ခေါင်းယားတာလည်း သက်သာပြီး ဖြီးရတဲ့ Feeling ကိုကမိုက်နေတာ။ အခုတောင် ပြောရင်းနဲ့ဖြီးချင်လာပြန်ပြီ။ 🤣
ဒီကောင့်ကိုလေ ပုံမှန်ထက်ဆံပင်ပိုကျွတ်တတ်ရင်၊ ဆံသားပါးပြီး ထိပ်ပြောင်နေရင်သုံးကြည့်နော်။ဘာလို့ဆို Plant Exosome နဲ့ Biotin ပါတော့ ဆံပင်အမြစ်တွေကိုအားဖြည့်ပေးတဲ့အပြင်ဆံပင်ကျွတ်သက်သာပြီး ဆံသားကျန်းမာအောင် ကူညီပေးနိုင်လို့။
သုံးရလည်း မခက်ဘူး။ ဘီးဖြီးသလို ဆံပင်ကျွတ်တတ်တဲ့နေရာ၊ ပါးနေတဲ့နေရာတွေမှာ Brush Head ကိုဆွဲလှည့်ပြီး Ampoule ကိုစိမ့်ဝင်အောင် ဖြည်းဖြည်းချင်းဖြီးပေးရုံပဲ။ On / Off လုပ်လို့ရတဲ့ Brush Head ကိုဆွဲလှည့်လိုက်ရုံဘဲ။
နေ့တိုင်းသုံးလို့ရသလို ရက်ခြားသုံးလည်းရတယ်။ "ခေတ်" ကတော့ ခေါင်းလျှော်ပြီး Dryer နဲ့ လေအေးနဲ့မှုတ်ပြီးချိန်မှာသုံးတယ်။ လိမ်းနေတုန်း ခဏတော့ရှိန်းတန်းတိန်းနဲ့စိုစိုလေးဖြစ်ပေမဲ့ ခဏနေစိမ့်ဝင်သွားတော့လေ ဦးရေပြားအဆီပိုပြန်တာ၊ ဆံပင်ပြားကပ်တာမျိုးလည်း မဖြစ်ဘူး။
"ခေတ်" အတွက်တော့ ဆံပင်အသစ်တွေထွက်လာတာထက် ဆံပင်ကျွတ်သက်သာတာ ပိုသိသာတယ်။ ရှိနေတဲ့ဆံပင်တွေ ဆက်မကျွတ်အောင်ထိန်းပေးပြီး ဆံပင်အမြစ်ပိုင်းကို အားဖြည့်ပေးနေတာနဲ့တင် ဒီကောင့်ကို Fall in Love နေပြီ။ ကြိုက်တယ်။ ကုန်ရင် ထပ်ဝယ်မယ် ။ Trend မှန်သမျှထဲ ဒီ Trendက အမိုက်ဆုံးဘဲ။
လိုချင်ရင် Your Little Eggy မှာရတယ် Authentic စစ်စစ်တွေ😍
08/09/2026
🩵🫶🏻
သိပ်လှတယ် Anua ရယ် 🌊🐬
06/09/2026
Budget ထဲ သုံးကောင်းတဲ့ sun cream
05/09/2026
သွားနဲ့ ခံတွင်းကျန်းမာဖို့ ကောင်းတာလေးတွေသုံးကြစို့
သွားကျောက်တည်တာ၊ သွားပိုးစားတာ၊ သွားကျဉ်တာ၊ ခံတွင်းနံ့ဆိုးတာနဲ့ သွားဖြူလာဖို့ ဒီနောက်ပိုင်း သုံးဖြစ်နေတဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်တံတွေပါ။
Colgate ကတော့ ထွေ"ထူး" ညွှန်းနေစရာတောင် မလိုဘူး။ ထွက်ထားတဲ့ သွားတိုက်ဆေးတွေဆိုလည်း မနည်းမနောဘဲ။ အဲ့ထဲကမှ Optic White Volcanic Mineral နဲ့ Optic White Purple ကတော့ အပေါ်မှာပြောခဲ့တဲ့ သွားပြဿနာတွေအတွက် ကိုယ်တိုင်သုံးကြည့်ပြီး အထိရောက်ဆုံးလို့ထင်ရတဲ့ Zero မဟုတ်တဲ့ Hero တွေပါ။
နှစ်ခုလုံးက Color-Correcting Technology ကို သုံးထားတာကြောင့် သွားဝါတာ၊ သွားကျောက်တည်တာတွေသက်သာပြီး သွားဖြူစေတယ်။ကော်ဖီ၊လက်ဖက်ရည်လို stain ကျန်တတ်တဲ့ အစားသောက်တွေ သောက်စားတတ်တဲ့သူ၊ သွားချေးတက်တာ၊ သွားပိုးစားတာ၊ သွားကျဉ်တာမျိုးရှိတဲ့သူတွေဆို ပိုတောင်သုံးလို့ကောင်းသေး။
သွားတိုက်တံတွေကတော့ ပုံမှန်သွားတိုက်တံတွေထက်နူးညံ့တဲ့အတွက် သွားရဲ့ချောင်ကြိုချောင်ကြားထဲထိ ကောင်း" သန့်ရှင်းရေးလုပ်ရပြေတယ်။ သွားဖုံးနာတာ၊ သွေးထွက်တာမျိုးလည်းမရှိ။ လက်နဲ့ကိုင်တိုက်ရတဲ့ သွားတိုက်တံကအစ အလုံးအထည်ရှိလို့ တိုက်ရတာအားရတယ်။တိုက်ပြီးရင်လည် အကုန်ပြောင်စင်သွားတယ်လို့ ခံစားရတယ်။
အဓိက ပြောချင်တာက သွားဆိုတာပြဿနာဖြစ်မှထကာကွယ်တာထက် မဖြစ်ခင် ကြိုကာကွယ်တာက ပိုကောင်းတယ်နော်။ မဟုတ်ရင် “တံပိုးထက် လက်ခပိုကြီး” ဆိုသလို သွားပြဿနာဖြစ်မှ ထကုရင် ငွေပိုကုန်နိုင်လို့ စျေးကွက်ထဲက ခဏတာ ခံတွင်းရှင်းရုံ၊ ပြောင်ရုံလောက်ပဲ အာရုံစိုက်ထားတဲ့ သွားတိုက်ဆေး၊ သွားတိုက်တံတွေထက် ကိုယ်နဲ့အဆင်ပြေပြီး အရည်အသွေးကောင်းတဲ့ Brand မျိုးတွေကို ရွေးဝယ်သုံးကြပါလို့။
စကားမစပ် သွားတိုက်တံကိုလည်း တိုက်ပြီး (၃) လကြာရင် နောက်ထပ်အသစ် (၁) ချောင်းလဲဖို့ မမေ့နဲ့ဦးနော်။အားလုံးဘဲ ကျန်းမာလှပတဲ့သွားတွေ ပိုင်ဆိုင်ကြပါစေဗျာ။
❌ ပုံတွေ၊စာတွေ ယူသုံးခွင့်မပြုပါ။ ❌
04/09/2026
ပုံလေးတွေလည်းလှ creamလေးကလည်း ကောင်း🍀🩵
03/09/2026
Budget ဆိုပေမဲ့ ကောင်းတယ်
Budget Brand တွေထဲ Performance ကောင်းတာမျိုးရှာနေရင် Soonè ကိုလည်း မေ့ထားလို့မရဘူးနော်။
စထွက်ခဲ့တဲ့ Cica Line မှာလည်း အားလုံးနီးပါး အကြိုက်တွေ့ခဲ့ကြသလို ကိုယ်တိုင်လည်း Serum နဲ့ Sunscreen ကို သဘောကျတယ်။ ထပ်ထွက်လာတဲ့ Nia+Txa Line ဆိုလည်း ထွက်တာမကြာသေးပေမဲ့ “တကယ်ကောင်းတယ်” ဆိုပြီး Beauty Group တွေထဲမှာ လူပြောများနေတာတွေ့မိတယ်။
Budget ဆိုပေမဲ့ Quality လျှော့မထားဘဲ တကယ်သုံးကောင်းတာကြောင့် တစ်ခါတလေ သူတို့ပေးတဲ့ Product Quality နဲ့ ရောင်းနေတဲ့ဈေးက ကာမိပါ့မလားလို့တောင် ကိုယ်စားတွေးပူမိသေးတာ။ 😂
ဘယ်လိုပဲဖြစ်ဖြစ် ခက်ခဲနေချိန်မှာ ကောင်းတာလေးတွေထုတ်ပေးပြီး လူတိုင်းသုံးနိုင်အောင် စေတနာထားပေးတာနဲ့တင် ကျေးဇူးတင်ရပါတယ်။ 🫶🏻Facial Foam ကိုတော့ ၂ ခါလောက်ပဲသုံးရသေးတာမို့ သေချာမပြောရဲသေးဘူး။
ဒါပေမဲ့ Toner နဲ့ Serum ကတော့တော်တော်အဆင်ပြေတယ်။စေးကပ်တာမျိုးမရှိ လိမ်းပြီးရင် အသားရေကကြည်ကြည်လေးနဲ့ နေလို့ကောင်းတယ်။နှစ်ခုလုံးကိုသုံးရင်း ဘူးတစ်ဝက်လောက်ရောက်တဲ့အချိန် အသားရေကိုယှဉ်ကြည့်လိုက်ရင် လွန်ခဲ့တဲ့ ၃ ပတ်နဲ့ အခုလက်ရှိ Skin Condition က တော်တော်ကွာသွားတာ အဲ့လောက်ထိကို သိသာတယ်။
Nia+Txa Line ဆိုတော့ အဓိက အမဲစက်နဲ့ အမာရွတ်ပါးချင်သူတွေ၊ အသားညီပြီး ကြည်ချင်သူတွေ၊ Skin Dull ဖြစ်နေလို့ Bright & Clear Skin ရချင်သူတွေ သုံးလို့ရတယ်။
စကားမစပ် Cica နဲ့ Nia+Txa Line တွေနဲ့ အားလုံးရဲ့အချစ်တွေကိုသိမ်းပိုက်ထားရတာ မဝသေးလို့ တို့ရဲ့ Soonèက နောက်ထပ် “Aqua Barrier Hydrating Line” ကို ထပ်ထုတ်ဦးမှာဆိုဘဲ။
ပုံထဲက setကို လိုချင်ရင်တော့ Soone by TSO မှာရတယ်နော်။
03/09/2026
ယူဟေ့
ဆိုးနေကျလူ ကြိုက်ရင်ယူ
02/09/2026
ရှင်းပေး ဒီကိသ္စကိုလည်း🤣
တကယ် မသိလို့ မေးချင်ရုံပါ။
Matcha ကို မြက်အရသာကြီးလို့ပြောနေတဲ့သူတွေက
လေ အရင်ဘဝက မြက်စားတဲ့ 🐮တွေဖြစ်ခဲ့လို့လား
ဟင်။
စိတ်မဆိုးနဲ့နော် တကယ်သိချင်လို့ မေးတာပါရှင် : ၃
Category
Website
Address
Kamayut
11041