A+ Bike - Hinthada

A+ Bike - Hinthada

Share

Japan Used Bicycles, Hinthada.

16/09/2026

26" MTB
Alloy frame
Full suspension
3*7 shimano
Frame size 41cm
350000 Ks

A+ Bike - Hinthada
09250074943 (Viber)
09977402858
သီရိ ၃ လမ်း၊ မြ၀တီရပ်ကွက်၊ ဟင်္သာတမြို့။
ဟင်္သာတတက္ကသိုလ်အနီး

#ဟင်္သာတ #စက်ဘီး

15/09/2026

Fixies ရှိတာလေးတွေ

အသေးစိတ် သိချင်တာရှိ အားမနာတမ်းမေးပါဗျ။

A+ Bike - Hinthada
09250074943 (Viber)
09977402858
သီရိ ၃ လမ်း၊ မြ၀တီရပ်ကွက်၊ ဟင်္သာတမြို့။
ဟင်္သာတတက္ကသိုလ်အနီး။

#ဟင်္သာတ #စက်ဘီး

11/09/2026

New Arrivals

၂ သိန်း၊ ၃ သိန်း၊ ၄ သိန်း ဝန်းကျင် ဂျပန်ကွန်တိန်နာကျ ဂျပန်ဘီးလေးများထပ်မံရောက်ရှိပါတယ်။

ကြိုက်တဲ့ဘီးလေးများရှိရင် ဟင်္သာတတက္ကသိုလ်အနီး သီရိ ၃ လမ်းမှာ မျက်မြင်လာေရာက်ကြည့်ရှုနိုင်ပါတယ်။
Viber/cb မှလည်း အားမနာတမ်း မေးမြန်းနိုင်ပါတယ်။

A+ Bike - Hinthada
သီရိ ၃ လမ်း၊ မြ၀တီရပ်ကွက်၊ ဟင်္သာတမြို့။
🔍ဟင်္သာတတက္ကသိုလ်အနီး
📞09250074943 (Viber)
📞09977402858

#ဟင်္သာတ #စက်ဘီး #ဟင်္သာတတက္ကသိုလ်

11/09/2026

ထပ်မံရောက်ရှိ

A+ Bike - Hinthada
သီရိ ၃ လမ်း၊ မြ၀တီရပ်ကွက်၊ ဟင်္သာတမြို့။
🔍ဟင်္သာတတက္ကသိုလ်အနီး
📞09250074943 (Viber)
📞09977402858

#ဟင်္သာတ #စက်ဘီး +bike

Photos from A+ Bike - Hinthada's post 09/09/2026

စက်ဘီး ပုံစံနှင့် အမျိုးအစား များ

စက်ဘီးများကို သုံးစွဲသည့် ပုံစံနှင့် လမ်းကြောင်းပေါ်မူတည်၍ အဓိကအားဖြင့် အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါသည်။

သင့်အတွက်ဆိုရင်ရော ဘယ်လိုစက်ဘီးမျိုး လိုအပ်ပါသလဲ။ အကြိုက်ဆုံး စက်ဘီးအမျိုးအစားကရော ဘာဖြစ်မလဲဆိုတာ ဆွေးနွေးပေးသွားကြပါဦး။

Photos from A+ Bike - Hinthada's post 03/09/2026

Giant Gravier 27.5
Alloy frame
Gear: 3*8 Shimano Acera
FrameSize - 47cm

Price- 400000 MMK

Giant gravier က အဓိကအားဖြင့် Cross Bike / Hybrid Bike (City နှင့် Gravel စပ်ထားသော စက်ဘီး) အမျိုးအစား ဖြစ်ပါတယ်။
Giant Gravier 27.5 ဆိုတာ "မြို့တွင်း ကတ္တရာလမ်းမှာ‌ေရာ၊ မြေလမ်း/ကျောက်စကားလမ်း အကြမ်းတွေမှာပါ သက်တောင့်သက်သာ စီးလို့ရအောင် ပြုလုပ်ထားတဲ့ All-round Hybrid / Cross Bike" ဖြစ်ပါတယ်။

မည်သူတွေ စီးသင့်သလဲ
မြို့တွင်း ကတ္တရာလမ်းများအပြင် လမ်းကျဥ်း၊ လမ်းကြမ်းနှင့် ချိုင့်ခွက်များသော လမ်းများတွင် ငြိမ်ငြိမ်သက်သက် စီးချင်သူများအတွက်သက်သောင့်သက်သာရှိသည့် ဘက်စုံသုံး စက်ဘီးဖြစ်သည်။

A+ Bike - Hinthada
သီရိ ၃ လမ်း၊ မြ၀တီရပ်ကွက်၊ ဟင်္သာတမြို့။
🔍ဟင်္သာတတက္ကသိုလ်အနီး
📞09250074943 (Viber)
📞09977402858

#ဟင်္သာတ #စက်ဘီး #ဟင်္သာတတက္ကသိုလ်

19/08/2026

မိန်းမစီး ခေါက်ဘီးလှလှလေး
တစ်စီး ရပါမယ်။
ကယ်ရီယာ၊ ခြင်း၊ ဘဲလ် အပါ လက်တင်စီး။
ရှေ့ နောက် တာယာ အသစ်။

24" foldable bicycle
1*7 shimano

A+ Bike - Hinthada
သီရိ ၃ လမ်း၊ မြ၀တီရပ်ကွက်၊ ဟင်္သာတမြို့။
🔍ဟင်္သာတတက္ကသိုလ်အနီး
📞09250074943 (Viber)
📞09977402858

#ဟင်္သာတ #စက်ဘီး #ဟင်္သာတတက္ကသိုလ်

17/08/2026

Drop Handlebar vs Flat Handlebar

Drop Handlebar နှင့် Flat Handlebar သည် စက်ဘီးစီးသည့်ပုံစံ၊ ထိန်းချုပ်ရလွယ်ကူမှုနှင့် ခရီးတို/ခရီးဝေး သက်တောင့်သက်သာရှိမှုတို့တွင် အဓိကကွာခြားပါသည်။

Drop Handlebar (ကွေး)
စက်ဘီးစီးပုံစံ - အရှေ့သို့ ကိုင်းပြီး စီးရသည် (Aerodynamic)
ထိန်းချုပ်ရမှု - အရှိန်မြှင့်ရန်နှင့် ခရီးဝေးအတွက် ကောင်းသည်
လက်ကိုင်နေရာ - နေရာမျိုးစုံ ပြောင်းကိုင်နိုင်သည် (Multiple hand positions)
ဘရိတ်/ဂီယာ - စက်ဘီးစီးရင်း လွယ်ကူစွာ ကိုင်နိုင်ရန် အထူးဒီဇိုင်းထုတ်ထားသည်
သင့်တော်သည့် စက်ဘီး - Road Bike, Gravel Bike, Touring Bike
သင့်တော်သည့် လမ်းကြောင်း - ကတ္တရာလမ်း၊ အဝေး ခရီးစဉ်များ

Drop Handlebar ရဲ့ အားသာချက်/အားနည်းချက်
အားသာချက်: လေတိုးနည်းပြီး မြန်မြန်စီးနိုင်ခြင်း၊ ခရီးဝေးစီးစဉ် လက်ညောင်းပါက လက်ကိုင်ပုံစံပြောင်းနိုင်ခြင်း။
အားနည်းချက်: အစပိုင်းတွင် ခါးနှင့် လည်ပင်း ပိုညောင်းနိုင်ခြင်း၊ မြို့တွင်း ကားကြားတိုးရသည်မှာ အနည်းငယ် ပိုခက်ခြင်း။
Drop Handlebar စီးသင့်သူများ
အမြန်နှုန်းနှင့် အဝေး ခရီးစဉ်များကို ဦးစားပေးသူများ၊ ခရီးရှည် စီးနင်းသူများ၊ အဓိကအားဖြင့် ကတ္တရာလမ်းမပေါ်တွင် အကွာအဝေး အဝေးကြီး စီးနင်းလိုသူများအတွက် အထူးသင့်တော်ပါသည်။

Flat Handlebar (ဖြောင့်)
စက်ဘီးစီးပုံစံ - မတ်မတ်ထိုင်စီးရသည် (Upright posture)
ထိန်းချုပ်ရမှု - မြို့တွင်းနှင့် အကွေ့အကောက် လမ်းကြမ်းတွင် ပိုမိုငြိမ်သက်သည်
ဘရိတ်/ဂီယာ - လက်ကိုင်နေရာ တစ်နေရာတည်းသာ ကိုင်နိုင်သည် (Single position)
သင့်တော်သည့် စက်ဘီး - Mountain Bike (MTB), Hybrid Bike, City Bike
သင့်တော်သည့် လမ်းကြောင်း - မြို့တွင်းလမ်း၊ ကြမ်းတမ်းသော လမ်းကြောင်းများ

Flat Handlebar ရဲ့ အားသာချက်/အားနည်းချက်
အားသာချက်: ခါးမတ်မတ်စီးရသဖြင့် မြင်ကွင်းကျယ်ကျယ် မြင်ရခြင်း၊ ထိန်းချုပ်ရ လွယ်ကူပြီး Beginner များအတွက် စီးရရိုးရှင်းခြင်း။
အားနည်းချက်: လေတိုးခံရမှု များခြင်း၊ ခရီးဝေးစီးပါက လက်ကောက်ဝတ် တစ်နေရာတည်း အားပြုရသဖြင့် ညောင်းညာလွယ်ခြင်း။
Flat Handlebar စီးသင့်သူများ
မြို့တွင်း သွားလာသူများနှင့် စတင်စီးနင်းသူများ၊
ထိန်းချုပ်မှုနှင့် တည်ငြိမ်မှုကို လိုလားသူများ၊ ခါးညောင်းသက်သာစွာဖြင့် ပေါ့ပေါ့ပါးပါး စီးနင်းချင်သူများအတွက် အကောင်းဆုံး ဖြစ်ပါသည်။

A+ Bike - Hinthada
📞09250074943 (Viber)
📞09977402858
#ဟင်္သာတ #စက်ဘီး + bike

14/08/2026

Some changes are painful but necessary ...
အခက်အခဲတွေဆိုတာဘဝလှဖို့အတွက်ပါ...

ငယ်ငယ်တုန်းက စက်ဘီးစီးသင်တဲ့ အချိန်ကို ပြန်တွေးကြည့်ရင် လူတိုင်းမှာ အမှတ်တရတစ်ခုတော့ ရှိကြမှာပါ။ အဖေက စက်ဘီးကို နောက်ကနေ ကိုင်ပေးရင်းသင်ပေးတယ်။ ကိုယ်ကတော့ "အဖေ လက်မလွှတ်နဲ့နော်" လို့ အမြဲပြောတတ်တယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ အဖေက တိတ်တိတ်လေး လက်လွှတ်လိုက်တယ်။ အဲဒီအချိန်မှာ လဲကျတယ်၊ ဒူးပြဲတယ်၊ နာကျင်တယ်။ အဲဒီနာကျင်မှုကြောင့် မျက်ရည်ကျခဲ့ဖူးတယ်။

ဒါပေမယ့် အဖေက ပြန်ထူပေးပြီး "ထပ်စီး" လို့ပဲ ပြောတယ်။ အကြိမ်ကြိမ် လဲကျရင်း၊ အကြိမ်ကြိမ် ပြန်ထရင်း နောက်ဆုံးတော့ ကိုယ်တိုင် ဟန်ချက်ညီညီ စီးတတ်လာခဲ့တယ်။

အခု အသက်ကြီးလာတော့မှ သိလာတာက...
အဖေက လက်လွှတ်ခဲ့တာ စွန့်ပစ်ဖို့ မဟုတ်ဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တတ်အောင် သင်ပေးခဲ့တာ။

ဘဝလည်း အဲဒီလိုပါပဲ။ တချို့အပြောင်းအလဲတွေက နာကျင်ရတယ်၊ လဲကျစေတယ်။ ဒါပေမယ့် အဲဒီနာကျင်မှုတွေကပဲ ပိုသန်မာတဲ့ လူတစ်ယောက်ဖြစ်လာအောင် သင်ပေးတယ်။

"ငယ်ငယ်က အဖေ လက်လွှတ်ခဲ့လို့ စက်ဘီးစီးတတ်လာခဲ့တယ်။ အခုတော့ ဘဝက လက်လွှတ်လိုက်တဲ့ အခက်အခဲတွေကြောင့် ဘဝကို မလဲအောင် မောင်းနှင်တတ်လာခဲ့တယ်။" ❤️

credit note

Category

Address

Thiri 3rd Street, Myawaddy Quarter
Hinthada
10061

Alerts

Be the first to know and let us send you an email when A+ Bike - Hinthada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Hinthada.