Miee Htay Win
ပျိုပျိုမေတို့ရေဆံဖျားမှခြေဖျားထိ?
24/06/2022
(ကောင်းလွန်းလို့ တင်ပေးလိုက်ပါတယ် ။ ဖတ်ဖြစ်အောင် ဖတ်ပေးပါ နော် )😊
🍁တစ်နေ့မှာ လယ်သမားတယောက်ရဲ့ မြင်းဟာ ရေတွင်းပျက်ထဲ ပြုတ်ကျပါရော ။ မြင်းက သနားစဖွယ် ငိုကြွေးနေခဲ့ပြီး၊ လယ်သမားကလည်း ဘယ်လိုလုပ်ရမလဲဆိုတာ အကြံထုတ်နေခဲ့တယ် ။
🍁မြင်းဟာ အိုနေပြီ ရေတွင်းဟောင်းကလည်း ဟောင်းနေလို့ မြေဖို့ပြစ်ဖို့လိုနေပြီ ၊ ဒါကြောင့်မြင်းကို ကယ်တင်ဖို့ မထိုက်တန်တော့ဘူးလို့ လယ်သမားက ဆုံးဖြတ်လိုက်တယ် ။
🍁လယ်သမားဟာ အိမ်နီးချင်းတွေကို ဖိတ်ခေါ်ပြီး အကူအညီတောင်းခဲ့တယ် ။ အိမ်နီးချင်းတွေလည်း ဂေါ်ပြားကိုယ်ဆီကိုင်ပြီး ရောက်လာကြတယ် ။ ရေတွင်းကို အမှိုက်တွေ မြေကြီးတွေနဲ့ စတင်ဖို့ကြတယ် ။
🍁 ပထမတော့ မြင်းဟာ သူ့ကို ရေတွင်းထဲမှာ မြေကြီးနဲ့ ဖို့သတ်နေတယ်ဆိုတာသိပြီး တုန်လှုပ်ငိုကြွေးတော့တယ် ။ နောက်တော့မြင်းဟာ ငြိမ်သက်သွားတယ် ။
🍁မြေကြီးတွေ အတော်ဖို့ပြီးတော့ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့်လိုက်တယ် ။ လယ်သမားဟာ မြင်လိုက်ရတဲ့ အရာကို အံအားသင့်သွားတယ် ။ မြင်းဟာ သူ့ရဲ့ ကျောပေါ်ကျလာတဲ့ အမှိုက်တွေ မြေကြီးတွေကို ခါချပြီး မြင့်တက်လာတဲ့ မြေသားနဲ့အတူ အပေါ်ကို တဖြည်းဖြည်းရောက်လာတယ် ။
🍁 နောက်ဆုံးမှာ မြင်းဟာ သူ့ကိုဖို့တဲ့ မြေကြီးတွေကို အသုံးချရင်း ရေတွင်းထဲက လွတ်မြောက်လာခဲ့တယ် ။
🌼လူ့ဘဝမှာ ဘယ်လို အညစ်အကြေးတွေ မကောင်းမှုတွေ သင့်အပေါ်ကျရောက်ပါစေ ။ ဒါတွေကို ခါချပြီး ဘဝတက်လမ်းအတွက် အသုံးချလိုက်ပါ ။ တကယ်တော့ ဒုက္ခဆိုတာ ဘဝအောင်မြင်ဖို့အတွက် ခုတုံးတွေ လှေခါးထစ်တွေပဲ ဖြစ်ပါတယ် ။ ဘယ်လိုနက်ရှိုင်းတဲ့ ဒုက္ခ ရေတွင်းထဲကျရောက်ပါစေ အရှုံးမပေးပါနဲ့ ၊ ဒုက္ခတွေကို ခါထုတ်ပြစ်လိုက်ပြီး လှေခါးထစ်လို အသုံးချလိုက်ပါ ။❤️
Credit...
@@
08/06/2022
Hello သဲတိုရေ
လှလည်းလှစေရမယ်
ချမ်းလည်းသာစေရမယ့်
အခွင့်ရေးကြီးလာပါပီနော်
04/06/2022
မှာယူအားပေးနိုင်ပါတယ်ရှင်-m.me/mieehtaywinyaphyu.
Category
Contact the business
Telephone
Website
Address
Dawei
Alerts
Be the first to know and let us send you an email when Miee Htay Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.