Baby7

Baby7

Share

1xbetမှာ ပရိုမိုကုဒ် 1xbet0077 ကိုအသုံးပြုပြီး 100%ဘောနပ်ရယူပါ
ယူနစ်အထုတ်အသွင်းအတွက် viber- Telegram
09423867914

14/08/2026

ဗစ်တာအော်စီမန်ကိုပစ်မှတ်ထားလာတဲ့ ပရီးမီးယားလ်ဂ်ချန်ပီယံအာဆင်နယ်✍🏻✍🏻✍🏻
ချန်ပီယံဆုကာကွယ်ရမယ့် အာဆင်နယ်အသင်းဟာ အသင်းရဲ့ အားနည်းနေတဲ့တိုက်စစ်နေရာအတွက် ဂါလာတာစာရေးရဲ့နိုင်ဂျီးရီးယားတိုစစ်မှူး အော်စီမန်ကို ခေါ်ယူရန်အတွက် ပစ်မှတ်ထားလာတယ်လို့သိရပါတယ်။
နာပိုလီတိုက်စစ်မှူးဟောင်းဟာ ‌တူရကီမြေမှာ ခြေစွမ်းကောင်းတွေကိုပြသထားပီး အချက်အလက်တွေအရ အာဆင်နယ်တိုက်စစ်ကစားသမားတွေနဲ့ ကွာဟနေတာကြောင့် နည်းပြ အာတေတာအပါအဝင် အသင်းဘုတ်အဖွဲ့က အလိုရှိနေတာဖြစ်ပါတယ်။
အာဆင်နယ်တို့ အပြောင်းအရွေ့ဈေးကွက်အတွင်း အော်စီမန်ကိုခေါ်ယူသွားနိုင်မလား စိတ်ဝင်စားစရာကောင်းနေပါပီ

14/08/2026

ချာလိုဘာပီးနောက် လီယန်ဒီလပ်ကို ပစ်မှတ်ထားလာတဲ့ ကိုမို🇮🇹🇮🇹🇮🇹
ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတဲ့ ကိုမိုအသင်းဟာ ချဲလ်ဆီးမှာ နေရာရဖို့ မသေချာတဲ့ လီယန်ဒီလပ် ကို တိုက်စစ်မှူးအသစ်အဖြစ် ကမ်းလှမ်းရန်အတွက် ကနဦးချဉ်းကပ်မှုပြုလုပ်ခဲ့ပါတယ်
ချာလိုဘာနဲ့ စာချုပ်ချုပ်ဆိုပြီးနောက် ချယ်လ်ဆီးနဲ့ ဆက်ဆံရေး အရမ်းကောင်းမွန်နေတာကြောင့် သူဟာ တိုက်စစ်မှူးသစ်အတွက် ဆန်ခါတင်စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။

ဒီလပ်ဟာ အပြောင်းရွေ့ဈေးကွက်ရဲ့ နောက်ဆုံးနှစ်ပတ်အတွင်း ချယ်လ်ဆီးကနေ ထွက်ခွာသွားနိုင်ပါတယ်လို့ သတင်းအတော်များများမှာဖော်ပြထားတာကိုတွေ့ရပါတယ်

14/08/2026

ရိုဒရီအတွက် ထပ်မံကမ်းလှမ်းခဲ့တဲ့ ဘာစီလိုနာ🇪🇸🇪🇸🇪🇸
ရိုဒရီအတွက် မန်ချက်စတာစီးတီးကို သူတို့ရဲ့ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုအဖြစ် ယူရို ၅၀ သန်းနဲ့ ၆၀ သန်းတန် အဆိုပြုချက်တွေကို ပယ်ချပြီးနောက် ဘာစီလိုနာဟာ ယူရို ၆၀ သန်းနဲ့ ၈၀ သန်းကြား ဈေးနှုန်းနဲ့ ပြန်လည်ကမ်းလှမ်းခဲ့ပါတယ်။
ဘာစီလိုနာနဲ့ ရိုဒရီရဲ့ မန်စီးတီးအသင်းဟာ သဘောတူညီချက်ကို ဆက်လက်လုပ်ဆောင်ဖို့အတွက် ကလပ်အသင်းတစ်သင်းနဲ့ တစ်သင်း သဘောတူညီမှု ရရှိလိမ့်မယ်လို့ ယုံကြည်မှုရှိနေဆဲပါ။
ရိုဒရီဟာ ဘာစီလိုနာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု့ ရရှိထားပေမယ့် ရိုဒရီကိုယ်တိုင်က ထိုက်တန်တဲ့ပြောင်းရွေ့ကြေးရရှိမှသာ သူ့အသင်းဟောင်း မန်စီးတီးကထွက်ခွာမယ်ဆိုထားခဲ့တာကြောင့် ဘာစီလိုနာတို့ ရိုဒရီကိုခေါ်ယူရေးဟာ အနည်းငယ်ခက်ခဲဖွယ်ရှိနေတာဖြစ်ပါတယ်

14/08/2026

ယူနီယံစိန့်ရဲ့ ခါလိုင်မီကိုခေါ်ယူနိုင်ခဲ့တဲ့ ပဲလေ့စ်✍🏻✍🏻✍🏻
ခရစ္စတယ်ပဲလေ့စ် အသင်းဟာ Union St Gilloise အသင်းက ခါလိုင်မီ ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ကလပ်အသင်းအချင်းချင်း သဘောတူညီချက်ကို ယနေ့ လက်မှတ်ရေးထိုးခဲ့ပြီး ကစားသမားရဲ့ စာချုပ်ကိုလည်း ယနေ့မှာ ချုပ်ဆိုခဲ့ပါတယ်။ ဘယ်လ်ဂျီယံကလပ်က တောင်ပံကစားသမားအတွက် ပေါင် ၂၁ သန်း ပေးချေခဲ့ရပါတယ်။

ခါလိုင်မီဟာ အင်တာမီလန်မှာ ဆေးစစ်မှု မအောင်မြင်ပြီးနောက် ပဲလေ့စ်ကို ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပါတယ်။

13/08/2026

အင်တာမီလန်ထက် အေတီကိုကိုရွေးချယ်ခဲ့တဲ့ ရိုမဲရိုး🇦🇷🇦🇷
တော့တင်ဟမ်ဟော့စပါးအသင်းဟာ အသင်းခေါင်းဆောင် ခရစ္စတီယန် ရိုမဲရိုးကို အက်သလက်တီကို မက်ဒရစ်အသင်းဆီ ယူရို ၄၀ သန်း (ပေါင် ၃၄.၁ သန်း/ဒေါ်လာ ၄၆ သန်း) နဲ့ ရောင်းချဖို့ သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။
ကလပ်နှစ်သင်ကြား သဘောတူညီချက်မှာ အနာဂါတ်တွင် ရိုမဲရိုးကိုရောင်းချမှုမှ ၁၅% အကျိုးအမြတ် ပါဝင်ပြီး၊ အသက် ၂၈ နှစ်အရွယ် ခံစစ်မှူးသည် စပိန်ကလပ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိပြီးဖြစ်တယ်လို့သိရပါတယ်
ရိုမဲရိုးဟာ ဆေးစစ်မှုခံယူပြီး အေတီကိုထံပြောင်းရွှေ့‌ေတာ့မှာဖြစ်လို့ တော့တင်ဟမ်စပါးမှာ သူ့ရဲ့အချိန်တွေကို အဆုံးသတ်တော့မှာပါ။

13/08/2026

ဆုဖလားအများဆုံး ကစားသမားဖြစ်လာတော့မယ့် မာကွင်ညို့စ်🇧🇷🇧🇷🗼🗼
မနေ့ညက ကစားခဲ့တဲ့ UEFA Super Cup ကို ဒုတိယအကြိမ်ရယူဆွတ်ခူးအပြီးမှာတော့ မာကွင်ညို့စ်ရဲ့ ဆုဖလားအရေအတွက်ဟာ ၄၂ ခုအထိရှိလာခဲ့ပါပြီ ( လူငယ်ကစားသမားဘဝ ဆုရရှိမှုတွေ မပါဝင်ပါ ) ။ ဒါကြောင့်သူဟာ ဘောလုံးလောကရဲ့ဆုဖလားအများဆုံးစံချိန်ရှင်ဖြစ်တဲ့ လီယွန်နယ် မက်ဆီ(၄၄ကြိမ်)နဲ့ ဆုဖလား ၂ ခု အကွာကိုရောက်ရှိလာခဲ့ပြီး မကြာခင်မှာပဲ လိုက်မီသွားဖွယ်ရှိနေပါတယ် ။

မာကွင်ညို့စ်ဟာ ပီအက်စ်ဂျီတသင်းတည်းနဲ့ ဆုဖလား ၄၀ ရယူနိုင်ခဲ့တာဖြစ်ပြီး အီဂျစ်ကလပ် အယ်လ်အာလီအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ဟိုဆန် အက်စ်ဟော်ကို ကျော်ဖြတ်ကာ ကလပ်တသင်းတည်းနဲ့ ဆုဖလားအများဆုံးရရှိသူလည်း ဖြစ်လာခဲ့ပါတယ် ။ ပီအက်စ်ဂျီဟာ လာမယ့် ဩဂုတ်လ ၁၇ ရက်နေ့မှာ ပြင်သစ်စူပါဖလားပွဲအဖြစ် လန်းစ်အသင်းနဲ့ ကစားရဦးမှာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင်တော့ မာကွင်ညို့စ်ဟာ မက်ဆီနဲ့ ဖလားတလုံးအကွာကို ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ် ။

13/08/2026

မန်စီးတီးက ထွက်ခွာမယ်လို့အတည်ပြုလိုက်တဲ့ ရိုင်ဒါး🔚🔚🔚🔚
မန်ချက်စတာစီးတီးမှာပွဲကစားချိန် လုံလောက်စွာ မရှိခဲ့တဲ့ နယ်သာလန်ကွင်းလယ်လူ ရိုင်ဒါးကတော့ အပြောင်းရွေ့ရဲ့နောက်ဆုံးအပတ်မှာ အသင်းကနေထွက်ခွာတော့မှာလို့ အတည်ပြုပြောကြားလိုက်ပီဖြစ်ပါတယ်။
သူ့ကိုစိတ်ဝင်စားနေတဲ့ ကလပ်တွေအတွက် လမ်းဖွင့်ပေးထားပီး သူ့ရဲ့နောက်ထပ်ကလပ်ဟာ နော်တင်ဟမ်ဖောရက်လား?ဆော်ဒီကလပ်တွေလားဆိုတာကတော့ အပြောင်းရွေ့ရဲ့ နောက်ဆုံးအပတ်မှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်

13/08/2026

မာတင်နယ်လီကို ပစ်မှတ်ထားလာတဲ့ ဂါလာတာစာရေး🇹🇷🇹🇷🇹🇷
လူခေါ်ယူမှု့တွေ ဆက်တိုက်ပြုလုပ်နေတဲ့ တူရကီကလပ်ဂါလာတာစာရေးအသင်းဟာ အာဆင်နယ်တောင်ပံကစားသမား ဂါဘရီယယ် မာတီနယ်လီကို ယူရို ၄၅ သန်း (ပေါင် ၃၈.၄ သန်း) နဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အသက် ၂၅ နှစ်အရွယ် ကစားသမားအတွက် ဆွဲဆောင်မှုရှိတဲ့ အဆိုပြုချက်ကို စဉ်းစားဖို့ အသင့်ရှိနေပြီး သူ့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၇ ခုနှစ်အထိ ကုန်ဆုံးမှာဖြစ်ကာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။
သို့သော်လည်း မာတီနယ်လီက အာဆင်နယ်မှ ထွက်ခွာလိုခြင်းမရှိနေတာပဲဖြစ်ပါတယ်။ အကယ်၍ သူဟာ အာဆင်နယ်မှ ထွက်ခွာရပါက တူရကီသို့ ပြောင်းရွှေ့မည့်အစား ဥရောပ၏ ထိပ်တန်းလိဂ်များထဲမှ တစ်ခုခုတွင် ဆက်လက်ရှိနေရန်သာဆန္ဒရှိနေတာဖြစ်ပါတယ်

12/08/2026

စပို့တင်းလစ္စဘွန်းကို ဖိအားပေးနေတဲ့ လူးဝစ်ဆွာရက်ဇ်🇨🇴🇨🇴🇨🇴🇨🇴
နယူးကာဆယ်အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေစိတ်ဝင်စားနေတဲ့ လစ္စဘွန်းတိုက်စစ်မှူး ဆွာရက်ဇ်ကတော့ ပြောင်းရွေ့ခွင့်ပေးရန်အတွက် အသင်းအပေါ် ဖိအားပေးနေတယ်လို့ သိရပါတယ်
စပို့တင်းဘက်က စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း၈၀ပေးမှသာ အသင်းက ထွက်ခွာခွင့်ပြုမယ်လို့ အသိပေးထားတာပဲဖြစ်ပါတယ်။
နယူးကာဆယ်အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေကတော့ ဆွာရက်ဇ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးကြောင့် ခေါ်ယူဖို့တွန့်ဆုတ်နေကြတာဖြစ်ပါတယ်။ဆွာရက်ဇ်အနေနဲ့ စပို့တင်းကထွက်ခွာပီး ပရီးမီးယားလိဂ်ကိုပြောင်းရွေ့ချင်နေတာကြောင့် အသင်းအပေါ် ဖိအားပေးနေတာဖြစ်ပါတယ်

12/08/2026

အရန်ဂိုးသမားခေါ်ယူခဲ့တဲ့ မန်စီးတီး✍🏻✍🏻✍🏻✍🏻
မန်ချက်စတာစီးတီးအသင်းဟာ လိဒ်ယူနိုက်တက်ကိုပြောင်းရွေ့သွားခဲ့တဲ့ အင်္ဂလန်ဂိုးသမား ဂျိမ်းထရပ်ဖို့ဒ်နေရာမှာ အစားထိုးမှု့အဖြစ် မာဆေးအသင်းရဲ့ အာဂျင်တီးနားဂိုးသမား ဂျရိုနီမို ရူလီကို နှစ်နှစ်စာချုပ်ဖြင့်ခေါ်ယူနိုင်ခဲ့ပီလို့ တရားဝင်ကြေညာခဲ့ပီဖြစ်ပါတယ်
ပြောင်းရွေ့ကြေးကိုတော့ ကလပ်နှစ်သင်းလုံးက ဖော်ပြခဲ့ခြင်းမရှိပါဘူး။ရူလီဟာ မန်စီးတီးမှာ ဒွမ်နာရမ်မာရဲ့နောက် ဒုတိယဂိုးသမားအနေနဲ့ တာဝန်ယူသွားရမှာပဲဖြစ်ပါတယ်။

Want your business to be the top-listed Beauty Salon in Dagon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Dagon