Jinmy San

Jinmy San

Share

09259824702

04/07/2024
19/05/2024

ကျွန်တော်တို့ကျရှုံးသည်ဖြစ်စေ , အောင်မြင်သည်ဖြစ်စေ အဲ့အရာအားလုံးဟာလူတယောက်ပေါ်မှာဘဲမူတည်ပါတယ်။ကျွန်တော်တို့ကိုယ်တိုင်ပါဘဲ။ကျွန်တော်တို့အရင်ကဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ မေ့ပစ်ရမယ်။အတိတ်ကဖြစ်ရပ်တွေကိုနောင်တရပြီး ပူဆွေးနေမယ့်အစား လက်ရှိနဲ့အနာဂတ်ကိုပိုကောင်းအောင်ကြိုးစားကြရမယ်။တာဝန်ခံမှုဆိုတာမိမိလက်ရှိဖြစ်ပျက်နေတဲ့အရာတွေကိုလက်ခံခြင်းပါဘဲ။ကျွန်တော်တို့ကိုကျွန်တော်တို့တာဝန်ယူနိုင်စွမ်းရှိမယ်ဆိုရင် ဘဝမှာကြုံတွေလာရမယ့်မည်သည့်အခက်အခဲမျိုးမဆို စိန်ခေါ်မှုမျိုးမဆိုကျော်လွှားနိုင်မှာဖြစ်ပါတယ်။မိမိဘဝကိုတာဝန်ယူနိုင်စွမ်းရှိပြီဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရလာမှာလဲ?

1️⃣ မိမိကိုယ်ကိုယုံကြည်မှုတိုးတတ်လာမယ်
ကျွန်တော်တို့ဘဝမှာဖြစ်လာသမျှအရာတွေအတွက် တာဝန်ယူပြီဆိုရင် ဘယ်သူ့ကိုမှအပြစ်တင်စရာမလိုတော့ပါဘူး။မိမိရဲ့အကျင့်ဆိုးတွေ , အမူအကျင့်ဆိုးတေပြောင်းလဲနိုင်ပြီဆိုတာနဲ့မိမိကိုယ်ကိုယုံကြည်မှုကပိုတိုးတတ်လာပါမယ်။ကျွန်တော်တို့ဘဝကို ကျွန်တော်တို့ပိုထိန်းချုပ်လာနိုင်မယ်။

2️⃣ဘဝမှာ ရည်မှန်းချက်အသစ်တွေရရှိလာမယ်
မိမိကိုယ်ကိုယုံကြည်မှုရှိလာပြီဆိုရင် မိမိရဲ့ဆုံးဖြတ်ချက်တွေ ရည်မှန်းချက်တွေနောက်လိုက်ရဲတဲ့သတ္တိတွေတိုးပွားလာပါပြီ။သင့်ရဲ့ရည်မှန်းချက်တွေပျောက်ပျက်မသွားအောင် နေ့စဉ်နေ့တိုင်း အဲ့အကြောင်းအရာတွေကိုတွေးပါ။ဘာ့ကြောင့်မိမိဘဝအတွက်အရေးကြီးတာလဲဆိုတာတွေးပါ။ဘဝကိုဘယ်လိုပိုတိုးတတ်အောင်လုပ်ဆောင်မလဲဆိုတာတွေးပါ။

3️⃣မိမိလျှောက်ရာ ဘဝလမ်းကြောင်းရဲ့ပဲ့ကိုင်ရှင်ဖြစ်လာမယ်
သင့်ဘဝမှာသင်သာပဲ့ကိုင်ရှင်ပါ။ ဝေဖန်မှုတွေကြုံလာရရင် , " ငါကငါ့ဘဝရဲ့ပဲ့ကိုင်ရှင်လား? အခြားသူတွေကငါ့ဘဝရဲ့ပဲ့ကိုင်ရှင်လား" ဆိုတာမိမိကိုယ်ကိုမေးပါ။လူအများစုဟာ သူတပါးတွေရဲ့အပြစ်ပြောမှု အပြစ်တင်မှုတွေအောက်မှာ ကျရှုံးသွားကြတာပါ။ ကျွန်တော်တို့မိဘတွေ ဆရာတွေ နည်းပြတွေ ကျွန်တော်တို့ကိုလမ်းပြပေးနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့လုပ်ဆောင်သမျှအားလုံးကို ကျွန်တော်တို့ဘဲတာဝန်ယူရမှာပါ။ဒါဟာ အပြည့်စုံဆုံးဖြစ်ရမယ်လို့မဆိုလိုပါဘူး။တစ်ခါတစ်ရံမှာ အမှားတွေရှိနေဦးမှာပါဘဲ။လူတိုင်း အချိန်အတိုင်းအတာတစ်ခုအထိတော့ ကျရှုံးနေဦးမှာပါဘဲ။ကျရှုံးမှုတွေကြုံလာရင် ဘယ်နေရာမှာမှားနေလဲဆိုတာ သေချာဆန်းစစ်ပါ။ပြီးတာနဲ့နောက်တစ်ခါ ဘယ်လိုကောင်းအောင်လုပ်ဆောင်မလဲဆိုတာကိုတွေးပါ။အတိတ်ကိုမေ့ပြစ်ပါ

အောင်မြင်မှုရဲ့အရသာကိုကောင်းကောင်းမခံစားရသေးခင် ကျွန်တော်တို့မိမိကိုယ်ကိုလေးစားမှု , မိမိဘဝရဲ့ဦးစားပေးအရာတွေ ,ရိုးသားဖြောင့်မတ်ခြင်းဆိုတဲ့ ဘဝရဲ့အရေးကြီးဆုံးအရာတွေကို ရှိအောင်ကြိုးစားကြရမယ်။မိမိကိုယ်ကိုလေးစားမှုထားတယ်ဆိုတာ တန်ဖိုးကြီးတဲ့လက်ဆောင်တစ်ခုပါ။သင်ဟာသင့်ရဲ့စွမ်းဆောင်ရည်တွေကိုယုံကြည်မှုရှိတယ်, သင့်ကိုယ်သင်လက်ခံတယ် , ကျေနပ်တယ်ဆိုရင် ဘဝမှာ ကောင်းတဲ့အရာတွေ ရလာမှာ ဖြစ်လာမှာ မလွဲမသွေပါဘဲ။လူတိုင်းဟာ မိမိကိုယ်ကိုလေးစားမှုမထားကြပါဘူး။မိမိကိုယ်ကိုလေးစားမှုရှိပြီဆိုတာနဲ့သင့်ဘဝကြီးဟာ လုံးဝပြောင်းလဲသွားပါပြီ။

မိမိဘဝတိုးတတ်လာဖို့ပြောင်းလဲလာဖို့ဆိုရင် ဘယ်လိုအချက်တွေကိုလိုက်နာသင့်တာလဲ?

💰မိမိအပေါ်ကောင်းတဲ့ မိမိကိုအားပေးတဲ့သူတွေနဲ့ဝန်းရံထားရမယ်
အမှန်တရားကိုခါးပါတယ်။ဒါပေမယ့် မုသားတွေနဲ့နှစ်သိမ့်တဲ့သူတွေဟာ ဘဝကိုပိုပြီးနစ်မွန်းသွားစေတယ်ဆ်ိုတာ သိထားရမယ်။သင့်အပေါ်ကောင်းတဲ့သူတွေက သင်အခက်အခဲတွေရင်ဆိုင်နေရချိန် ကျရှုံးနေချိန်တွေမှာ အနားရှိပေးပြီး သင့်ကိုအကောင်းဆုံးနားလည်ပေးသူတွေ, ကူညီပေးသူတွေ လမ်းပြပေးသူတွေဖြစ်ပါတယ်။သင့်ကိုအားပေးသူတွေ သင့်ကိုလမ်းပြပေးသူတွေ ကိုများများရှာပါ။

💰နေ့စဉ်ရည်မှန်းချက်တွေထားရှိပါ
တနေ့တာ ဘာလုပ်မယ် ဘယ်သွားမယ် ဆိုတာတွေကိုသေချာသတ်မှတ်ထားရမယ်။ဒီလိုလုပ်ပေးခြင်းအားဖြင့်မိမိကိုယ်ကိုအားကိုးမှုရှိလာမယ်။စိတ်အားတွေတတ်ကြွလာမယ်။စိတ်ခွန်အားတွေရရှိလာမယ်။မိမိအောင်မြင်မှုကိုမိမိဘာသာဖန်တီးလာနိုင်မှာဖြစ်ပါတယ်

💰မိမိမှာရှိတဲ့အရာတွေကိုတန်ဖိုးထားရမယ်
မိသားစု , သူငယ်ချင်း စတာတွေကိုတန်ဖိုးထားကြရမယ်။ဒီလိုလုပ်မယ်ဆိုရင် ကျွန်တော်တို့ကျရှုံးမှုတွေဆီကနေ ရုန်းထနိုင်လာမယ်။နောက်ပြီး မိမိကိုယ်ကိုချစ်တတ်အောင် သင်ယူဖို့အရမ်းလိုအပ်ပါတယ်။ နေ့စဉ်နေ့တိုင်းမှန်ကိုကြည့်ပြီး" , ငါအလုပ်ကို ၁၀၀%လုပ်နိုင်တယ်, ငါသာအတော်ဆုံး" လို့ရွတ်ဆိုပါ။သင့်ရဲ့စွမ်းရည်တွေ လုပ်ဆောင်မှုတွေကိုလက်ခံရင် သင့်ကိုယ်သင်ပိုပြီးချစ်လာရင် သင့်ရဲ့လူမှုရေးရော စီးပွားရေးပါ ပိုပြီးတိုးတတ်လာစေမှာအမှန်ပါဘဲ။သင့်ကိုယ်သင်ချစ်ရင် လူတွေကလည်းသင့်ကိုချစ်လာမှာပါဘဲ

13/04/2024

တခါတုန်းက
ဌက်လေးတကောင်ဟာ
Allah ကို စဂျ်ဒါလုပ်ပြီး
သူ့ပြသနာတွေကို ပြောပြောပြီး
complaint တက်တယ်။

နေ့ရက်တွေပြောင်းလဲလာပြီးနောက်
ဌက်ကလေးဟာ အလ္လာဟ့်ကို ဘာမှမပြောတော့ဘူး ထိုအခါ
ကောင်းကင်တမန် မလာအေကာဖရိရှ်သာတွေက
အလ္လာဟ်ကိုမေးကြတယ်၊
YaAllah
ဌက်ကလေးက အလ္လာဟ့်ကို ဘာလို့
ဘာမှမပြောတော့တာလဲ။

ပြန်လာပါလိမ့်မယ်
သူဟာ ငါအရှင့်ကို တိုင်ကြားနေတာပါ။
တနေ့မှာ ဌက်ကလေးဟာ အကိုင်းတခုမှာ
နားနေတယ် ဖရိရှ်သာတွေကလည်း
ဌက်ကလေးတခုခု ပြောမလားဆိုပီ
ကြည့်နေကျတယ်

ဒါပေမယ့်
ဌက်ကလေးက တိတ်တိတ်လေးဘဲ ထိုင်နေတယ်၊
ထိုအခါ အလ္လာဟ်က အို ငါရဲ့ဗန္ဒာလေး ပြောပါ
သင့်ရင်ထဲမှာ ဘာတွေနာကျင်နေရတာလဲ။

အဲ့အခါ
ဌက်ကလေးကပြောတယ်
Ya Allah
ကျနော်မျိုးမှာ ဌက်အိမ်အသိုက်လေးတခုရှိခဲ့တယ်
ကျနော်မျိုးရဲ့တခုတည်းသောအိမ်လေးပါ
အဲ့တာလေးကို အလ္လာဟ်က ဖျက်စီးလိုက်တယ်။
ဘာလို့လဲ အလ္လာဟ် ရယ်ဆိုပြီးငိုပြောတယ်။
ထိုအခါ အလ္လာဟ်က ပြောတယ် သင့်ရဲ့
အိမ်နားမှာ မြွေတကောင်ရှိနေခဲ့တယ် အဲ့မြွေက
သင့်ကို ရန်မူဖို့ရှိနေတယ် အဲ့အတွက် ငါအရှင်ဟာ
လေ ကို အမိန့်ပေးပီး သင့်အိမ်ကိုဖျက်စီးစေတယ်
သို့မှသာ သင်အိပ်ယာက နိုးထပြီး ပျံသန်းထွက်ပြေးလိမ့်မယ် ထိုကြောင့်
သင်အန္တာရယ်ကနေ လွတ်မြောက်စေတယ်။
ဌက်ကလေး မျက်လုံးမှာ
မျက်ရည်တွေနဲ့ပြည့်သွားတယ်။
ဘဝမှာ ဘယ်လိုအခက်ခဲပြသနာတွေကြုံလာတိုင်း
ဌက်ကလေးကို သတိရပြိး
Alhamdulillah ဆိုပါ။
အကြောင်းမရှိဘဲ
ဘယ်အရာကိုမှ အလ္လာဟ်မဖြစ်စေပါဘူး။
KING WINN 777

18/03/2024

ကိုယ့်ထက်မြင့်တဲ့ သူတွေကိုကြည့်ရင်တော့
ကိုယ်က အမြဲနိမ့်ကျနေမှာပဲ
ကိုယ်ထက်နိမ့်တဲ့ သူတွေကိုကြည့်ရင်တော့
ကိုယ်က မြင့်နေမှာပဲ

ကိုယ်က နိမ့်ကျတယ်ဆိုတိုင်း
စိတ်ဓာတ်မကျနဲ့
ကိုယ်က မြင့်မြတ်တယ်ဆိုတိုင်း
ဘဝင် မမြင့်နဲ့

လောကမှာ ပြည့်စုံတဲ့သူဟာ
ရောင့်ရဲ နိုင်တဲ့ လူပဲ
ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့
နှိုင်းယှဉ်နေခြင်းက မနာလိုစိတ် ၊ မခံချင်စိတ်ကိုပဲ ဖြစ်စေတယ် ၊

ကိုယ့်ကိုယ်ကိုယ်သာ ယှဉ်ပြိုင်ပါ
မနေ့က ' ငါ ' ထက်
ဒီနေ့ ' ငါ ' က ပိုကြိုးစားရမယ်
ပိုအလုပ်လုပ်ရမယ် ၊ ပိုသန်မာရမယ် ၊

တစ်နေ့ လိုချင်တဲ့ ပန်းတိုင်ကို
ရောက်ကို ရောက်လိမ့်မယ် ။

crd

18/03/2024

တရုတ်ပြည်မှာ ခေတ်စားနေတဲ့စကားတစ်ခွန်းရှိပါတယ်။

အဲဒါကတော့ တခြားသူကို ပြောင်းလဲလိုတဲ့သူဟာ အရူးဖြစ်ပြီး

မိမိကိုယ်ကို ပြောင်းလဲလိုတဲ့သူဟာ ဉာဏ်ကြီးရှင်ပါတဲ့။

စိတ်ညစ်ပြီဆိုရင် ဘယ်အရာပေါ်မှာ အာရုံစိုက်နေမိလဲဆိုတာ ဆန်းစစ်ကြည့်လိုက်ပါနော်။

စိတ် - သက်တန့် မေရီ Thet Thant Mary

15/03/2024

ကြိုးစားရုံနဲ့ မအောင်မြင်ဘူး။
အချိန်ကောင်းနဲ့ ကြုံမှ။

ဒီအချိန်ကောင်းနဲ့ကြုံအောင်
ကြိုတင်ကြိုးစားထားကြတာ။

ကိုယ်ကြိုတင်ကြိုးစားပြီး
စောင့်နေတဲ့ အချိန်ကောင်းက
ဘာများဖြစ်မလဲ။

Phyo Paing @ Derek

Photos from Jinmy San's post 15/03/2024

နည်းနည်းလုပ်ရင် နည်းနည်းရမယ်
များများလုပ်ရင် များများရမယ်
ရသလောက်လုပ်ရင် ရချင်သလောက်ရမယ်
မရရအောင် စနစ်တကျ plan ချလုပ်ရင် လုပ်သလောက်ရော လိုချင်သလောက်ရော ရမယ်

ရလဒ်ဆိုတာ လုပ်ရပ်နဲ့ပဲ ထပ်တူကျမှာမို့
Year End Bonus plan ကြီးက ရလဒ်ကိုသိပြီး ရအောင်ကြိုးစားသူတွေအတွက် ကြီးမားတဲ့ထိရောက်မှု ပေးကိုပေးလိမ့်မယ် 😊😍

ဘက်ပေါင်းစုံမှစဉ်းစားပြီးကို ကျေနပ်ရပါသော

FOCUS Beauty ဆိုတာ ထိရောက်အောင်ပေးချင်တယ်
ထိရောက်အောင်ရယူတတ်ဖို့ကတော့ ယူတို့တာဝန်ပဲ 😊

#ကွီးပိုင်

Photos from Jinmy San's post 14/03/2024

ဘဝမှာ ငါ ဘာလိုချင်တာလဲ...
ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပါ။

ပြီးရင်...
ဘယ်လိုလုပ်ရင် ရနိုင်မလဲ
နည်းလမ်းရှာပါ။

နောက်ဆုံးတော့...
ကျွန်တော်တို့ ဘဝမှာ
ကိုယ်ရှာတာ ကိုယ်တွေ့လိမ့်မယ်လို့ ယုံကြည်ပါ။

Lin Lin Tun
Business Coach & NLP Master Trainer

14/03/2024

ကိုယ်နဲ့ ကိုယ်က
ဖက်တူရမယ်။​
ကိုယ့်ကိုယ်ကို ဝေဖန်တာရပ်။
အပြစ်တင်တာရပ်။

ကိုယ့်ကိုယ်ကို အားပေး။
ကိုယ့်ရဲ့ဖြစ်တည်မှု ကိုယ်ဂုဏ်ယူ။

မနေ့ကထက် ဒီနေ့
ပိုကောင်းတဲ့သူ ဖြစ်အောင်လုပ်။

ကိုယ်နဲ့ အမြဲရှိိနေမှာ ကိုယ်ပဲ။

Phyo Paing @ Derek

12/03/2024

Telephone

Website

Address

Banmaw

Alerts

Be the first to know and let us send you an email when Jinmy San posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Banmaw.