Boom Products by HK
💜 ချစ်မိတ်ဆွေအားလုံး ကျန်းမာပီး အလှတိုး ချမ်းသာပီး ဓနတိုးကြပါစေ 💜
01/07/2022
လူ တ ကာ စွဲ မက် လောက် တဲ့
ရုပ် ရည် ရူ ပ ကာ ရှိ ဖို့ မ လို ဘူး...
တ ကယ် လို အပ် တာ က လှ ပ တဲ့
နှ လုံး သား ပဲ ဖြစ် တယ်....
26/12/2021
ဆင်ကိုတွန်းပေးနေတဲ့လူက
ငါတွန်းတင်နိုင်မှ ဆင် တက်နိုင်မယ်ဆိုတဲ့အတွေးနဲ့
တွန်းပေးနေခြင်းမဟုတ်ပါ
သူသွားရမဲ့နေရာကို သိအောင် တွန်းပေးနေတာပါ
ဒီလိုပဲဘဝမှာ လူတော်တော်များများက
ကိုယ့်မှာအင်အားရှိလျက်နဲ့ မလုပ်ရဲကျဘူး
အဲ့လိုလူတွေကို တွန်းပေးကြပါ
အသင်ရဲ့ကူညီမှုတစ်ခုက
သူတို့ရဲ့တစ်ဘဝစာပြောင်းလဲသွားနိုင်ပါတယ်
ကူညီပါ ရိုင်းပင်းပါ❤️👍
crd
အောင်င်မြင်တဲ့ လူငယ် တစ်ယောက်ဖြစ်ဖို့
👑👑👑👑👑👑👑👑👑👑
၁။ စိတ်ဓါတ်ခိုင်မာခြင်း -
ဘယ်အချိန်မှာ ဘာလုပ်မယ် ... ဘာဖြစ်ချင်တယ်ဆိုတာကို ကိုယ့်စိတ်ထဲမှာ စွဲနေအောင် နှလုံးသွင်းထားပါ။ ထိုကဲ့သို့ မိမိ၏ စိတ်ကို တိတိကျကျ သေသေချာချာ ခိုင်ခိုင်မာမာ ပြင်ဆင်ထားခြင်းက လုပ်ငန်းဆောင်ရွက်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် အာရုံစူးစိုက်မှု အားကောင်းကာင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် “ငါလုပ်ရင် ဖြစ်ပါ့မလား” ဆိုတဲ့ မယုံမရဲ စိတ်တွေကို ရှောင်ရှားနိုင်ပါလိမ့်မည်။
“ငါလုပ်ရင် ဖြစ်တယ်” ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ကို မွေးမြူပါ။
၂။ အချိန်ကို စီမံခန့်ခွဲနိုင်ခြင်း -
ငယ်ရွယ်စဉ်ကတည်းက လိုအပ်တဲ့အချိန်ကို ရယူနိုင်ရန်လေ့ကျင့်ထားပါ၊ မလိုလားအပ်သော နေရာများတွင် အကြောင်းမဲ့ အချိန်မဖြုန်းပါနှင့်။
၃။ အလုပ်တွင် အပြည့်အဝအာရုံစိုက်ခြင်း -
စတင်လုပ်ဆောင် လိုက်သော ကိစ္စရပ်တစ်ခုကို မည့်သည့် အတွက်ကြောင့်ဖြစ်စေ ကိုယ့်ဖက်က မဖျက်ပါနှင့်၊ မိမိပတ်ဝန်းကျင်က လေးစား ယုံကြည်တန်ဖိုးထား ရသော သူတစ်ယောက်ဖြစ်အောင် မိမိအလုပ်ကို တန်ဖိုးထားလေးစားပါ။
၄။ ပတ်ဝန်းကျင်ကို လေးစားခြင်း -
သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေ အားလုံးကို လေးလေးစားစား ဆက်ဆံပါ၊ တစ်ပါးသူ၏ အမြင်၊ သဘောထား၊ ခံစားချက်များကို အလေးထားကာ အတတ်နိုင်ဆုံး နားလည်ပေးပါ။
၅။ ပူးပေါင်းဆောင်ရွက်ခြင်း -
အများနှင့်သက်ဆိုင်သော ကိစ္စတစ်ရပ်များကို ဆောင်ရွက်ရာတွင် မိမိဆန္ဒတစ်ခု တည်းကို ဦးစားမပေးပါနှင့်၊ မိမိတစ်ဦးတည်း သဆောဆန္ဒကိုသာ ဇွတ်မလုပ်ပါနှင့်၊ တစ်ပါးသူ၏ အကြံအဉာဏ်များကို အလေးထားဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ပါ။
၆။ နားထောင်တတ်ခြင်း -
ထောင်တတ်သောနား ရှိပါ၊ မည်သည့်ကိစ္စတွင်မဆို တစ်ပါးသူ ပြောသည့်အခါ စိတ်ဝင်တစား နားထောင်တတ်ရန် အရေးကြီးပါသည်။ အယူအဆတူသည်ဖြစ်စေ ... မတူသည်ဖြစ်စေ စိတ်ရှည်လက်ရှည် နားထောင်ပါ။
၇။ ရိုးသားခြင်း -
လိမ်ညာဟန်ဆောင်ခြင်းသည် ခဏတာ အထင်ကြီးမှုကို ရကောင်း ရနိုင်သော်လည်း ရေရှည်တွင် ပတ်ဝန်းကျင်၏ ယုံကြည်မှုကို ဆုံးရှုံးနိုင်ပါသည်၊ အမှန်တရားကို ချစ်မြတ်နိုးပါ၊ ရိုးသားမှုကို တန်ဖိုးထားပါ။ လူငယ်တိုင်း အောင်မြင်နိုင်ပါစေ ........
စာဖက်သူအားလုံးကိုအဆင်လေးစားလျှက်
မေတ္တာဖြင့်
Category
Contact the business
Telephone
Website
Address
Alerts
Be the first to know and let us send you an email when Boom Products by HK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.