Kaung kin yan
2D3Dစေတနာရှင်းလေး
10/11/2022
မတင်တာ ကြာတော့ မေ့သွားမှာ ဆိုးလို့
25-10-(12-01)ထိပ်သုံးလုံးလိုချင်သူများ ပေါက်ပေး20000နဲ့ပေးမယ် လိုချင်ရင်cbလာ
25/10/2022
သင်ကြွက်တက်တတ်တဲ့သူဆိုရင် ဒီဆေးနည်းလေးမှတ်ထားပါ သင်ကြွက်တက်တတ်တဲ့သူဆိုရင် ဒီဆေးနည်းလေးမှတ်ထားပါ မိတ်ဆွေ အမျိုးသမီးတစ်ယောက်က ညဆိုကြွက်တက်တတ်တယ် ဘယ်လိုလု....
25/10/2022
အပိတ်နေ့ နံနက်က အောင်ခဲ့တဲ့ ဆိုဒ်လေးပါ အမျိုးတို့ရေ ဆက်ပေးသေးရင်အောင်မယ်ပေါ့ ပေါက်ပေး နဲ့ လာယူစေဗျာ
24/10/2022
. "အခမ်းနားဆုံးး မုသားများ "
သူဌေးအိမ်မှာ အိမ်ဖော်လုပ်နေတဲ့
ကောင်မလေးကို နယ်ကသူ့အမေက ဖုန်းဆက်
ရင်းမေးတယ် သမီးလေးအလုပ်လုပ်ရအဆင်
ပြေရဲ့လားး??
"ဟုတ်ကဲ့အမေ သမီးအဆင်ပြေပါတယ် သူဌေးလင်မယားကလဲ သဘောအရမ်းကောင်း
ကြတယ်"တဲ့
သူဌေးကတော် ခေါက်လို့ဖူးနေတဲ့ ခေါင်းလေးကို
ပွတ်ရင်းဖြေတယ် #
---------------
"မောင်တိုးရေ မင်းအမေဖုန်းဆက်တယ်
လာပြောလိုက်ဦး"
စားပွဲထိုးလေးမောင်တိုးဆေးလက်စပန်းကန်
တွေပစ်ချပီးပြေးသွားတယ်
"သား လူလေး နေကောင်းလား အဆင်ပြေလား
သားလေး"
"အင်းးးအမေ ပြေတယ် စားသောက်ဆိုင်ဆိုတော့
မုန့်တွေလဲများကြီးစားရတယ်အမေရဲ့"
မနက်ကတည်းက ဘာမှမစားရသေးလို့
တဂွီဂွီမြည်နေတဲ့ ဗိုက်ကအသံ အမေကြားသွား
မလားလို့တော့ စိုးရိမ်မိသားး
------------
"ဟျောင့်းးးးဖိုးးဇော် တပ်ရင်းအဝမှာ မင်းအဖေ
ဧည့်တွေ့လာတယ် သွားလိုက်ဦးး"
ရဲဘော်လေးဖိုးဇော် အိပ်ယာအောက်ကိုလှန်
သတင်းစာလေးနဲ့ ကျစ်ကျစ် ပါအောင် ထုတ်ပီး
ဖွက်ထားတဲ့ လစာ တစ်သိန်းကိုယူပီး တပ်ရင်း
ဝက သူ့အဖေဆီပြေးးတယ်
"သားးဖိုးဇော် အဆင်ပြေရဲ့လားးကွ ဒီမှာ
မင်းစားဖို့မင်း အမေဟင်းဘူးတွေထည့်ပေး
လိုက်တယ်"
"ဟာ အေဖကလဲ မလိုပါဘူး အေဖတို့စားဖို့
ပြန်ယူသွား သားဒီမှာအဆင်ပြေတယ် ဒီလ
လစာကျန် တစ်သိန်းတောင် အဖေတို့ကိုသား
ကန်တော့နိုင်မယ်
အဖေ့လက် လစာလေးအပ် အဲ့နားမြေကြီး
ထဲတင် ဒူးလေးထောက် ထိုင်ကန်တော့-
"သားးးးမင်းသုံးဖို့ရော ရှိရဲ့လားကွာ ပြန်ယူ
ထားပါလား"
"ရပါတယ် အဖေရာ သားအတွက်က ဘာမှပူ
စရာမရှိပါဖူး အစစအရာရာအဆင်ပြေပါတယ်"
အဖေ့ရဲ့အပြုံးးတွေအောက် နေ့တိုင်းစားနေ
ရတဲ့ ပဲရည်ကျဲဟင်းနဲ့ ကြက်ဥရေလုံပြုတ်က ပိုပီး
အားရှိစေခဲ့တယ် #
---------------
လိမ်ညာခြင်းဟာမကောင်းကြောင်း လောက
နီတိတွေ ကိုသင်ပီးပြန်လာတဲ့ ကျောင်းဆရာ
မလေးးမိုးချုပ်လို့ အိမ်နဲ့ phပြောတဲ့အခါ
-ဗွက်တောထဲ လမ်းလျှောက်သွားရတဲ့ ဒုက္ခတွေ
မသိတော့ဖူး
-အိမ်ပို့ဖို့ လစာမကျန်မှာစိုးလို့ အသီးရွက်ကြော်နဲ့
ဘဲဥပဲ အမြဲစားနေရတဲ့ ဒုက္ခတွေ မရှိတော့ဖူးး
-နယ်မြေက မငြိမ်းချမ်းလို့ ကျီးလန့်စာစား
နေနေရတဲ့ သောကတွေကို မေ့ပီးအဆင်
ပြေပါတယ် အမေလို့ ညာမိပြန်တယ် #
------------
ဘဝမှာ လူတကာကို အကြိမ်ကြိမ် ညာဖူး
လိမ်ဖူးကြပေမယ့်
အဝေးရောက်သားသမီးတွေရဲ့ ကိုယ့်ရဲ့
လက်တလောဒုက္ခတွေ သောကတွေကိုမေ့ပီး
မိဘတွေစိတ်ချမ်းသာဖို့အတွက်
"အဆင်ပြေပါတယ် အဖေ"
"အဆင်ပြေပါတယ် အမေ" လို့ ညာရတဲ့
အချိန်တွေက အခမ်းးနားဆုံးးနဲ့ ကျေနပ်ရဆုံး
အချိန်တွေပါပဲ 😊😊
(အဝေးရောက် သားသမီးများသာ နားလည်မည်)
Credit
24/10/2022
Category
Website
Address
Bago