Chin People's Union
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin People's Union, Chin, Delhi.
ဤ Page သည် CPU/CPA ၏ Official Page မဟုတ်ပါ။ CPU/CPA ကို အားပေးချစ်ခင်သော ပရိသတ်မ ပရဟိတ Page တစ်ခုသာ ဖြစ်ပါသည်။
CPU/CPA နှင့် ပတ်သက်၍ ဖြစ်စေလိုသော အကြံပြုချက်များ၊ ဖြစ်ချင်သော ဆန္ဒများနှင့် အမြင်များကို လာရောက် မျှဝေတင်ပြနိုင်ပါသည်။
မိဘပြည်သူများ
CPU/CPA နှင့် အတူရပ်တည်ပေးကြဖို့လိုအပ်ပါသည်။
04/06/2026
ချင်းပြည်သူ့အစည်းအရုံး(Chin People’s Union)/ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာချက်
ကြေညာချက်အမှတ် ၁/၂၀၂၆
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်
၁။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူသဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း၊ အကြမ်းမဖက်အာဏာဖီဆန်ခြင်းတို့ ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုအား လက်နက်ဖြင့် နှိပ်စက်သတ်ဖြတ်ခြင်း ကျူးလွန်လာသဖြင့် ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ကို တခဲနက် လက်နက်ကိုင်တော်လှန်ကြသည်။
၂။ ချင်းတစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးနှင့် ချင်းတစ်ပြည်လုံးလွတ်မြောက်ရေးကို လိုလားပြီး ချင်းပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများကို ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) တွင်လည်းကောင်း၊ ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) တွင်လည်းကောင်း စုစည်းပါဝင်ပြီး စစ်အာဏာရှင်အား တွန်းလှန်တိုက်ထုတ်ခဲ့ကြ သော်လည်း စစ်ရေးနိုင်ငံရေးအား တပြိုင်တည်း လုပ်ဆောင်ရာတွင် တော်လှန်ရေးကာလ အတွင်း အစုအဖွဲ့တချို့မှ စစ်ရေးထက် နိုင်ငံရေးအား ပိုမိုအားစိုက်လာသည့် အခြေအနေများ ကြောင့် ချင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ဝိဝါဒကွဲပြားမှုများ ဖြစ်ပေါ်ခဲ့ပြီး CJDC စုစည်းမှု ပျက်ပြယ်ခဲ့သည်။
၃။ CJDC ပျက်ပြယ်ပြီးသည့်နောက် စစ်ရေးနိုင်ငံရေးအား လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ချင်းညီနောင်ကို ဖွဲ့စည်းတည်ထောင် လာခဲ့ကြသည်။ ချင်းညီနောင်သည် မဟာမိတ်များနှင့် လက်တွဲညီညီ ပူးပေါင်းပြီး ကျင်ဒွေးမြို့၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့်ဖလမ်းမြို့နယ် တို့ကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်စေရန် စွမ်းဆောင်နိုင်ခဲ့ကြသည်။
၄။ ထို့နောက် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သော မင်းတပ်မြို့နယ်တော်လှန်ရေးဦးဆောင် ကော်မတီ/ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်၊ မတူပီတော်လှန်ရေး အဖွဲ့ချုပ်/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရကောင်စီ/ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဒိုင်ရ် တို့ကို စုစည်းပြီး ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုပေးရန်အတွက် ချင်းပြည်သူ့အစည်းအရုံး (Chin People’s Union)/ ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅ ) နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြသည်။
၅။ ချင်းပြည်သူ့အစည်းအရုံးနှင့် ချင်းပြည်သူ့တပ်မတော်သည် ချင်းညီနောင်အဖွဲ့ဝင် အဖြစ် တက်ကြွစွာဆက်လက်ပါဝင်ပြီး စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေး၊ ချင်းပြည်သူလူထု၏ မွေးရာပါ အခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းကို ဖော်ဆောင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးနှင့် ရည်မှန်းချက်တူညီသည့် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်ရေးနိုင်ငံရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်
ဆက်သွယ်ရန်
အထွေထွေအတွင်းရေးမှူး - ဆလိုင်းယောမာန်
Chin People's Union
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်
04/06/2026
04/06/2026
သတင်းထုတ်ပြန်ခြင်း
၂၀၂၆ ခုနှစ်၊ ဇွန်လ (၄) ရက်
၁။ ချင်းပြည်သူ့အစည်းအရုံး(CPU)ထိန်းချုပ်နယ်မြေဖြစ်သော မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် အင်အား (၂၀၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်ကော်မရှင်တပ်များနှင့် ချင်းပြည်သူ့တပ်မတော်နှင့်မဟာမိတ်ပူးပေါင်းတပ်များ အကြား ၂၀၂၆ ခုနှစ်၊ မေလလယ်ဝန်းကျင်မှ စ၍ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိသည်။ လက်ရှိတွင် ချင်းပြည်သူ့တပ်မတော်(CPA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အနေဖြင့် အကြမ်းဖက် စစ်ကော်မရှင်၏ ထိုးစစ်များကို အောင်မြင်စွာ ခုခံဟန့်တားထားပြီး စစ်မြေပြင်တွင် အခြေအနေမကောင်းသော အကြမ်းဖက်စစ်တပ်သည် တိုက်လေယာဉ်၊ Y 12 လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
၂။ ဤတိုက်ပွဲနှင့်ပက်သက်၍ သတင်းမှားများ၊ ကောလာဟလသတင်းများ၊ အတည်မပြုနိုင်သော သတင်းမှားများ အွန်လိုင်းပေါ်ရှိ တရားဝင်မဟုတ်သော ဖေ့စ်ဘုတ်စာမျက်နှာများ၊ အကောင့်များတွင် ပျံ့နှံ့လျက်ရှိသည်ကိုလည်း တွေ့ရသည်။ အဆိုပါသတင်းမှားသည် အများပြည်သူ စိုးရိမ်ထိတ်လန့်စေမှုများ ဖြစ်စေသည့်အပြင် မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုး များကိုလည်း ဖြစ်စေသည်ကို တွေ့ရသည်။ သို့ဖြစ်၍ မိမိတို့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တိုက်ပွဲနှင့်စပ်လျဉ်း၍ထုတ်ပြန်သည့် တရားဝင်ထုတ်ပြန်ချက်များကိုသာ စောင့်မျှော်နားစွင့်ရန် တိုက်တွန်းအပ်ပါသည်။
၃။ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်အနေဖြင့် မိမိတို့ပြည်သူ၊ အသက်အိုးအိမ်နှင့် ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန်ကာကွယ်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ ထိုးစစ်ဆင် ဝင်ရောက်လာသော အကြမ်းဖက် စစ်ကော်မရှင်တပ်များကို ခုခံတွန်းလှန်မောင်းထုတ် ရာတွင်လည်း ပြည်သူများအနေဖြင့် ကျရာကဏ္ဍအသီးသီးမှ မိမိတို့တတ်စွမ်းသည့်အလျောက် တတပ်တအား အားပေးကူညီ ပူးပေါင်းပါဝင်ကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

People's Union
Click here to claim your Sponsored Listing.
Website
Address
Delhi
11000