SUNME SAYS
Do you believe in retail therapy ?
10/05/2025
ကျွန်မ Chat GPT ကိုဘယ်လိုအသုံးပြုနေလဲပြောပြမယ် ...
မနှစ်ထဲက ချောင်းသာသွားတော့ period ရွှေ့ချင်လို့ ဟော်မုန်းဆေးသောက်တာကနေစပြီး break out ဖြစ်တာ ၃ လလောက်ခံလိုက်ရတယ် ၊ နွေ နေအရမ်းပူတာလဲပါတာပေါ့နော် ၊ အခုနှစ်လဲတူတူပဲ ၄ လပိုင်းစထဲက ဝက်ခြံက တစ်လုံးပြီးတစ်လုံးပေါက်လာရော skincare တွေလဲ လိမ်းရင်းလိမ်းရင်းနဲ့ကို မလိမ်းချင်နေတော့ဘူး ၊ အဲ့တာနဲ့ပဲ Chat GPT ကို skintype / သုံးနေတဲ့ skincare ရယ် လိုချင်တဲ့ skin Goal ပြောပြီး ငါ့ကို Skincare Weekly Plan လုပ်ပေးပြောလိုက်တာ သူကလုပ်ပေးရှာတယ် ၊ ၂ ပတ်လောက်သူ့အတိုင်းလိမ်းတာ တကယ်သက်သာသွားတယ် ၊ လုံးဝမပေါက်တော့ဘူး ဝက်ခြံလဲ ၊ အမာရွတ်ပါပျောက်ခါနီးလေးဖြစ်သွားတယ် 🤭🤣
ဒါပေမယ့် အဲ့လိုရှင်းလင်းတဲ့ Plan တစ်ခုထွက်လာဖို့အာပေါက်အောင်ပြောယူရတယ် ဒါပေမယ့်လဲ တန်ပါတယ်လေ 😁✨
08/05/2025
ဓာတ်ပုံလေးတွေကို Film camera နဲ့ရိုက်သလိုလေးဖြစ်ချင်တယ်ဆိုရင် 🎞️📀
အခုက Film colour ခေတ်ဆိုတော့ film effect လေးတွေနဲ့ပုံလေးတွေကိုပြင်ချင်လာရော ၊ ဟိုးအရင်ထဲက snapseed ရဲ့ grainy film နဲ့ပြင်တာပေမယ့် အခုက film12 ဆိုတဲ့ Free app လေးလဲတွေ့လို့ အဲ့ထဲက effect လေးတွေက ပြင်တတ်ရင်ပြင်တတ်သလိုလှတယ် ..
It gives more glowy vibess to me ✨🫧
ပထမ ၂ ပုံနဲ့နောက်ဆုံးပုံက film12 နဲ့ပြင်ထားတာ ၊ 3ပုံမြောက်က snapseed နဲ့ပြင်ထားတာပါ ၊ film camera effect လေးနဲ့ပြင်ချင်နေတယ်ဆို ဒီ app လေးတွေ try ကြည့်ကြည့်နော် 😚
04/05/2025
feeling very demure with cluster lashes 💅🏻
မျက်တောင်ဆက်ချင်တဲ့စိတ်က အသွေးအသားထဲမှာရှိနေတာကြာပြီ ၊ ဒါပေမယ့် မျက်လုံးတစ်အားပွတ်တတ်တာရော မျက်နှာကို အားပါးအားရ အမြဲသစ်ချင်တဲ့ စိတ်ကတားဆီးနေလို့ မဆက်ဖြစ်ဘူးဘယ်တော့မှ ၊ ဒါပေမယ့် ဟိုတစ်လောက shopping ထွက်ရင်း မျက်တောင်တွေ့တော့ ဝယ်ချလာရော ၊ sunme ဝယ်တာ Glue ပါပြီးသား ၊ Beginner Friendly ဖြစ်တာမျိုးပေါ့ ၊ အစထဲကမှ တပ်ရတာကြောက်တာဆိုတော့ မနည်းတော့ တပ်လိုက်ရတယ် ၊ လှချင်တဲ့စိတ်ကလဲ ထိပ်ဆုံးမှာလေ 🤣
တပ်ပြီးတော့ အရမ်းလှသွားတဲ့ feeling ရတယ် 🤭
ဒါပေမယ့် မကျွမ်းသေးဘူး ခဏခဏတပ်ပေးမှကျွမ်းမယ်ထင်တယ် ၊ ဒါတပ်ပြီးတော့ ရှေ့တောင်သေချာမမြင်ရတော့ဘူး ၊ လှချင်တော့လဲ ဘယ်တတ်နိုင်မလဲပေါ့🤣
03/05/2025
ဒီတစ်ခါတော့ အလှပရေးရာမဟုတ်ပဲ sunme ရဲ့ အကြိုက်ဆုံး ဆီချက်ခေါက်ဆွဲအကြောင်းလေးပြောပြမယ် noodle 🍜 ။
အရမ်းလဲလုပ်ရလွယ်တယ် ၊ စားလို့လဲအရမ်းကောင်းတယ် ၊
လိုအပ်တဲ့ပစ္စည်းတွေကလဲ အမြဲအိမ်မှာရှိနေမယ့်ပစ္စည်းတွေမို့ ခေါက်ဆွဲနဲ့အသားတစ်ခုခုသာ ready ရှိနေရင် ထလုပ်စားရတာလွယ်မှလွယ်ပဲ ✨
ingredients list
- ဆား / ကြက်သားမှုန့်
- ငရုတ်ကောင်း
- ပဲငံပြာရည်အကျဲ
- ဆီချက်
- ခေါက်ဆွဲ
- အသားတစ်မျိုးမျိုး
- ကြက်သွန်မြိတ်
ကိုယ့်ထည့်မယ့်အသားတစ်မျိုးမျိုးကို အတုံးတုံးလေးတွေ တုံးပြီးဆား / ငရုတ်ကောင်း / ပဲငံပြာရည် ထည့်ပြီးနှပ်ထားပါ ။ နှပ်ထားတဲ့အချိန်မှာ ခေါက်ဆွဲကိုပြုတ်ထားလို့ရပါတယ် ။ ခေါက်ဆွဲပြုတ်တဲ့အချိန်မှာမှ ဆီချက် ဘာညာအတွက်ပြင်ဆင်မှာပါ ။
ဆီချက် ( သူကအသက်ပါပဲ ) ✨
ကြက်သွန်ဖြူလေးတွေကို ထူထူလေးလှီးပြီး အတုံးပိစိလေးတွေပြန်တုံးထားပါ ။ ကြက်သွန်မြတ်ကိုလဲ လှီးထားပါ ။ ကြက်သွန်မြိတ် ကိုလှီးရင် ဆီချက်အပေါ်မှာဖြူးဖို့ရယ် ဆီချက်ထဲထည့်ချက်ဖို့ရယ် နှစ်ခါစာ လှီးနော် ၊ ဆီချက်ထဲ သူ့ကိုထဘ့်ချက်ရင် ပိုမွှေးပါတယ် ၊ ဆီပူပူလေးတည်ထားပြီး ကြက်သွန်ဖြူရယ် ကြက်သွန်မြိတ်ရယ်ကို ထည့်လိုက်ပါ ။ မီးအေးအေးလေးပဲကြော်ပါနော် ၊ လိုအပ်ရင် မီးပိတ်လိုက်ပါ ၊ ရွှေရောင်စသမ်းတာနဲ့ မီးပေါ်ကနေအိုးကိုဖယ်လိုက်ပါ ။ အဲ့တာဆို ဆီအပူရှိန်နဲ့အဆင်ပြေပါတယ် ၊ မဟုတ်ရင်တူးသွားတတ်လို့ပါ 🤭
ပြီးတာနဲ့ ကိုယ်သုံးမယ့်အသားကို ကြော်ပေးပါ ၊ ကြော်တဲ့အခါ ခုဏက ဆီချက်ထဲက ဆီနည်းနည်းယူသုံးရင် ပိုမွှေးပါတယ် ၊
ပြင်ဆင်ဖို့ဆိုရင် ခေါက်ဆွဲထည့် ၊ ဆား / ငရုတ်ကောင်း / ဆီချက်မှာ ဆီလေးတွေရော ချက်လေးတွေရောထည့်ပါ၊ ပဲငံပြာရည်အကျဲထည့်ပြီး ရောမွှေပါ ။ ပြီးရင် ကိုယ်ကြော်ထားတဲ့အသားရယ် ကြက်သွန်မြိတ်ရယ် ဖြူးပြီးရင် စားလို့ရပါပြီ ။ သူက ပြင်ဆင်ပြီးရင်လဲ လှလှလေးမို့ စားရတာပျော်စရာလဲကောင်းပါတယ် 🙆🏻♀️။
ဒါဆို ဒီည ဆီချက်ခေါက်ဆွဲ ချက်စားကြည့်နော် 🤭✨
02/05/2025
အရမ်းပူလို့ ဒါမျိုးပဲဝတ်နိုင်တော့တယ် လောလောဆယ် 🥹
ဒါနဲ့လေ ဘောင်းဘီဝယ်ရင် local brand ဆို ဘယ်မှာဝယ်လဲနော် ၊ sunme အကြိုက်ဆုံး brand ၂ ခုရှိတာ အသားလဲကြိုက်တယ် cutting လဲကောင်းတယ် ဒါပေမယ့် readymade မို့အဆင်မပြေတာလေးတစ်ချက်နှစ်ချက်ပဲရှိတယ် ။ curvy shape မို့ဘောင်းဘီကို ချုပ်မှမဝတ်ရင် အဆင်မပြေနိုင်တော့ဘူးထင်တာ အခုဝယ်ဝတ်နေရတော့လဲ အဆင်ပြေတာလေးတွေ့သွားတော့ ပျော်တာပေါ့နော် ။ ခါးပတ်တော့ကူရတာပေါ့ ၊ ခါးက Small Size တင်က Large Size မို့ Large ယူရတိုင်း ဂွပြဿနာရယ် ခါးပြဿနာရယ်တော့ရှိတယ် ၊ but it's okay style pants လောက် ပေါ့ပါးတာ style pants ပဲရှိတာမို့ ဒီရာသီနဲ့အရမ်းအဆင်ပြေနေတယ် ။
Pants အတွက်ဆို RM Collection Velvet Jay အဆင်ပြေဆုံးပဲ ။ Fabric / Cutting / Colour Way အကုန်အရမ်းကောင်းတယ် ။
sunme အဝယ်ဖြစ်ဆုံး local Brand နှစ်ခုပါ ။ ဘောင်းဘီဝယ်ဖို့စဉ်းစားတယ်ဆိုရင် try ကြည့်ကြည့်ပါနော် 🫶🏻
29/04/2025
ကျွန်မရဲ့မျက်မှန်ရောဂါ 🤭
တစ်ချို့တွေဆို skincare လောက / fashion လောက သပ်သပ်စီရူးကြတာလေ ၊ sunme က skincare မလွတ် fashion ဆိုလဲလာထား အိတ်လဲအကုန်ကြိုက် ဖိနပ်လဲ trend တိုင်းဝယ်ချင် ပြီးတော့ နားကပ် ခေါင်းစည်းကြိုး Claw clips Coffee Mug room decorations အကုန်ဝယ်တာရှင် ၊ အဲ့ထဲမှာ မျက်မှန်ကလဲ No 1 ပြေးနေတာ ၊ ဘယ်သွားသွား တပ်ချင်နေတာ ၊ အဲ့လိုပြောလို့ အခုမှလားဆိုတော့ ငယ်ငယ်ထဲက တောင်ကြီးမှာနေတုန်း toilet က ခြံထဲမှာမို့ အိမ်သာသွားရင်တောင်မျက်မှန်တပ်ပြီးသွားတာ 🤪အဲ့မျက်မှန် အိမ်သာထဲပြုတ်ကျသွားလို့ ငိုရတာလေ ပြောမနေနဲ့တော့ ၊ မျက်မှန်ရာဇဝင်က အဲ့လိုကိုရှိတာ 🥹
မူကြိုထဲက မူကြိုသွားရင်ကို မျက်မှန်တပ်ပေးရတဲ့အဖြစ်တွေပေါ့နော် အဲ့လောက်ကို ကြိုက်တဲ့မျက်မှန်ပါရှင် 😚
ဒါပေမယ့် brand တွေတပ်လားဆို မတပ်ဖြစ်သေးအခုထိ တိုလီမုတ်စ fancy တွေကို မျိုးစုံဝယ်ရတာကို crazy ဖြစ်တာ ၊ sunme မျက်မှန် မှန်သမျှ ဝယ်တာ Shop with bee Online shop ပါ ။ အဲ့မှာ ကကိုယ်လိုချင်တဲ့ပုံပြလဲ ရှာပေး ၊ admin အစ်မကလဲ အရမ်းတွေ တင်တတ်တာ ၊ လိုချင်စရာချည်းပဲ ၊ အဲ့တော့ sunme တို့အကြိုက်ပေါ့ကွယ် ၊ ကိုယ့်လိုပဲ မျက်မှန် crazy ရောဂါရှိတဲ့ သူတွေအတွက် budget နည်းနည်းလေးနဲ့ပဲဝယ်ရတော့ အနည်းဆုံးတော့စိတ်ပျော်ရတာပေါ့ 🫶🏻
28/04/2025
Me & My Sugar Wax Journey 🍯
ဘဝမှာ အမွှေးအမျှင်တွေကိုစရှင်းရမှန်းသိတဲ့အချိန်က ၂၀၁၅ လောက်ပေါ့နော် ၊ အဲ့တုန်းကတော့ wax တွေဘာတွေမသိသေးဘူး Shaving ပဲလုပ်ခဲ့တာ ၊ Shaving ကတော့ သိတဲ့အတိုင်း ပြန်ပေါက်တဲ့အချိန်အရမ်းနေရခက်တော့ နောက်ပိုင်းလုပ်ရမှာတောင်ကြောက်လာတဲ့အထိပဲ ၊ 2019 လောက်ကျတော့ ခေတ်မီလာပြီလေ ၊ wax တွေစပေါ်တော့ Su Homemade ကိုစသိရော ၊ အဲ့တာနဲ့ စဝယ်ပြီး အဲ့ထဲက Try လိုက်တာ အခုထိပဲ ... Underarm / Hand / Foot / Bikini ကအစ အကုန် Wax ပဲသုံးတော့တယ် ၊ အကြိုက်ဆုံးကလဲ Su Homemade ပဲ... အခုတော့ ထပ်မထုတ်တော့ဘူးတဲ့ 🥺 နောက်ပိုင်း အခြား Wax brand တွေပေါ်လာတော့လဲ စမ်းသုံးဖြစ်တယ် ၊
အဲ့ထဲကမှ အခုထိ Favorite ဆိုရင် Cherry Wax 🍒
Cherry Wax က အပူပေးထားပြီး သုံးတဲ့အခါအဆင်ပြေတယ် ဘယ်လိုပြေလဲဆို တစ်ချို့ wax တွေဆို ပူတာဘယ်လိုမှမရပ်ဘူး ပူနေတော့လဲ သုံးရတာဘယ်လိုမှအဆင်မပြေဘူး နဲနဲအေးလို့သုံးမယ်ကြံရင် သူတို့ကခဲသွားရော Cherry wax ကျတော့ နဲနဲအေးခံပြီးသုံးလဲရတယ် ချက်ချင်းမခဲသွားဘူး User Friendly ဖြစ်တယ် .. ပြီးတော့ သူ့ဆီမှာကြိုက်တာလေးက After Wax Cream ကိုလဲအရမ်းကြိုက်တယ် .. သူ့ကိုလိမ်းထားရင် wax လုပ်ပြီးနီနေတဲ့ နေရာလေးတွေကနေရတာအရမ်းအဆင်ပြေတယ် ပြီးတော့ သိသာတာက အမွှေးပြန်ပေါက်တဲ့ချိန် ပုံမှန်ချိန်တွေလို အရမ်းမယားဘူး ။ Wax လုပ်ပြီးရင် အမွေးပြန်ပေါက်နှုန်းကလဲသိသိသာသာကြာသွားတယ် ၊ အနံ့အသက်လဲကင်းသွားတယ် ၊ ပြီးတော့ skin tone ပါတက်လာတယ်ခံစားရတယ် ၊ ပုံတော့ သေချာမရိုက်ဖြစ်လို့ မရှိဘူးကွယ် 🤭
ပုံမှန် wax မလုပ်ခင်နဲ့ လုပ်ပြီးချိန်သတိထားရမယ့်အချက်တွေလဲရှိတာမို့ သေချာ care လုပ်ပေးရင် အနံ့အသက်ကင်းပြီး healthy ဖြစ်တဲ့ Skin ရမှာပါရှင် 💕
sunme အနေနဲ့ကတော့ wax မလုပ်ခင် ၃ ရက်လောက်အလိုမှာ scrub တိုက်ထားတယ် ၊ wax လုပ်ပြီးတဲ့အချိန် ၂၄ နာရီအတွင်း ဆပ်ပြာအပြင်းစားတိုက်တာမျိုးတွေ ရှောင်တယ် အခု cherry wax သုံးတော့ သူ့ရဲ့ after wax cream လိမ်းပေးတယ် 🫶🏻
waxing experience ကတော့ ၆ နှစ်လောက်ကိုယ်တိုင်လုပ်လာတာမို့ ကျွမ်းကျင်အဆင့်ဖြစ်နေပြီ ၊ နည်းနည်းတောင် မနာတော့ဘူး underarm ဆို ၅ မိနစ်နဲ့အကုန်ပြီးတယ် 🤪 private area ဆို မိနစ် ၂၀ အလွန်ဆုံးပဲ 😚
Wax လုပ်ပြီးတဲ့အချိန်ဆို အရမ်းနေရတာပေါ့ပြီး Fresh ဖြစ်လွန်းလို့လေပေါ်မြောက်နေတဲ့ ခံစားချက်မျိုး .. ကိုယ်တိုင်က wax လဲလုပ်ချင် ဆိုင်တွေသွားဖို့ကလဲ budget များတယ် အချိန်လဲမပေးနိုင်ဘူးဆို Local Sugar Wax တွေ Try လို့ရပါတယ် ၊ အဲ့ထဲကမှ sunme နဲ့အဆင်ပြေဆုံး wax တွေကို ဒီ post လေးမှာရေးပေးလိုက်တာပါရှင် ✨
25/04/2025
Me & My Bow Top ERA ౨ৎ
ဒီလို Top လေးတွေ Granny Top ဆိုပြီး H&M ကနေ viral စဖြစ်ထဲက မျိုးစုံချုပ်ဝတ်လာလိုက်တာ အခုထိလဲ စွဲစွဲမြဲမြဲဝတ်နေမိတုန်းပဲ ။ ဒီပုံစံလေးက ထင်ထားတာထက်ကို ပိုပြီးဝတ်ဖြစ်တယ် ၊ mix & match လဲလုပ်လို့ကောင်းလို့ အများကြီးကြိုက်မိတဲ့ Design လေးတစ်ခုပေါ့ ✨
Top အားလုံးက ကိုယ်တိုင်းနဲ့ပဲချုပ်ထားတာမို့ ဘယ်နေရာဝယ်ရမယ်တော့ မညွှန်းတတ်ဘူးရယ် ၊ အခုလဲ Local brand တော်တော်များများ ဒီ design လေးထုတ်ရောင်းပြီးနေပြီဆိုတော့ ကိုယ်ဝယ်နေကျ ဆိုင်တွေမှာဝယ်ကြည့်နော် ။
အခုထိ Ribbon Trend ကလဲကောင်းနေဆဲမို့ ကောင်မလေးတိုင်းမှာတော့ ဒီလို Top တစ်ထည်စီရှိနေပြီးလောက်ပြီထင်တယ်🫶🏻
22/04/2025
It's never too late for Lace maxi💅🏻✨🫧🦢
hello ... 2024 အစလောက်ထဲက sunme lace trend ကိုစသတိထားမိတာပေါ့နော် ။ အဲ့မှာတင် ပိတ်စတွေရှာပြီးချုပ်ဖို့လုံးပန်းနေပြီ ၊ 2024 March မှာတော့ Beach Trip လေးသွားဖြစ်တာနဲ့ ချုပ်ဝတ်ခဲ့တာပေါ့လေ ၊ အဲ့တုန်းက Beach နဲ့လိုက်အောင် Sage Green / Butter Yellow တို့လိုအရောင်တွေအဓိကဝတ်တာ ၊ Maxi ကိုမှ Mermaid Hem ချုပ်တယ် ။ Midi လေးဆို Gathered Type လေး ချုပ်တယ် ၊ အခုလဲ maxi straight တွေအရမ်းကြိုက်နေတာနဲ့ sunme local ထဲကပဲ မှာတယ် ၊ ချုပ်တယ် ၊ အဆင်လဲအရမ်းပြေလို့ ပြောပြချင်တာပါ 💕
အမှန်အတိုင်းပြောရရင် ကိုယ်တိုင်က အဝတ်အစားနဲ့ပတ်သတ်ရင် နဲနဲ picky ဖြစ်တယ် ၊ စိတ်တိုင်းကျတာရှားတယ် ၊ ကိုယ်တိုင်လဲ ဒီအကြောင်းတွေ ထဲထဲဝင်ဝင်သိတော့ sunme ကြိုက်တဲ့ Local Brand တွေဆိုအများကြီးမရှိဘူးပေါ့နော် ၊ အဲ့ထဲကမှ ဒီနှစ်ခုကတော့ အဆင်အရမ်းပြေလို့ u should tryyyy 😚
အဖြူရောင် လေးကတော့ LLTT clothing ကဝယ်တာ ။ သူက ခါးပတ်လည် ရှုံ့ကြိုးနဲ့ under skirt လေးလဲတူတူပဲ ၊ သူ့ Lace Pattern လေးအရမ်းလှတယ် ။ တစ်ခုပဲ သူ့ under လေးကဝတ်ရင်းနဲ့အပေါ်တက်တက်သွားတယ် ၊ ဒါကလဲ sunme ရဲ့ body က Curvy ဖြစ်လို့လဲပါတယ် ။ overall ကတော့ သူ့စျေးနဲ့ Quality နဲ့ဆို အရမ်းတန်ပြီးအဆင်ပြေပါတယ် ။
အမဲရောင်လေးကတော့ Lace ကို French Lace နဲ့ try ချင်တာကြောင့် ကိုယ့်အသိအစ်မထဲမှာ အမြဲလှလှလေးတွေချုပ်တဲ့ Seinnie page ကိုCustomize လှမ်းအပ်တာပါ ၊ အစ်မချုပ်ပေးတာ အရမ်းသပ်ရပ်ပြီး cutting ဘာညာ ပြောစရာမရှိ အရမ်းးးးကြိုက် 💕 အတွင်း under လေးကအစ သပ်ရပ်နေတာပဲ ၊ custom made ချုပ်ရတာကြိုက်ရင် အစ်မဆီကို အပ်ကြည့်ကြည့်နော် 🫶🏻
Lace Skirt တွေက အရမ်းကို Styling လုပ်လို့ကောင်းတာမို့ တစ်ထည်လောက်ရှိထားရင်ကို မျိုးစုံဝတ်လို့ရတယ် ✨
ဝတ်မယ်လို့အတွေးရှိတယ် ဘယ်က ဝယ်ရမလဲမသိရင် sunme အခုပြောပြထားတဲ့ page တွေကနေ try ကြည့်ကြည့်နော် 🙆🏻♀️
21/04/2025
Instax Camera but next level 📸💕
hello .. ဒီနေ့ sunme ပြောချင်တဲ့အကြောင်းအရာလေးကတော့ instax camera လေးပဲဖြစ်ပါတယ် ။ instax နဲ့ပတ်သတ်ရင် sunme မူကြိုလောက်ထဲက ဖေဖေက အဲ့ camera ဝယ်လာပြီး မျိုးစုံရိုက်ပေးခဲ့တယ် ။ အဲ့တုန်းက film လေးတွေကသေးသေးလေးရယ် ချက်ချင်းရိုက် ချက်ချင်းထွက်တာမို့ လှလှမလှလှပေါ့ကွယ် ပုံလေးချက်ချင်းထွက်လာရင်ကိုပျော်နေတာ 🫶🏻
အခုလဲ ဒီ fujifilm က mini evo ဆိုတဲ့ instax camera လေးထွက်လာတော့ သူ့ပုံစံလေးက vintage camera ပုံစံလေးဖြစ်နေတာရော သူ့ရဲ့ review တွေကြိုက်တာရောနဲ့ ဝယ်ဖြစ်ခဲ့တယ် ။ သူက ပုံမှန် instax camera တွေလို အခုရိုက် auto ပုံထွက်မဟုတ်ဘူး ၊ အဲ့တာကအဆင်ပြေဆုံးအချက်ထဲမှာပါတယ် ၊ ပုံတွေစိတ်ကြိုက်ရိုက် အလှဆုံးပုံကိုမှရွေးထုတ်ရုံပဲ ။ ဖုန်းနဲ့ရိုက်ထားပြီး ကိုယ်ကြိုက်တဲ့ပုံတွေကိုလဲပြန်ထုတ်လို့ရသေးတယ် ။ ပြီးတော့ Film 10 မျိုး Lens 10 မျိုးလဲပါတော့ စိတ်ကြိုက် လှတဲ့အရောင်လေးတွေရွေးပြီးရိုက်လို့ရသေးတယ် ။ နောက်တစ်ခုက Internal Memory နဲ့ဆို 45 ပုံထိပဲအများဆုံးရိုက်လို့ရလို့ SD card ထည့်ရင်ပိုအဆင်ပြေတယ် ။ SD card 32GB လောက်ထည့်ရင်ကို ပုံ 2သောင်းကျော်ထိ ရိုက်လို့ရပြီ ။
စျေးအနေနဲ့ကတော့ အရမ်းကြီးလဲမများသလို အရမ်းလဲမနည်းဘူးပေါ့နော် ။ ကိုယ်ကလဲ instax camera လိုချင်တယ် ။ ရိုးရိုးလဲမကြိုက်ဘူး ၊ ပြီးတော့ ဒါလေးက Photo Quality လဲကောင်းလို့ ပုံသီးသန့်ပဲထုတ်မယ်ဆိုရင်ကိုအဆင်ပြေနေပြီ ။
Camera ကျွမ်းကျင်သူလဲမဟုတ်လို့ sunme တွေ့ရသလောက်အချက်လေးတွေ sunmeအတွက်အဆင်ပြေတဲ့အချက်လေးတွေပြောပြထားပါတယ် ။ အမှားပါရင် နားလည်ပေးပါနော် 💕
- အများကြီးရေးရင်စာတအားရှည်မှာစိုးလို့ ပုံလေးတွေအောက်မှာ detail လေးတွေထပ်ရေးပေးပါတယ် ။ သိချင်တာလေးတွေရှိရင်လဲ မေးလို့ရပါတယ် 😚🫶🏻
Click here to claim your Sponsored Listing.